Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ယာဥ္ရပ္ရန္ ကိုယ္ပိုင္ေနရာရွိမွသာ ျပည္ပမွ ကားတင္သြင္းခြင့္ျပဳသည့္စနစ္ကို ဆက္လက္က်င့္သံုးမည္


ရန္ကုန္ ဇန္နဝါရီ ၁၉

ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္ ယာဥ္ရပ္ရန္ မိမိပုိင္ဆုိင္သည့္ ကိုယ္ပိုင္ေနရာရွိမွသာ ျပည္ပမွ ကားတင္သြင္းခြင့္ျပဳေနသည့္စနစ္ကို ဆက္လက္က်င့္သံုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ပမွ ယာဥ္အသစ္မ်ား တင္သြင္းရာတြင္ ယာဥ္ရပ္နားရန္ ေနရာရွိမွသာ တင္သြင္းခြင့္ျပဳသည့္စနစ္ (ကားပါကင္ေထာက္ခံခ်က္ပါရွိမွသာ) တင္သြင္းခြင့္ျပဳ လ်က္ရွိရာ ယင္းစနစ္ကို ဆက္လက္က်င့္သံုးသြား မည္ျဖစ္ၿပီး ကားပါကင္ေထာက္ခံခ်က္ႏွင့္ပတ္သက္၍ အဂတိလိုက္စားမႈမ်ားရွိပါက ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ တုိင္ၾကားပါက ထိေရာက္စြာ အေရးယူသြားမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာပြင့္ဆန္းက ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ၂၇ ရက္ေျမာက္ေန႔တြင္ ေရျဖဴၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းဦး၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျဖၾကားခဲ့သည္။

ရန္ကုန္တုိင္းေဒသႀကီးအစိုးရအေနျဖင့္ ကားပါကင္ ေထာက္ခံခ်က္မ်ားကို ခ႐ုိင္၊ ၿမိဳ႕နယ္ အဆင့္ဆင့္ စိစစ္ေဆာင္ရြက္လ်က္ရွိၿပီး ခြင့္ျပဳမိန္႔ ေလွ်ာက္ထားျခင္းအတြက္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕မွ အခေၾကးေငြ ေကာက္ခံျခင္း၊ ေလွ်ာက္လႊာပံုစံ ေရာင္းခ်ျခင္းမ်ား လံုးဝမရွိဘဲ ခ႐ုိင္၊ ၿမိဳ႕နယ္ စိစစ္ေရးအဖြဲ႕မ်ားကို တင္းက်ပ္စြာ ထိန္းကြပ္ေဆာင္ရြက္လ်က္ရွိသည့္အတြက္ အခေၾကးေငြ ေတာင္းခံမႈမ်ားရွိပါကလည္း တုိင္းေဒသႀကီး အစိုးရ အဖြဲ႕သို႔ တုိင္ၾကားပါက ထိေရာက္စြာ အေရးယူသြားမည္ဟု ေဒါက္တာပြင့္ဆန္းက ေျပာသည္။

''ကိုယ့္ၿခံကိုယ့္ဝင္းနဲ႔ ကိုယ္ပိုင္အမည္ေပါက္ ကားေလးလိုခ်င္လို႔ ကားပါကင္ေလွ်ာက္တာ အဆင္မေျပဘူး။ ဝယ္သံုးရတာမ်ဳိးေတြရွိတယ္။ ကားပါကင္ပါမစ္ကလည္း အျပင္မွာ ေစ်းအမ်ဳိးမ်ဳိးေပါက္တယ္။ တကယ္လို႔ မွန္မွန္ကန္ကန္စစ္ေဆးတယ္ဆိုရင္ ကြၽန္ေတာ္တို႔လို ၿခံဝင္းထဲ ကားထားဖို႔ေနရာရွိသူေတြ ဘာေၾကာင့္ကားပါကင္ ေလွ်ာက္တာအဆင္မေျပတာလဲ။ ပြဲစားနဲ႔လုပ္ရင္ ဘာလို႔ရတာလဲ။ ပိုက္ဆံပိုကုန္မွ ဘာလို႔ပါမစ္ရတာလဲ။ဘယ္လိုစံႏႈန္း၊ ဘယ္လိုအခ်က္အလက္၊ ဘယ္လိုမူဝါဒ ေတြနဲ႔ ေရြးခ်ယ္လဲဆိုတာကို အမ်ားျပည္သူကို ပြင့္လင္းျမင္သာမႈရွိရွိ ေဖာ္ျပေပးသင့္တယ္။ မဟုတ္ရင္ ဌာနတစ္ခုကေန ေနာက္တစ္ခုေျပာင္း၊ စနစ္တစ္ခုကေနတစ္ခု ေျပာင္းလည္းပဲ ပြင့္လင္းျမင္သာမႈမရွိရင္၊ အဂတိလိုက္စားမႈ ေတြရွိေနရင္ အမ်ားျပည္သူအတြက္ ဘယ္လိုမွ အဆင္မေျပႏုိင္ဘူး''ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေနထုိင္သူ ဝန္ထမ္းေဟာင္းတစ္ဦးက ကားပါကင္စနစ္ႏွင့္ ပတ္သက္၍ ၎၏ အေတြ႕အႀကံဳကို ေျပာၾကား
သည္။

ျပည္သူ႔လႊတ္ေတာ္တြင္ ယင္းကိစၥအား ေမးျမန္းသြားရာတြင္ အဂတိလိုက္စားမႈမ်ားရွိပါက တုိင္ၾကားႏုိင္ၿပီး ထိေရာက္စြာ အေရးယူသြားမည္ျဖစ္သည့္အျပင္ ေမာ္ေတာ္ယာဥ္ဝယ္ယူအသံုးျပဳသူတစ္ဦးအေနျဖင့္လည္း မိမိပိုင္ဆုိင္သည့္ ဧရိယာအတြင္း ေမာ္ေတာ္ယာဥ္ထားရွိရန္ ေနရာရွိမွသာ ကားဝယ္ယူသင့္သျဖင့္ ကားပါကင္ ခြင့္ျပဳမိန္႔အား ရန္ကုန္တုိင္းေဒသႀကီးအစိုးရအေနျဖင့္ ဆက္လက္ေဆာင္ရြက္သြားမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာ ပြင့္ဆန္းက ေျဖၾကားသြားခဲ့သည္။

The Mirror Daily
https://www.facebook.com/TheMirrorDaily
..................


ရန်ကုန် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ယာဉ်ရပ်ရန် မိမိပိုင်ဆိုင်သည့် ကိုယ်ပိုင်နေရာရှိမှသာ ပြည်ပမှ ကားတင်သွင်းခွင့်ပြုနေသည့်စနစ်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ ယာဉ်အသစ်များ တင်သွင်းရာတွင် ယာဉ်ရပ်နားရန် နေရာရှိမှသာ တင်သွင်းခွင့်ပြုသည့်စနစ် (ကားပါကင်ထောက်ခံချက်ပါရှိမှသာ) တင်သွင်းခွင့်ပြု လျက်ရှိရာ ယင်းစနစ်ကို ဆက်လက်ကျင့်သုံးသွား မည်ဖြစ်ပြီး ကားပါကင်ထောက်ခံချက်နှင့်ပတ်သက်၍ အဂတိလိုက်စားမှုများရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားပါက ထိရောက်စွာ အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ရေဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကားပါကင် ထောက်ခံချက်များကို ခရိုင်၊ မြို့နယ် အဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုမိန့် လျှောက်ထားခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခကြေးငွေ ကောက်ခံခြင်း၊ လျှောက်လွှာပုံစံ ရောင်းချခြင်းများ လုံးဝမရှိဘဲ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များကို တင်းကျပ်စွာ ထိန်းကွပ်ဆောင်ရွက်လျက်ရှိသည့်အတွက် အခကြေးငွေ တောင်းခံမှုများရှိပါကလည်း တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုင်ကြားပါက ထိရောက်စွာ အရေးယူသွားမည်ဟု ဒေါက်တာပွင့်ဆန်းက ပြောသည်။

''ကိုယ့်ခြံကိုယ့်ဝင်းနဲ့ ကိုယ်ပိုင်အမည်ပေါက် ကားလေးလိုချင်လို့ ကားပါကင်လျှောက်တာ အဆင်မပြေဘူး။ ဝယ်သုံးရတာမျိုးတွေရှိတယ်။ ကားပါကင်ပါမစ်ကလည်း အပြင်မှာ စျေးအမျိုးမျိုးပေါက်တယ်။ တကယ်လို့ မှန်မှန်ကန်ကန်စစ်ဆေးတယ်ဆိုရင် ကျွန်တော်တို့လို ခြံဝင်းထဲ ကားထားဖို့နေရာရှိသူတွေ ဘာကြောင့်ကားပါကင် လျှောက်တာအဆင်မပြေတာလဲ။ ပွဲစားနဲ့လုပ်ရင် ဘာလို့ရတာလဲ။ ပိုက်ဆံပိုကုန်မှ ဘာလို့ပါမစ်ရတာလဲ။ဘယ်လိုစံနှုန်း၊ ဘယ်လိုအချက်အလက်၊ ဘယ်လိုမူဝါဒ တွေနဲ့ ရွေးချယ်လဲဆိုတာကို အများပြည်သူကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ပြပေးသင့်တယ်။ မဟုတ်ရင် ဌာနတစ်ခုကနေ နောက်တစ်ခုပြောင်း၊ စနစ်တစ်ခုကနေတစ်ခု ပြောင်းလည်းပဲ ပွင့်လင်းမြင်သာမှုမရှိရင်၊ အဂတိလိုက်စားမှု တွေရှိနေရင် အများပြည်သူအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး''ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဝန်ထမ်းဟောင်းတစ်ဦးက ကားပါကင်စနစ်နှင့် ပတ်သက်၍ ၎င်း၏ အတွေ့အကြုံကို ပြောကြား
သည်။

ပြည်သူ့လွှတ်တော်တွင် ယင်းကိစ္စအား မေးမြန်းသွားရာတွင် အဂတိလိုက်စားမှုများရှိပါက တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည့်အပြင် မော်တော်ယာဉ်ဝယ်ယူအသုံးပြုသူတစ်ဦးအနေဖြင့်လည်း မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်း မော်တော်ယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်သဖြင့် ကားပါကင် ခွင့်ပြုမိန့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ပွင့်ဆန်းက ဖြေကြားသွားခဲ့သည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment