ဆြတ္ေဟးက ျပန္မလာေသး။ ဆန္းစစ္မႈ ဝင္ေနျခင္း ျဖစ္ႏိုင္သည္။ သူရွိေနလွ်င္ ကြ်န္မ၏ ခံစားခ်က္ကို သူ႔အား မွ်ေဝေပးႏိုင္ေသးသည္။ သူ ေအာင္ျမင္ေစေၾကာင္း ဆုေတာင္းေပးလိုက္သည္။ မြန္းလြဲေလာက္တြင္ ကြ်န္မ အိပ္ေပ်ာ္သြားသည္။ ညေန ၅နာရီခြဲ ျပန္ႏိုးလာသည္။ ဧည့္ခန္းထဲတြင္ ေသတၱာႀကီးတလံုး ေရာက္ေနသည္။ အထဲတြင္ ကြ်န္မလိုအပ္ေသာ ပစၥည္းအားလံုး ပါသည္။ ဝတ္ဆင္ရမည့္ အဝတ္အစားမ်ားကို အိပ္ခန္းထဲသုိ႔ ယူကာ လဲလွယ္ဝတ္ဆင္သည္။
ကြ်န္မကိုေပးထားေသာ အဝတ္အစားမ်ားမွာ အနက္ေရာင္ အေပၚေအာက္တဆက္တည္း အားကစားဝတ္စံု အနက္ေရာင္ဖိနပ္ မ်က္လံုးႏွင့္ႏွာေခါင္းေပါက္မ်ားသာ ပါေသာ (ဂ်ပန္နင္ဂ်ာကဲ့သို႔) မ်က္ႏွာဖံုးေခါင္းစြပ္ ပစၥတို ၂ လက္ အတြက္ ပခံုးစလြယ္သိုင္းအိတ္ႏွင့္ တင္ပါးအိတ္ ဓားေျမွာင္ထည့္ရန္ အိတ္မ်ားပါေသာ ခါးပတ္ လက္ႏွိပ္ဓာတ္မီး က်ည္ကပ္မ်ား ႀကိဳးႏွင့္ ဆရာဝန္သံုး နားၾကပ္ထည့္ထားေသာ အိတ္ အျမွပ္စပေရးဘူး။
(ေစာင့္ၾကည့္ကင္မရာ ေဝဝါးသြားေစရန္ အသံုးျပဳသည္)
၆ နာရီမထိုးမီ ဝတ္စားၿပီး အသင့္ျပင္ထားသည္။ သင္တန္းဆရာ ေရာက္လာၿပီး ကြ်န္မအဝတ္အစားႏွင့္ ပစၥည္းကိရိယာတို႔ကို စစ္ေဆးသည္။ သူက ကြ်န္မကို ၾကည့္ၿပီး "ငါ့တပည့္ တယ္ဟုတ္ေနပါ့လား။ ကင္မရာရွိရင္ ရိုက္ထားလိုက္ခ်င္တယ္"ဟု ေျပာသည္။
ကြ်န္မက စိတ္လႈပ္ရွားေနသျဖင့္ သူအားဘာမွ ျပန္မေျပာျဖစ္။ အဝတ္အစားမ်ားမွာ ကြ်န္မႏွင့္ အေနေတာ္ ျဖစ္ေသာ္လည္း မ်က္ႏွာဖံုးေခါင္းစြပ္ႏွင့္ လြယ္ထားရေသာ Ak-47 ေမာင္းျပန္သည္ ကြ်န္မကို အေနအထိုင္ ခက္ေစသည္။
ဆရာက နာရီၾကည့္ၿပီး "ကဲ ငါ့တပည့္ ေနာက္ ၁၂ နာရီ အတြင္းမွာ မင္းကို ေပးထားတဲ့တာဝန္ကို ၿပီးေျမာက္ေအာင္ လုပ္ေပေတာ့။ မင္းကံေကာင္းပါေစကြာ"
"ေက်းဇူးတင္ပါတယ္ ဆရာ"
မ်က္ႏွာဖံုးေအာက္မွ တိုးတိုးေလး ျပန္ေျပာၿပီး အျပင္သို႔ ထြက္လာခဲ့သည္။
ေနမဝင္ေသး ေနေစာင္းခ်ိန္ အရိပ္ရွည္ႀကီးမ်ားက ကြ်န္မအား ေျခာက္လွန္႔ေနသည္။ ေကစြန္းေတာင္ေၾကာလမ္း အတိုင္း ကြ်န္မ လိုက္လာၿပီး ထင္းရွဴ းေတာအုပ္ဆီသို႔ ဦးတည္ထားသည္။ သံရံုးသို႔ သြားရာလမ္းကို ကြ်န္မ အလြတ္မွတ္ထားၿပီးေသာ္လည္း လိုရမည္ရ ေျမပံုကို ယူလာခဲ့သည္။
ေတာအုပ္အတြင္းေရာက္ေသာ္ မည္းေမွာင္ေနသျဖင့္ သံလိုက္အိမ္ေျမွာင္ကို အသံုးျပဳလ်က္ ဦးတည္ရာမေပ်ာက္ေအာင္ သြားရသည္။ ေျမလူးငွက္တို႔ ေတးသီသံကို ကြ်န္မ သတိထား နားစြင့္ရသည္။ ေလးလံေသာ ေျခသံသည္ က်ားကဲ့သို႔ သားရဲႀကီးမ်ား၏ ေျခသံျဖစ္သည္။ အေမွာင္ထုထဲတြင္ ကြ်န္မက ေျခသံလံုႏိုင္သမွ် လံုေအာင္ထိန္းကာ ေလွ်ာက္သည္။ လက္ေထာက္သင္တန္း ဆရာမ်ားသည္ ေတာအုပ္ထဲတြင္ ခိုေအာင္းကာ ကြ်န္မကို ေစာင့္ၾကည့္ေနၾကေပလိမ့္မည္။ လက္ႏွိပ္ဓာတ္မီးကို လက္ဝါးႏွင့္ အုပ္ကာ ထြန္းသည္။ မလိုအပ္လွ်င္ လက္ႏွိပ္ဓာတ္မီးကို ပိတ္ထားရသည္။
အေမွာင္ထုသည္ တိတ္ဆိတ္ျခင္းကို ေဆာင္ၾကည္းလာသည္။ တခါတရံ သစ္ပင္ထိပ္ဖ်ားမ်ားဆီမွ ေလတိုးသံကို ၾကားရသည္။ ဤဆန္းစစ္မႈတြင္ စိတၱေဗဒ ဆန္းစစ္မႈမ်ားလည္း ပါဝင္သည္။ ညအေမွာင္ထုတြင္ ကြ်န္မ မည္သို႔ လႈပ္ရွားသည္ကို ေစာင့္ၾကည့္ေနေသာ ဆရာမ်ားက ဆန္းစစ္အမွတ္ေပးၾကမည္။ အေမွာင္ထုထဲတြင္ က်ီးၾကည့္ေၾကာင္ၾကည့္ ထိတ္တလန္႔လန္႔ျဖင့္ ေလွ်ာက္သြားေနသေလာ သူတို႔ သိခ်င္ၾကေပမည္။
ခပ္လွမ္းလွမ္းမွ မီးေရာင္ျပျပကို သစ္ပင္ၾကားမွ ကြ်န္မ ျမင္လိုက္သည္။ သံလိုက္အိမ္ေျမွာင္ႏွင့္ လက္ႏွိပ္ဓာတ္မီးကို ခါးပတ္အတြင္း ထိုးသြင္းထားလိုက္သည္။ သစ္ပင္တပင္မွ တပင္သို႔ တြားသြားကာ ကူးလူးရသည္။ ေပတရာခန္႔ သြားၿပီးေသာအခါ ေတာအုပ္အစပ္သို႔ ေရာက္သည္။
သစ္ေတာအုပ္အစပ္မွ သံရံုးဂိတ္ဝကို ေကာင္းစြာျမင္ရသည္။ ဂိတ္တခုလံုး မီးမ်ား ထိန္ထိန္လင္းေနသည္။ အေစာင့္တေယာက္ ေစာင့္ေနသည္။ ကပ္လ်က္သားတြင္ ကင္းတဲတခု ရွိေနသည္။ အတြင္းတြင္ မီးလင္းေနပံုေထာက္လွ်င္ အတြင္း၌ ေနာက္ထပ္အေစာင့္ အနည္းဆံုး တေယာက္ရွိေနႏိုင္သည္။ ကြ်န္မမွတ္မိသမွ် ေျမပံုထဲတြင္ ေဖာ္ျပထားသည္မွာ ဂိတ္မႀကီးမွ လြန္ေသာ္ အလွစိုက္ပန္းခင္းမ်ား ရွိသည္။ ထို႔ေနာက္ ခပ္ေျပေျပ တက္သြားေသာ ျမက္ခင္းျပင္အဆံုးတြင္ သံရံုး အေဆာက္အအံု ရွိသည္။ ကြ်န္မ ၾကည့္ေနစဥ္ သံုးေယာက္တြဲ ကင္းလွည့္လာသည့္ အေစာင့္မ်ားကို ေတြ႕ရသည္။ သူတို႔က ဂိတ္ဝမွ အေစာင့္ကို လက္ျပႏႈတ္ဆက္သည္။
ေျမျပင္တြင္ ကပ္လ်က္ ဝပ္တြားကာ သစ္ပင္မ်ားကို အကာအကြယ္ယူၿပီး ကြ်န္မသည္ ဂိတ္မႀကီး၏ လက္ယာဘက္ ဝင္းနရံေထာင့္သို႔ ခ်ဥ္းကပ္သည္။ ဝင္းနံရံေထာင့္သုိ႔ ေရာက္သည့္အခါ အုတ္နံရံကို ကပ္လ်က္ အေဆာက္အအံု၏ အေနာက္ဘက္သို႔ ခပ္သြက္သြက္ ေျပးကပ္သည္။ ထိုစဥ္ လွည့္ကင္းသမားမ်ားကို ျမင္လိုက္ရသျဖင့္ ခ်ဴံ ပုတ္ အေနာာက္တြင္ ဝင္ပုန္းေနရသည္။ ႀကိဳးတြင္ တပ္ထားေသာခ်ိတ္ကို နံရံထိပ္သို႔ ပစ္တင္သည္။ ခ်ိတ္မိသြားသည့္အခါ ႀကိဳးကို ဆြဲလ်က္ အေပၚသို႔တက္သည္။ တံတိုင္းအေပၚသို႔ ေရာက္သည့္အခါ တဖက္သို႔ ခုန္မခ်မီ ႀကိဳးစကို ဆြဲယူလ်က္ ျပန္သိမ္းသည္။ နံရံေပၚမွ ကိုယ္ေဖာ့လ်က္ ျမက္ခင္းေပၚသို႔ ခုန္ခ်သည္။
ကြ်န္မေရာက္ေနေသာ ေနရာသည္ အေဆာက္အအံုႏွင့္ ေပတစ္ရာခန္႔ ဂိတ္မႀကီးမွ ေပႏွစ္ရာခန္႔ ေဝးသည္။ ဂိတ္မွ သံရံုးအတြင္းသို႔ ဝင္ေသာ လမ္းကို ေက်ာက္စရစ္ ခင္းထားသည္။ လမ္းတစ္ေလွ်ာက္ မီးတ္ုိင္မ်ား ထြန္းညွိထားသည္။ အေဆာက္အအံုအတြင္းမွ အလင္းေရာင္မ်ားကို ျမင္လိုက္ရသျဖင့္ အတြင္းတြင္ လူရွိေနသည္ကို သိရသည္။
အေဆာက္အအံုမွာ ေရွးေဟာင္းပံုစံကို ေခတ္မွီဒီဇိုင္း ေရာစပ္လ်က္ ေဆာက္ထားျခင္းျဖစ္သည္။ ျပတင္းေပါက္ မီးလင္းေနေသာ အခန္းမွာ စာၾကည့္ခန္းျဖစ္သည္။ စာၾကည့္ခန္း အေပၚတည့္တည့္တြင္ ေက်ာက္သားလက္ရန္းျဖစ္ လသာေဆာင္ရွိသည္။ လသာေဆာင္သည္ ဧည့္သည္ အိပ္ခန္းအတြက္ ျဖစ္သည္။အေပၚထပ္ရွိ အိပ္ခန္းအားလံုးသည္ မည္းေမွာင္ေနသည္။
စာၾကည့္ခန္းအတြင္းသို႔ အိမ္ေစတစ္ဦးသည္ ေကာ္ဖီဗန္းကိုင္လ်က္ ဝင္လာသည္ကို ေတြ႕ရသည္။ စာၾကည့္ခန္းအတြင္းရွိ လူအတြက္ ျဖစ္ေပမည္။ စာၾကည့္ခန္းထဲတြင္ လူမည္မွ်ရွိသည္ကို မသိရ။ စာၾကည့္ခန္းအတြင္း လူရွင္းသြားသည္အထိ ေစာင့္ၿပီးမွ အတြင္းသို႔ ဝင္ရန္ သို႔ အတြင္းသို႔ဝင္ကာ တစ္ေနရာတြင္ ပုန္းေနၿပီး စာၾကည့္ခန္းအတြင္း လူရွင္းသည္ကို ေစာင့္ရန္ဟူ၍ ေရြးခ်ယ္ရန္ ႏွစ္နည္းရွိသည္။
စာၾကည့္ခန္းအတြင္း လူမရွိသည့္တိုင္ ေစာင့္ၾကည့္ကင္မရာ ရွိေနႏိုင္သည္။ မည္သို႔ပင္ ျဖစ္ေစ အတြင္းသို႔ အရင္ဝင္ရန္ ဆံုးျဖတ္လိုက္သည္။ အတြင္းသို႔ ဝင္ရန္ ေလ့လာေသာအခါ လသာေဆာင္မွ ဝင္လွ်င္ အေကာင္းဆံုးျဖစ္မည္ကို ေတြ႕ရသည္။လသာေဆာင္သို႔ တက္ရန္ နည္းလမ္းရွာေသာအခါ ကပ္လ်က္သားတြင္ ေခါင္မိုးမွ ေရဆင္းေသာ ေရတံေလ်ွာက္ပိုက္ကို ေတြ႕ရသည္။
လူအရိပ္အျခည္ကို ၾကည့္ကာ အေဆာက္အအံုနံရံသို႔ ေျပးကပ္သည္။ နံရံတြင္ကပ္ၿပီး အေစာင့္မ်ား အေျခအေနကို စူးစမ္းသည္။ လွည့္ကင္းတစ္စု စကားတေျပာေျပာႏွင့္ လာေနသည့္အသံကို ၾကားရသည္။ ကြ်န္မ ရွိသည့္ေနရာကို လာေနၾကျခင္း ျဖစ္သည္။ ကြ်န္မသည္ ေရဆင္းပိုက္ဆီသို႔ ေျပးလႊားကာ အလ်င္အျမန္ တြယ္တက္သည္။ ဆယ္ေပအျမင့္ အေရာက္တြင္ ေအာက္တည့္တည့္တြင္ လွည့္ကင္းအုပ္စု ျဖတ္သြားသည္။
ေရဆင္းပိုက္မွ လသာေဆာင္ေပၚသို႔ ေက်ာ္တက္ကာ ေျခသံလံုလံုျဖင့္ ဖြဖြေလွ်ာက္ရသည္။ ေအာက္ထပ္ရွိ စာၾကည့္ခန္႔မွ ေျခသံၾကား၍မျဖစ္။လသာေဆာင္ တံခါးေပါက္၏ တဖက္တခ်က္တြင္ ျပတင္းေပါက္ တေပါက္စီ ရွိသည္။ ပထမ ျပတင္းေပါက္ကို တြန္းၾကည့္သည္ မပြင့္။ ကလန္႔ခ်ထားျခင္းေသာ္ လည္းေကာင္း က်ပ္ေနျခင္းေသာ္ လည္ေကာင္း ျဖစ္သည္။ တံခါးေပါက္ကိုေက်ာ္ၿပီး ေနာက္ျပတင္းေပါက္သို႔ သြားသည္။ ထိုျပတင္းေပါက္လည္း ဖြင့္မရ။ ထို႔ေၾကာင့္ အထြက္တံခါးကို ႀကိဳးစားၾကည့္မည္အျပဳတြင္ ဝါယာႀကိဳးမွ်င္ကေလးကို ေတြ႕သျဖင့္ ဆက္မလုပ္ရဲေတာ့။ တံခါးတြင္ အခ်က္ေပးစနစ္ တပ္ထားသည္။
ပထမျပတင္းေပါက္သို႔ ကြ်န္မ ျပန္လာသည္။ အိတ္ထဲမွ မွန္ျဖတ္စိန္ကို ယူကာ ေသာ့ သို႔ မင္းတုပ္ ရွိႏိုင္ေသာေနရာ အနွီး မွန္ခ်ပ္ကို လက္တစ္ႏႈိက္စာ အေပါက္ေဖာက္သည္။ အတြင္းသို႔ လက္ႏိႈက္စမ္းသပ္ေသာအခါ မင္းတုပ္ကို ေတြ႕ရသည္။ မင္းတုပ္ကို ညင္သာစြာ မတင္လိုက္ၿပီး တံခါးရြက္ကို ညင္သာစြာ တြန္းလိုက္ရာ အလိုက္သင့္ ပြင့္သြားသည္။ အတြင္းသို႔ ေလ်ာဝင္လိုက္ၿပီး ျပတင္းေပါက္ကို ျပန္ပိတ္သည္။ ျဖတ္ထုတ္ခဲ့ေသာ မွန္အပိုင္းစေနရာတြင္ အသာအယာ ျပန္ထည့္ထားလိုက္သည္။ အျပင္မွ ေလစိမ္းဝင္ေနလွ်င္ အတြင္းရွိလူမ်ား သတိျပဳႏိုင္သည္။
အိပ္ခန္းအတြင္းတြင္ မည္သူမွ်မရွိ။ နံရံကို ေခါင္းရင္းျပဳကာ ႏွစ္ေယာက္အိပ္ ခုတင္တစ္လံုးႏွင့္ အေျပာက္အမႊန္းတို႔ ဆင္ယင္ထားေသာ မီးလင္းဖိုတစ္ခု ရွိသည္။ ကတၱီပါခန္းဆီးက မ်က္ႏွာၾကက္မွ ၾကမ္းျပင္အထိ အိက်ေနသည္။ တံခါး သံုးေပါက္ရွိသည္။ အဝတ္အစားထားေသာ အခန္းတံခါး ေရအိမ္တံခါးႏွင့္ အျပင္ေလွ်ာက္လမ္းသို႔ ထြက္ေသာ တံခါးတို႔ျဖစ္သည္။ အျပင္သို႔ ထြက္ေသာ တံခါးသည္ အနည္းငယ္ဟေနသျဖင့္ အျပင္သို႔ ေခ်ာင္းၾကည့္ရာ ေလွ်ာက္လမ္းသည္ ေပေျခာက္ဆယ္ခန္႔ရွည္ၿပီး အေဆာက္အအံု အစြန္းတဖက္သို႔ ေရာက္သည္အထိ မည္သူမွ် မေတြ႕ရ။
တံခါးအနည္းငယ္ တြန္းဖြင့္သည္။ အေဆာက္အအံု၏ ပံုစံကို မွတ္ညဏ္အတြင္းမွ ျပန္လည္ပံုေဖာ္ကာ စဥ္းစားသည္။ ေနာက္ထပ္ အိပ္ခန္းႏွစ္ခန္း ရွိေသးသည္။ တခန္းသည္ ေလွ်ာက္လမ္းအဆံုးတြင္ ရွိၿပီး ေနာက္တခန္းသည္ ေလွ်ာက္လမ္းကို မ်က္ႏွာမူလ်က္ ရွိသည္။ တံခါးကိုျပန္ေစ့ကာ အတြင္းသို႔ ျပန္ဝင္သည္။ ညသန္းေခါင္ခန္႔တြင္မွ အိမ္ရွိလူမ်ား အိပ္ရာထဲ ေရာက္ေနၾကမည္ဟု ယူဆရသည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
December 28, 2015
...............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၄
ဆရာပြန်သွားပြီ ကျွန်မ အိပ်ခန်းထဲသို့ဝင်ကာ ခုတင်ပေါ်တွင် လှဲနေမိသည်။ အိပ်ဖို့ရန်ကား လုံးဝမဖြစ်နိုင်။ စောင်ခြုံကာ ကွေးနေလိုက်သည်။ စိတ်လှုပ်ရှားသည်မှာလည်း ဆိုဖွယ်မရှိ။ ကျွန်မ၏ နောင်ရေးသည် ယခုဆန်းစစ်မှုအပေါ်တွင် လုံးဝမှီနေသည်။ ကျဆုံးမည်ကို ကျွန်မ အလွန်အမင်း ကြောက်ရွံ့နေသည်။
ဆွတ်ဟေးက ပြန်မလာသေး။ ဆန်းစစ်မှု ဝင်နေခြင်း ဖြစ်နိုင်သည်။ သူရှိနေလျှင် ကျွန်မ၏ ခံစားချက်ကို သူ့အား မျှဝေပေးနိုင်သေးသည်။ သူ အောင်မြင်စေကြောင်း ဆုတောင်းပေးလိုက်သည်။ မွန်းလွဲလောက်တွင် ကျွန်မ အိပ်ပျော်သွားသည်။ ညနေ ၅နာရီခွဲ ပြန်နိုးလာသည်။ ဧည့်ခန်းထဲတွင် သေတ္တာကြီးတလုံး ရောက်နေသည်။ အထဲတွင် ကျွန်မလိုအပ်သော ပစ္စည်းအားလုံး ပါသည်။ ဝတ်ဆင်ရမည့် အဝတ်အစားများကို အိပ်ခန်းထဲသို့ ယူကာ လဲလှယ်ဝတ်ဆင်သည်။
ကျွန်မကိုပေးထားသော အဝတ်အစားများမှာ အနက်ရောင် အပေါ်အောက်တဆက်တည်း အားကစားဝတ်စုံ အနက်ရောင်ဖိနပ် မျက်လုံးနှင့်နှာခေါင်းပေါက်များသာ ပါသော (ဂျပန်နင်ဂျာကဲ့သို့) မျက်နှာဖုံးခေါင်းစွပ် ပစ္စတို ၂ လက် အတွက် ပခုံးစလွယ်သိုင်းအိတ်နှင့် တင်ပါးအိတ် ဓားမြှောင်ထည့်ရန် အိတ်များပါသော ခါးပတ် လက်နှိပ်ဓာတ်မီး ကျည်ကပ်များ ကြိုးနှင့် ဆရာဝန်သုံး နားကြပ်ထည့်ထားသော အိတ် အမြှပ်စပရေးဘူး။
(စောင့်ကြည့်ကင်မရာ ဝေဝါးသွားစေရန် အသုံးပြုသည်)
၆ နာရီမထိုးမီ ဝတ်စားပြီး အသင့်ပြင်ထားသည်။ သင်တန်းဆရာ ရောက်လာပြီး ကျွန်မအဝတ်အစားနှင့် ပစ္စည်းကိရိယာတို့ကို စစ်ဆေးသည်။ သူက ကျွန်မကို ကြည့်ပြီး "ငါ့တပည့် တယ်ဟုတ်နေပါ့လား။ ကင်မရာရှိရင် ရိုက်ထားလိုက်ချင်တယ်"ဟု ပြောသည်။
ကျွန်မက စိတ်လှုပ်ရှားနေသဖြင့် သူအားဘာမှ ပြန်မပြောဖြစ်။ အဝတ်အစားများမှာ ကျွန်မနှင့် အနေတော် ဖြစ်သော်လည်း မျက်နှာဖုံးခေါင်းစွပ်နှင့် လွယ်ထားရသော Ak-47 မောင်းပြန်သည် ကျွန်မကို အနေအထိုင် ခက်စေသည်။
ဆရာက နာရီကြည့်ပြီး "ကဲ ငါ့တပည့် နောက် ၁၂ နာရီ အတွင်းမှာ မင်းကို ပေးထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ပေတော့။ မင်းကံကောင်းပါစေကွာ"
"ကျေးဇူးတင်ပါတယ် ဆရာ"
မျက်နှာဖုံးအောက်မှ တိုးတိုးလေး ပြန်ပြောပြီး အပြင်သို့ ထွက်လာခဲ့သည်။
နေမဝင်သေး နေစောင်းချိန် အရိပ်ရှည်ကြီးများက ကျွန်မအား ခြောက်လှန့်နေသည်။ ကေစွန်းတောင်ကြောလမ်း အတိုင်း ကျွန်မ လိုက်လာပြီး ထင်းရှူ းတောအုပ်ဆီသို့ ဦးတည်ထားသည်။ သံရုံးသို့ သွားရာလမ်းကို ကျွန်မ အလွတ်မှတ်ထားပြီးသော်လည်း လိုရမည်ရ မြေပုံကို ယူလာခဲ့သည်။
တောအုပ်အတွင်းရောက်သော် မည်းမှောင်နေသဖြင့် သံလိုက်အိမ်မြှောင်ကို အသုံးပြုလျက် ဦးတည်ရာမပျောက်အောင် သွားရသည်။ မြေလူးငှက်တို့ တေးသီသံကို ကျွန်မ သတိထား နားစွင့်ရသည်။ လေးလံသော ခြေသံသည် ကျားကဲ့သို့ သားရဲကြီးများ၏ ခြေသံဖြစ်သည်။ အမှောင်ထုထဲတွင် ကျွန်မက ခြေသံလုံနိုင်သမျှ လုံအောင်ထိန်းကာ လျှောက်သည်။ လက်ထောက်သင်တန်း ဆရာများသည် တောအုပ်ထဲတွင် ခိုအောင်းကာ ကျွန်မကို စောင့်ကြည့်နေကြပေလိမ့်မည်။ လက်နှိပ်ဓာတ်မီးကို လက်ဝါးနှင့် အုပ်ကာ ထွန်းသည်။ မလိုအပ်လျှင် လက်နှိပ်ဓာတ်မီးကို ပိတ်ထားရသည်။
အမှောင်ထုသည် တိတ်ဆိတ်ခြင်းကို ဆောင်ကြည်းလာသည်။ တခါတရံ သစ်ပင်ထိပ်ဖျားများဆီမှ လေတိုးသံကို ကြားရသည်။ ဤဆန်းစစ်မှုတွင် စိတ္တဗေဒ ဆန်းစစ်မှုများလည်း ပါဝင်သည်။ ညအမှောင်ထုတွင် ကျွန်မ မည်သို့ လှုပ်ရှားသည်ကို စောင့်ကြည့်နေသော ဆရာများက ဆန်းစစ်အမှတ်ပေးကြမည်။ အမှောင်ထုထဲတွင် ကျီးကြည့်ကြောင်ကြည့် ထိတ်တလန့်လန့်ဖြင့် လျှောက်သွားနေသလော သူတို့ သိချင်ကြပေမည်။
ခပ်လှမ်းလှမ်းမှ မီးရောင်ပြပြကို သစ်ပင်ကြားမှ ကျွန်မ မြင်လိုက်သည်။ သံလိုက်အိမ်မြှောင်နှင့် လက်နှိပ်ဓာတ်မီးကို ခါးပတ်အတွင်း ထိုးသွင်းထားလိုက်သည်။ သစ်ပင်တပင်မှ တပင်သို့ တွားသွားကာ ကူးလူးရသည်။ ပေတရာခန့် သွားပြီးသောအခါ တောအုပ်အစပ်သို့ ရောက်သည်။
သစ်တောအုပ်အစပ်မှ သံရုံးဂိတ်ဝကို ကောင်းစွာမြင်ရသည်။ ဂိတ်တခုလုံး မီးများ ထိန်ထိန်လင်းနေသည်။ အစောင့်တယောက် စောင့်နေသည်။ ကပ်လျက်သားတွင် ကင်းတဲတခု ရှိနေသည်။ အတွင်းတွင် မီးလင်းနေပုံထောက်လျှင် အတွင်း၌ နောက်ထပ်အစောင့် အနည်းဆုံး တယောက်ရှိနေနိုင်သည်။ ကျွန်မမှတ်မိသမျှ မြေပုံထဲတွင် ဖော်ပြထားသည်မှာ ဂိတ်မကြီးမှ လွန်သော် အလှစိုက်ပန်းခင်းများ ရှိသည်။ ထို့နောက် ခပ်ပြေပြေ တက်သွားသော မြက်ခင်းပြင်အဆုံးတွင် သံရုံး အဆောက်အအုံ ရှိသည်။ ကျွန်မ ကြည့်နေစဉ် သုံးယောက်တွဲ ကင်းလှည့်လာသည့် အစောင့်များကို တွေ့ရသည်။ သူတို့က ဂိတ်ဝမှ အစောင့်ကို လက်ပြနှုတ်ဆက်သည်။
မြေပြင်တွင် ကပ်လျက် ဝပ်တွားကာ သစ်ပင်များကို အကာအကွယ်ယူပြီး ကျွန်မသည် ဂိတ်မကြီး၏ လက်ယာဘက် ဝင်းနရံထောင့်သို့ ချဉ်းကပ်သည်။ ဝင်းနံရံထောင့်သို့ ရောက်သည့်အခါ အုတ်နံရံကို ကပ်လျက် အဆောက်အအုံ၏ အနောက်ဘက်သို့ ခပ်သွက်သွက် ပြေးကပ်သည်။ ထိုစဉ် လှည့်ကင်းသမားများကို မြင်လိုက်ရသဖြင့် ချူံ ပုတ် အနောာက်တွင် ဝင်ပုန်းနေရသည်။ ကြိုးတွင် တပ်ထားသောချိတ်ကို နံရံထိပ်သို့ ပစ်တင်သည်။ ချိတ်မိသွားသည့်အခါ ကြိုးကို ဆွဲလျက် အပေါ်သို့တက်သည်။ တံတိုင်းအပေါ်သို့ ရောက်သည့်အခါ တဖက်သို့ ခုန်မချမီ ကြိုးစကို ဆွဲယူလျက် ပြန်သိမ်းသည်။ နံရံပေါ်မှ ကိုယ်ဖော့လျက် မြက်ခင်းပေါ်သို့ ခုန်ချသည်။
ကျွန်မရောက်နေသော နေရာသည် အဆောက်အအုံနှင့် ပေတစ်ရာခန့် ဂိတ်မကြီးမှ ပေနှစ်ရာခန့် ဝေးသည်။ ဂိတ်မှ သံရုံးအတွင်းသို့ ဝင်သော လမ်းကို ကျောက်စရစ် ခင်းထားသည်။ လမ်းတစ်လျှောက် မီးတ်ုိင်များ ထွန်းညှိထားသည်။ အဆောက်အအုံအတွင်းမှ အလင်းရောင်များကို မြင်လိုက်ရသဖြင့် အတွင်းတွင် လူရှိနေသည်ကို သိရသည်။
အဆောက်အအုံမှာ ရှေးဟောင်းပုံစံကို ခေတ်မှီဒီဇိုင်း ရောစပ်လျက် ဆောက်ထားခြင်းဖြစ်သည်။ ပြတင်းပေါက် မီးလင်းနေသော အခန်းမှာ စာကြည့်ခန်းဖြစ်သည်။ စာကြည့်ခန်း အပေါ်တည့်တည့်တွင် ကျောက်သားလက်ရန်းဖြစ် လသာဆောင်ရှိသည်။ လသာဆောင်သည် ဧည့်သည် အိပ်ခန်းအတွက် ဖြစ်သည်။အပေါ်ထပ်ရှိ အိပ်ခန်းအားလုံးသည် မည်းမှောင်နေသည်။
စာကြည့်ခန်းအတွင်းသို့ အိမ်စေတစ်ဦးသည် ကော်ဖီဗန်းကိုင်လျက် ဝင်လာသည်ကို တွေ့ရသည်။ စာကြည့်ခန်းအတွင်းရှိ လူအတွက် ဖြစ်ပေမည်။ စာကြည့်ခန်းထဲတွင် လူမည်မျှရှိသည်ကို မသိရ။ စာကြည့်ခန်းအတွင်း လူရှင်းသွားသည်အထိ စောင့်ပြီးမှ အတွင်းသို့ ဝင်ရန် သို့ အတွင်းသို့ဝင်ကာ တစ်နေရာတွင် ပုန်းနေပြီး စာကြည့်ခန်းအတွင်း လူရှင်းသည်ကို စောင့်ရန်ဟူ၍ ရွေးချယ်ရန် နှစ်နည်းရှိသည်။
စာကြည့်ခန်းအတွင်း လူမရှိသည့်တိုင် စောင့်ကြည့်ကင်မရာ ရှိနေနိုင်သည်။ မည်သို့ပင် ဖြစ်စေ အတွင်းသို့ အရင်ဝင်ရန် ဆုံးဖြတ်လိုက်သည်။ အတွင်းသို့ ဝင်ရန် လေ့လာသောအခါ လသာဆောင်မှ ဝင်လျှင် အကောင်းဆုံးဖြစ်မည်ကို တွေ့ရသည်။လသာဆောင်သို့ တက်ရန် နည်းလမ်းရှာသောအခါ ကပ်လျက်သားတွင် ခေါင်မိုးမှ ရေဆင်းသော ရေတံလျှောက်ပိုက်ကို တွေ့ရသည်။
လူအရိပ်အခြည်ကို ကြည့်ကာ အဆောက်အအုံနံရံသို့ ပြေးကပ်သည်။ နံရံတွင်ကပ်ပြီး အစောင့်များ အခြေအနေကို စူးစမ်းသည်။ လှည့်ကင်းတစ်စု စကားတပြောပြောနှင့် လာနေသည့်အသံကို ကြားရသည်။ ကျွန်မ ရှိသည့်နေရာကို လာနေကြခြင်း ဖြစ်သည်။ ကျွန်မသည် ရေဆင်းပိုက်ဆီသို့ ပြေးလွှားကာ အလျင်အမြန် တွယ်တက်သည်။ ဆယ်ပေအမြင့် အရောက်တွင် အောက်တည့်တည့်တွင် လှည့်ကင်းအုပ်စု ဖြတ်သွားသည်။
ရေဆင်းပိုက်မှ လသာဆောင်ပေါ်သို့ ကျော်တက်ကာ ခြေသံလုံလုံဖြင့် ဖွဖွလျှောက်ရသည်။ အောက်ထပ်ရှိ စာကြည့်ခန့်မှ ခြေသံကြား၍မဖြစ်။လသာဆောင် တံခါးပေါက်၏ တဖက်တချက်တွင် ပြတင်းပေါက် တပေါက်စီ ရှိသည်။ ပထမ ပြတင်းပေါက်ကို တွန်းကြည့်သည် မပွင့်။ ကလန့်ချထားခြင်းသော် လည်းကောင်း ကျပ်နေခြင်းသော် လည်ကောင်း ဖြစ်သည်။ တံခါးပေါက်ကိုကျော်ပြီး နောက်ပြတင်းပေါက်သို့ သွားသည်။ ထိုပြတင်းပေါက်လည်း ဖွင့်မရ။ ထို့ကြောင့် အထွက်တံခါးကို ကြိုးစားကြည့်မည်အပြုတွင် ဝါယာကြိုးမျှင်ကလေးကို တွေ့သဖြင့် ဆက်မလုပ်ရဲတော့။ တံခါးတွင် အချက်ပေးစနစ် တပ်ထားသည်။
ပထမပြတင်းပေါက်သို့ ကျွန်မ ပြန်လာသည်။ အိတ်ထဲမှ မှန်ဖြတ်စိန်ကို ယူကာ သော့ သို့ မင်းတုပ် ရှိနိုင်သောနေရာ အနှီး မှန်ချပ်ကို လက်တစ်နှိုက်စာ အပေါက်ဖောက်သည်။ အတွင်းသို့ လက်နှိုက်စမ်းသပ်သောအခါ မင်းတုပ်ကို တွေ့ရသည်။ မင်းတုပ်ကို ညင်သာစွာ မတင်လိုက်ပြီး တံခါးရွက်ကို ညင်သာစွာ တွန်းလိုက်ရာ အလိုက်သင့် ပွင့်သွားသည်။ အတွင်းသို့ လျောဝင်လိုက်ပြီး ပြတင်းပေါက်ကို ပြန်ပိတ်သည်။ ဖြတ်ထုတ်ခဲ့သော မှန်အပိုင်းစနေရာတွင် အသာအယာ ပြန်ထည့်ထားလိုက်သည်။ အပြင်မှ လေစိမ်းဝင်နေလျှင် အတွင်းရှိလူများ သတိပြုနိုင်သည်။
အိပ်ခန်းအတွင်းတွင် မည်သူမျှမရှိ။ နံရံကို ခေါင်းရင်းပြုကာ နှစ်ယောက်အိပ် ခုတင်တစ်လုံးနှင့် အပြောက်အမွှန်းတို့ ဆင်ယင်ထားသော မီးလင်းဖိုတစ်ခု ရှိသည်။ ကတ္တီပါခန်းဆီးက မျက်နှာကြက်မှ ကြမ်းပြင်အထိ အိကျနေသည်။ တံခါး သုံးပေါက်ရှိသည်။ အဝတ်အစားထားသော အခန်းတံခါး ရေအိမ်တံခါးနှင့် အပြင်လျှောက်လမ်းသို့ ထွက်သော တံခါးတို့ဖြစ်သည်။ အပြင်သို့ ထွက်သော တံခါးသည် အနည်းငယ်ဟနေသဖြင့် အပြင်သို့ ချောင်းကြည့်ရာ လျှောက်လမ်းသည် ပေခြောက်ဆယ်ခန့်ရှည်ပြီး အဆောက်အအုံ အစွန်းတဖက်သို့ ရောက်သည်အထိ မည်သူမျှ မတွေ့ရ။
တံခါးအနည်းငယ် တွန်းဖွင့်သည်။ အဆောက်အအုံ၏ ပုံစံကို မှတ်ညဏ်အတွင်းမှ ပြန်လည်ပုံဖော်ကာ စဉ်းစားသည်။ နောက်ထပ် အိပ်ခန်းနှစ်ခန်း ရှိသေးသည်။ တခန်းသည် လျှောက်လမ်းအဆုံးတွင် ရှိပြီး နောက်တခန်းသည် လျှောက်လမ်းကို မျက်နှာမူလျက် ရှိသည်။ တံခါးကိုပြန်စေ့ကာ အတွင်းသို့ ပြန်ဝင်သည်။ ညသန်းခေါင်ခန့်တွင်မှ အိမ်ရှိလူများ အိပ်ရာထဲ ရောက်နေကြမည်ဟု ယူဆရသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 28, 2015 ·

No comments:
Post a Comment