မေအးေအးမာ
27.01.2016 05:46
လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ဖ်က္သိမ္းေရးနဲ႔ ေျမယာနစ္နာေၾကး မယူထားတဲ့ လယ္ေတြအတြက္ သီးႏွံေလ်ာ္ေၾကးေပးဖို႔ ေတာင္းဆုိတဲ့ေဒသခံေတြနဲ႔ ျမန္မာ၀မ္ေပါင္ကုမၸဏီက တာ၀န္ရွိသူေတြ ေတြ႔ဆံုေဆြးေႏြးဖို႔ ခ်ိန္းဆိုထားေပမဲ့ စစ္ကိုင္းတုိင္း နယ္လံု၀န္ႀကီးနဲ႔သာ ေတြ႔ဆံုခဲ့ရၿပီး သီးႏွံေလ်ာ္ေၾကး မေပးႏုိင္ဘူးဆိုတာ ေျပာဆိုတဲ့အတြက္ ေဒသခံေတြနဲ႔ တင္းမာမႈျဖစ္ၿပီး ေဆြးေႏြးပဲြ ပ်က္ခဲ့ရပါတယ္။ အျပည့္အစံုကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
စစ္ကိုင္းတုိင္း ယင္းမာပင္ခ႐ိုင္ ဆာလင္းႀကီးၿမိဳ႕နယ္ ဆည္တဲရြာက ဆက္ဆံေရ႐ံုးမွာ ေဒသခံေတြကို ျမန္မာ၀မ္ေပါင္ကုမၸဏီက တာ၀န္ရွိသူေတြက ေတြ႔ဆံုေပးပါမယ္လို႔ တနလၤာေန႔က ဆာလင္းႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက ဆႏၵျ့ပေနတဲ့ ေတာင္သူေတြကို ကတိေပးခဲ့ေပမဲ့ အဂၤါေန႔မွာေတာ့ စစ္ကုိင္းတိုင္း နယ္လံု၀န္ႀကီးနဲ႔သာ ေတြ႔ခြင့္ရခဲ့ၿပီး သီးႏွံေလ်ာ္ေၾကး မေပးႏုိင္ဘူးဆုိတာ ေျပာဆုိတဲ့အတြက္ တင္းမာမႈျဖစ္ၿပီး ေဆြးေႏြးပဲြပ်က္ခဲ့ရေၾကာင္း ေဆြးေးႏြးပဲြတက္ေရာက္ခဲ့တဲ့ ေတာင္သူတဦးက ေျပာပါတယ္။
“သူတုိ႔ဘက္က နစ္နာေလ်ာ္ေၾကး မေပးႏုိင္ပါဘူး ဆိုၿပီးေတာ့ ႐ုန္းရင္းဆန္ခတ္ျဖစ္လာတာေပါ့။ ေလ်ာ္ေၾကးယူမထားတဲ့ ေျမယာပိုင္ရွင္ေတြပါတဲ့။ ဒီႏွစ္ စား၀တ္ေနေရး က်ပ္တည္းတဲ့အတြက္ သီးႏွံေလ်ာ္ေၾကး လာေတာင္းတာပါလို႔ က်မတို႔ဘက္က စၿပီး အေျခခံလိုက္ေတာ့ သူ႔အေနနဲ႔ ဘယ္လိုေျပာသလဲဆုိေတာ့ နယ္လံု၀န္ႀကီး လူထုအေပၚကေတာ့ တင္းတင္းမာမာနဲ႔ အမိန္႔အာဏာေတြနဲ႔ ဆက္ဆံတာပဲ။ ဆက္မေျပာနဲ႔ ငါေျပာတာ နားေထာင္၊ နင္တုိ႔ ေျပာစရာ မလိုဘူး။ စိုက္ပ်ိဳးတဲ့သီးႏွံမခ်ဘဲနဲ႔ သီးႏွံေလ်ာ္ေၾကး လုိခ်င္ေနလို႔ ထံုးစံမရွိဘူး။ မေပးဘူးေပါ့။ ခင္ဗ်ားတုိ႔ ေျမေလ်ာ္ေၾကး လိုခ်င္ရင္ေတာ့ စကားေျပာလို႔ အဲ့လိုေတာ့ ေအာ္လား ေငါက္လားနဲ႔ သူက တမိန္႔အာဏာနဲ႔ပဲ ဆက္ဆံလုိက္ေတာ့တာ။ ကုိယ္ေတာင္းဆုိတာ မရတဲ့အတြက္ ဆႏၵျပၿပီးေတာ့ ျပန္လာခဲ့ၾကတာ။”
