Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 25, 2016

နားေပါက္ေဖာက္လိုက္လို႔ နာတာရွည္ေခါင္းႀကီးကိုက္ေရာဂါ ေပ်ာက္ကင္းသြားတဲ့ အမ်ိဳးသား



Mario

ပင္စင္စား အဖိုးအိုတစ္ဦးဟာ ႏွစ္ ၅၀ ခန္႔ ခံစားခဲ့ရတဲ့ ေခါင္းႀကီးကိုက္ေရာဂါ ကို ရိုးရွင္းတဲ့နည္းလမ္းတစ္ခုနဲ႔ ကုသေပ်ာက္ကင္းသြားခဲ့ပါတယ္။ အဲဒီနည္းလမ္းကေတာ့ နားေပါက္ေဖာက္လိုက္တာပါ။

အသက္ ၇၀ အရြယ္ Colin Seaman ဆိုသူဟာ သူ႔ရဲ ႔ ေခါင္းႀကီးကိုက္ေရာဂါကို ကုသႏိုင္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားခဲ့ဖူးပါတယ္။ ကေလး၂ေယာက္ရဲ ႔ ဖခင္ျဖစ္တဲ့ Seaman ဟာ ေခါင္းႀကီးကိုက္ေရာဂါရဲ ႔ နာက်င္မႈကို မခံႏိုင္တဲ့အတြက္ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ဖို႔လည္း ႀကိဳးစားခဲ့ဖူးတယ္လို႔ ၀န္ခံထားပါေသးတယ္။  

ဒါေပမယ့္လည္း သူ႔ရဲ ႔ သူငယ္ခ်င္းတစ္ေယာက္က အေမရိကမွာ ေခါင္းကိုက္သက္သာေစဖို႔ မ်က္ႏွာ အစိတ္အပိုင္းတစ္ခုမွာ အေပါက္ေဖာက္လာၾကတယ္ဆုိတာကို ေျပာျပခဲ့ၿပီးတဲ့ေနာက္မွာ Seaman ကလည္း စမ္းသပ္ၾကည့္ခဲ့တာပဲ ျဖစ္ပါတယ္။  

အခုအခ်ိန္မွာေတာ့ Seaman ဟာ ေခါင္းကိုက္ျခင္း နာက်င္မႈေတြနဲ႔ ေ၀းကြာခဲ့တာ တစ္လ ေက်ာ္ရွိခဲ့ပါၿပီ။  

"ငါဟာ မတူညီေတာ့ဘူးလို႔ ခံစားမိခဲ့ပါတယ္။ အိမ္ျပန္လာတဲ့အခါမွာ အရင္လိုမဟုတ္ပဲ အဆင္ေျပသြားခဲ့ၿပီး ထိုးေဆး ၊ ေသာက္ေဆးေတြကိုလည္း ေမ့လိုက္လို႔ရခဲ့ပါၿပီ။ ငါကုသေပ်ာက္ကင္းသြားတာေသခ်ာ လားဆိုတာ မသိႏိုင္ေပမယ့္ ငါဟာ ေမွ်ာ္လင့္ခ်က္ေတာ့ထားခဲ့ပါတယ္။ အကယ္၍ ေခါင္းျပန္ကိုက္လာခဲ့ရင္ေတာ့ ေနာက္ထပ္ နားတစ္ဖက္မွာ နားေပါက္ထပ္ေဖာက္မွာပါ" လို႔ Seamen က ေျပာျပခဲ့ပါတယ္။

ေခါင္းႀကီးကိုက္ေရာဂါတိုက္ဖ်က္ေရး ရန္ပံုေငြအဖြဲ႔မွာ အဖြဲ႔၀င္တစ္ေယာက္ျဖစ္ၿပီး အာရံုေၾကာ ဆရာ၀န္တစ္ေယာက္လည္းျဖစ္တဲ့ ေဒါက္တာ ေဖးယက္စ္အာမက္ ကေတာ့ သူ႔အေနနဲ႔ မ်က္ႏွာအစိတ္အပိုင္းေတြမွာ အေပါက္ေဖာက္ျခင္းဟာ ဘာေၾကာင့္ ေခါင္းႀကီးကိုက္ေရာဂါကို တိုက္ဖ်က္ႏိုင္တာလည္းဆိုတာကို သက္ေသျပႏိုင္မယ့္ အခ်က္အလက္ေတြ မရွိေသးဘူးလို႔ဆိုပါတယ္။ ဒါေပမယ့္ သက္ဆိုင္ရာ သုေတသီေတြကေတာ့ Seaman ရဲ ႔ အျဖစ္အပ်က္ကို အေျခခံၿပီး သုေတသနေတြ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

Ref:mirror.co.uk
http://www.trend.com.mm/2016/01/21/health-8628

.................................................

နားပေါက်ဖောက်လိုက်လို့ နာတာရှည်ခေါင်းကြီးကိုက်ရောဂါ ပျောက်ကင်းသွားတဲ့ အမျိုးသား


Mario
ပင်စင်စား အဖိုးအိုတစ်ဦးဟာ နှစ် ၅၀ ခန့် ခံစားခဲ့ရတဲ့ ခေါင်းကြီးကိုက်ရောဂါ ကို ရိုးရှင်းတဲ့နည်းလမ်းတစ်ခုနဲ့ ကုသပျောက်ကင်းသွားခဲ့ပါတယ်။ အဲဒီနည်းလမ်းကတော့ နားပေါက်ဖောက်လိုက်တာပါ။

အသက် ရ၀ အရွယ် Colin Seaman ဆိုသူဟာ သူ့ရဲ ့ ခေါင်းကြီးကိုက်ရောဂါကို ကုသနိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ဖူးပါတယ်။ ကလေး၂ယောက်ရဲ ့ ဖခင်ဖြစ်တဲ့ Seaman ဟာ ခေါင်းကြီးကိုက်ရောဂါရဲ ့ နာကျင်မှုကို မခံနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့လည်း ကြိုးစားခဲ့ဖူးတယ်လို့ ၀န်ခံထားပါသေးတယ်။  

ဒါပေမယ့်လည်း သူ့ရဲ ့ သူငယ်ချင်းတစ်ယောက်က အမေရိကမှာ ခေါင်းကိုက်သက်သာစေဖို့ မျက်နှာ အစိတ်အပိုင်းတစ်ခုမှာ အပေါက်ဖောက်လာကြတယ်ဆိုတာကို ပြောပြခဲ့ပြီးတဲ့နောက်မှာ Seaman ကလည်း စမ်းသပ်ကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။  

အခုအချိန်မှာတော့ Seaman ဟာ ခေါင်းကိုက်ခြင်း နာကျင်မှုတွေနဲ့ ဝေးကွာခဲ့တာ တစ်လ ကျော်ရှိခဲ့ပါပြီ။  

"ငါဟာ မတူညီတော့ဘူးလို့ ခံစားမိခဲ့ပါတယ်။ အိမ်ပြန်လာတဲ့အခါမှာ အရင်လိုမဟုတ်ပဲ အဆင်ပြေသွားခဲ့ပြီး ထိုးဆေး ၊ သောက်ဆေးတွေကိုလည်း မေ့လိုက်လို့ရခဲ့ပါပြီ။ ငါကုသပျောက်ကင်းသွားတာသေချာ လားဆိုတာ မသိနိုင်ပေမယ့် ငါဟာ မျှော်လင့်ချက်တော့ထားခဲ့ပါတယ်။ အကယ်၍ ခေါင်းပြန်ကိုက်လာခဲ့ရင်တော့ နောက်ထပ် နားတစ်ဖက်မှာ နားပေါက်ထပ်ဖောက်မှာပါ" လို့ Seamen က ပြောပြခဲ့ပါတယ်။

ခေါင်းကြီးကိုက်ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အာရုံကြော ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဖေးယက်စ်အာမက် ကတော့ သူ့အနေနဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ အပေါက်ဖောက်ခြင်းဟာ ဘာကြောင့် ခေါင်းကြီးကိုက်ရောဂါကို တိုက်ဖျက်နိုင်တာလည်းဆိုတာကို သက်သေပြနိုင်မယ့် အချက်အလက်တွေ မရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ သုတေသီတွေကတော့ Seaman ရဲ ့ အဖြစ်အပျက်ကို အခြေခံပြီး သုတေသနတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Ref:mirror.co.uk
http://www.trend.com.mm/2016/01/21/health-8628

No comments:

Post a Comment