This image shows the tapeworm that the patient discharged from his body. It measured 20 feet 4 inches long. Credit: The New England Journal of Medicine ©2016 |
ေပက်င္း ၊ ၂၄-၁-၂၀၁၆
အမဲသားအစိမ္းစားၿပီး ႏွစ္ႏွစ္ေက်ာ္ၾကာ ဗိုက္ေအာင့္ေရာဂါ ခံစားေနရသည့္ တ႐ုတ္အမ်ဳိးသား တစ္ဦးထံမွ ေပ ၂ဝ ေက်ာ္ (၆ ဒသမ ၂ မီတာ) အရွည္ရွိ တုတ္ျပားေကာင္ကို ဆရာဝန္မ်ားက ေတြ႕ရွိ ခဲ့ေၾကာင္း သိရသည္။
အသက္ ၃၈ ႏွစ္အရြယ္ရွိ အဆိုပါ အမ်ဳိးသားသည္ အန္ျခင္းႏွင့္ အားနည္းသည့္ ေဝဒနာမ်ား ခံစား ေနရေသာေၾကာင့္ ေဆး႐ံုသုိ႔ လာေရာက္ျပသ ခဲ့ျခင္းျဖစ္ၿပီး ေဆး႐ံုသို႔ ေရာက္ရွိခ်ိန္၌ ၄င္းသည္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ မွစ၍ အစာအိမ္ႏွင့္ ဝမ္းဗိုက္တို႔တြင္ နာက်င္သည့္ ေဝဒနာမ်ား ခံစားရေၾကာင္း၊ အစာစားခ်င္စိတ္ မရွိေၾကာင္း၊ ကိုယ္အေလးခ်ိန္ က်ဆင္း လာေၾကာင္းႏွင့္ သံဓာတ္ အားနည္းျခင္းေၾကာင့္ ႏွစ္ရွည္ လမ်ားစြာၾကာ ေသြးအားနည္း ေရာဂါခံစား ေနရေၾကာင္း ဆရာဝန္ မ်ားကို ေျပာၾကားသည္။
ဟူေပး ေဆးတကၠသိုလ္မွ ဆရာဝန္မ်ားသည္ အဆိုပါ အမ်ဳိးသားအား စမ္းသပ္မႈမ်ား ျပဳလုပ္ ခဲ့ေသာ္လည္း မည္သည့္အရာမွ် ထူးထူးျခားျခား မေတြ႕ရွိေၾကာင္း မွတ္ခ်က္ျပဳ ခဲ့ၿပီးေနာက္ ၄င္း၏မစင္ကို အဏုၾကည့္ မွန္ေျပာင္းျဖင့္ ျပန္လည္ စစ္ေဆးၾကည့္႐ႈ ရာတြင္ တုတ္ျပားေကာင္ ၏ ဥကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ထို႔ေနာက္ အမ်ဳိးသားသည္ ၄င္းအေနျဖင့္ အမဲသားအစိမ္း စားျခင္းကို ႏွစ္သက္ သူျဖစ္ ေၾကာင္းထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး ဆရာဝန္မ်ားက ၄င္းအား ေဆးဝါး တိုက္ေကြၽးမႈမ်ား လုပ္ေဆာင္ေပးခဲ့ရာ ႏွစ္နာရီခဲြခန္႔ ၾကာေသာအခါ ယင္း အမ်ဳိးသားသည္ က်င္ႀကီး စြန္႔ရာမွ ေပ ၂ဝ ေက်ာ္အရွည္ရွိ တုတ္ျပားေကာင္ ထြက္က်လာျခင္း ျဖစ္သည္။
ဆရာဝန္မ်ားသည္ အဆိုပါ တုတ္ျပားေကာင္အား စစ္ေဆး စမ္းသပ္မႈမ်ား လုပ္ေဆာင္ခဲ့ရာ ၄င္းသည္ အမဲသားစား သံုးမႈေၾကာင့္ ျဖစ္ေသာ တုတ္ျပားေကာင္ ျဖစ္သည္ကို ေတြ႕ရွိခဲ့ၿပီး ယင္း တုတ္ျပားေကာင္ မ်ားသည္ သာမန္အားျဖင့္ အရွည္ ၂၅ မီတာအထိ ႀကီးထြားႏုိင္ေၾကာင္း သိရသည္။
Man Gets 20-Foot Tapeworm from Eating Raw Meat
#PyiChitThar
...............................................
အမဲသားအစိမ်းစားသူ အမျိုးသားထံမှ ပေ ၂၀ ကျော်ရှည်သည့် တုတ်ပြားကောင် ကို တွေ့ရှိ
This image shows the tapeworm that the patient discharged from his body. It measured 20 feet 4 inches long.
Credit: The New England Journal of Medicine ©2016
ပေကျင်း ၊ ၂၄-၁-၂၀၁၆
အမဲသားအစိမ်းစားပြီး နှစ်နှစ်ကျော်ကြာ ဗိုက်အောင့်ရောဂါ ခံစားနေရသည့် တရုတ်အမျိုးသား တစ်ဦးထံမှ ပေ ၂ဝ ကျော် (၆ ဒသမ ၂ မီတာ) အရှည်ရှိ တုတ်ပြားကောင်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားသည် အန်ခြင်းနှင့် အားနည်းသည့် ဝေဒနာများ ခံစား နေရသောကြောင့် ဆေးရုံသို့ လာရောက်ပြသ ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိချိန်၌ ၄င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော် မှစ၍ အစာအိမ်နှင့် ဝမ်းဗိုက်တို့တွင် နာကျင်သည့် ဝေဒနာများ ခံစားရကြောင်း၊ အစာစားချင်စိတ် မရှိကြောင်း၊ ကိုယ်အလေးချိန် ကျဆင်း လာကြောင်းနှင့် သံဓာတ် အားနည်းခြင်းကြောင့် နှစ်ရှည် လများစွာကြာ သွေးအားနည်း ရောဂါခံစား နေရကြောင်း ဆရာဝန် များကို ပြောကြားသည်။
ဟူပေး ဆေးတက္ကသိုလ်မှ ဆရာဝန်များသည် အဆိုပါ အမျိုးသားအား စမ်းသပ်မှုများ ပြုလုပ် ခဲ့သော်လည်း မည်သည့်အရာမျှ ထူးထူးခြားခြား မတွေ့ရှိကြောင်း မှတ်ချက်ပြု ခဲ့ပြီးနောက် ၄င်း၏မစင်ကို အဏုကြည့် မှန်ပြောင်းဖြင့် ပြန်လည် စစ်ဆေးကြည့်ရှု ရာတွင် တုတ်ပြားကောင် ၏ ဥကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အမျိုးသားသည် ၄င်းအနေဖြင့် အမဲသားအစိမ်း စားခြင်းကို နှစ်သက် သူဖြစ် ကြောင်းထုတ်ဖော် ပြောကြားခဲ့ပြီး ဆရာဝန်များက ၄င်းအား ဆေးဝါး တိုက်ကျွေးမှုများ လုပ်ဆောင်ပေးခဲ့ရာ နှစ်နာရီခွဲခန့် ကြာသောအခါ ယင်း အမျိုးသားသည် ကျင်ကြီး စွန့်ရာမှ ပေ ၂ဝ ကျော်အရှည်ရှိ တုတ်ပြားကောင် ထွက်ကျလာခြင်း ဖြစ်သည်။
ဆရာဝန်များသည် အဆိုပါ တုတ်ပြားကောင်အား စစ်ဆေး စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရာ ၄င်းသည် အမဲသားစား သုံးမှုကြောင့် ဖြစ်သော တုတ်ပြားကောင် ဖြစ်သည်ကို တွေ့ရှိခဲ့ပြီး ယင်း တုတ်ပြားကောင် များသည် သာမန်အားဖြင့် အရှည် ၂၅ မီတာအထိ ကြီးထွားနိုင်ကြောင်း သိရသည်။
Man Gets 20-Foot Tapeworm from Eating Raw Meat
#PyiChitThar
No comments:
Post a Comment