CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 23, 2016
ကာစီႏိုမွာအသံုးျပဳတဲ့ အလင္းေရာင္ႏွင့္သီခ်င္းသံေတြက ဦးေႏွာက္ကို ေဆးစြဲသလိုျဖစ္ေစ
ေလ့လာစမ္းသပ္ခ်က္အရ ကာဆီႏိုထဲမွာရိွတဲ့ အလင္းေရာင္ေတြနဲ႕သီခ်င္းသံေတြက အႏၱရာယ္မ်ားတဲ့ဆံုးျဖတ္ခ်က္ေတြကို လုပ္ေဆာင္ဖို႕ ၾကြက္ေတြကို တိုက္တြန္းတယ္ဆိုတာ ေတြ႕ရွိခဲ့ရပါသတဲ့။ အဲ့ဒီလိုပဲ လူေတြအေပၚမွာလဲ သက္ေရာက္မႈကတူတူပဲ ျဖစ္တယ္လို႕ သိပၸံပညာရွင္ေတြက ေလာင္းကစားကိုစဲြလမ္းျခင္းအတြက္ ရွင္းလင္းေဖာ္ျပထားပါတယ္။
University of British Columbia မွ သိပၸံပညာရွင္ေတြဟာ စူးရွတဲ့အလင္းေရာင္နဲ႔ က်ယ္ေလာင္တဲ့အသံေတြဟာ ဦးေနွာက္အတြင္းမွာရွိတဲ့ Dopamine ေတြကို အေႏွာက္အယွက္ေပးၿပီး အႏၲာရယ္မ်ားတဲ့ အျပဳအမူ ဆံုးျဖတ္ခ်က္မွားေတြကို ပိုၿပီးျပဳလုပ္ေစႏုိင္တာကို ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။
ဦးေႏွာက္အတြင္းရွိ Dopamind D3 receptor ဟာ မူးယစ္ေဆးစြဲမႈေတြ ျဖစ္ေစတဲ့ အေရးႀကီးတ့ဲ အစိတ္အပိုင္းးဆိုတာ သိရွိၿပီးေနာက္ စြဲလမ္းျခင္းေတြဟာ မ်ားေသာအားျဖင့္ ဇီ၀ေဗဒအခ်က္အလက္ေတြေၾကာင့္ ျဖစ္တယ္ဆိုတာေတြကို ေလ့လာေတြ႕ရွိခဲ့ၿပီး ျဖစ္ပါတယ္။
ေလ့လာမႈေတြမွာ သုေသသနျပဳသူေတြက ၾကြက္ေတြကို ေလာင္းကစားပံုစံကစားနည္းေတြ ကစားတတ္ေစရန္ ေလ့က်င့္ေပးထားခဲ့ပါတယ္။
ၾကြက္ေတြက ဆုေလးခုနဲ႕ျပစ္ဒဏ္ေလးခုကို ေလာင္းကစားပံုစံအတိုင္း ေရြးခ်ယ္ရပါတယ္။ သုေသသနျပဳသူေတြက ၾကြက္ေတြရဲ႕တုန္႕ျပန္ပံုေတြကို အလင္းနဲ႕အသံက်ယ္ေတြ ျပဳလုပ္ၿပီးေသာ္လည္းေကာင္း မျပဳလုပ္ဘဲနဲ႔ေသာ္လည္းေကာင္း စမ္းသပ္ခဲ့တာျဖစ္ပါတယ္။
သုေတသနပညာရွင္ေတြက ၾကြက္ေတြဟာ ပံုမွန္အားျဖင့္ အႏၱရာယ္ကို ေရွာင္ရွားႏိုင္တဲ့အျပဳအမႈေတြကို သိရိွၾကၿပီး ဒဏ္ေပးျခင္းမွရလဒ္ကေတာ့ အသံနဲ႕အလင္းေရာင္ေတြက ၾကြက္ေတြကို ပိုၿပီးအႏၱရာယ္ရွိတဲ့ အျပဳအမူေတြကို ဆက္လက္လုပ္ေဆာင္ေစတယ္လို႕ ေတြ႕ရိွခဲ့ရပါတယ္။ သိပံၸပညာရွင္ေတြက Dopamine D3 receptor ကို ပိတ္ဆို႔ေပးႏိုင္တဲ့ ေဆး၀ါးတစ္မ်ိဳးသံုးစြဲေပးလိုက္တဲ့အခါမွာေတာ့ ၾကြက္ေတြရဲ႕အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ဆံုးျဖတ္ခ်က္ေတြျပဳလုပ္ျခင္း ေလ်ာ့က်သြားခဲ့ပါတယ္။
( Michelle )
#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com
Ref: UPI
..................................................................
ကာစီနိုမှာအသုံးပြုတဲ့ အလင်းရောင်နှင့်သီချင်းသံတွေက ဦးနှောက်ကို ဆေးစွဲသလိုဖြစ်စေ
လေ့လာစမ်းသပ်ချက်အရ ကာဆီနိုထဲမှာရှိတဲ့ အလင်းရောင်တွေနဲ့သီချင်းသံတွေက အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ဖို့ ကြွက်တွေကို တိုက်တွန်းတယ်ဆိုတာ တွေ့ရှိခဲ့ရပါသတဲ့။ အဲ့ဒီလိုပဲ လူတွေအပေါ်မှာလဲ သက်ရောက်မှုကတူတူပဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက လောင်းကစားကိုစွဲလမ်းခြင်းအတွက် ရှင်းလင်းဖော်ပြထားပါတယ်။
University of British Columbia မှ သိပ္ပံပညာရှင်တွေဟာ စူးရှတဲ့အလင်းရောင်နဲ့ ကျယ်လောင်တဲ့အသံတွေဟာ ဦးနှောက်အတွင်းမှာရှိတဲ့ Dopamine တွေကို အနှောက်အယှက်ပေးပြီး အန္တာရယ်များတဲ့ အပြုအမူ ဆုံးဖြတ်ချက်မှားတွေကို ပိုပြီးပြုလုပ်စေနိုင်တာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
ဦးနှောက်အတွင်းရှိ Dopamind D3 receptor ဟာ မူးယစ်ဆေးစွဲမှုတွေ ဖြစ်စေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းးဆိုတာ သိရှိပြီးနောက် စွဲလမ်းခြင်းတွေဟာ များသောအားဖြင့် ဇီဝဗေဒအချက်အလက်တွေကြောင့် ဖြစ်တယ်ဆိုတာတွေကို လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
လေ့လာမှုတွေမှာ သုသေသနပြုသူတွေက ကြွက်တွေကို လောင်းကစားပုံစံကစားနည်းတွေ ကစားတတ်စေရန် လေ့ကျင့်ပေးထားခဲ့ပါတယ်။
ကြွက်တွေက ဆုလေးခုနဲ့ပြစ်ဒဏ်လေးခုကို လောင်းကစားပုံစံအတိုင်း ရွေးချယ်ရပါတယ်။ သုသေသနပြုသူတွေက ကြွက်တွေရဲ့တုန့်ပြန်ပုံတွေကို အလင်းနဲ့အသံကျယ်တွေ ပြုလုပ်ပြီးသော်လည်းကောင်း မပြုလုပ်ဘဲနဲ့သော်လည်းကောင်း စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
သုတေသနပညာရှင်တွေက ကြွက်တွေဟာ ပုံမှန်အားဖြင့် အန္တရာယ်ကို ရှောင်ရှားနိုင်တဲ့အပြုအမှုတွေကို သိရှိကြပြီး ဒဏ်ပေးခြင်းမှရလဒ်ကတော့ အသံနဲ့အလင်းရောင်တွေက ကြွက်တွေကို ပိုပြီးအန္တရာယ်ရှိတဲ့ အပြုအမူတွေကို ဆက်လက်လုပ်ဆောင်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေက Dopamine D3 receptor ကို ပိတ်ဆို့ပေးနိုင်တဲ့ ဆေးဝါးတစ်မျိုးသုံးစွဲပေးလိုက်တဲ့အခါမှာတော့ ကြွက်တွေရဲ့အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်ခြင်း လျော့ကျသွားခဲ့ပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: UPI
ကာစီႏိုမွာအသံုးျပဳတဲ့ အလင္းေရာင္ႏွင့္သီခ်င္းသံေတြက ဦးေႏွာက္ကို ေဆးစြဲသလိုျဖစ္ေစ
Reviewed by MP4 YoU
on
January 23, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment