လန္ဒန္ ၊ ၂၆-၁-၂၀၁၆
ကမၻာတစ္ဝန္း၌ ငွက္ဖ်ားေရာဂါ ေၾကာင့္ ေသဆံုးမႈ ျမင့္တက္ေနျခင္း ကို အဆံုးသတ္ရန္ ၿဗိတိန္က ဘီလ္ဂိတ္ႏွင့္ အတူ လက္တဲြ၍ လာမည့္ငါးႏွစ္ အတြင္း ေပါင္ ၃ ဘီလီယံ သံုးစဲြသြားမည္ ျဖစ္ေၾကာင္း အစိုးရ တာဝန္ရွိသူက ဇန္နဝါရီ ၂၅ ရက္တြင္ ေျပာၾကားသည္။
ၿဗိတိန္အစိုးရ အေနျဖင့္ အဆုိပါ ေငြမ်ားကို ႏုိင္ငံရပ္ျခား ေထာက္ပံ့ေငြမွ သံုးစဲြသြားမည္ ျဖစ္ၿပီး ယင္းအစီအစဥ္၌ ဘီလ္ဂိတ္၏ Bill & Melinda Gates ေဖာင္ေဒးရွင္းက တစ္ႏွစ္လွ်င္ အေမရိကန္ ေဒၚလာ သန္း ၂ဝဝ ထည့္ဝင္သြားမည္ ျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ေဂ်ာ့ခ်္ေအာ့စ္ဘြန္း က ထုတ္ျပန္ ေၾကညာ ခဲ့ျခင္းျဖစ္သည္။
''ကမၻာတစ္ဝန္းမွာ ရွိတဲ့ လူေပါင္း မ်ားစြာဟာ ငွက္ဖ်ားေရာဂါ ေၾကာင့္ ဆံုး႐ံႈးမႈေတြ ျဖစ္ေပၚ ေနပါတယ္။ ဒါေၾကာင့္ ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရး လုပ္ေဆာင္ေနတဲ့ ဘီလ္ဂိတ္နဲ႔ အတူ အခုလို လုပ္ေဆာင္ရျခင္း ျဖစ္ပါတယ္'' ဟု ေအာ့စ္ဘြန္း က ေျပာၾကားသည္။
WHO ၏ ဒီဇင္ဘာလ ထုတ္ျပန္ခ်က္မ်ား အရ ၂ဝဝဝ ျပည့္ႏွစ္တြင္ ငွက္ဖ်ားေရာဂါ ကူးစက္ခံရသူ ၈၃၉ဝဝဝ ခန္႔ရွိရာမွ ၂ဝ၁၅ ခု ႏွစ္တြင္ ၄၃၈ဝဝဝ ဦးအထိ ေလ်ာ့က်လာၿပီ ျဖစ္ေၾကာင္း သိရသည္။
#PyiChitThar
................................................
ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဗြိတိန်နှင့် ဘီလ်ဂိတ်တို့က ပေါင် ၃ ဘီလီယံ ထောက်ပံ့မည်
လန်ဒန် ၊ ၂၆-၁-၂၀၁၆
ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါ ကြောင့် သေဆုံးမှု မြင့်တက်နေခြင်း ကို အဆုံးသတ်ရန် ဗြိတိန်က ဘီလ်ဂိတ်နှင့် အတူ လက်တွဲ၍ လာမည့်ငါးနှစ် အတွင်း ပေါင် ၃ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။
ဗြိတိန်အစိုးရ အနေဖြင့် အဆိုပါ ငွေများကို နိုင်ငံရပ်ခြား ထောက်ပံ့ငွေမှ သုံးစွဲသွားမည် ဖြစ်ပြီး ယင်းအစီအစဉ်၌ ဘီလ်ဂိတ်၏ Bill & Melinda Gates ဖောင်ဒေးရှင်းက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ထည့်ဝင်သွားမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဂျော့ချ်အော့စ်ဘွန်း က ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။
''ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လူပေါင်း များစွာဟာ ငှက်ဖျားရောဂါ ကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ် နေပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ဘီလ်ဂိတ်နဲ့ အတူ အခုလို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်'' ဟု အော့စ်ဘွန်း က ပြောကြားသည်။
WHO ၏ ဒီဇင်ဘာလ ထုတ်ပြန်ချက်များ အရ ၂ဝဝဝ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကူးစက်ခံရသူ ၈၃၉ဝဝဝ ခန့်ရှိရာမှ ၂ဝ၁၅ ခု နှစ်တွင် ၄၃၈ဝဝဝ ဦးအထိ လျော့ကျလာပြီ ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment