Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

ထိုင္းရဲ၀က္ဘ္ဆိုက္မ်ားကို ၀င္ေရာက္ႏွာက္ယွက္သည့္ ဟက္ကာမ်ား ထိုင္းရဲ ေဖာ္ထုတ္


လိပ္ကြ်န္းလူသတ္မႈ တရားမွ်တေရးေတာင္းဆိုသည့္အေနျဖင့္ ထိုင္းရဲ၀က္ဘ္ဆိုက္ ၄ ခုကို ေဖာက္ထြင္း၍ “တရားမွ်တမႈကို ေတာင္းဆိုျခင္း”ဆိုေသာ စာသားခ်ိတ္ဆြဲခဲ့သည့္ ဟက္ကာမ်ားသည္ ျပည္ပအေျခစိုက္ လူ႕အခြင့္အေရး တက္ၾကြလႈပ္ရွားသူမ်ားျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

“သူတို႔က ကြ်န္ေတာ္တို႔ကို အေႏွာက္အယွက္ေပး႐ုံသက္သက္ပါ။ ၾကီးၾကီးက်ယ္က်ယ္ ထိခိုက္မႈမ်ဳိး၊ သတင္းအခ်က္အလက္ ခိုးယူခံရျခင္းမ်ဳိး မရွိပါဘူး”ဟု ထိုင္းရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ Dechnarong Sutticharnbancha က ေျပာသည္။

သို႔ရာတြင္ အဂၤါေန႔ ညပိုင္းအထိ metropolitan police ၀က္ဘ္ဆိုက္အား အျပီးသတ္ျပန္လည္ ထူေထာင္နိုင္ျခင္း မရွိေသးဘဲ police clearance certificate centre ၀က္ဘ္ဆိုက္သည္လည္း database error ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ Phichit police Office ၀က္ဘ္ဆိုက္သည္ ပံုမွန္အေျခအေနသို႔ ျပန္လည္ေရာက္ရွိေနျပီျဖစ္ျပီး ထိုင္း ေတာ္၀င္ရဲတပ္ဖြဲ႔ နည္းပညာႏွင့္ ျပင္ပဆက္ဆံေရး႐ုံး ၀က္ဘ္ဆိုက္မွာမူ logo banner ေပ်ာက္ဆံုးေနျခင္းမွလြဲ၍ ပံုမွန္ အေျခအေန ျပန္လည္ေရာက္ရွိျပီျဖစ္ေၾကာင္း သိရသည္။

Greetz Myanmar Black Hats ဟု အမည္ေပးထားေသာ ဟက္ကာအဖြဲ႔က ထိုင္းရဲ၀က္ဘ္ဆိုက္ ၁၄ ခုကို ေဖာက္ထြင္းတိုက္ခိုက္ခဲ့ေၾကာင္း ၎တို႔၏ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

အဆိုပါ ဟက္ကာမ်ားအား ကြန္ပ်ဳတာရာဇ၀တ္အက္ဥပေဒျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔၏ နည္းပညာဆိုင္ရာ ရာဇ၀တ္မႈတိုက္ဖ်က္ေရးဌာန အၾကီးအကဲ ရဲမွဴးခ်ဳပ္ Sripong Timula က ေျပာသည္။

Greetz Myanmar Black Hats ဟက္ကာမ်ား၏တိုက္ခိုက္ေဖာက္ထြင္းခံခဲ့ရေသာ ထိုင္းရဲ၀က္ဆိုက္ ေလးခုမွာ the Metropolitan Police (http://metro.police.go.th) ; the Pichit Police Office (http://phichit.police.go.th) ; the Police Clearance Certificate Centre (http://www.pcscenter.sb.police.go.th) ; and Office of Communication and Communication Technology of the Royal Thai Police (http://ictgeneral.police.go.th) တို႔ျဖစ္ေၾကာင္း သိရသည္။

ရည္ညႊန္း; ဘန္ေကာက္ပို႔စ္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
...............


လိပ်ကျွန်းလူသတ်မှု တရားမျှတရေးတောင်းဆိုသည့်အနေဖြင့် ထိုင်းရဲဝက်ဘ်ဆိုက် ၄ ခုကို ဖောက်ထွင်း၍ “တရားမျှတမှုကို တောင်းဆိုခြင်း”ဆိုသော စာသားချိတ်ဆွဲခဲ့သည့် ဟက်ကာများသည် ပြည်ပအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

“သူတို့က ကျွန်တော်တို့ကို အနှောက်အယှက်ပေးရုံသက်သက်ပါ။ ကြီးကြီးကျယ်ကျယ် ထိခိုက်မှုမျိုး၊ သတင်းအချက်အလက် ခိုးယူခံရခြင်းမျိုး မရှိပါဘူး”ဟု ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Dechnarong Sutticharnbancha က ပြောသည်။

သို့ရာတွင် အင်္ဂါနေ့ ညပိုင်းအထိ metropolitan police ၀က်ဘ်ဆိုက်အား အပြီးသတ်ပြန်လည် ထူထောင်နိုင်ခြင်း မရှိသေးဘဲ police clearance certificate centre ၀က်ဘ်ဆိုက်သည်လည်း database error ရှိနေဆဲဖြစ်ကြောင်း သိရသည်။ Phichit police Office ၀က်ဘ်ဆိုက်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ နည်းပညာနှင့် ပြင်ပဆက်ဆံရေးရုံး ၀က်ဘ်ဆိုက်မှာမူ logo banner ပျောက်ဆုံးနေခြင်းမှလွဲ၍ ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Greetz Myanmar Black Hats ဟု အမည်ပေးထားသော ဟက်ကာအဖွဲ့က ထိုင်းရဲဝက်ဘ်ဆိုက် ၁၄ ခုကို ဖောက်ထွင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ဟက်ကာများအား ကွန်ပျုတာရာဇဝတ်အက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ နည်းပညာဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ရဲမှူးချုပ် Sripong Timula က ပြောသည်။

Greetz Myanmar Black Hats ဟက်ကာများ၏တိုက်ခိုက်ဖောက်ထွင်းခံခဲ့ရသော ထိုင်းရဲဝက်ဆိုက် လေးခုမှာ the Metropolitan Police (http://metro.police.go.th) ; the Pichit Police Office (http://phichit.police.go.th) ; the Police Clearance Certificate Centre (http://www.pcscenter.sb.police.go.th) ; and Office of Communication and Communication Technology of the Royal Thai Police (http://ictgeneral.police.go.th) တို့ဖြစ်ကြောင်း သိရသည်။

ရည်ညွှန်း; ဘန်ကောက်ပို့စ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment