Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 13, 2016

သမၼတအိုဘားမား ေနာက္ဆံုးအႀကိမ္ ႏုိင္ငံေတာ္ အေျချပ မိန္႔ခြန္းေျပာ


အေမရိကန္သမၼတ ဘရာ့ခ္ အိုဘားမားက သူ႔ရဲ႕သမၼတ သက္တမ္း အတြင္း   ေအာင္ျမင္မႈေတြနဲ႔ အနာဂတ္အတြက္ သူ႔ရဲ႕အျမင္ေတြ ကို ခုနစ္ႀကိမ္နဲ႔ ေနာက္ဆံုးအႀကိမ္ေျပာတဲ့ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းထဲမွာ ေျပာသြားပါတယ္။ သမၼတသက္တမ္း ေနာက္ဆံုးႏွစ္ ထဲ ေရာက္လာတာနဲ႔အမွ် သူ ဘာေတြ ခ်န္ထားရစ္တယ္ဆုိတာကို သတ္မွတ္ဖို႔ ႀကိဳးစားတဲ့ အေကာင္းျမင္မိန္႔ခြန္းတခုအျဖစ္ အဂၤါေန႔ညက ေျပာသြားတာပါ။

အေမရိကန္ရဲ႕စီးပြားေရးဟာ က်ဆင္းေနတယ္လို႔ ေျပာတဲ့လူ ဘယ္သူမဆို လုပ္ၾကံေျပာဆိုေနတာပဲျဖစ္တယ္လုိ႔ဆိုၿပီး အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ အေဆာက္အဦးရဲ႕ ေအာက္လႊတ္ေတာ္ခန္းမမွာ ေျပာတဲ့မိန္႔ခြန္းထဲ စီးပြားေရး ကိစၥေတြနဲ႔ပတ္သက္ၿပီး သူ လုပ္ေဆာင္ခဲ့တာေတြအေပၚ ခုခံ ေခ်ပ ေျပာဆုိ သြားပါတယ္။

ဘာလူမ်ဳိးျဖစ္တယ္ ဒါမွမဟုတ္ ဘယ္ဘာသာကို ကုိးကြယ္တယ္ဆိုတာေပၚမူတည္ၿပီး လူေတြကို ပစ္မွတ္ထားတဲ့ ႏုိင္ငံေရးကို လည္း မစၥတာအိုဘားမား က ျပစ္တင္ ေ၀ဖန္ပါတယ္။ ဒီအခ်က္ဟာ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳ သမၼတေလာင္းျဖစ္ဖို႔ ႀကိဳး စားေနၾကတဲ့ ဘီလီယံနာသူေဌးႀကီး Donald Trump အပါအ၀င္ ရီပတ္ဘလီကန္ေတြကို သြယ္၀ိုက္ၿပီးေတာ့ ေ၀ဖန္ခ်က္တခု အျဖစ္ ျမင္ၾကပါတယ္။

ႏိုင္ငံေရးသမားေတြက မူစလင္ေတြကို ထိခိုက္ေအာင္ ေျပာဆိုတဲ့အခါ၊ ပလီေက်ာင္းတခုကို ဖ်က္ဆီးခံရ တဲ့အခါ ဒါမွမဟုတ္ ကေလးတေယာက္ အႏုိင္က်င့္ခံရတဲ့အခါ အဲဒါေတြက ပိုၿပီး ေဘးကင္းလံုျခံဳေစတာမဟုတ္ဘဲ အမွားအယြင္း သက္သက္ပဲ ျဖစ္ပါတယ္လုိ႔ သမၼတ အိုဘားမားက ေျပာသြား ပါတယ္။

ႏိုင္ငံျခားေရးမူ၀ါဒနဲ႔ပတ္သက္လို႔ေတာ့ ကမာၻတ၀န္းမွာ တိုက္ခိုက္မႈႀကီးေတြလုပ္ခဲ့တဲ့ IS အစြန္းေရာက္ အဖြဲ႔အပါအ၀င္ အၾကမ္းဖက္၀ါဒကိုင္စြဲတဲ့အုပ္စုေတြရဲ႕ ၿခိမ္းေျခာက္မႈကို မစၥတာ အိုဘားမားက သတိျပဳ ေျပာဆိုပါတယ္။ ဒါေပမဲ့လည္း အစြန္းေရာက္ အၾကမ္းဖက္၀ါဒ ကိုင္စြဲသူေတြဟာ အမွန္တကယ္စိုးရိမ္ရ မယ့္ကိစၥ မဟုတ္ဘူးလို႔ဆိုၿပီး ကမာၻႀကီးဟာ တတိယကမာၻစစ္ထဲ ကၽြံ၀င္ေနၿပီလို႔ ေျပာသူေတြကို သတိေပးသြားပါတယ္။

ဒီမုိကရက္နဲ႔ရီပတ္ဘလီကန္ေတြအၾကား ႏုိင္ငံေရးအရ နက္နက္႐ိႈင္း႐ိႈင္း ကြဲျပားေနတာကိုလည္း သမၼတအိုဘားမားက ပြင့္ပြင့္ လင္းလင္းပဲ စိတ္ပ်က္ လက္ပ်က္ ေျပာပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ က်န္ေနေသးတဲ့ သမၼတ သက္တမ္းအတြင္း မူ၀ါဒေရးရာ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔အတြက္ ဆက္လုပ္သြားမယ္ဆိုတာကိုေတာ့ အခုိင္အမာေျပာသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................................................

သမ္မတအိုဘားမား နောက်ဆုံးအကြိမ် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြော

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက သူ့ရဲ့သမ္မတ သက်တမ်း အတွင်း   အောင်မြင်မှုတွေနဲ့ အနာဂတ်အတွက် သူ့ရဲ့အမြင်တွေ ကို ခုနစ်ကြိမ်နဲ့ နောက်ဆုံးအကြိမ်ပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ သမ္မတသက်တမ်း နောက်ဆုံးနှစ် ထဲ ရောက်လာတာနဲ့အမျှ သူ ဘာတွေ ချန်ထားရစ်တယ်ဆိုတာကို သတ်မှတ်ဖို့ ကြိုးစားတဲ့ အကောင်းမြင်မိန့်ခွန်းတခုအဖြစ် အင်္ဂါနေ့ညက ပြောသွားတာပါ။

အမေရိကန်ရဲ့စီးပွားရေးဟာ ကျဆင်းနေတယ်လို့ ပြောတဲ့လူ ဘယ်သူမဆို လုပ်ကြံပြောဆိုနေတာပဲဖြစ်တယ်လို့ဆိုပြီး အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးရဲ့ အောက်လွှတ်တော်ခန်းမမှာ ပြောတဲ့မိန့်ခွန်းထဲ စီးပွားရေး ကိစ္စတွေနဲ့ပတ်သက်ပြီး သူ လုပ်ဆောင်ခဲ့တာတွေအပေါ် ခုခံ ချေပ ပြောဆို သွားပါတယ်။

ဘာလူမျိုးဖြစ်တယ် ဒါမှမဟုတ် ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာပေါ်မူတည်ပြီး လူတွေကို ပစ်မှတ်ထားတဲ့ နိုင်ငံရေးကို လည်း မစ္စတာအိုဘားမား က ပြစ်တင် ဝေဖန်ပါတယ်။ ဒီအချက်ဟာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ကြိုး စားနေကြတဲ့ ဘီလီယံနာသူဌေးကြီး Donald Trump အပါအဝင် ရီပတ်ဘလီကန်တွေကို သွယ်ဝိုက်ပြီးတော့ ဝေဖန်ချက်တခု အဖြစ် မြင်ကြပါတယ်။

နိုင်ငံရေးသမားတွေက မူစလင်တွေကို ထိခိုက်အောင် ပြောဆိုတဲ့အခါ၊ ပလီကျောင်းတခုကို ဖျက်ဆီးခံရ တဲ့အခါ ဒါမှမဟုတ် ကလေးတယောက် အနိုင်ကျင့်ခံရတဲ့အခါ အဲဒါတွေက ပိုပြီး ဘေးကင်းလုံခြုံစေတာမဟုတ်ဘဲ အမှားအယွင်း သက်သက်ပဲ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောသွား ပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့တော့ ကမ္ဘာတဝန်းမှာ တိုက်ခိုက်မှုကြီးတွေလုပ်ခဲ့တဲ့ IS အစွန်းရောက် အဖွဲ့အပါအဝင် အကြမ်းဖက်ဝါဒကိုင်စွဲတဲ့အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုကို မစ္စတာ အိုဘားမားက သတိပြု ပြောဆိုပါတယ်။ ဒါပေမဲ့လည်း အစွန်းရောက် အကြမ်းဖက်ဝါဒ ကိုင်စွဲသူတွေဟာ အမှန်တကယ်စိုးရိမ်ရ မယ့်ကိစ္စ မဟုတ်ဘူးလို့ဆိုပြီး ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ထဲ ကျွံဝင်နေပြီလို့ ပြောသူတွေကို သတိပေးသွားပါတယ်။

ဒီမိုကရက်နဲ့ရီပတ်ဘလီကန်တွေအကြား နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတာကိုလည်း သမ္မတအိုဘားမားက ပွင့်ပွင့် လင်းလင်းပဲ စိတ်ပျက် လက်ပျက် ပြောပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ကျန်နေသေးတဲ့ သမ္မတ သက်တမ်းအတွင်း မူဝါဒရေးရာ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဆက်လုပ်သွားမယ်ဆိုတာကိုတော့ အခိုင်အမာပြောသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment