က်မရဲ႕ သမီးၾကီး ပန္းခ်ီျပိဳင္ပြဲမွာ ဆုရေတာ့ သမီးငယ္က တစ္ေနကုန္ငိုေနပါတယ္။ သူလည္း ၀င္ျပိဳင္ထားျပီး ဆုမရလို႕တဲ့ေလ ။ သူ႕အစ္မရဲ႕ေအာင္ျမင္မႈကို မေပ်ာ္ရႊင္ႏုိင္ပဲ သူဆုမရလိုက္တာကို ငိုေနျပီး သူၾကိဳက္တာ၀ယ္ေပးမယ္ေျပာတာေတာင္ ေခ်ာ့လို႕မရပဲျဖစ္ေနပါတယ္။ သမီးငယ္ကို က်မ သတိထားမိတာ ၾကာပါျပီ။ သူက သူ႕ထက္ တစ္ႏွစ္ပဲၾကီးတဲ့ သူ႕အစ္မကို ခ်စ္လည္းအရမ္းခ်စ္ျပီး အရမ္းလည္းဂ႐ုစိုက္ပါတယ္။ သမီးၾကီးက ခပ္ေအးေအးပဲေနတတ္ေတာ့ အျမဲ သမီးငယ္ကပဲ လုိက္ကပ္ေနရတာပါပဲ။ အငယ္က အၾကီးလုပ္တာကို အကုန္လုိက္လုပ္ခ်င္တတ္တာဟာ မိသားစုတိုင္းမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့သဘာ၀ဆိုေပမဲ့ ျပိဳင္ဆိုင္စိတ္ေတြက အဆိုးဘက္ေရာက္သြားမွာ စိတ္ပူရပါတယ္။ ဒါနဲ႔ပဲ သမီးငယ္ေလးကို သူ႕ပန္းခ်ီလက္ရာက လည္းေကာင္းေၾကာင္း၊ နည္းနည္းငယ္ေသးလို႕ ဆုမရေသးတာျဖစ္ေၾကာင္း၊ သူ႕အစ္မလိုအရြယ္ဆို ဆုရမွာ ျဖစ္ေၾကာင္းေျပာျပရပါတယ္။
သမီးငယ္က ေမြးရာပါျပိဳင္ဆိုင္စိတ္ျပင္းထန္တာ ျဖစ္ႏုိင္သလို က်မတို႕လည္း အမႈမဲအမွတ္မဲ့ ေျပာဆိုမိတာေၾကာင့္ သူ႕အစ္မရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သတိထားမိျပီး အားက်ရင္းကေန ျပိဳင္ဆိုင္မိလာတာျဖစ္ႏိုင္ပါတယ္။ ဒီလိုနဲ႕႔ပဲ ျပိဳင္ဆိုင္စိတ္ျပင္းထန္လာျပီး ညီအစ္မခ်င္း အရြယ္ေရာက္လာတာနဲ႕အမွ် ေသြးကြဲတာတို႕ျဖစ္လာမွာကို စိုးရိမ္လာမိ ပါေတာ့တယ္။ ဒီေတာ့ ညီအစ္ကိုေမာင္ႏွမ ေမြးခ်င္းေတြၾကားမွာ ျပိဳင္ဆိုင္စိတ္ေတြရွိမယ့္အစား တစ္ဦးရဲ႕ အရည္အခ်င္းကို တစ္ဦးက ေလးစားျပီး အခ်င္းခ်င္း သင္ယူကာ မွ်မွ်တတေနတတ္ဖို႕အတြက္ မိဘေတြအေနနဲ႕ ပညာသားပါပါ ကိုင္တြယ္တတ္ဖို႕လိုပါတယ္။
ႏႈိင္းယွဥ္ျခင္းကို ေရွာင္ပါ - ကေလးတိုင္းဟာ မိဘရဲ႕မ်က္ႏွာသာေပးမႈ၊ ခ်ီးက်ဴးမႈကို လိုခ်င္ၾက တာပါပဲ။ တစ္ေယာက္က အမွားမလုပ္တဲ့အခါ (သို႕) ေကာင္းတာတစ္ခုခုလုပ္လာတဲ့အခါ ခ်ီးက်ဴးတာဟာ လုပ္သင့္တဲ့ကိစၥပါပဲ။ ဒါေပမဲ့ ကေလးအခ်င္းခ်င္း ႏိႈင္းယွဥ္ျပီး “ အၾကီးမက စာေတာ္တယ္ .. အငယ္မက ဘိတ္ခ်ီး.. စာကိုမၾကိဳးစားဘူး”၊ “ ကိုကိုက အိမ္မွာ အလိမၼာဆံုး” စတဲ့စကားေတြကို မၾကာမၾကာမေျပာမိဖို႕လိုပါတယ္။ “နင့္အစ္မက အကုန္လုပ္တတ္ေနျပီ .. နင္က မလုပ္တတ္ေသးဘူးလား” စတဲ့ စကားမ်ိဳးဟာ အငယ္က အၾကီးကို သတိထားၾကည့္ မိသြားေစျပီး အၾကီးဘာလုပ္လုပ္ လုိက္လုပ္ျပီး ကိုယ္ပိုင္စိတ္၀င္စားမႈနဲ႕ ကိုယ္ပိုင္အရည္အ ခ်င္းတို႕ကို ေပ်ာက္ပ်က္သြားေစႏုိင္ပါတယ္။ ဒါ့အျပင္ အၾကီးကို အငယ္က မုန္းသြားတာမ်ိဳး အထိေတာင္ ျဖစ္ႏိုင္ပါတယ္။
စုေပါင္းလုပ္ေဆာင္ျခင္းကို ခ်ီးက်ဴးပါ - ေမြးခ်င္းေတြၾကားမွာ ခ်စ္ခင္ၾကင္နာမႈနဲ႕ စုေပါင္းလုပ္ ေဆာင္မႈေတြကို အေလးထားတယ္ဆိုရင္ မိဘေတြအေနနဲ႕ ခ်ီးက်ဴးစကားေျပာေပးဖို႕လိုပါ တယ္။ ကေလးေတြ လိမ္လိမ္မာမာကစားေနတာကိုေတြ႕တဲ့အခါ ခ်ီးက်ဴးေပးပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ကူညီၾကတာကိုေတြ႕တဲ့အခါ ခ်ီးက်ဴးေပးပါ။ ျပီးေတာ့ အခ်င္းခ်င္း ကူညီ႐ိုင္းပင္းတာဟာ အရမ္းေကာင္းေၾကာင္းနဲ႕ အရမ္းအေရးၾကီးေၾကာင္းကို ပံုျပင္ေတြပါ ေျပာျပေပးပါ။
ေမြးခ်င္းဆိုတာ တစ္ေလွတည္းစီးျဖစ္ေၾကာင္း ေျပာျပပါ - အခ်င္းခ်င္း မေကာင္းေျပာတာကို လက္မခံပါနဲ႔။ တစ္ေယာက္ရဲ႕မေကာင္းေၾကာင္းကို တစ္ေယာက္ကေျပာလာတဲ့အခါ ညီအစ္ကိုေမာင္ႏွမဆိုတာ တစ္ေလွတည္းစီးျဖစ္ေၾကာင္း၊ အခ်င္းခ်င္းစည္းလံုးဖို႕လိုေၾကာင္း၊ ဘ၀တေလွ်ာက္လံုးမွာ အခ်င္းခ်င္းခ်စ္ခင္စြာ ကာကြယ္ျဖည့္ဆည္းျပီး ေနသြားရမွာျဖစ္ေၾကာင္း ေျပာျပေပးဖို႕လိုပါတယ္။ မိဘႏွစ္ဦးအေနနဲ႕လည္း တစ္ဦးနဲ႕တစ္ဦး စည္း လံုးညီညြတ္စြာ အကူအညီေပးျပီး နမူနာေကာင္းအျဖစ္ ေနျပရမွာျဖစ္ပါတယ္။
မိသားစုလိုက္ကစားရတဲ့ ကစားပြဲေတြကို ၀င္ေရာက္ဆင္ႏႊဲပါ - သားသမီးေတြဟာ မိဘဆီ ကေန အမ်ားဆံုးသင္ယူပါတယ္။ ဒါေၾကာင့္ မိဘကိုယ္တိုင္က စံျပနမူနာျဖစ္ေနသင့္ျပီး ရံဖန္ရံခါ မိသားစုလိုက္ကစားပြဲေတြမွာ ပါ၀င္ေပးသင့္ပါတယ္။ ႐ုပ္ျမင္သံၾကားေတြမွာ က်င္းပ ေပးတဲ့ မိသားစုလိုက္ျပိဳင္ပြဲေတြ၊ စေနတနဂၤေႏြေတြမွာ ကစားကြင္းေတြမွာ အေပ်ာ္တမ္းကစား ၾကတဲ့ မိသားစုလိုက္ျပိဳင္ပြဲေတြကို ၀င္ေရာက္ဆင္ႏႊဲျခင္း၊ အိမ္မွာၾကိဳတင္ေလ့က်င့္ျခင္းတို႕ျဖင့္ မိသားစုစည္းလံုးညီညြတ္မႈရဲ႕ အေရးပါမႈကို သားသမီးေတြ အေလးထားေအာင္ ျပဳလုပ္ေပး သင့္ပါတယ္။ အိမ္မွာ ကစားလုိ႕ရတဲ့ ေပ်ာ္စရာကစားနည္းတခုကိုေဖာ္ျပေပးလိုက္ပါတယ္။ ေစာင္ ေဘာလံုး ကစားနည္း - ေစာင္တစ္ထည္ကို ေဖေဖ၊ေမေမ နဲ႕ သားသမီး (အနည္းဆံုး) ႏွစ္ေယာက္က တစ္ဘက္တစ္ခ်က္စီက ကိုင္ျပီး ေဘာလံုးကို တစ္ေယာက္က ေျမွာက္လိုက္တဲ့အခါ အားလံုးက ေစာင္ကိုျဖန္႕ျပီး လိုက္ဖမ္းရတဲ့ ကစားနည္းျဖစ္ပါတယ္။
သားသမီးမ်ားကို စည္းလံုးညီညြတ္ေစျပီး ျပိဳင္ဆိုင္မႈ၊ မနာလို၀န္တိုမႈတို႕ ကင္းေ၀းကာ တစ္ေယာက္နဲ႕ တစ္ေယာက္ ေဖးမကူညီ အျပန္အလွန္ သင္ယူရင္း မိသားစုဆိုတဲ့ အသိုက္အျမံဳကို ေႏြးေထြးေအာင္ ဖန္တီးႏိုင္ၾကပါေစလို႕ ဆႏၵျပဳလုိက္ပါတယ္။
Credit: YangonLife
..............
မွေးချင်းတွေကြားက ပြိုင်ဆိုင်တဲ့စိတ်
ကျမရဲ့ သမီးကြီး ပန်းချီပြိုင်ပွဲမှာ ဆုရတော့ သမီးငယ်က တစ်နေကုန်ငိုနေပါတယ်။ သူလည်း ၀င်ပြိုင်ထားပြီး ဆုမရလို့တဲ့လေ ။ သူ့အစ်မရဲ့အောင်မြင်မှုကို မပျော်ရွှင်နိုင်ပဲ သူဆုမရလိုက်တာကို ငိုနေပြီး သူကြိုက်တာဝယ်ပေးမယ်ပြောတာတောင် ချော့လို့မရပဲဖြစ်နေပါတယ်။ သမီးငယ်ကို ကျမ သတိထားမိတာ ကြာပါပြီ။ သူက သူ့ထက် တစ်နှစ်ပဲကြီးတဲ့ သူ့အစ်မကို ချစ်လည်းအရမ်းချစ်ပြီး အရမ်းလည်းဂရုစိုက်ပါတယ်။ သမီးကြီးက ခပ်အေးအေးပဲနေတတ်တော့ အမြဲ သမီးငယ်ကပဲ လိုက်ကပ်နေရတာပါပဲ။ အငယ်က အကြီးလုပ်တာကို အကုန်လိုက်လုပ်ချင်တတ်တာဟာ မိသားစုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝဆိုပေမဲ့ ပြိုင်ဆိုင်စိတ်တွေက အဆိုးဘက်ရောက်သွားမှာ စိတ်ပူရပါတယ်။ ဒါနဲ့ပဲ သမီးငယ်လေးကို သူ့ပန်းချီလက်ရာက လည်းကောင်းကြောင်း၊ နည်းနည်းငယ်သေးလို့ ဆုမရသေးတာဖြစ်ကြောင်း၊ သူ့အစ်မလိုအရွယ်ဆို ဆုရမှာ ဖြစ်ကြောင်းပြောပြရပါတယ်။
သမီးငယ်က မွေးရာပါပြိုင်ဆိုင်စိတ်ပြင်းထန်တာ ဖြစ်နိုင်သလို ကျမတို့လည်း အမှုမဲအမှတ်မဲ့ ပြောဆိုမိတာကြောင့် သူ့အစ်မရဲ့ လုပ်ဆောင်ချက်တွေကို သတိထားမိပြီး အားကျရင်းကနေ ပြိုင်ဆိုင်မိလာတာဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့့ပဲ ပြိုင်ဆိုင်စိတ်ပြင်းထန်လာပြီး ညီအစ်မချင်း အရွယ်ရောက်လာတာနဲ့အမျှ သွေးကွဲတာတို့ဖြစ်လာမှာကို စိုးရိမ်လာမိ ပါတော့တယ်။ ဒီတော့ ညီအစ်ကိုမောင်နှမ မွေးချင်းတွေကြားမှာ ပြိုင်ဆိုင်စိတ်တွေရှိမယ့်အစား တစ်ဦးရဲ့ အရည်အချင်းကို တစ်ဦးက လေးစားပြီး အချင်းချင်း သင်ယူကာ မျှမျှတတနေတတ်ဖို့အတွက် မိဘတွေအနေနဲ့ ပညာသားပါပါ ကိုင်တွယ်တတ်ဖို့လိုပါတယ်။
နှိုင်းယှဉ်ခြင်းကို ရှောင်ပါ - ကလေးတိုင်းဟာ မိဘရဲ့မျက်နှာသာပေးမှု၊ ချီးကျူးမှုကို လိုချင်ကြ တာပါပဲ။ တစ်ယောက်က အမှားမလုပ်တဲ့အခါ (သို့) ကောင်းတာတစ်ခုခုလုပ်လာတဲ့အခါ ချီးကျူးတာဟာ လုပ်သင့်တဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး “ အကြီးမက စာတော်တယ် .. အငယ်မက ဘိတ်ချီး.. စာကိုမကြိုးစားဘူး”၊ “ ကိုကိုက အိမ်မှာ အလိမ္မာဆုံး” စတဲ့စကားတွေကို မကြာမကြာမပြောမိဖို့လိုပါတယ်။ “နင့်အစ်မက အကုန်လုပ်တတ်နေပြီ .. နင်က မလုပ်တတ်သေးဘူးလား” စတဲ့ စကားမျိုးဟာ အငယ်က အကြီးကို သတိထားကြည့် မိသွားစေပြီး အကြီးဘာလုပ်လုပ် လိုက်လုပ်ပြီး ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ကိုယ်ပိုင်အရည်အ ချင်းတို့ကို ပျောက်ပျက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အကြီးကို အငယ်က မုန်းသွားတာမျိုး အထိတောင် ဖြစ်နိုင်ပါတယ်။
စုပေါင်းလုပ်ဆောင်ခြင်းကို ချီးကျူးပါ - မွေးချင်းတွေကြားမှာ ချစ်ခင်ကြင်နာမှုနဲ့ စုပေါင်းလုပ် ဆောင်မှုတွေကို အလေးထားတယ်ဆိုရင် မိဘတွေအနေနဲ့ ချီးကျူးစကားပြောပေးဖို့လိုပါ တယ်။ ကလေးတွေ လိမ်လိမ်မာမာကစားနေတာကိုတွေ့တဲ့အခါ ချီးကျူးပေးပါ။ တစ်ယောက်နဲ့တစ်ယောက်ကူညီကြတာကိုတွေ့တဲ့အခါ ချီးကျူးပေးပါ။ ပြီးတော့ အချင်းချင်း ကူညီရိုင်းပင်းတာဟာ အရမ်းကောင်းကြောင်းနဲ့ အရမ်းအရေးကြီးကြောင်းကို ပုံပြင်တွေပါ ပြောပြပေးပါ။
မွေးချင်းဆိုတာ တစ်လှေတည်းစီးဖြစ်ကြောင်း ပြောပြပါ - အချင်းချင်း မကောင်းပြောတာကို လက်မခံပါနဲ့။ တစ်ယောက်ရဲ့မကောင်းကြောင်းကို တစ်ယောက်ကပြောလာတဲ့အခါ ညီအစ်ကိုမောင်နှမဆိုတာ တစ်လှေတည်းစီးဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးဖို့လိုကြောင်း၊ ဘဝတလျှောက်လုံးမှာ အချင်းချင်းချစ်ခင်စွာ ကာကွယ်ဖြည့်ဆည်းပြီး နေသွားရမှာဖြစ်ကြောင်း ပြောပြပေးဖို့လိုပါတယ်။ မိဘနှစ်ဦးအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး စည်း လုံးညီညွတ်စွာ အကူအညီပေးပြီး နမူနာကောင်းအဖြစ် နေပြရမှာဖြစ်ပါတယ်။
မိသားစုလိုက်ကစားရတဲ့ ကစားပွဲတွေကို ၀င်ရောက်ဆင်နွှဲပါ - သားသမီးတွေဟာ မိဘဆီ ကနေ အများဆုံးသင်ယူပါတယ်။ ဒါကြောင့် မိဘကိုယ်တိုင်က စံပြနမူနာဖြစ်နေသင့်ပြီး ရံဖန်ရံခါ မိသားစုလိုက်ကစားပွဲတွေမှာ ပါ၀င်ပေးသင့်ပါတယ်။ ရုပ်မြင်သံကြားတွေမှာ ကျင်းပ ပေးတဲ့ မိသားစုလိုက်ပြိုင်ပွဲတွေ၊ စနေတနင်္ဂနွေတွေမှာ ကစားကွင်းတွေမှာ အပျော်တမ်းကစား ကြတဲ့ မိသားစုလိုက်ပြိုင်ပွဲတွေကို ၀င်ရောက်ဆင်နွှဲခြင်း၊ အိမ်မှာကြိုတင်လေ့ကျင့်ခြင်းတို့ဖြင့် မိသားစုစည်းလုံးညီညွတ်မှုရဲ့ အရေးပါမှုကို သားသမီးတွေ အလေးထားအောင် ပြုလုပ်ပေး သင့်ပါတယ်။ အိမ်မှာ ကစားလို့ရတဲ့ ပျော်စရာကစားနည်းတခုကိုဖော်ပြပေးလိုက်ပါတယ်။ စောင် ဘောလုံး ကစားနည်း - စောင်တစ်ထည်ကို ဖေဖေ၊မေမေ နဲ့ သားသမီး (အနည်းဆုံး) နှစ်ယောက်က တစ်ဘက်တစ်ချက်စီက ကိုင်ပြီး ဘောလုံးကို တစ်ယောက်က မြှောက်လိုက်တဲ့အခါ အားလုံးက စောင်ကိုဖြန့်ပြီး လိုက်ဖမ်းရတဲ့ ကစားနည်းဖြစ်ပါတယ်။
သားသမီးများကို စည်းလုံးညီညွတ်စေပြီး ပြိုင်ဆိုင်မှု၊ မနာလိုဝန်တိုမှုတို့ ကင်းဝေးကာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီ အပြန်အလှန် သင်ယူရင်း မိသားစုဆိုတဲ့ အသိုက်အမြုံကို နွေးထွေးအောင် ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Credit: YangonLife
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, January 25, 2016
ေမြးခ်င္းေတြၾကားက ျပိဳင္ဆိုင္တဲ့စိတ္
ေမြးခ်င္းေတြၾကားက ျပိဳင္ဆိုင္တဲ့စိတ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment