Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 26, 2016

ၿဗိတိန္ အမ်ဳိးသမီးေလးဦး ပစိဖိတ္သမုဒၵရာ အတြင္းမိုင္ ၉၇ဝဝ ေက်ာ္ကို ေလွေလွာ္ျဖတ္သန္း




လန္ဒန္ ၊ ၂၆-၁-၂ဝ၁၆

ၿဗိတိန္ အမ်ဳိးသမီး ေလးဦးပါ ေလွေလွာ္အဖဲြ႕ တစ္ဖဲြ႕သည္ ပစိဖိတ္ သမုဒၵရာကို ျဖတ္သန္းကာ ၾသစေၾတးလ်ႏုိင္ငံ ကြင္းစ္လန္း ျပည္နယ္ ေျမာက္ပိုင္းရွိ ခန္းစ္ၿမိဳ႕ကို ေအာင္ျမင္စြာ ေရာက္ရွိခဲ့သည့္ ပထမဆံုး အဖဲြ႕တစ္ဖဲြ႕ ျဖစ္လာေၾကာင္း သိရသည္။

အဆိုပါ အမ်ဳိးသမီး ေလးဦးသည္ အေမရိကန္ႏုိင္ငံ ဆန္ဖရန္စစၥကိုၿမိဳ႕ မွ ၂ဝ၁၅ ခုႏွစ္ ဧၿပီလတြင ္စတင္ထြက္ခြာ လာျခင္းျဖစ္ၿပီး ရက္ေပါင္း ၂၃၅ ရက္အတြင္း မိုင္ေပါင္း ၉၇၁၈ မိုင္ကို ေလွေလွာ္ျဖတ္သန္း ခဲ့ျခင္း ျဖစ္သည္။

၄င္းတို႔သည္ တစ္ရက္လွ်င္ ၂၄ နာရီပတ္လံုး ေလွေလွာ္ ခရီးသြားျခင္း ျဖစ္ၿပီး ႏွစ္ေယာက္ တစ္လွည့္ျဖင့္ ႏွစ္နာရီလွ်င္ တစ္ႀကိမ္ လဲလွယ္ ေလွာ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ယင္း အမ်ဳိးသမီး မ်ားသည္ ဇန္နဝါရီ ၂၅ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ခန္းစ္ဆိပ္ကမ္းသို႔ ေရာက္ရွိလာခဲ့ၿပီး ၄င္းတို႔၏ မိသားစုမ်ား အပါအဝင္ လူေပါင္း ၁ဝဝ ေက်ာ္က ႀကိဳဆို ႏႈတ္ဆက္မႈမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေလွေလွာ္ ခရီးသြားျခင္း၏ ရည္ရြယ္ခ်က္သည္ ၿဗိတိန္ရွိ ဒဏ္ရာရ စစ္မႈထမ္းေဟာင္း အမ်ဳိးသမီးမ်ားႏွင့္ ရင္သားကင္ဆာ ေရာဂါခံစား ေနရသူမ်ားကို ေစာင့္ေရွာက္မႈမ်ား ေပးအပ္ရန္ အတြက္ လူမႈဖူလံုေရး ရန္ပံုေငြ ပိုမို ရရွိေစရန္ ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

................................................................

ဗြိတိန် အမျိုးသမီးလေးဦး ပစိဖိတ်သမုဒ္ဒရာ အတွင်းမိုင် ၉၇ဝဝ ကျော်ကို လှေလှော်ဖြတ်သန်း

လန်ဒန် ၊ ၂၆-၁-၂ဝ၁၆

ဗြိတိန် အမျိုးသမီး လေးဦးပါ လှေလှော်အဖွဲ့ တစ်ဖွဲ့သည် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းကာ သြစတြေးလျနိုင်ငံ ကွင်းစ်လန်း ပြည်နယ် မြောက်ပိုင်းရှိ ခန်းစ်မြို့ကို အောင်မြင်စွာ ရောက်ရှိခဲ့သည့် ပထမဆုံး အဖွဲ့တစ်ဖွဲ့ ဖြစ်လာကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး လေးဦးသည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ မှ ၂ဝ၁၅ ခုနှစ် ဧပြီလတွင ်စတင်ထွက်ခွာ လာခြင်းဖြစ်ပြီး ရက်ပေါင်း ၂၃၅ ရက်အတွင်း မိုင်ပေါင်း ၉၇၁၈ မိုင်ကို လှေလှော်ဖြတ်သန်း ခဲ့ခြင်း ဖြစ်သည်။

၄င်းတို့သည် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး လှေလှော် ခရီးသွားခြင်း ဖြစ်ပြီး နှစ်ယောက် တစ်လှည့်ဖြင့် နှစ်နာရီလျှင် တစ်ကြိမ် လဲလှယ် လှော်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်း အမျိုးသမီး များသည် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ခန်းစ်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏ မိသားစုများ အပါအဝင် လူပေါင်း ၁ဝဝ ကျော်က ကြိုဆို နှုတ်ဆက်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါ လှေလှော် ခရီးသွားခြင်း၏ ရည်ရွယ်ချက်သည် ဗြိတိန်ရှိ ဒဏ်ရာရ စစ်မှုထမ်းဟောင်း အမျိုးသမီးများနှင့် ရင်သားကင်ဆာ ရောဂါခံစား နေရသူများကို စောင့်ရှောက်မှုများ ပေးအပ်ရန် အတွက် လူမှုဖူလုံရေး ရန်ပုံငွေ ပိုမို ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment