CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 3, 2016
မနာလိုစိတ်များတယ်..
သာရင်လဲ မနာလို ဘူး
မုဒိတာ မပွားနိုင်ဘူး ၊
အချောင်ခိုချင်တယ် ၊
စိတ်မ၀င်စားဘူး
ကိုယ်ကျရှုံးတိုင်း
ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့
အရာတော်တော်များကို
တစ်ဖက်သတ်သုံးသပ်တယ် ၊
ကိုယ်နဲ့ အမြင်မတူရင်
အခွင့်အလမ်းလာရင်
ကိုယ့်အကြောင်းထက်
သူများအကြောင်းကို
ပိုစိတ်ဝင်စားတယ်.
“ကဲ….မှန်နေသလားလို့ … ။
Credit to Kumara Ashin
........................
မြန်မာလူမျိုးတွေ စေတနာကောင်းတယ် ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ???
ကောင်းလိုက်တဲ့ မေးခွန်း..ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်။
မြန်မာအများစုက (TEAM WORK) အားနည်းတယ်..
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ် ၊
မနာလိုစိတ်များတယ်..
အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
သာရင်လဲ မနာလို ဘူး
သူများကိုချီးကျူးရင် မကြိုက်ဘူး
ကိုယ့်တယောက်ထဲကိုပဲ ချီးကျူးစေချင်တယ်
မုဒိတာ မပွားနိုင်ဘူး ၊
ကြိုးစားရမယ့်နေရာ တက်တက်ကြွကြွမရှိဘူး
သူများမလုပ်ရင် မလုပ်ချင်ဘူး
အချောင်ခိုချင်တယ် ၊
ပိုက်ဆံရရင် အဖြုန်းများတယ် ၊
ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားတယ်
ကိုယ်နဲ ့အသုံးတည့်တည့် မတည့်တည့်
သူများဝယ်ရင် လိုက်ဝယ်ချင်တယ်
စီးပွားရေးလုပ်ရမှာ ကြောက်တယ်..
ရေရှည် အကျိုးစီးပွားကို မမျှော်ကိုးတတ်ဘူး
ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်
ဝန်ထမ်း ပိုလုပ်ချင်တယ် ၊
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး
အများလုပ်တာပဲ စောင့်ပြီး တနိုင်ငံလုံးဝိုင်းလုပ်တတ်တယ်
ဒါကြောင့် ရေရှည်မခံဘူး
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့
လိုအပ်တဲ့ ပညာရေးမှာအားနည်းတယ်
ဗဟုသုတလေ့လာဖို ့အားနည်းတယ်
စိတ်မဝင်စားဘူး
ဝေဖန်တာကို အားသန်ပြီး
လက်တွေ ့ကျကျ ဆောင်ရွက်မှု အားနည်းတယ် ၊
အကြုံပြုတာကောင်းပြီး
တကယ့် စီမံခန် ့ခွဲမှုဖို ့ကျ ညံ့တယ် ၊
ပုတ်ခတ်တာကို မတရားကြိုက်တယ်..၊
ကိုယ်ကျရှုံးတိုင်း
သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင်ရှိတယ်..၊
ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..၊
မအောင်မြင်ရင် ကံကို ပုံချတယ်..၊
ကိုယ့်ကြံုဖူးတဲ့ အတွေ့အကြံုတစ်ခုထဲနဲ့
အရာတော်တော်များကို
တစ်ဖက်သတ်သုံးသပ်တယ် ၊
ကိုယ်နဲ့ အမြင်မတူရင်
အားမပေးဘဲ မတရားရှုံ့ချတယ် ၊
ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး
အခွင့်အလမ်းလာရင်
အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ် ၊
ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..
ကိုယ့်အကြောင်းထက်
သူများအကြောင်းကို
ပိုစိတ်ဝင်စားတယ်.
လေကန်ပြီး အချိန်ဖြုန်းတာများတယ် ၊
ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့
တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..၊
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..
အကျိုးရှိအောင် မရင်းနှီးတတ်ဘူး ၊
ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်
အောင်မြင် ကျော်ကြားဖို ့
အများအတွက် ဆောင်ရွက်ဖို ့စိတ်မဝင်စားဘူး
ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး
ပညာရှင်တွေကလဲ ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး
လူတော်တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး
“ဒါတွေက ဆင်းရဲစေတာပါပဲ…”
“ကဲ….မှန်နေသလားလို့ … ။
Credit to Kumara Ashin
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 03, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment