ဧရာ၀တီ| January 7, 2016
အသတ္ခံရသည့္ ျမန္မာလူငယ္အမႈ မိဘမ်ားမလာႏုိင္၍ ဆုိင္းငံထားရထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ထိုင္းလူငယ္ ၇ ဦးနဲ႔ ရန္ျဖစ္ရင္း ေသဆံုးသြားတဲ့ ျမန္မာ ႏုိင္ငံသား စိုင္းဆန္းဦး (ခ) စိုင္းအိုက္ဖဲ အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ေသသူ၏ မိဘမ်ားမလာေရာက္ႏုိင္တဲ့ အတြက္ အမႈကုိ ဆက္လက္ ေဆာင္ရြက္ႏုိင္ျခင္းမရွိပဲ ရပ္ဆုိင္းထားေၾကာင္း ထုိင္းရဲတပ္ဖြဲ႔မွ လာေရာက္အေၾကာင္းၾကား ေၾကာင္းသိရပါတယ္။
“မေန႔က ဝပ္ဆိုင္းမြန္း ျမန္မာဘုန္းႀကီးေက်ာင္းကို ထိုင္းရဲ ၂ ေယာက္လာၿပီး၊ စိုင္းအိုက္ဖဲရဲ႕ အမ်ဳိးေတြ ေရာက္ လာတယ္ၾကားလို႔ လာၾကည့္တာ၊ အမႈကုိ ေရွ႕ဆက္ ရင္ဆုိင္ဖုိ႔ မိဘ ဒါမွမဟုတ္ ေမာင္ႏွမ ေသြးရင္းေတြ ကုိယ္တုိင္လာမွရမယ္၊ မလာရင္ေတာ့ မျဖစ္ဘူး၊ သူ႔ရဲ႕ ရည္းစားေကာင္မေလးကလည္း တရား၀င္ယူထားတာ မဟုတ္ေတာ့ မရဘူးလုိ႔ ေျပာၿပီး ျပန္သြားတယ္” လုိ႔ ေသဆုံးသူ စုိင္းအုိက္ဖဲရဲ႕ သူငယ္ခ်င္း စုိင္းသားက ဧရာ၀တီကုိ ေျပာပါတယ္။
ေသဆံုးသူရဲ႕ မိဘေတြဟာ ရွမ္းျပည္နယ္ေတာင္းပိုင္း လင္းေခးၿမိဳ႕မွာ ေနထိုင္ၾကၿပီး ခ်င္းမိုင္ၿမိဳ႕ကုိ လာေရာက္ မယ့္ စားရိတ္မတတ္ႏိုင္လုိ႔ သားျဖစ္သူ၏ အမႈအတြက္ မလာႏိုင္ျခင္း ျဖစ္တယ္လုိ႔လည္း သူက ဆက္ေျပာပါ တယ္။
ေသဆုံးသူ စိုင္းအိုက္ဖဲဟာ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသည္မွာ ၅ ႏွစ္ဝန္းက်င္ရွိ ၿပီ ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ စေနေန႔က ရည္စားျဖစ္သူနဲ႔အတူ ေဆာင္းရာသီ ေစ်းပြဲေတာ္ အျပန္မွာ ထုိင္းလူငယ္မ်ားနဲ႔ စကားမ်ား ရန္ျဖစ္ရာက သတ္ျဖတ္မႈကုိ ခံတာပါ။
ထုိင္းရဲ ရဲ႕ စစ္ေဆးခ်က္အရ ေသဆုံး စုိင္းအုိက္ဖဲရဲ႕ အိပ္ကပ္အတြင္းမွာ ျမင္းေဆးလုိ႔ေခၚတဲ့ ရာဘ စိတ္ၾကြေဆး ျပား ၁၃၀ ေတြ႔ရွိတယ္လုိ႔လည္း ထုိင္းသတင္းေတြက ေဖာ္ျပပါတယ္။
အဲဒီအတြက္ စုိင္းအုိက္ဖဲရဲ႕ ရည္းစားျဖစ္သူကုိလည္း ထုိင္းရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆးၿပီး၊ သူမေနထုိင္ရာ အခန္း ကုိလည္း ၀င္ေရာက္ရွာေဖြမႈ ျပဳလုပ္တယ္လုိ႔ ရည္းစားျဖစ္သူ နန္းႏြယ္ကဆုိပါတယ္။
“ရဲစခန္းမွာ က်မကို နင့္ေကာင္ေလး ျမင္းေဆး ေရာင္းတာလာတဲ့။ က်မက သူျမင္းေဆး သံုးတာေရာ ေရာင္း တာေရာ တခါမွ မျမင္ခဲ့ဘူးရွင့္။ ဒါနဲ႔ မသိဘူးလို႔ ေျဖတယ္။ နင့္ေကာင္ အခန္းလိုက္ျပဆိုေတာ့ က်မက အေမနဲ႔ အတူ တူေနတာ။ သူက တေနရာ ေနတာ၊ က်မကို အေမ့အိမ္မွာပဲ လာေတြ႔တယ္လို႔ ေျပာေတာ့လဲ ရဲက မျဖစ္ႏိုင္ဘူးတဲ့။ မရမက လိုက္ေမး တယ္။ က်မ မသိဘူးပဲ ေျဖတယ္။ သူေသတဲ့ အခ်ိန္ ျမင္းေဆးေတြ႔တယ္ ဆိုတာလည္း မျဖစ္ႏိုင္ဘူး။ ဒါ သက္သက္မယ့္ လုပ္ၾကံသြားတာ ဘယ္သူမွ ျမင္တာမဟုတ္ဘူး ” ဟု ေသဆံုးသူ ရီးစားျဖစ္သူ နန္းႏြယ္က ဧရာ၀တီကုိ ေျပာပါတယ္။
ၿငိမ္းေဇာ္ သတင္းေပးပုိ႔ပါသည္။
Irrawaddy
...............
အသတ်ခံရသည့် မြန်မာလူငယ်အမှု မိဘများမလာနိုင်၍ ဆိုင်းငံထားရ
ဧရာဝတီ| January 7, 2016
အသတ်ခံရသည့် မြန်မာလူငယ်အမှု မိဘများမလာနိုင်၍ ဆိုင်းငံထားရထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းလူငယ် ရ ဦးနဲ့ ရန်ဖြစ်ရင်း သေဆုံးသွားတဲ့ မြန်မာ နိုင်ငံသား စိုင်းဆန်းဦး (ခ) စိုင်းအိုက်ဖဲ အသတ်ခံရမှုနှင့် ပတ်သက်ပြီး သေသူ၏ မိဘများမလာရောက်နိုင်တဲ့ အတွက် အမှုကို ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိပဲ ရပ်ဆိုင်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ လာရောက်အကြောင်းကြား ကြောင်းသိရပါတယ်။
“မနေ့က ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို ထိုင်းရဲ ၂ ယောက်လာပြီး၊ စိုင်းအိုက်ဖဲရဲ့ အမျိုးတွေ ရောက် လာတယ်ကြားလို့ လာကြည့်တာ၊ အမှုကို ရှေ့ဆက် ရင်ဆိုင်ဖို့ မိဘ ဒါမှမဟုတ် မောင်နှမ သွေးရင်းတွေ ကိုယ်တိုင်လာမှရမယ်၊ မလာရင်တော့ မဖြစ်ဘူး၊ သူ့ရဲ့ ရည်းစားကောင်မလေးကလည်း တရားဝင်ယူထားတာ မဟုတ်တော့ မရဘူးလို့ ပြောပြီး ပြန်သွားတယ်” လို့ သေဆုံးသူ စိုင်းအိုက်ဖဲရဲ့ သူငယ်ချင်း စိုင်းသားက ဧရာဝတီကို ပြောပါတယ်။
သေဆုံးသူရဲ့ မိဘတွေဟာ ရှမ်းပြည်နယ်တောင်းပိုင်း လင်းခေးမြို့မှာ နေထိုင်ကြပြီး ချင်းမိုင်မြို့ကို လာရောက် မယ့် စားရိတ်မတတ်နိုင်လို့ သားဖြစ်သူ၏ အမှုအတွက် မလာနိုင်ခြင်း ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါ တယ်။
သေဆုံးသူ စိုင်းအိုက်ဖဲဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၅ နှစ်ဝန်းကျင်ရှိ ပြီ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ စနေနေ့က ရည်စားဖြစ်သူနဲ့အတူ ဆောင်းရာသီ စျေးပွဲတော် အပြန်မှာ ထိုင်းလူငယ်များနဲ့ စကားများ ရန်ဖြစ်ရာက သတ်ဖြတ်မှုကို ခံတာပါ။
ထိုင်းရဲ ရဲ့ စစ်ဆေးချက်အရ သေဆုံး စိုင်းအိုက်ဖဲရဲ့ အိပ်ကပ်အတွင်းမှာ မြင်းဆေးလို့ခေါ်တဲ့ ရာဘ စိတ်ကြွဆေး ပြား ၁၃၀ တွေ့ရှိတယ်လို့လည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အဲဒီအတွက် စိုင်းအိုက်ဖဲရဲ့ ရည်းစားဖြစ်သူကိုလည်း ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး၊ သူမနေထိုင်ရာ အခန်း ကိုလည်း ၀င်ရောက်ရှာဖွေမှု ပြုလုပ်တယ်လို့ ရည်းစားဖြစ်သူ နန်းနွယ်ကဆိုပါတယ်။
“ရဲစခန်းမှာ ကျမကို နင့်ကောင်လေး မြင်းဆေး ရောင်းတာလာတဲ့။ ကျမက သူမြင်းဆေး သုံးတာရော ရောင်း တာရော တခါမှ မမြင်ခဲ့ဘူးရှင့်။ ဒါနဲ့ မသိဘူးလို့ ဖြေတယ်။ နင့်ကောင် အခန်းလိုက်ပြဆိုတော့ ကျမက အမေနဲ့ အတူ တူနေတာ။ သူက တနေရာ နေတာ၊ ကျမကို အမေ့အိမ်မှာပဲ လာတွေ့တယ်လို့ ပြောတော့လဲ ရဲက မဖြစ်နိုင်ဘူးတဲ့။ မရမက လိုက်မေး တယ်။ ကျမ မသိဘူးပဲ ဖြေတယ်။ သူသေတဲ့ အချိန် မြင်းဆေးတွေ့တယ် ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါ သက်သက်မယ့် လုပ်ကြံသွားတာ ဘယ်သူမှ မြင်တာမဟုတ်ဘူး ” ဟု သေဆုံးသူ ရီးစားဖြစ်သူ နန်းနွယ်က ဧရာဝတီကို ပြောပါတယ်။
ငြိမ်းဇော် သတင်းပေးပို့ပါသည်။
Irrawaddy
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment