Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 26, 2016

၂၀၁၇ မွာ ထိုင္းေရြးေကာက္ပဲြ က်င္းပမည္

၂၀၁၄ တုန္းက က်င္းပခဲ့တဲ့ ထိုင္းေရြးေကာက္ပြဲ။
ထိုင္းႏုိင္ငံမွာ ဒီႏွစ္ကုန္ပိုင္း က်င္းပမယ့္ လူထု ဆႏၵခံယူပြဲမွာ အဆိုျပဳထားတဲ႔ အေျခခံ ဥပေဒကို မဲဆႏၵရွင္ေတြ ပယ္ခ်ခဲ႔ရင္လည္း အေထြေထြ ေရြးေကာက္ပြဲေတြကိုေတာ့ လာမယ့္ ၂၀၁၇ ခုႏွစ္မွာ က်င္းပမယ္လို႔ ထိုင္း၀န္ႀကီးခ်ဳပ္က ေျပာဆိုလုိက္ပါတယ္။

ေသြးထြက္သံယို မရွိခဲ႔တဲ႔ ၂၀၁၄ ခုႏွစ္တုန္းက စစ္အာဏာ သိမ္းၿပီးေနာက္ ႏုိင္ငံအာဏာကို ရယူခဲ႔တဲ႔ စစ္တပ္ အႀကီးအကဲေဟာင္း ၀န္ႀကီးခ်ဳပ္ Prayuth Chan-o-cha က ဒီကေန႔ အဂၤါေန႔ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

လူထု ဆႏၵခံယူပြဲမွာ အေျခခံ ဥပေဒသစ္ကို အတည္ျပဳႏုိင္မွ ေရြးေကာက္ပြဲေတြ က်င္းပမယ္လို႔ အစိုးရက အရင္က ကတိျပဳ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။ စစ္တပ္ရဲ႕ ေထာက္ခံမႈ ရရွိထားတဲ႔ ေတာ္၀င္ မိသားစုကို ေထာက္ခံသူေတြနဲ႔ လူႀကိဳက္မ်ားတဲ႔ ၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ရွနာ၀ပ္ကို ေထာက္ခံသူေတြၾကား ပဋိပကၡေတြနဲ႔ ဆယ္စုႏွစ္တခုေက်ာ္ၾကာ ႏုိင္ငံေရး ရႈပ္ေထြးမႈေတြ၊ မတည္မၿငိမ္မႈေတြေၾကာင့္ ထိုင္းႏုိင္ငံ အထိနာခဲ႔ရပါတယ္။

ဒီအၿငိဳးအေတးေတြေၾကာင့္ စစ္အာဏာသိမ္းမႈ ၂ ခု ျဖစ္ခဲ႔ၿပီး အၾကမ္းဖက္မႈေတြ၊ လူေတြ ထိခုိက္ေသဆံုးခဲ႔ရတဲ႔ လမ္းေပၚထြက္ ဆႏၵျပမႈေတြလည္း ျဖစ္ခဲ႔ပါတယ္။ အခု အသစ္ ျပဌာန္းဖို႔ ရွိေနတဲ႔ အေျခခံ ဥပေဒဟာဆိုရင္လည္း ၁၉၃၂ ခုႏွစ္ ထုိင္းႏုိင္ငံရဲ႕ သက္ဦးဆံပိုင္ ဘုရင္စနစ္ကို အဆံုးသတ္လိုက္ၿပီးေနာက္ပိုင္း အႀကိမ္ ၂၀ ေျမာက္ အေျခခံ ဥပေဒ ျဖစ္လာမွာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................
 ၂၀၁၄ တုန်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ။
ထိုင်းနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် လူထု ဆန္ဒခံယူပွဲမှာ အဆိုပြုထားတဲ့ အခြေခံ ဥပဒေကို မဲဆန္ဒရှင်တွေ ပယ်ချခဲ့ရင်လည်း အထွေထွေ ရွေးကောက်ပွဲတွေကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

သွေးထွက်သံယို မရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံအာဏာကို ရယူခဲ့တဲ့ စစ်တပ် အကြီးအကဲဟောင်း ၀န်ကြီးချုပ် Prayuth Chan-o-cha က ဒီကနေ့ အင်္ဂါနေ့ ဘန်ကောက်မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လူထု ဆန္ဒခံယူပွဲမှာ အခြေခံ ဥပဒေသစ်ကို အတည်ပြုနိုင်မှ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ အစိုးရက အရင်က ကတိပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထောက်ခံမှု ရရှိထားတဲ့ တော်ဝင် မိသားစုကို ထောက်ခံသူတွေနဲ့ လူကြိုက်များတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှနာဝပ်ကို ထောက်ခံသူတွေကြား ပဋိပက္ခတွေနဲ့ ဆယ်စုနှစ်တခုကျော်ကြာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ၊ မတည်မငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ အထိနာခဲ့ရပါတယ်။

ဒီအငြိုးအတေးတွေကြောင့် စစ်အာဏာသိမ်းမှု ၂ ခု ဖြစ်ခဲ့ပြီး အကြမ်းဖက်မှုတွေ၊ လူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အခု အသစ် ပြဌာန်းဖို့ ရှိနေတဲ့ အခြေခံ ဥပဒေဟာဆိုရင်လည်း ၁၉၃၂ ခုနှစ် ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အဆုံးသတ်လိုက်ပြီးနောက်ပိုင်း အကြိမ် ၂၀ မြောက် အခြေခံ ဥပဒေ ဖြစ်လာမှာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment