Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 11, 2016

ကေလးသူငယ္ လူကုန္ကူးမႈပေပ်ာက္ေရး ဇာတ္လမ္းတို ျပည္သူေတြအၾကား ခုိင္ႏွင္းေဝ ဘယ္လိုျဖန္႔မလဲ


ပန္းျမတ္ေဇာ္


ရန္ကုန္၊ ဇန္န၀ါရီ ၁၁ ။ ။ ကေလးသူငယ္ လူကုန္ကူးမႈ တားဆီးေရး သံတမန္ တစ္ဦး ျဖစ္သည့္ သ႐ုပ္ေဆာင္ ခုိင္ႏွင္းေဝသည္ ၂၀၁၆ ခုႏွစ္ထဲတြင္ United-act အဖြဲ႔ ႏွင့္ အတူ ကေလးသူငယ္ လူကုန္ကူးမႈ ျဖစ္စဥ္မ်ား အတြက္ ထိေရာက္သည့္ ကာကြယ္မႈမ်ားကုိ လုပ္ေဆာင္သြားမည္ ျဖစ္ၿပီး ကေလးသူငယ္ဆိုင္ရာ လူကုန္ကူးမႈ ပေပ်ာက္ေရးႏွင့္ တားဆီးေရးဆိုင္ရာ အသိပညာေပး ဇာတ္လမ္းတိုကိုလည္း ျပည္သူမ်ားၾကား ျဖန္႕ေဝသြားမည္ ျဖစ္သည္။

ကေလး သူငယ္ဆိုင္ရာ လူကုန္ကူးမႈ ပေပ်ာက္ေရး ႏွင့္ တားဆီးေရးဆိုင္ရာ အသိပညာေပး ဇာတ္လမ္းတို မိတ္ဆက္ ျပသျခင္း ႏွင့္ ခိုင္ႏွင္းေဝ ပရဟိတ လူငယ္မ်ားအဖြဲ႕မွ ေရွ႕ဆက္လုပ္ေဆာင္မည့္ လုပ္ငန္းစဥ္မ်ား အေၾကာင္း ရွင္းလင္းပြဲကို ဇန္န၀ါရီ ၁၀ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ ဆရာစံပလာဇာ၌ ျပဳလုပ္ခဲ့သည္။

သရုပ္ေဆာင္ ခိုင္းႏွင္းေဝက "ခ်စ္ၾကည္ေရး အထူးသံတမန္အျဖစ္ ခန္႕အပ္ခံရၿပီး ေနာက္ပိုင္းမွာ ကြ်န္မမွာ တာဝန္ေတြ ပိုရွိလာပါတယ္။ United-act က ကေလးေတြ နဲ႔ ပူးေပါင္းၿပီး ပညာေပးမွဳေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ကေလးေတြနဲ႔ ပတ္သက္တဲ့ လူကုန္ကူးခံရမွဳကို ကြ်န္မတို႔တတ္တဲ့ အႏုပညာနဲ႕ ျပည္သူေတြၾကားထဲမွာ ဘယ္လိုမ်ိဳး ထိုးေဖာက္ၿပီး အသိပညာ အတတ္ပညာေတြ ရမလဲဆိုတာ စဥ္းစားၿပီး ဒီဇာတ္လမ္းတိုေလးကို ရိုက္ျဖစ္တာပါ" ဟုေျပာသည္။

သရုပ္ေဆာင္ ခိုင္ႏွင္းေဝသည္ United-act (United Againest Child Trafficking) မွ ကေလးသူငယ္ လူကုန္ကူးမွု တားဆီးေရး သံတမန္အျဖစ္ ခံအပ္ျခင္း ခံထားရသူ တစ္ဦး ျဖစ္သလို United-act မွ ကေလးမ်ား ႏွင့္ ပူးေပါင္းၿပီး ကူညီေပးၾကပါ အမည္ရွိ ဇာတ္လမ္းတိုကို ရိုက္ကူးထားသည္။

ဇာတ္လမ္းတုိကို ကူညီေပးၾကပါဟု အမည္ေပးထားၿပီး ဒါရိုက္တာ ထူးႏြယ္အိမ္မွ ရိုက္ကူး ေပးထားကာ ၁၀မိနစ္စာ ဇာတ္လမ္းတို ျဖစ္ၿပီး သရုပ္ေဆာင္ ခိုင္ႏွင္းေဝ၊ United-act မွ ကေလးမ်ား၊ ခိုင္ႏွင္းေဝ ပရဟိတ လူငယ္မ်ားအဖြဲ႕တို႔က ပါဝင္ သရုပ္ေဆာင္ေပးထားၾကသည္။

ထို ဇာတ္လမ္းတိုကို ရုပ္ရွင္ရံုမ်ားတြင္ ရုပ္ရွင္ မျပသမီအခ်ိန္တြင္ Trailer အေနျဖင့္ ျပသရန္ စီစဥ္ထားသလို Channel လိုင္းမ်ားတြင္လည္း ျပသႏိုင္ေအာင္ ႀကိဳးစားမည္ ျဖစ္ၿပီး ဗီဒီယုိ ဇာတ္ကားေတြမွာလည္း Trailer အေနျဖင့္ ျပသ ႏိုင္ေအာင္ လုပ္ေဆာင္သြားမည္ ျဖစ္သည္။

သရုပ္ေဆာင္ ခိုင္ႏွင္းေဝက မတ္လ ေႏြရာသီ ေက်ာင္းပိတ္ရက္တြင္ United-act အဖြဲ႕နဲ႕ ေပါင္းၿပီး ရန္ကုန္ၿမိဳ႕အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ပညာေပး ျပဇာတ္မ်ား၊ ပညာေပးေဟာေျပာပြဲမ်ား လုပ္ေဆာင္သြားမည္ ျဖစ္သည္။

ထို႕အျပင္ ျမစ္ႀကီးနား၊ ကခ်င္ျပည္နယ္ ႏွင့္ မႏၱေလးတိုင္းတုိ႕တြင္ သြားေရာက္ၿပီး ကေလးမ်ားကို သရုပ္ေဆာင္ သင္တန္း ႏွင့္ ျပဇာတ္သင္တန္း ေပးသြားမည္ ျဖစ္ၿပီး ထိုကေလးမ်ားကို လူကုန္ကူးသည့္ အေၾကာင္း သိလာေအာင္ ပထမဆံုးအေနျဖင့္ ေလ့က်င့္ ေပးသြားမည္ ျဖစ္သည္။

ကေလးမ်ား လူကုန္ကူးသည့္ အေၾကာင္း သိလာၿပီဆုိပါက ထိုအေၾကာင္းအရာ ႏွင့္ ပတ္သက္သည့္ ျပဇာတ္မ်ားကို ဖန္တီးေပးၿပီး လူအမ်ားၾကားတြင္ ဘယ္လို ခ်ျပရမည္ ဆုိသည့္ နည္းလမ္းမ်ားကို ေပးသြားမည္ဟု ဆုိသည္။

ထို႕အျပင္ တိက် ထိေရာက္သည့္ ကေလး ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒေတြ ေပၚေပါက္ လာေအာင္၊ ကေလး ကာကြယ္ေရး ယႏၱရားေတြလည္း တိုးတက္လာေအာင္ တျခား အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး အစိုးရသစ္ကို တင္ျပ သြားရန္လည္း အစီအစဥ္ ရွိသည္ဟု ဆုိသည္။


........................................................


ကလေးသူငယ် လူကုန်ကူးမှုပပျောက်ရေး ဇာတ်လမ်းတို ပြည်သူတွေအကြား ခိုင်နှင်းဝေ ဘယ်လိုဖြန့်မလဲ

ပန်းမြတ်ဇော်


ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။ ။ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး သံတမန် တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ခိုင်နှင်းဝေသည် ၂၀၁၆ ခုနှစ်ထဲတွင် United-act အဖွဲ့ နှင့် အတူ ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များ အတွက် ထိရောက်သည့် ကာကွယ်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပြီး ကလေးသူငယ်ဆိုင်ရာ လူကုန်ကူးမှု ပပျောက်ရေးနှင့် တားဆီးရေးဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတိုကိုလည်း ပြည်သူများကြား ဖြန့်ဝေသွားမည် ဖြစ်သည်။

ကလေး သူငယ်ဆိုင်ရာ လူကုန်ကူးမှု ပပျောက်ရေး နှင့် တားဆီးရေးဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတို မိတ်ဆက် ပြသခြင်း နှင့် ခိုင်နှင်းဝေ ပရဟိတ လူငယ်များအဖွဲ့မှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၀ရက်တွင် ရန်ကုန်မြို့ရှိ ဆရာစံပလာဇာ၌ ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် ခိုင်းနှင်းဝေက "ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး နောက်ပိုင်းမှာ ကျွန်မမှာ တာဝန်တွေ ပိုရှိလာပါတယ်။ United-act က ကလေးတွေ နဲ့ ပူးပေါင်းပြီး ပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကလေးတွေနဲ့ ပတ်သက်တဲ့ လူကုန်ကူးခံရမှုကို ကျွန်မတို့တတ်တဲ့ အနုပညာနဲ့ ပြည်သူတွေကြားထဲမှာ ဘယ်လိုမျိုး ထိုးဖောက်ပြီး အသိပညာ အတတ်ပညာတွေ ရမလဲဆိုတာ စဉ်းစားပြီး ဒီဇာတ်လမ်းတိုလေးကို ရိုက်ဖြစ်တာပါ" ဟုပြောသည်။

သရုပ်ဆောင် ခိုင်နှင်းဝေသည် United-act (United Againest Child Trafficking) မှ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး သံတမန်အဖြစ် ခံအပ်ခြင်း ခံထားရသူ တစ်ဦး ဖြစ်သလို United-act မှ ကလေးများ နှင့် ပူးပေါင်းပြီး ကူညီပေးကြပါ အမည်ရှိ ဇာတ်လမ်းတိုကို ရိုက်ကူးထားသည်။

ဇာတ်လမ်းတိုကို ကူညီပေးကြပါဟု အမည်ပေးထားပြီး ဒါရိုက်တာ ထူးနွယ်အိမ်မှ ရိုက်ကူး ပေးထားကာ ၁၀မိနစ်စာ ဇာတ်လမ်းတို ဖြစ်ပြီး သရုပ်ဆောင် ခိုင်နှင်းဝေ၊ United-act မှ ကလေးများ၊ ခိုင်နှင်းဝေ ပရဟိတ လူငယ်များအဖွဲ့တို့က ပါဝင် သရုပ်ဆောင်ပေးထားကြသည်။

ထို ဇာတ်လမ်းတိုကို ရုပ်ရှင်ရုံများတွင် ရုပ်ရှင် မပြသမီအချိန်တွင် Trailer အနေဖြင့် ပြသရန် စီစဉ်ထားသလို Channel လိုင်းများတွင်လည်း ပြသနိုင်အောင် ကြိုးစားမည် ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေမှာလည်း Trailer အနေဖြင့် ပြသ နိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်သည်။

သရုပ်ဆောင် ခိုင်နှင်းဝေက မတ်လ နွေရာသီ ကျောင်းပိတ်ရက်တွင် United-act အဖွဲ့နဲ့ ပေါင်းပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် ပညာပေး ပြဇာတ်များ၊ ပညာပေးဟောပြောပွဲများ လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့အပြင် မြစ်ကြီးနား၊ ကချင်ပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင် သွားရောက်ပြီး ကလေးများကို သရုပ်ဆောင် သင်တန်း နှင့် ပြဇာတ်သင်တန်း ပေးသွားမည် ဖြစ်ပြီး ထိုကလေးများကို လူကုန်ကူးသည့် အကြောင်း သိလာအောင် ပထမဆုံးအနေဖြင့် လေ့ကျင့် ပေးသွားမည် ဖြစ်သည်။

ကလေးများ လူကုန်ကူးသည့် အကြောင်း သိလာပြီဆိုပါက ထိုအကြောင်းအရာ နှင့် ပတ်သက်သည့် ပြဇာတ်များကို ဖန်တီးပေးပြီး လူအများကြားတွင် ဘယ်လို ချပြရမည် ဆိုသည့် နည်းလမ်းများကို ပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် တိကျ ထိရောက်သည့် ကလေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေ ပေါ်ပေါက် လာအောင်၊ ကလေး ကာကွယ်ရေး ယန္တရားတွေလည်း တိုးတက်လာအောင် တခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အစိုးရသစ်ကို တင်ပြ သွားရန်လည်း အစီအစဉ် ရှိသည်ဟု ဆိုသည်။

No comments:

Post a Comment