ဦးဇင္းေဂ်ာင္းေဂ်ာင္း(ေရႊဝါေရာင္) – အင္းစိန္ေထာင္၏ ေနာက္ဆံုးရက္မ်ား
(မိုးမခ) ဇန္န၀ါရီ ၂၈၊ ၂၀၁၆
ေရႊဝါေရာင္ေတာ္လွန္ေရးျဖစ္ေအာင္ ဖန္တီးမႈျဖင့္ ႏိုင္ငံေတာ္မွ တရားလိုလုပ္စဲြဆို ထားေသာအမွဳမ်ားကို ၂၁-၁၁-၂၀၀၈ ေသာၾကာေန႔တြင္ အၿပီးသတ္အမိန္ခ်လိုက္ၾကသည္။ အားလံုးေထာင္ခ်ခံရသူမ်ားမွာ မိမိကိုယ္ ဘယ္ေလာက္ခ်လိုက္မွန္း ၊ အားလံုး မည္မွ်က်မွန္း မေျပာႏိုင္ေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ အထူးတရားရံုးဟုဆိုေသာ္လည္း ၿမိဳ႕နယ္ ကြဲေနၾကသည္။ ဒါေတာင္ သူတို႔ဖြင့္ထားသည့္ ေလးၿမိဳ႕နယ္ က်န္ေသး သည္။ ေမးၾကည့္ေတာ့ ပ လပ္သလိုလို၊ ဆိုင္းငံ့ထားသလိုလို သာေျဖသည္။ တိက် သည့္အေျဖ မည္သူမွ် မေပးႏိုင္ေခ်။ တရားသူႀကီးက အမိန္႔ခ်သည့္ေန႔တြင္ စာရြက္အ ထပ္လိုက္ႀကီး ကိုင္ၿပီး ဖတ္ျပေနသည္။ မိမိတို႔လည္း ရွည္လြန္းေတာ့ နားမေထာင္ႏိုင္ အိပ္ေပ်ာ္သြားသည္။ ရံုးထုတ္လိုက္ပို႔ေနက် ရဲမွွ အမိန္႔ခ်ၿပီးေၾကာင္း ေျပာ၍ ထျပန္ခဲ့ၾကသည္။ အေဆာင္ျပန္ေရာက္ေတာ့လည္း မည္သူကမွ် မည္မွ် ခ်လိုက္ေၾကာင္း အေၾကာင္းလုပ္ ေမးမေနၾက။ ကိုယ္ကလည္းမေျဖ ၊ တန္းမပိတ္ခင္ေလး အေျပးအလႊားေရ ခ်ိဳးရန္သာ အာရံုေရာက္ေနသည္။
ည (၇) နာရီခန္႔မွာ ေထာင္ဝန္ထမ္း ေရာက္လာၿပီး ပစၥည္းမ်ား သိမ္းထားရန္ႏွင့္ ေထာင္မႀကီးသို႔ ေျပာင္းရမည္ျဖစ္ေၾကာင္း လာေျပာသြား သည္။ က်င့္သားရေန၍ ၁၅ မိနစ္ အတြင္း ပစၥည္းမ်ားသိမ္းၿပီး ေစာင့္ေနလိုက္သည္။ ၉ နာရီေလာက္မွာ ေထာင္ကား ေရာက္လာၿပီး မိန္းေဂ်းရံုးသြား၊ တဲြဘက္ေထာင္တာဝန္ခံ ဗိုလ္ႀကီးေနစိုးကိုႏွဳတ္ဆက္ၿပီး ေထာင္မႀကီးထဲ ေျပာင္းလာခဲ့ၾကသည္။ ေထာင္မႀကီး မိန္းေဂ်းလ္ရံုးတြင္ ခနဝင္ၿပီး ကိုယ္က်သည့္တိုက္ကို ေစာင့္ေနၾကရသည္။ ပါလာေသာ ပစၥည္းမ်ားကို ထံုးစံတိုင္း ရွာေဖြေရးလုပ္ၿပီးသည္ႏွင့္ တိုက္ဝန္းထဲမွ ၃ တိုက္၊ အခန္း ၁ သို႔ ခ်ထားလိုက္သည္။
ဤေနရာတြင္ တိုက္အေၾကာင္း အနည္းငယ္ေျပာလိုပါသည္။ အင္းစိန္ေထာင္တြင္သာ ဤအေခၚ ရွိသည္ဟုလည္း ထင္ပါသည္။ ၃ တိုက္ ဆိုလိုက္သည္ႏွင့္ အခ်င္းခ်င္း တိုက္ဝန္းထဲက ၃တိိုက္မွန္း သိၾကသည္။ အျခားအေဆာင္မ်ားတြင္လည္း တိုက္ရွိျပန္ရာ ၃ေဆာင္တိုက္ ဆိုလွ်င္ ၃ ေဆာင္အတြင္း၌ ေဆာက္ထားေသာ တိုက္ကို ဆိုလိုမွွန္း သိၾကသည္။ ဤသို႔ သဲသဲကြဲကြဲ မေျပာႏိုင္ပါက ေထာင္ဝင္စာေတြ႔သည့္အခါ အလြန္ျပႆနာတက္ပါသည္။
၃ တိုက္ ၁ ခန္း တြင္ တိိုက္တိိုက္ဆိုင္ဆိုင္ မဂၢင္ဆရာေတာ္ ဦးဣႏၵက(ပနားမား)ႏွင့္အတူ ေနရသည္။ အဖမ္းခံရၿပီး ေနာက္ပိုင္း ပထမဆံုးအႀကိမ္ အတူေနထိုင္ခြင့္ရျခင္းပင္။ မနက္ တန္းမဖြင့္မီ ပထမဆံုးၾကားလိုက္ရသည္မွာ “ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ ေသပါေစ” ဆိုသည့္ အသံနက္ႀကီး ျဖစ္သည္။ လမ္းေလွ်ာက္ထြက္ခ်ိန္ေရာက္မွ ကုန္ေဈးႏွဳန္းက်ဆင္းေရးမွ ထင္ေက်ာ္ ေအာ္လိုက္မွန္း သိရ၏။
အျခား မွတ္မိသူမ်ားမွာ စမ္းေခ်ာင္းကိုကိုႀကီး ၊ ကဗ်ာဆရာေစာေဝ၊ ဦးဇင္းပုရစ္၊ ဘိုကေလး ကိုေအာင္ျမင့္၊ ေသာ္ဇင္ထြန္္း၊ ခု NLD အမတ္ ကိုသိန္းေဆြ၊ ဒီၿငိမ္းလင္း၊ ေက်ာ္ကိုကို၊ ေနာက္ ‘ကၽြန္ေတာ္က HR က’ ၊ ‘အိပ္ရွာ၊ အိပ္ရွာ’ ႏွင့္ အလြန္ေျပာေသာသူ၊ နာမည္မမွတ္မိ တို႔ ဆံုျဖစ္ၾကသည္။
အခ်က္အျပဳတ္တာဝန္ခံမွာ ေက်ာ္ကိုကိုျဖစ္ၿပီး စိတ္ရွည္သည္။ ထမင္း ထိုး လာလွ်င္ သူတို႔အခန္းမွာ ထမင္းပုံး ထားၿပီး ဟင္းမ်ားပံုေပးကာ အျခားတိုက္မ်ားကို လိုက္ေဝေပးသည္။ ထိုေန႔က ေကဖိုး (စမ္းေခ်ာင္းကိုကိုႀကီး) အိမ္မွ ေထာင္ဝင္စာေရာက္ၿပီးစမို႔ စိုစိုဖတ္ဖတ္ စားၾကရသည္။
ညဘက္ အမ်ိဳးသမီးဘုရားရွိခိုးသံမ်ား ၾကားရမွ အမ်ိဳးသမီးအခ်ဳပ္ေဆာင္ႏွင့္ အုတ္တံတိုင္း တစ္ခုသာ ျခားေၾကာင္း သိရေတာ့သည္။ မၾကာပါေခ် သီခ်င္းသံမ်ား ၾကားရေတာ့သည္။ တစ္ခန္းေက်ာ္မွ ေသာဇင္ထြန္းက လွမ္းသတိေပးသည္။ သူတို႔သီခ်င္းဆံုးသည္ႏွင့္ သူက တစ္ႏွစ္သံုး တိုင္ေပးမည္။ “ ေကာင္းဗိ်ဳ႕ … ေကာင္းေကာင္း” ဟု အားေပးရမည္ျဖစ္သည္။ ထို႔ေနာက္ သီခ်င္းဆံုးသည္ႏွင့္ တစ္ႏွစ္ သံုးဟု အသံခပ္အုပ္အုပ္ေလး ထြက္လာသည္။ သံတိုင္နား မ်က္ႏွာေလး ေမာ့တဲ့ၿပီး “ေကာင္းဗ်ိဳ႕ ေကာင္း – ေကာင္း -” ဟု အသံကုန္ အားေပးလိုက္သည္။ ခနေနေတာ့ ေနာက္ တစ္ပုဒ္ ဆက္ဆိုၾကေတာ့သည္။ မိန္းကေလးေတြ ဘယ္ေလာက္မ်ား အားစိုက္ၾကရမည္မသိ၊ “ေကာင္းဗ်ိဳ႕ ေကာင္း ေကာင္း” ေအာ္ရသူက ေမာလာသည္။
ကိုးနာရီထိုးေတာ့ အိပ္ခ်ိန္ ဆိုေသာအသံႏွင့္အတူ ကိုးနာရီသံေခ်ာင္း ေခါက္သည္။ အခန္းခ်င္းပင္ စကားမေျပာၾကဘဲ ကိုယ္ပိုင္အခ်ိန္ ကိုယ္ဝါသနာပါရာ စာဖတ္ၾကသည္။ မနက္ ၆ နာရီထိုးသည့္တိုင္ တန္းလာမဖြင့္သျဖင့္ ရွာေဖြေရးလုပ္ေတာ့မည္ကို သိလိုက္သည္။ ေထာင္ဝန္ထမ္းေလး က ဦးဇင္းတို႔ ဘာသိမ္းေပးစရာရွိလဲ လာေမးသည္။ မိမိတို႔မွာ ဘာမွမပါေၾကာင္း ေျပာ လိုက္ရသည္။ ဤလို ဝန္ထမ္းမ်ိဳးလည္း ရွိပါသည္။ တန္းဖြင့္ေတာ့ ေကဖိုးက မိမိတို႔ မၾကာမီ ခဲြခြာၿပီး နယ္ေထာင္အသီးသီးတို႔ ေျပာင္းၾကရေတာ့မည္ျဖစ္၍ ႏႈတ္ဆက္ပဲြ က်င္းပမည္ ဆိုကာ သူက အကုန္အက်ခံ လုပ္ေပးသည္။
ေဆးလိပ္အသြင္းရ အၾကပ္ဆံုးအခ်ိန္ ျဖစ္ေသာ္လည္း သနပ္ဖက္ေဆးလိပ္မ်ား ထြက္လာသည္။ ေကဖိုးက ေထာင္ဝန္ထမ္းကို သူလိုခ်င္ေသာပစၥည္းရေအာင္ သြင္းခိုင္းသည့္ေနရာမွာ သူ႔ကို မီတဲ့သူမရွိေခ်။ အားလံုး ေဆးလိပ္ငတ္ေနသည့္အတြက္ တစ္ဦးလွ်င္ သံုးဖြာစီ ဖြာၿပီး အလွည့္က် ေသာက္ၾကရသည္။ ထမင္းစားခ်ိန္လည္း ကိုယ့္အခန္းထဲကိုယ္ မဝင္ေတာ့ဘဲ အားလံုး ဝိုင္းစားၾကသည္။ အလြန္ေပ်ာ္စရာေကာင္းသလို အေဝးေထာင္ေရာက္သြားေတာ့ တမ္းတမ္းတ တ အျဖစ္ရဆံုး ေပ်ာ္ပဲြစားပဲြေလး ျဖစ္ပါေတာ့သည္။
Moemakha
..................
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – အင်းစိန်ထောင်၏ နောက်ဆုံးရက်များ
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၆
ရွှေဝါရောင်တော်လှန်ရေးဖြစ်အောင် ဖန်တီးမှုဖြင့် နိုင်ငံတော်မှ တရားလိုလုပ်စွဲဆို ထားသောအမှုများကို ၂၁-၁၁-၂၀၀၈ သောကြာနေ့တွင် အပြီးသတ်အမိန်ချလိုက်ကြသည်။ အားလုံးထောင်ချခံရသူများမှာ မိမိကိုယ် ဘယ်လောက်ချလိုက်မှန်း ၊ အားလုံး မည်မျှကျမှန်း မပြောနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အထူးတရားရုံးဟုဆိုသော်လည်း မြို့နယ် ကွဲနေကြသည်။ ဒါတောင် သူတို့ဖွင့်ထားသည့် လေးမြို့နယ် ကျန်သေး သည်။ မေးကြည့်တော့ ပ လပ်သလိုလို၊ ဆိုင်းငံ့ထားသလိုလို သာဖြေသည်။ တိကျ သည့်အဖြေ မည်သူမျှ မပေးနိုင်ချေ။ တရားသူကြီးက အမိန့်ချသည့်နေ့တွင် စာရွက်အ ထပ်လိုက်ကြီး ကိုင်ပြီး ဖတ်ပြနေသည်။ မိမိတို့လည်း ရှည်လွန်းတော့ နားမထောင်နိုင် အိပ်ပျော်သွားသည်။ ရုံးထုတ်လိုက်ပို့နေကျ ရဲမှှ အမိန့်ချပြီးကြောင်း ပြော၍ ထပြန်ခဲ့ကြသည်။ အဆောင်ပြန်ရောက်တော့လည်း မည်သူကမျှ မည်မျှ ချလိုက်ကြောင်း အကြောင်းလုပ် မေးမနေကြ။ ကိုယ်ကလည်းမဖြေ ၊ တန်းမပိတ်ခင်လေး အပြေးအလွှားရေ ချိုးရန်သာ အာရုံရောက်နေသည်။
ည (၇) နာရီခန့်မှာ ထောင်ဝန်ထမ်း ရောက်လာပြီး ပစ္စည်းများ သိမ်းထားရန်နှင့် ထောင်မကြီးသို့ ပြောင်းရမည်ဖြစ်ကြောင်း လာပြောသွား သည်။ ကျင့်သားရနေ၍ ၁၅ မိနစ် အတွင်း ပစ္စည်းများသိမ်းပြီး စောင့်နေလိုက်သည်။ ၉ နာရီလောက်မှာ ထောင်ကား ရောက်လာပြီး မိန်းဂျေးရုံးသွား၊ တွဲဘက်ထောင်တာဝန်ခံ ဗိုလ်ကြီးနေစိုးကိုနှုတ်ဆက်ပြီး ထောင်မကြီးထဲ ပြောင်းလာခဲ့ကြသည်။ ထောင်မကြီး မိန်းဂျေးလ်ရုံးတွင် ခနဝင်ပြီး ကိုယ်ကျသည့်တိုက်ကို စောင့်နေကြရသည်။ ပါလာသော ပစ္စည်းများကို ထုံးစံတိုင်း ရှာဖွေရေးလုပ်ပြီးသည်နှင့် တိုက်ဝန်းထဲမှ ၃ တိုက်၊ အခန်း ၁ သို့ ချထားလိုက်သည်။
ဤနေရာတွင် တိုက်အကြောင်း အနည်းငယ်ပြောလိုပါသည်။ အင်းစိန်ထောင်တွင်သာ ဤအခေါ် ရှိသည်ဟုလည်း ထင်ပါသည်။ ၃ တိုက် ဆိုလိုက်သည်နှင့် အချင်းချင်း တိုက်ဝန်းထဲက ၃တိိုက်မှန်း သိကြသည်။ အခြားအဆောင်များတွင်လည်း တိုက်ရှိပြန်ရာ ၃ဆောင်တိုက် ဆိုလျှင် ၃ ဆောင်အတွင်း၌ ဆောက်ထားသော တိုက်ကို ဆိုလိုမှှန်း သိကြသည်။ ဤသို့ သဲသဲကွဲကွဲ မပြောနိုင်ပါက ထောင်ဝင်စာတွေ့သည့်အခါ အလွန်ပြဿနာတက်ပါသည်။
၃ တိုက် ၁ ခန်း တွင် တိိုက်တိိုက်ဆိုင်ဆိုင် မဂ္ဂင်ဆရာတော် ဦးဣန္ဒက(ပနားမား)နှင့်အတူ နေရသည်။ အဖမ်းခံရပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အတူနေထိုင်ခွင့်ရခြင်းပင်။ မနက် တန်းမဖွင့်မီ ပထမဆုံးကြားလိုက်ရသည်မှာ “ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေပါစေ” ဆိုသည့် အသံနက်ကြီး ဖြစ်သည်။ လမ်းလျှောက်ထွက်ချိန်ရောက်မှ ကုန်ဈေးနှုန်းကျဆင်းရေးမှ ထင်ကျော် အော်လိုက်မှန်း သိရ၏။
အခြား မှတ်မိသူများမှာ စမ်းချောင်းကိုကိုကြီး ၊ ကဗျာဆရာစောဝေ၊ ဦးဇင်းပုရစ်၊ ဘိုကလေး ကိုအောင်မြင့်၊ သော်ဇင်ထွန််း၊ ခု NLD အမတ် ကိုသိန်းဆွေ၊ ဒီငြိမ်းလင်း၊ ကျော်ကိုကို၊ နောက် ‘ကျွန်တော်က HR က’ ၊ ‘အိပ်ရှာ၊ အိပ်ရှာ’ နှင့် အလွန်ပြောသောသူ၊ နာမည်မမှတ်မိ တို့ ဆုံဖြစ်ကြသည်။
အချက်အပြုတ်တာဝန်ခံမှာ ကျော်ကိုကိုဖြစ်ပြီး စိတ်ရှည်သည်။ ထမင်း ထိုး လာလျှင် သူတို့အခန်းမှာ ထမင်းပုံး ထားပြီး ဟင်းများပုံပေးကာ အခြားတိုက်များကို လိုက်ဝေပေးသည်။ ထိုနေ့က ကေဖိုး (စမ်းချောင်းကိုကိုကြီး) အိမ်မှ ထောင်ဝင်စာရောက်ပြီးစမို့ စိုစိုဖတ်ဖတ် စားကြရသည်။
ညဘက် အမျိုးသမီးဘုရားရှိခိုးသံများ ကြားရမှ အမျိုးသမီးအချုပ်ဆောင်နှင့် အုတ်တံတိုင်း တစ်ခုသာ ခြားကြောင်း သိရတော့သည်။ မကြာပါချေ သီချင်းသံများ ကြားရတော့သည်။ တစ်ခန်းကျော်မှ သောဇင်ထွန်းက လှမ်းသတိပေးသည်။ သူတို့သီချင်းဆုံးသည်နှင့် သူက တစ်နှစ်သုံး တိုင်ပေးမည်။ “ ကောင်းဗျို့ … ကောင်းကောင်း” ဟု အားပေးရမည်ဖြစ်သည်။ ထို့နောက် သီချင်းဆုံးသည်နှင့် တစ်နှစ် သုံးဟု အသံခပ်အုပ်အုပ်လေး ထွက်လာသည်။ သံတိုင်နား မျက်နှာလေး မော့တဲ့ပြီး “ကောင်းဗျို့ ကောင်း – ကောင်း -” ဟု အသံကုန် အားပေးလိုက်သည်။ ခနနေတော့ နောက် တစ်ပုဒ် ဆက်ဆိုကြတော့သည်။ မိန်းကလေးတွေ ဘယ်လောက်များ အားစိုက်ကြရမည်မသိ၊ “ကောင်းဗျို့ ကောင်း ကောင်း” အော်ရသူက မောလာသည်။
ကိုးနာရီထိုးတော့ အိပ်ချိန် ဆိုသောအသံနှင့်အတူ ကိုးနာရီသံချောင်း ခေါက်သည်။ အခန်းချင်းပင် စကားမပြောကြဘဲ ကိုယ်ပိုင်အချိန် ကိုယ်ဝါသနာပါရာ စာဖတ်ကြသည်။ မနက် ၆ နာရီထိုးသည့်တိုင် တန်းလာမဖွင့်သဖြင့် ရှာဖွေရေးလုပ်တော့မည်ကို သိလိုက်သည်။ ထောင်ဝန်ထမ်းလေး က ဦးဇင်းတို့ ဘာသိမ်းပေးစရာရှိလဲ လာမေးသည်။ မိမိတို့မှာ ဘာမှမပါကြောင်း ပြော လိုက်ရသည်။ ဤလို ဝန်ထမ်းမျိုးလည်း ရှိပါသည်။ တန်းဖွင့်တော့ ကေဖိုးက မိမိတို့ မကြာမီ ခွဲခွာပြီး နယ်ထောင်အသီးသီးတို့ ပြောင်းကြရတော့မည်ဖြစ်၍ နှုတ်ဆက်ပွဲ ကျင်းပမည် ဆိုကာ သူက အကုန်အကျခံ လုပ်ပေးသည်။
ဆေးလိပ်အသွင်းရ အကြပ်ဆုံးအချိန် ဖြစ်သော်လည်း သနပ်ဖက်ဆေးလိပ်များ ထွက်လာသည်။ ကေဖိုးက ထောင်ဝန်ထမ်းကို သူလိုချင်သောပစ္စည်းရအောင် သွင်းခိုင်းသည့်နေရာမှာ သူ့ကို မီတဲ့သူမရှိချေ။ အားလုံး ဆေးလိပ်ငတ်နေသည့်အတွက် တစ်ဦးလျှင် သုံးဖွာစီ ဖွာပြီး အလှည့်ကျ သောက်ကြရသည်။ ထမင်းစားချိန်လည်း ကိုယ့်အခန်းထဲကိုယ် မဝင်တော့ဘဲ အားလုံး ဝိုင်းစားကြသည်။ အလွန်ပျော်စရာကောင်းသလို အဝေးထောင်ရောက်သွားတော့ တမ်းတမ်းတ တ အဖြစ်ရဆုံး ပျော်ပွဲစားပွဲလေး ဖြစ်ပါတော့သည်။
Moemakha
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment