Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

ကြဲကြာေနသည့္ ခင္ပြန္းမွ ေနာက္အိမ္ေထာင္ျပဳ၍ တစ္လင္တစ္မယား ဥပေဒျဖင့္ အမႈဖြင့္

ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕တြင္ လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန္႔က ကြဲကြာသြားသည့္ေယာက္်ားမွာ ေနာက္အိမ္ေထာင္ ျပဳထားသျဖင့္ ဇနီးေဟာင္းျဖစ္သူက တစ္လင္ တစ္မယားစနစ္ က်င့္သံုးျခင္း ဆိုင္ရာဥပေဒျဖင့္ ေဝါၿမိဳ႕မရဲ စခန္းတြင္ အမႈဖြင့္
တိုင္ၾကား ထားေၾကာင္း သိရွိရသည္။
တိုင္ၾကားသူ ဇနီးေဟာင္းမွာ ေဝါၿမိဳ႕ အေရွ႕ဘက္ကမ္း
ရပ္ကြက္တြင္ ေယာကၡမ မိသားစုျဖင့္ အတူ ေနထိုင္ခဲ့ၿပီး လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန္႔က ေယာက္်ားႏွင့္ စကားမ်ား
ရန္ျဖစ္ကာ ေဝါၿမိဳ႕နယ္ စပ္စုေက်းရြာရွိ မိဘအိမ္သို႔ သားသမီးသံုးဦးကို ေခၚေဆာင္၍ သြားေရာက္ ေနထိုင္ေနရာမွ လက္ရွိတြင္ ေယာက်္ား ျဖစ္သူက ေနာက္အိမ္ေထာင္
တရားမဝင္ ျပဳထားေၾကာင္း သိရသျဖင့္ တိုင္တန္းရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မအမ်ိဳးသားနဲ႔ အိမ္ေထာင္က်တာ လြန္ခဲ့တဲ့ ၁၃ ႏွစ္ေက်ာ္ကပါ။ ကေလးသံုး ေယာက္ ရပါတယ္။ မိဘက်န္းမာေရး မေကာင္းလို႔ ရြာမွာ သြားေနေနတာပါ။ ယခင္ က ေယာကၡမနဲ႔ အတူေနေတာ့ ဒီကုိ လည္း လာလုိက္ သြားလုိက္ပါပဲ။ အခု အျခား အမ်ိဳးသမီးတစ္ဦးနဲ႔ တရားမဝင္ ေပါင္းသင္း ေနထုိင္တာ သိရလုိ႔ အမႈဖြင့္ တုိင္ၾကား ရတာပါ။ ကၽြန္မတို႔ႏွစ္ဦး တရားဝင္ကြာရွင္းထားတာ မရွိပါဘူး။ ကၽြန္မ အမ်ိဳး သားနဲ႔
ျပန္ေပါင္းခ်င္ပါတယ္” ဟု ရဲစခန္းတြင္ တုိင္ၾကားသူ အမ်ိဳးသမီးက ေျပာသည္။

ေဝါၿမိဳ႕မရဲစခန္းမွ ဇန္နဝါရီလ ၁၁ ရက္တြင္ (ပ)၁၄/၂၀၁၆၊ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္း ဆုိင္ရာ ဥပေဒပုဒ္မ ၁၃ အရ အမႈဖြင့္ေပးခဲ့ၿပီး ႏွစ္ဦးႏွစ္ဖက္ သက္ေသမ်ားကို စစ္ေဆးေဆာင္ရြက္ၿပီး ပါက ဥပေဒအႀကံေပး ခ်က္ကုိ တင္ျပ ရယူ၍ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ေနာက္အိမ္ေထာင္နဲ႔ ေပါင္းသင္းေနထုိင္တာ လြန္ခဲ့ေသာ ၂ နွစ္ေလာက္က ေဘးပတ္ဝန္းက်င္ အားလုံးက ေျပာၾကပါတယ္။ တရားဝင္ ယူ/မယူကုိေတာ့ မသိၾကပါဘူး။ ျမန္မာ့ဓေလ့ ထုံးတမ္းစဥ္ လာမွာေတာ့
အတူေနတာ ပတ္ဝန္းက်င္ သိရင္ လင္မယားအရာ ေျမာက္ပါတယ္” ဟု ေဝါၿမိဳ႕ အေရွ႕ ဘက္ကမ္း
ရပ္ကြက္မွ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ျမင့္က ေျပာသည္။

တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆုိင္ရာ ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္က
၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လအတြင္း အတည္ျပဳျပ႒ာန္းခဲ့ၿပီ တရားဝင္ ထိမ္းျမားၿပီးသည့္
ေယာက္်ား (သုိ႔) မိန္းမသည္ အဆုိပါ ထိမ္းျမားတည္ၿမဲေနစဥ္ ကာလအတြင္း
ဤဥပေဒ အာဏာတည္သည့္ေန႔မွစ၍ အျခားသူတစ္ဦး ႏွင့္ ထိမ္းျမားျခင္းမျပဳရ
(သုိ႔မဟုတ္) လင္မယားအျဖစ္ တရားဝင္ ေနထုိင္ျခင္းမျပဳရတို႔ ပါဝင္ၿပီး ေဖာက္ဖ်က္
က်ဴးလြန္ပါက ျပစ္မႈထင္ရွား စီရင္ခံရလွ်င္ ခုႏွစ္ႏွစ္ထက္ မပုိေသာ ေထာင္ဒဏ္
ခ်မွတ္ ရမည့္အျပင္ ေငြဒဏ္ လည္း ခ်မွတ္ႏိုင္သည္ဟု ျပ႒ာန္းထားေၾကာင္း
သိရသည္။
သတင္း - MMK
The Ladies News Journal
.........................
ကွဲကွာနေသည့် ခင်ပွန်းမှ နောက်အိမ်ထောင်ပြု၍ တစ်လင်တစ်မယား ဥပဒေဖြင့်
အမှုဖွင့်
-------- ------- -------
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကွဲကွာသွားသည့်
ယောက်ျားမှာ နောက်အိမ်ထောင် ပြုထားသဖြင့် ဇနီးဟောင်းဖြစ်သူက တစ်လင်
တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေဖြင့် ဝေါမြို့မရဲ စခန်းတွင် အမှုဖွင့်
တိုင်ကြား ထားကြောင်း သိရှိရသည်။
တိုင်ကြားသူ ဇနီးဟောင်းမှာ ဝေါမြို့ အရှေ့ဘက်ကမ်း ရပ်ကွက်တွင် ယောက္ခမ
မိသားစုဖြင့် အတူ နေထိုင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ယောက်ျားနှင့် စကားများ
ရန်ဖြစ်ကာ ဝေါမြို့နယ် စပ်စုကျေးရွာရှိ မိဘအိမ်သို့ သားသမီးသုံးဦးကို ခေါ်ဆောင်၍
သွားရောက် နေထိုင်နေရာမှ လက်ရှိတွင် ယောကျ်ား ဖြစ်သူက နောက်အိမ်ထောင်
တရားမဝင် ပြုထားကြောင်း သိရသဖြင့် တိုင်တန်းရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မအမျိုးသားနဲ့ အိမ်ထောင်ကျတာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကပါ။ ကလေးသုံး
ယောက် ရပါတယ်။ မိဘကျန်းမာရေး မကောင်းလို့ ရွာမှာ သွားနေနေတာပါ။ ယခင်
က ယောက္ခမနဲ့ အတူနေတော့ ဒီကို လည်း လာလိုက် သွားလိုက်ပါပဲ။ အခု အခြား
အမျိုးသမီးတစ်ဦးနဲ့ တရားမဝင် ပေါင်းသင်း နေထိုင်တာ သိရလို့ အမှုဖွင့် တိုင်ကြား
ရတာပါ။ ကျွန်မတို့နှစ်ဦး တရားဝင်ကွာရှင်းထားတာ မရှိပါဘူး။ ကျွန်မ အမျိုး သားနဲ့
ပြန်ပေါင်းချင်ပါတယ်” ဟု ရဲစခန်းတွင် တိုင်ကြားသူ အမျိုးသမီးက ပြောသည်။
ဝေါမြို့မရဲစခန်းမှ ဇန်နဝါရီလ ၁၁ ရက်တွင် (ပ)၁၄/၂၀၁၆၊ တစ်လင်တစ်မယား
စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်ပေးခဲ့ပြီး နှစ်ဦးနှစ်ဖက်
သက်သေများကို စစ်ဆေးဆောင်ရွက်ပြီး ပါက ဥပဒေအကြံပေး ချက်ကို တင်ပြ
ရယူ၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“နောက်အိမ်ထောင်နဲ့ ပေါင်းသင်းနေထိုင်တာ လွန်ခဲ့သော ၂ နှစ်လောက်က
ဘေးပတ်ဝန်းကျင် အားလုံးက ပြောကြပါတယ်။ တရားဝင် ယူ/မယူကိုတော့
မသိကြပါဘူး။ မြန်မာ့ဓလေ့ ထုံးတမ်းစဉ် လာမှာတော့ အတူနေတာ ပတ်ဝန်းကျင်
သိရင် လင်မယားအရာ မြောက်ပါတယ်” ဟု ဝေါမြို့ အရှေ့ ဘက်ကမ်း ရပ်ကွက်မှ
အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က
၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီ တရားဝင် ထိမ်းမြားပြီးသည့်
ယောက်ျား (သို့) မိန်းမသည် အဆိုပါ ထိမ်းမြားတည်မြဲနေစဉ် ကာလအတွင်း
ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့် ထိမ်းမြားခြင်းမပြုရ
(သို့မဟုတ်) လင်မယားအဖြစ် တရားဝင် နေထိုင်ခြင်းမပြုရတို့ ပါဝင်ပြီး ဖောက်ဖျက်
ကျူးလွန်ပါက ပြစ်မှုထင်ရှား စီရင်ခံရလျှင် ခုနှစ်နှစ်ထက် မပိုသော ထောင်ဒဏ်
ချမှတ် ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း
သိရသည်။
သတင်း - MMK
The Ladies News Journal

No comments:

Post a Comment