ရန္ကုန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈတစ္ခုအား ေတြ႔ရစဥ္ (ဓာတ္ပုံ- Yangon Traffic Police Facebook) |
တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ယာဥ္မေတာ္တဆမႈ ၊ လူေသဆုံးမႈမ်ားမွာ ႏွစ္အလုိက္ စာရင္းမ်ားအရ တစ္ႏွစ္ထက္ တစ္ႏွစ္ ပုိမ်ားလာၿပီး ၂၀၁၅ ခုႏွစ္ တစ္ႏွစ္လုံးတြင္ ေနျပည္ေတာ္ ေကာင္စီ နယ္ေျမ အပါအဝင္ တုိင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ား၌ ယာဥ္မေတာ္တဆမႈေပါင္း ၁၅၃၀၆ မႈ ျဖစ္ပြားခဲ့ၿပီး လူေပါင္း ၄,၂၃၃ ဦး ေသဆုံးခဲ့ေၾကာင္း ယာဥ္ထိန္း ရဲတပ္ဖြဲ ့မွသိရသည္။
ႏွစ္အလုိက္ စာရင္းမ်ားအရ တစ္ႏုိင္ငံလုံး အတုိင္းအတာ အေနျဖင့္ ၂၀၁၁ ခုႏွစ္တြင္ ယာဥ္ မေတာ္တဆမႈ ၉,၇၆၂ မႈ ျဖစ္ပြားၿပီး ေသဆုံးသူ ၂,၈၁၁ ဦး ၊ ၂၀၁၂ ခုႏွစ္တြင္ ၁၁,၆၄၉ မႈ ၊ ေသဆုံးသူ ၃,၃၂၆ ဦး ၊ ၂၀၁၃ ခုႏွစ္တြင္ ၁၃,၉၀၇ မႈ ၊ ေသဆုံးသူ ၃,၆၁၂ ဦး ၊ ၂၀၁၄ ခုႏွစ္တြင္ ၁၄,၇၈၁ မႈ ၊ ေသဆုံးသူ ၄,၁၆၃ ဦး ရွိခဲ့ရာ ယာဥ္မေတာ္တဆမႈမ်ားႏွင့္ ေသဆုံးသူ ဦးေရသည္ တစ္ႏွစ္ထက္ တစ္ႏွစ္ ပုိၿပီး မ်ားလာခဲ့ေၾကာင္း သိရသည္။
ထုိအတူ တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ ့အင္အား ၂,၇၃၆ ဦးျဖင့္ ယာဥ္မေတာ္တဆမႈ ျဖစ္စဥ္မ်ား ေလ်ာ့နည္းရန္ ပညာေပးျခင္း ၊ ယာဥ္စည္းကမ္း ၊ လမ္းစည္းကမ္း စစ္ေဆးျခင္း ၊ စည္းကမ္း ေဖာက္ဖ်က္သည့္ ယာဥ္မ်ားကုိ အေရးယူျခင္း ၊ လူစည္ကားရာ ေနရာမ်ားႏွင့္ ေမာ္ေတာ္ယာဥ္ အသုံးျပဳမႈ မ်ားျပားသည့္ လမ္းမ်ားတြင္ ယာဥ္ေၾကာ ရွင္းလင္းျခင္း စသည့္ လုပ္ငန္းမ်ားကုိ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
..........
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Yangon Traffic Police Facebook)
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၊ လူသေဆုံးမှုများမှာ နှစ်အလိုက် စာရင်းများအရ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ယာဉ်မတော်တဆမှုပေါင်း ၁၅၃၀၆ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ ့မှသိရသည်။
နှစ်အလိုက် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ယာဉ် မတော်တဆမှု ၉,၇၆၂ မှု ဖြစ်ပွားပြီး သေဆုံးသူ ၂,၈၁၁ ဦး ၊ ၂၀၁၂ ခုနှစ်တွင် ၁၁,၆၄၉ မှု ၊ သေဆုံးသူ ၃,၃၂၆ ဦး ၊ ၂၀၁၃ ခုနှစ်တွင် ၁၃,၉၀၇ မှု ၊ သေဆုံးသူ ၃,၆၁၂ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ၁၄,၇၈၁ မှု ၊ သေဆုံးသူ ၄,၁၆၃ ဦး ရှိခဲ့ရာ ယာဉ်မတော်တဆမှုများနှင့် သေဆုံးသူ ဦးရေသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီး များလာခဲ့ကြောင်း သိရသည်။
ထိုအတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ ့အင်အား ၂,၇၃၆ ဦးဖြင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ လျော့နည်းရန် ပညာပေးခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း စစ်ဆေးခြင်း ၊ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို အရေးယူခြင်း ၊ လူစည်ကားရာ နေရာများနှင့် မော်တော်ယာဉ် အသုံးပြုမှု များပြားသည့် လမ်းများတွင် ယာဉ်ကြော ရှင်းလင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
No comments:
Post a Comment