ျမန္မာ၀မ္ေပါင္ကုမၸဏီက တာ၀န္ရိွသူေတြနဲ႔ နယ္လံု၀န္ႀကီးကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။ ေၾကးနီစီမံကိန္းအတြက္ သိမ္းယူထားတဲ့ေျမယာေတြက သီးႏွံေလ်ာ္ေၾကး ရဖို႔အေတြက္ ျမန္မာ၀မ္ေပါင္ကုမၸဏီကို အႀကိမ္ႀကိမ္ စာတင္ၿပီး ေဆြးေႏြးခဲ့ေပမဲ့ အေၾကာင္းျပန္မႈ မရွိဘူးလို႔ ဆုိပါတယ္။ ေဒသခံေတြက ဇန္္န၀ါရီလ ၁၄ ရက္ကစၿပီး ျမန္မာ၀မ္ေပါင္ကုမၸဏီကို သြားေရာက္ၿပီီး ေတာင္းဆိုဖို႔ လုပ္ေဆာင္ခဲ့တာပါ။ အာဏာပိုင္ေတြကေတာ့ ေဒသခံေတာင္သူေတြ သြားရာလမ္းျဖစ္တဲ့ ပုသိမ္-မံုရြာ ကားလမ္း ပိတ္ဆို႔တားဆီးထားတဲ့အတြက္ ေဒသခံေတြက ပိတ္ဆို႔ထားတဲ့ ေနရာေတြ ဖယ္ရွားေပးဖို႔ ဆႏၵျပ ေတာင္းဆုိခဲ့ပါတယ္။ ဒီအတြက္ မၾကာခဏဆုိသလို ပုသိမ္-မံုရြာကားလမ္း ပိတ္ထားရၿပီး ကုန္သည္ေတြနဲ႔ ခရီးသြားျပည္သူေတြပါ အခက္အခဲ ျဖစ္ေနရတာပါ။ တနလၤာေန႔တုန္းကေတာ့ ဆႏၵျပသူေတြရွိရာကို ယင္းမာပင္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး လာေရာက္ခဲ့ၿပီး ျမန္မာ၀မ္ေပါင္က တာ၀န္ရွိသူေတြနဲ႔ ညိႇႏိႈင္းေပးမယ္လုိ႔ ကတိေပးခဲ့ေပမဲ့ ေဆြးေႏြးပဲြကို သြားတဲ့အခါမွာေတာ့ နယ္လံု၀န္ႀကီးနဲ႔သာ ေတြ႔ဆံုခဲ့ၿပီး ေဒသခံေတြ ေတာင္းဆိုခ်က္ မရတဲ့အတြက္ ေဆြးေႏြးပဲြ ပ်က္ခဲ့ရပါတယ္။
ေဒသခံေတြက သီးႏွံေလ်ာ္ေၾကး ေတာင္းဆိုတာေတြ လုပ္တဲ့အတြက္ ေဒသခံေတာင္သူ ၆၆ ဦးကို ဆာလင္းႀကီးၿမိဳ႕နယ္ အာဏာပိုင္ေတြက ပုဒ္မ ၁၈ နဲ႔ တရားစဲြဆိုထားပါတယ္။ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကုိ ကုမၸဏီေတြက ေျမယာသိမ္းၿပီး လုပ္ေဆာင္ခဲ့တယ္ဆုိၿပီး စီမံကိန္း ဖ်က္သိမ္းေပးေရးအေတြက္ ေဒသခံေတြက လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္ကတည္းက အႀကိမ္ေပါင္း ၂၈၀ ေက်ာ္ ဆႏၵျပခဲ့ပါတယ္။ အာဏာပုိင္ေတြကေတာ့ ဒီစီမံကိန္း နယ္ေျမမွာရွိတဲ့ ေက်းရြာေတြကို လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႔ကစၿပီး ပုဒ္မ ၁၄၄ ထုတ္ျပန္ထားပါတယ္။
ဆႏၵျပေနတဲ့ ေက်းရြာေတြကေတာ့ နစ္နာေၾကး မယူထားတဲ့ ေက်းရြာေတြျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းတုန္းကလည္း ကန္႔ကြက္ ဆႏၵျပတာေၾကာင့္ လံုၿခံဳေရး၀န္ထမ္းေတြက ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ေတာင္သူ ၁ ဦးေသဆံုးၿပီး ေဒသခံ ၁ ဒါဇင္ေလာက္လည္း ေသနတ္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ဒ
VOA
................
သီးနှံလျော်ကြေးပေးဖို့ မြန်မာဝမ်ပေါင်ကိုယ်စား နယ်လုံဝန်ကြီးငြင်းဆို
မအေးအေးမာ
27.01.2016 05:46
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေး မယူထားတဲ့ လယ်တွေအတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားပေမဲ့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး သီးနှံလျော်ကြေး မပေးနိုင်ဘူးဆိုတာ ပြောဆိုတဲ့အတွက် ဒေသခံတွေနဲ့ တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ် ဆည်တဲရွာက ဆက်ဆံရေရုံးမှာ ဒေသခံတွေကို မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ဆုံပေးပါမယ်လို့ တနင်္လာနေ့က ဆာလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဆန္ဒြ့ပနေတဲ့ တောင်သူတွေကို ကတိပေးခဲ့ပေမဲ့ အင်္ဂါနေ့မှာတော့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးနဲ့သာ တွေ့ခွင့်ရခဲ့ပြီး သီးနှံလျော်ကြေး မပေးနိုင်ဘူးဆိုတာ ပြောဆိုတဲ့အတွက် တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း ဆွေးေးနွးပွဲတက်ရောက်ခဲ့တဲ့ တောင်သူတဦးက ပြောပါတယ်။
“သူတို့ဘက်က နစ်နာလျော်ကြေး မပေးနိုင်ပါဘူး ဆိုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်လာတာပေါ့။ လျော်ကြေးယူမထားတဲ့ မြေယာပိုင်ရှင်တွေပါတဲ့။ ဒီနှစ် စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် သီးနှံလျော်ကြေး လာတောင်းတာပါလို့ ကျမတို့ဘက်က စပြီး အခြေခံလိုက်တော့ သူ့အနေနဲ့ ဘယ်လိုပြောသလဲဆိုတော့ နယ်လုံဝန်ကြီး လူထုအပေါ်ကတော့ တင်းတင်းမာမာနဲ့ အမိန့်အာဏာတွေနဲ့ ဆက်ဆံတာပဲ။ ဆက်မပြောနဲ့ ငါပြောတာ နားထောင်၊ နင်တို့ ပြောစရာ မလိုဘူး။ စိုက်ပျိုးတဲ့သီးနှံမချဘဲနဲ့ သီးနှံလျော်ကြေး လိုချင်နေလို့ ထုံးစံမရှိဘူး။ မပေးဘူးပေါ့။ ခင်ဗျားတို့ မြေလျော်ကြေး လိုချင်ရင်တော့ စကားပြောလို့ အဲ့လိုတော့ အော်လား ငေါက်လားနဲ့ သူက တမိန့်အာဏာနဲ့ပဲ ဆက်ဆံလိုက်တော့တာ။ ကိုယ်တောင်းဆိုတာ မရတဲ့အတွက် ဆန္ဒပြပြီးတော့ ပြန်လာခဲ့ကြတာ။”
မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ နယ်လုံဝန်ကြီးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့မြေယာတွေက သီးနှံလျော်ကြေး ရဖို့အတွေက် မြန်မာဝမ်ပေါင်ကုမ္ပဏီကို အကြိမ်ကြိမ် စာတင်ပြီး ဆွေးနွေးခဲ့ပေမဲ့ အကြောင်းပြန်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒေသခံတွေက ဇန််နဝါရီလ ၁၄ ရက်ကစပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီကို သွားရောက်ပြီီး တောင်းဆိုဖို့ လုပ်ဆောင်ခဲ့တာပါ။ အာဏာပိုင်တွေကတော့ ဒေသခံတောင်သူတွေ သွားရာလမ်းဖြစ်တဲ့ ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီးထားတဲ့အတွက် ဒေသခံတွေက ပိတ်ဆို့ထားတဲ့ နေရာတွေ ဖယ်ရှားပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဒီအတွက် မကြာခဏဆိုသလို ပုသိမ်-မုံရွာကားလမ်း ပိတ်ထားရပြီး ကုန်သည်တွေနဲ့ ခရီးသွားပြည်သူတွေပါ အခက်အခဲ ဖြစ်နေရတာပါ။ တနင်္လာနေ့တုန်းကတော့ ဆန္ဒပြသူတွေရှိရာကို ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မြန်မာဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ ဆွေးနွေးပွဲကို သွားတဲ့အခါမှာတော့ နယ်လုံဝန်ကြီးနဲ့သာ တွေ့ဆုံခဲ့ပြီး ဒေသခံတွေ တောင်းဆိုချက် မရတဲ့အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။
ဒေသခံတွေက သီးနှံလျော်ကြေး တောင်းဆိုတာတွေ လုပ်တဲ့အတွက် ဒေသခံတောင်သူ ၆၆ ဦးကို ဆာလင်းကြီးမြို့နယ် အာဏာပိုင်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကုမ္ပဏီတွေက မြေယာသိမ်းပြီး လုပ်ဆောင်ခဲ့တယ်ဆိုပြီး စီမံကိန်း ဖျက်သိမ်းပေးရေးအတွေက် ဒေသခံတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အကြိမ်ပေါင်း ၂၈၀ ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်း နယ်မြေမှာရှိတဲ့ ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။
ဆန္ဒပြနေတဲ့ ကျေးရွာတွေကတော့ နစ်နာကြေး မယူထားတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ကန့်ကွက် ဆန္ဒပြတာကြောင့် လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ပစ်ခတ်ခံရလို့ တောင်သူ ၁ ဦးသေဆုံးပြီး ဒေသခံ ၁ ဒါဇင်လောက်လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
VOA
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment