Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 7, 2016

မြန်မာအလုပ်သမတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်

၅-၀၁-၂၀၁၆နေ့ ထိုင်းနိုင်ငံ စုဖန်းဘူလီခရိုင် ဆောင်ဖီးနောင့်မြို့နယ် ထုမ့်ခေါ့ဗိုလ်ဆုဖမ်းရပ်ကွက်ရှိ F&F ကြက်သား စက်ရုံတွင် အလုပ် လုပ်နေသောမြန်မာအလုပ်သမ တစ်ဦးဖြစ်သူ မဇင်မာ(အသက်၂၆နှစ်)
သည် သူမနေထိုင်ရာအခန်း၌ ဆွဲကြိုးချသေဆုံးနေကြောင်း သိရသည်။

“မဇင်မာအလုပ်မဆင်းတာရက်ကြာနေတာနဲ့ သူ့အခန်းကို သွားကြည့်တာ.. ဆွဲကြိုးချသေဆုံးနေလျက်သာတွေ့ရတာ” ဟု အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးပြောသည်။

ပဲခူးတိုင်၊ နတ်တလင်းမြို့နယ် ဇီးပင်ကွေ့ကျေးရွာအုပ်စုကျောင်းကုန်းကျေးရွာနေ အဖ ဦးစံထွန်း၏ သမီးဖြစ်သူမဇင်မာ ဆွဲကြိုးချ သေဆုံးရသည့်အကြောင်းရင်းမှာ....
“မဇင်မာသေဆုံးရတဲ့အကြောင်းက လူမှုရေးကိစ္စကြောင့်အခုလိုဖြစ်သွားရတာ..မဇင်မာက တင်မိုးလွင်ဆိုတဲ့အလုပ်သမားတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်... သူမမှာ ကိုယ်ဝန်၂လရှိနေ
ချိန်မှာ....ကောင်လေးမှ ယခင်အိမ်ထောင်ရှိနေတယ်ဆိုတော့သူ့ရဲ့မယားကြီးထံပြန်သွားတော့ မဇင်မာလည်း စိတ်ထိခိုက်ပြီး..နောက်ဆုံး သူ့ကိုယ်သူ သက်သေသွားတာပါ” MAT ဘန်ကောက်ရုံ
တာဝန်ခံ ကိုစိုင်းအေးမှ ပြောသည်။

ကွယ်လွန်သူမဇင်မာ၏ မြန်မာနိုင်ငံ ရှိ မိသားစုများနှင့်ယနေ့ထိ အဆက်သွယ် မရသည့်အတွက် ကူညီ
ဆက်သွယ်ပေးရန် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)မှ မေတ္တာရပ်ခံထားကြောင်းသိရသည်။

ယနေ့၌ ကွယ်လွန်သူ မဇင်မာ၏ ကြွင်းကျန်သည့် ရုပ်အလောင်းကိုထုမ့်ခေါ့ဗိုလ်ဆုဖမ်းရပ်ကွက်ရှိ ထိုင်းဘုန်းတော်ကြီးကျောင်း၌မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရပါသည်။

မဇင်မာ၏ မိသားစုများ ဆက်သွယ်ရန်
Ph 099-1121179.
098-9304487
=============
7.1.2016
သတင်း-စောမောင်
ဓာတ်ပုံ-ကိုစိုင်းအေး
ထိုင်းနိုင်ငံရောက်မြန်မာတို့၏သတင်းများ





No comments:

Post a Comment