Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 14, 2016

ႏိုက္ကလပ္ထဲက ဆယ္ေက်ာ္သက္ ညဥ့္ငွက္ကေလးေတြ

ရန္ကုန္၊ ဇန္နဝါရီ ၉- 'ကြ်န္မတို႔ အိမ္က အဆင္မေျပဘူး၊ မိသားစုကို ေထာက္ပံ့ခ်င္လို႔ ဒီေနရာ ကို ေရာက္လာခဲ့တာ အစ္ကို' လို႔ အသက္ ၁၆ ႏွစ္မျပည့္ေသးတဲ့ မဇင္မင္း (အမည္လႊဲ)က ဒစၥကိုမီးေရာင္ေတြေအာက္မွာ ျမဴးၾကြတဲ့ တီးလံုးသံေတြနဲ႔အတူ ခပ္ေပါ့ေပါ့ကေလး ေျပာလိုက္ တယ္။
သည္အလုပ္ကရတဲ့ေငြနဲ႔ အိမ္ကို ေထာက္ပံ့ႏိုင္တယ္။ အငယ္ေတြကို ေက်ာင္းထား ေပးႏိုင္တယ္လို႔လည္း ေျပာပါတယ္။ သူသည္အလုပ္ကို လုပ္ေနတာ အိမ္ကမသိပါဘူး။ စတိုး ဆိုင္ႀကီးႀကီးမွာ လစာေကာင္းေကာင္းနဲ႔ ဝင္လုပ္ေနတယ္လို႔ပဲ ညာထားတယ္လို႔ေျပာပါတယ္။ ဘယ္ မိဘေတြမွ သည္အလုပ္နဲ႔ ေငြရွာခိုင္းမွာ မဟုတ္ၾကဘူး။ သူကိုယ္တိုင္ကလည္း သည္ အလုပ္ကို လုပ္ခ်င္ခဲ့တာမဟုတ္ဘူး။ သူက ေက်ာင္းဆရာမတစ္ေယာက္ျဖစ္ခ်င္ခဲ့တာပါ။ သူအပါ အဝင္ သည္အလုပ္ကို လုပ္ကိုင္ေနၾကတဲ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားမွာအိပ္မက္ေတြကိုယ္ စီရွိခဲ့ၾကတယ္။ အခ်င္းခ်င္းဆံုတုန္း အဲသည့္ အိပ္မက္ေတြအေၾကာင္းကို ေျပာၾကရင္ ဝမ္းနည္း ၾကရပါတယ္။
သည္လို ႏိုက္ကလပ္လိုေနရာေတြမွာက်င္လည္တတ္ဖို႔အလုပ္တူအသက္ ၃၀ နီးပါးရွိတဲ့ အစ္မတစ္ေယာက္က ျဗဴးတီးဆလြန္းအမည္ခံမာဆက္ကေန ဆဲြေခၚလာခဲ့တာပါ။ အခုအဲသည့္ အစ္မဆိုသူ ဆံုးသြားၿပီလို႔ သိရတယ္။ ကလပ္မွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးေတြ မ်ားလာပါတယ္။ အကုန္လံုးက မိသားစုအေျခအေနေတြေၾကာင့္ သည္ေနရာကို ေရာက္လာ ခဲ့ၾကတာပါ။
အမွန္တကယ္ေတာ့ သည္အသက္အရြယ္ေတြက ေက်ာင္းေနရမယ့္အရြယ္ ကေလး ေတြျဖစ္ၾကပါတယ္။ ဒါေပမဲ့ စီးပြားေရးအဆင္မေျပႏိုင္တဲ႔အခါ ေရြးခ်ယ္စရာ မရွိတဲ့အတြက္ သည္ေနရာကို ေရာက္လာခဲ့ၾကတာျဖစ္တယ္။ တျခားအလုပ္ေတြကို ေရြးခ်ယ္ခြင့္ရွိေပမဲ့ လစာ က လိုခ်င္သေလာက္မရႏိုင္ပါဘူး။
'ပထမဦးဆံုးစတိုးဆိုင္တစ္ခုမွာဝင္လုပ္ခဲ့ဖူးတယ္၊ဒါေပမဲ့ရတဲ့လစာက အဆင္မေျပဘူးေလ၊ အဲဒါေၾကာင့္ ထြက္လိုက္တယ္' လို႔ မဇင္မင္းကတီးလံုးသံေတြၾကားက ေျပာပါတယ္။
ကလပ္ေရာက္အလုပ္လုပ္သူအမ်ားစုက နယ္ဘက္ကလို႔ သိရတယ္။ မဇင္မင္းကိုယ္တိုင္ ကလည္းနယ္ဘက္ကျဖစ္တယ္။ ညီအစ္ကိုေမာင္ႏွမေလးေယာက္ရွိတဲ့အထဲမွာ သူက အႀကီး ဆံုးသမီးျဖစ္တယ္။ သည္အလုပ္ကိုလုပ္ေနတာတစ္ႏွစ္ မျပည့္ေသးဘူးလို႔လည္း ဆိုပါတယ္။
ျဗဴးတီးဆလြန္းမွာလုပ္တုန္းက အခ်င္းခ်င္းေခါင္းပံုျဖတ္တာ၊ ဆိုင္ရွင္က ေခါင္းပံုျဖတ္တာကိုလည္း ႀကံဳေတြ႕ခဲ့ရတယ္။
ကလပ္လိုေနရာေတြက မဇင္မင္းတို႔အတြက္ ဝင္ေၾကးအခမဲ့ျဖစ္ပါတယ္။ ကလပ္ပိုင္ရွင္ ေတြကလည္း ကလပ္လူပိုစည္ေအာင္ လိုလိုလားလားသြားလာခြင့္ျပဳထားတယ္။ အခ်င္းခ်င္း ခိုက္ရန္မျဖစ္ၾကဖို႔ပဲလိုတယ္။
အျပင္ဘက္မွာ လႈပ္ရွားေနတာထက္စာရင္ သည္လိုကလပ္လိုေနရာ ေတြမွာ လႈပ္ရွားေနတာက စိတ္ခ်ရတယ္။ ပိုက္ဆံရတယ္။ မဇင္မင္းတို႔မွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လမ္းေၾကာင္းေတြ ရွိပါတယ္။

ကလပ္မွာရွိေနၾကတဲ့ ဝိတ္တာေတြကို ရင္းႏွီးေအာင္ေပါင္းထားရတယ္။ အဲသည္ ဝိတ္တာ ေတြက ၾကားညႇိေပးၾကတယ္။ ေဈးစကားေျပာလို႔ အဆင္ေျပၿပီဆိုရင္ ကလပ္ထဲက ထြက္သြား ၾကပါတယ္။
မဇင္မင္းက မ်က္ႏွာေပၚမွာ တန္ဖိုးအသင့္အတင့္ရွိတဲ့ မိတ္ကပ္ကိုလိမ္းထားတယ္။ ႏႈတ္ခမ္းနီကို ခပ္စိုစို
ကေလး ဆိုးထားတယ္။ ဆံပင္ေတြကို ေျဖာင့္စင္းထားေပမဲ့ ထပ္ၿပီး မျပဳျပင္ တာၾကာၿပီမို႔ မညီ
မညာျဖစ္ေနၾကတယ္။ အဲသည္ဆံပင္ကိုအကုန္စုစည္းၿပီးေက်ာေပၚမွာ တစ္ဝက္ ခ်ထားတယ္။ ပခံုးဘယ္ညာ တစ္ဖက္တစ္ခ်က္ေပၚက ေက်ာ္ၿပီးေရွ႕ကိုတစ္ဝက္စီခ်ထားပါေသး တယ္။ လက္သန္းလံုးေလာက္ရွိမယ့္ ႀကိဳးတစ္ေခ်ာင္းပါ အနက္ေရာင္လည္ပင္းခပ္ဟိုက္ ဟိုက္ အက်ႌကိုတိုကပ္ေနတဲ့ စကတ္အျဖဴေရာင္နဲ႔ တဲြဝတ္ထားတယ္။ သံုးလက္မေလာက္ထူမယ့္ ေဒါက္ဖိနပ္ကို စီးထားေသးတယ္။ လည္ပင္းဟိုက္ေနတဲ့ အက်ႌကို ပခံုးေပၚက ဆံပင္ေတြခ်ထား ေပမဲ့ သိပ္မလံုပါဘူး။ သူ႕လိုပါပဲ တျခားရြယ္တူေတြေရာ သူတို႔ထက္အသက္ႀကီးတဲ့ အမ်ိဳးသမီး ေတြေရာ တင္းတင္းက်ပ္က်ပ္ ဝတ္ထားၾကပါတယ္။ သည္မီးေရာင္ေတြနဲ႔ သည္အဝတ္အစား ေတြက မင္းသမီး႐ံႈးေလာက္ေအာင္ ေျပာင္းလဲသြားပါတယ္။
မဇင္မင္းလိုပါပဲ မစုေအာင္ (အမည္လႊဲ) ကလည္း အိမ္အေျခအေနေၾကာင့္ သည္ေလာ ကထဲကို ဝင္လာခဲ့တာပါ။ လက္ရွိမွာ သူ႕အသက္အရြယ္က ၁၅ ႏွစ္ေက်ာ္႐ံု ေလာက္ပဲ ရွိေသးတယ္။ သည္ကိုေရာက္မွ မဇင္မင္း (အမည္လႊဲ)နဲ႔ ခင္မင္သြားခဲ့တာပါ။ သူကလည္း နယ္ဘက္ကပါ။
မစုေအာင္ကေတာ့ တျခားအလုပ္ေတြ လုပ္ၿပီးမွ သည္ေနရာကို ေရာက္လာခဲ့တာ မဟုတ္ပါဘူး။ သည္ေနရာကိုပဲ ပထမဦးဆံုးေရာက္လာခဲ့တာပါ။ သူ႕မွာ ညီမေလးတစ္ေယာက္ ရွိတယ္။ အေဖ၊ အေမရွိေသးတယ္။ သူတို႔ေတြကို ေထာက္ပံ့ေနရပါတယ္။
ရန္ကုန္တက္လာတုန္းက စက္႐ံုမွာ ဝင္လုပ္ဖို႔ပါ။ ဒါေပမဲ႔ ပညာအရည္အခ်င္းနဲ႔ လစာေၾကာင့္ သည္ေနရာကိုပဲ ေရြးလိုက္ရပါတယ္။
'စက္႐ံုမွာက လစာမေကာင္းဘူး၊ ေကာင္းတဲ့ေနရာဆိုလဲ ဘဲြ႕ရမွေလ၊ ၿပီးေတာ့ အကူ ေခၚခဲ့ရင္လဲ လုပ္တဲ႔အခါအရမ္းခိုင္းတယ္၊ပင္ပန္းတယ္' လို႔ မစုေအာင္က ေျပာပါတယ္။
မစုေအာင္လိုပဲ စက္႐ံုမွာလုပ္ၿပီး ပင္ပန္းတဲ့ဒဏ္မခံႏိုင္တာေၾကာင့္ ထြက္သြားၾကတဲ႔ မိန္း ကေလးေတြအမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕ဆိုရင္ ထိုင္းကိုေရာက္သြားၾကတယ္လို႔ ေျပာပါတယ္။
သူတို႔လိုပဲ မစံမဒီ (အမည္လႊဲ) ဟာ သည္အလုပ္ကို ဆယ္ေက်ာ္သက္အရြယ္က စတင္ လုပ္ခဲ့တယ္။ လက္ရွိမွာ သူ႕အသက္ ၂၀ ႏွစ္ျပည့္ေတာ့ပါမယ္။ မိသားစုထဲမွာ အေဖက ငယ္ငယ္ ကဆံုးသြားၿပီး အေမက ရွိပါေသးတယ္။ ေမာင္ႏွမသံုးေယာက္ထဲမွာသူက အႀကီးဆံုးမို႔ အိမ္ကို ေထာက္ပံ့ေနရသူပါ။ သူကလည္း နယ္ဘက္က ျဖစ္ပါတယ္။
မစံမဒီတို႔အလုပ္မွာ အိမ္ ေထာင္ကဲြ၊ အိမ္ေထာင္က်ေနသူေတြလည္းရွိတယ္။ သားသ မီးေတြလည္း ရွိေနၾကတယ္။ တခ်ိဳ႕ေတြက သည္မွာမလုပ္ၾကေတာ့ဘဲနဲ႔ ကမ္းေျခတစ္ခုမွာ သြား ေရာက္လုပ္ကိုင္ေနၾကတယ္လို႔ ေျပာပါတယ္။
ေဈးကြက္ကလည္းအရင္ထက္ က်ဥ္းလာၿပီ။ ညဘက္သည္မွာ ပိုက္ဆံရွာရတယ္။ ေန႔ ဘက္ဆိုရင္ နာမည္ႀကီးငါးေဈးမွာ ငါးေရာင္းရတဲ့လူလည္းရွိတယ္လို႔ သိရပါတယ္။ သည္အလုပ္က အသက္ႀကီးလာၿပီဆိုရင္ အဆင္မေျပေတာ့ပါဘူး။ဆယ္ေက်ာ္သက္အရြယ္၊ ၂၀ ေက်ာ္အရြယ္ဆို ရင္လူစိတ္ဝင္စားေသးတယ္။ သည္ေနရာေတြမွာ က်င္လည္လို႔ရပါတယ္။ ဒါေပမဲ့ အသက္ႀကီး ႀကီး ႐ုပ္မလွတဲ့လူဆိုရင္ စိတ္မဝင္စားၾကေတာ့ဘူးလို႔ ေျပာပါတယ္။ ေနရာေျပာင္းရတယ္။ အမ်ားဆံုးက ကားမွတ္တိုင္လို ေနရာေတြမွာပဲ က်င္လည္ရေတာ့တယ္။
သူတို႔ေတြမွာအခ်စ္ေတြရွိပါတယ္။ ဒါေပမဲ့ သည္အလုပ္ေၾကာင့္ လြတ္လြတ္လပ္လပ္ မခ်စ္ၾကရဘူးလို႔ ေျပာပါတယ္။ သည္အလုပ္ေတြကို လုပ္ေနၾကတာ အိမ္က သိၾကတဲ့လူတခ်ိဳ႕ လည္းရွိၾကတယ္။ မသိၾကတဲ့လူတခ်ိဳ႕လည္းရွိၾကတယ္။ အိမ္ကသိၾကတဲ့ လူတခ်ိဳ႕ဆို ရင္ပိုက္ဆံ ရလြယ္တာေၾကာင့္ ခြင့္ျပဳထားရတယ္လို႔ ေျပာပါတယ္။
အိမ္ျဖစ္ျဖစ္၊ အေဆာင္ျဖစ္ျဖစ္ျပန္ၿပီဆိုရင္ အနည္းဆံုး ည ၂းဝ၀ နာရီ ကလပ္ပိတ္ခ်ိန္ပါ။ ကလပ္ဖြင့္ခ်ိန္ဆိုရင္ သူတို႔ေတြ ပံုမွန္လာတတ္ၾကေပမဲ့ ပိတ္ခ်ိန္အျပန္ဆိုရင္ မမွန္ၾကပါဘူး။
လူေပါင္းစံုနဲ႔ ေတြ႕ဖူးတယ္။ အသက္ ႀကီးႀကီးလူႀကီးေတြနဲ႔ ေတြ႕ခဲ့ရင္ အားနာမိတယ္လို႔ ေျပာပါတယ္။ စကားမ်ားတယ္။ ရစ္ၾကတယ္။ တခ်ိဳ႕ဆိုရင္ ကဗ်ာဆန္ဆန္ စကားေတြေျပာ တတ္ၾကၿပီး ပိုက္ဆံပိုေပးတတ္ၾကတယ္လို႔ ေျပာပါတယ္။ လူမဆန္တဲ့ လူမ်ိဳးေတြနဲ႔လည္း ႀကံဳဖူးတယ္လို႔ ေျပာပါတယ္။
'အဲဒီအခါက်ရင္ ကိုယ့္ဆီကေတာင္ ပိုက္ဆံျပန္ေပးရတယ္၊ မေပးဘူးဆိုရင္ သတ္ပစ္မွာ ေၾကာက္တယ္ေလ'လို႔ မစံမဒီက ေျပာပါတယ္။
သူတို႕ေတြအကုန္လံုးက သည္ေနရာမွာ သည္အလုပ္ကိုစိတ္ပါလို႔ လႈပ္ရွား႐ုန္းကန္ေနၾက သူေတြမဟုတ္ၾကပါဘူး။ မိသားစုစီးပြားေရးအဆင္မေျပၾကလို႔သာေရာက္လာခဲ့ၾကတာျဖစ္တယ္။
'ေနာင္တစ္ခ်ိန္မွာ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားခ်င္တယ္၊ ဒါကို ေရရွည္မလုပ္ပါ ဘူး အစ္ကို' လို႔ မဇင္မင္းက ေျပာပါတယ္။
အဲသည့္အခ်ိန္မွာပဲ စပြန္ဆာေပးထားတဲ့ အက်ႌယူနီေဖာင္းကို ဝတ္ထားတဲ့ ဝိတ္တာ တစ္ေယာက္က မဇင္မင္းအနားကို ေလွ်ာက္လာခဲ႔ၿပီး တိုးတိုးကေလးေျပာလိုက္ပါတယ္။ မဇင္မင္း က ေခါင္းညိတ္လိုက္တယ္။ ၿပီးေတာ့ ေရွ႕မွာ အသင့္ခ်ေပးထားတဲ႔ အေအးဘူးနဲ႔ ေဆးလိပ္ တစ္လိပ္ကိုယူလိုက္ၿပီး ရြယ္တူသူငယ္ခ်င္းေတြရွိတဲ့ ဝိုင္းဘက္ကို ထထြက္သြားပါတယ္။
မဇင္မင္းတစ္ေယာက္ သည္မွာဆက္ၿပီး က်င္လည္ေနရဦးမွာပါ။ သူ႕ဘဝမွာ အနာဂတ္ ဆိုတာ ေဝ၀ါးေနဆဲ၊ ရည္မွန္းခ်က္ေပ်ာက္ကြယ္ေနဆဲ။ သူ႕အေနနဲ႔ သည္ ေနရာသည္ေဒသက က်င့္သားရေနၿပီ။ ေမွာင္မည္းေနတဲ့ေနရာဆိုေပမဲ့ သူတို႔အတြက္ အလင္းေရာင္ျဖစ္ေနပါတယ္။ အဲသည္လိုနဲ႔ပဲ အေမွာင္ရိပ္ထဲမွာ ထိုင္ေနၾကတဲ့ သူငယ္ခ်င္းေတြဆီကိုတေရြ႕ေရြ႕ ေလွ်ာက္ သြားရင္း ေပ်ာက္ကြယ္သြားပါတယ္။
author ေက်ာ္စြာဝင္း

Kumudra
................
နိုက်ကလပ်ထဲက ဆယ်ကျော်သက် ညဉ့်ငှက်ကလေးတွေ
ရန်ကုန်၊ ဇန်နဝါရီ ၉- 'ကျွန်မတို့ အိမ်က အဆင်မပြေဘူး၊ မိသားစုကို ထောက်ပံ့ချင်လို့ ဒီနေရာ ကို ရောက်လာခဲ့တာ အစ်ကို' လို့ အသက် ၁၆ နှစ်မပြည့်သေးတဲ့ မဇင်မင်း (အမည်လွှဲ)က ဒစ္စကိုမီးရောင်တွေအောက်မှာ မြူးကြွတဲ့ တီးလုံးသံတွေနဲ့အတူ ခပ်ပေါ့ပေါ့ကလေး ပြောလိုက် တယ်။
သည်အလုပ်ကရတဲ့ငွေနဲ့ အိမ်ကို ထောက်ပံ့နိုင်တယ်။ အငယ်တွေကို ကျောင်းထား ပေးနိုင်တယ်လို့လည်း ပြောပါတယ်။ သူသည်အလုပ်ကို လုပ်နေတာ အိမ်ကမသိပါဘူး။ စတိုး ဆိုင်ကြီးကြီးမှာ လစာကောင်းကောင်းနဲ့ ဝင်လုပ်နေတယ်လို့ပဲ ညာထားတယ်လို့ပြောပါတယ်။ ဘယ် မိဘတွေမှ သည်အလုပ်နဲ့ ငွေရှာခိုင်းမှာ မဟုတ်ကြဘူး။ သူကိုယ်တိုင်ကလည်း သည် အလုပ်ကို လုပ်ချင်ခဲ့တာမဟုတ်ဘူး။ သူက ကျောင်းဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ သူအပါ အဝင် သည်အလုပ်ကို လုပ်ကိုင်နေကြတဲ့ မိန်းကလေးတော်တော်များများမှာအိပ်မက်တွေကိုယ် စီရှိခဲ့ကြတယ်။ အချင်းချင်းဆုံတုန်း အဲသည့် အိပ်မက်တွေအကြောင်းကို ပြောကြရင် ဝမ်းနည်း ကြရပါတယ်။
သည်လို နိုက်ကလပ်လိုနေရာတွေမှာကျင်လည်တတ်ဖို့အလုပ်တူအသက် ၃၀ နီးပါးရှိတဲ့ အစ်မတစ်ယောက်က ဗြူးတီးဆလွန်းအမည်ခံမာဆက်ကနေ ဆွဲခေါ်လာခဲ့တာပါ။ အခုအဲသည့် အစ်မဆိုသူ ဆုံးသွားပြီလို့ သိရတယ်။ ကလပ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ များလာပါတယ်။ အကုန်လုံးက မိသားစုအခြေအနေတွေကြောင့် သည်နေရာကို ရောက်လာ ခဲ့ကြတာပါ။
အမှန်တကယ်တော့ သည်အသက်အရွယ်တွေက ကျောင်းနေရမယ့်အရွယ် ကလေး တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအဆင်မပြေနိုင်တဲ့အခါ ရွေးချယ်စရာ မရှိတဲ့အတွက် သည်နေရာကို ရောက်လာခဲ့ကြတာဖြစ်တယ်။ တခြားအလုပ်တွေကို ရွေးချယ်ခွင့်ရှိပေမဲ့ လစာ က လိုချင်သလောက်မရနိုင်ပါဘူး။
'ပထမဦးဆုံးစတိုးဆိုင်တစ်ခုမှာဝင်လုပ်ခဲ့ဖူးတယ်၊ဒါပေမဲ့ရတဲ့လစာက အဆင်မပြေဘူးလေ၊ အဲဒါကြောင့် ထွက်လိုက်တယ်' လို့ မဇင်မင်းကတီးလုံးသံတွေကြားက ပြောပါတယ်။
ကလပ်ရောက်အလုပ်လုပ်သူအများစုက နယ်ဘက်ကလို့ သိရတယ်။ မဇင်မင်းကိုယ်တိုင် ကလည်းနယ်ဘက်ကဖြစ်တယ်။ ညီအစ်ကိုမောင်နှမလေးယောက်ရှိတဲ့အထဲမှာ သူက အကြီး ဆုံးသမီးဖြစ်တယ်။ သည်အလုပ်ကိုလုပ်နေတာတစ်နှစ် မပြည့်သေးဘူးလို့လည်း ဆိုပါတယ်။
ဗြူးတီးဆလွန်းမှာလုပ်တုန်းက အချင်းချင်းခေါင်းပုံဖြတ်တာ၊ ဆိုင်ရှင်က ခေါင်းပုံဖြတ်တာကိုလည်း ကြုံတွေ့ခဲ့ရတယ်။
ကလပ်လိုနေရာတွေက မဇင်မင်းတို့အတွက် ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။ ကလပ်ပိုင်ရှင် တွေကလည်း ကလပ်လူပိုစည်အောင် လိုလိုလားလားသွားလာခွင့်ပြုထားတယ်။ အချင်းချင်း ခိုက်ရန်မဖြစ်ကြဖို့ပဲလိုတယ်။ အပြင်ဘက်မှာ လှုပ်ရှားနေတာထက်စာရင် သည်လိုကလပ်လိုနေရာ တွေမှာ လှုပ်ရှားနေတာက စိတ်ချရတယ်။ ပိုက်ဆံရတယ်။ မဇင်မင်းတို့မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းကြောင်းတွေ ရှိပါတယ်။
ကလပ်မှာရှိနေကြတဲ့ ဝိတ်တာတွေကို ရင်းနှီးအောင်ပေါင်းထားရတယ်။ အဲသည် ဝိတ်တာ တွေက ကြားညှိပေးကြတယ်။ ဈေးစကားပြောလို့ အဆင်ပြေပြီဆိုရင် ကလပ်ထဲက ထွက်သွား ကြပါတယ်။
မဇင်မင်းက မျက်နှာပေါ်မှာ တန်ဖိုးအသင့်အတင့်ရှိတဲ့ မိတ်ကပ်ကိုလိမ်းထားတယ်။ နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားတယ်။ ဆံပင်တွေကို ဖြောင့်စင်းထားပေမဲ့ ထပ်ပြီး မပြုပြင် တာကြာပြီမို့ မညီမညာဖြစ်နေကြတယ်။ အဲသည်ဆံပင်ကိုအကုန်စုစည်းပြီးကျောပေါ်မှာ တစ်ဝက် ချထားတယ်။ ပခုံးဘယ်ညာ တစ်ဖက်တစ်ချက်ပေါ်က ကျော်ပြီးရှေ့ကိုတစ်ဝက်စီချထားပါသေး တယ်။ လက်သန်းလုံးလောက်ရှိမယ့် ကြိုးတစ်ချောင်းပါ အနက်ရောင်လည်ပင်းခပ်ဟိုက် ဟိုက် အကျႌကိုတိုကပ်နေတဲ့ စကတ်အဖြူရောင်နဲ့ တွဲဝတ်ထားတယ်။ သုံးလက်မလောက်ထူမယ့် ဒေါက်ဖိနပ်ကို စီးထားသေးတယ်။ လည်ပင်းဟိုက်နေတဲ့ အကျႌကို ပခုံးပေါ်က ဆံပင်တွေချထား ပေမဲ့ သိပ်မလုံပါဘူး။ သူ့လိုပါပဲ တခြားရွယ်တူတွေရော သူတို့ထက်အသက်ကြီးတဲ့ အမျိုးသမီး တွေရော တင်းတင်းကျပ်ကျပ် ဝတ်ထားကြပါတယ်။ သည်မီးရောင်တွေနဲ့ သည်အဝတ်အစား တွေက မင်းသမီးရှုံးလောက်အောင် ပြောင်းလဲသွားပါတယ်။
မဇင်မင်းလိုပါပဲ မစုအောင် (အမည်လွှဲ) ကလည်း အိမ်အခြေအနေကြောင့် သည်လော ကထဲကို ဝင်လာခဲ့တာပါ။ လက်ရှိမှာ သူ့အသက်အရွယ်က ၁၅ နှစ်ကျော်ရုံ လောက်ပဲ ရှိသေးတယ်။ သည်ကိုရောက်မှ မဇင်မင်း (အမည်လွှဲ)နဲ့ ခင်မင်သွားခဲ့တာပါ။ သူကလည်း နယ်ဘက်ကပါ။
မစုအောင်ကတော့ တခြားအလုပ်တွေ လုပ်ပြီးမှ သည်နေရာကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ သည်နေရာကိုပဲ ပထမဦးဆုံးရောက်လာခဲ့တာပါ။ သူ့မှာ ညီမလေးတစ်ယောက် ရှိတယ်။ အဖေ၊ အမေရှိသေးတယ်။ သူတို့တွေကို ထောက်ပံ့နေရပါတယ်။
ရန်ကုန်တက်လာတုန်းက စက်ရုံမှာ ဝင်လုပ်ဖို့ပါ။ ဒါပေမဲ့ ပညာအရည်အချင်းနဲ့ လစာကြောင့် သည်နေရာကိုပဲ ရွေးလိုက်ရပါတယ်။
'စက်ရုံမှာက လစာမကောင်းဘူး၊ ကောင်းတဲ့နေရာဆိုလဲ ဘွဲ့ရမှလေ၊ ပြီးတော့ အကူ ခေါ်ခဲ့ရင်လဲ လုပ်တဲ့အခါအရမ်းခိုင်းတယ်၊ပင်ပန်းတယ်' လို့ မစုအောင်က ပြောပါတယ်။
မစုအောင်လိုပဲ စက်ရုံမှာလုပ်ပြီး ပင်ပန်းတဲ့ဒဏ်မခံနိုင်တာကြောင့် ထွက်သွားကြတဲ့ မိန်း ကလေးတွေအများကြီးရှိပါတယ်။ တချို့ဆိုရင် ထိုင်းကိုရောက်သွားကြတယ်လို့ ပြောပါတယ်။
သူတို့လိုပဲ မစံမဒီ (အမည်လွှဲ) ဟာ သည်အလုပ်ကို ဆယ်ကျော်သက်အရွယ်က စတင် လုပ်ခဲ့တယ်။ လက်ရှိမှာ သူ့အသက် ၂၀ နှစ်ပြည့်တော့ပါမယ်။ မိသားစုထဲမှာ အဖေက ငယ်ငယ် ကဆုံးသွားပြီး အမေက ရှိပါသေးတယ်။ မောင်နှမသုံးယောက်ထဲမှာသူက အကြီးဆုံးမို့ အိမ်ကို ထောက်ပံ့နေရသူပါ။ သူကလည်း နယ်ဘက်က ဖြစ်ပါတယ်။
မစံမဒီတို့အလုပ်မှာ အိမ် ထောင်ကွဲ၊ အိမ်ထောင်ကျနေသူတွေလည်းရှိတယ်။ သားသ မီးတွေလည်း ရှိနေကြတယ်။ တချို့တွေက သည်မှာမလုပ်ကြတော့ဘဲနဲ့ ကမ်းခြေတစ်ခုမှာ သွား ရောက်လုပ်ကိုင်နေကြတယ်လို့ ပြောပါတယ်။
ဈေးကွက်ကလည်းအရင်ထက် ကျဉ်းလာပြီ။ ညဘက်သည်မှာ ပိုက်ဆံရှာရတယ်။ နေ့ ဘက်ဆိုရင် နာမည်ကြီးငါးဈေးမှာ ငါးရောင်းရတဲ့လူလည်းရှိတယ်လို့ သိရပါတယ်။ သည်အလုပ်က အသက်ကြီးလာပြီဆိုရင် အဆင်မပြေတော့ပါဘူး။ဆယ်ကျော်သက်အရွယ်၊ ၂၀ ကျော်အရွယ်ဆို ရင်လူစိတ်ဝင်စားသေးတယ်။ သည်နေရာတွေမှာ ကျင်လည်လို့ရပါတယ်။ ဒါပေမဲ့ အသက်ကြီး ကြီး ရုပ်မလှတဲ့လူဆိုရင် စိတ်မဝင်စားကြတော့ဘူးလို့ ပြောပါတယ်။ နေရာပြောင်းရတယ်။ အများဆုံးက ကားမှတ်တိုင်လို နေရာတွေမှာပဲ ကျင်လည်ရတော့တယ်။
သူတို့တွေမှာအချစ်တွေရှိပါတယ်။ ဒါပေမဲ့ သည်အလုပ်ကြောင့် လွတ်လွတ်လပ်လပ် မချစ်ကြရဘူးလို့ ပြောပါတယ်။ သည်အလုပ်တွေကို လုပ်နေကြတာ အိမ်က သိကြတဲ့လူတချို့ လည်းရှိကြတယ်။ မသိကြတဲ့လူတချို့လည်းရှိကြတယ်။ အိမ်ကသိကြတဲ့ လူတချို့ဆို ရင်ပိုက်ဆံ ရလွယ်တာကြောင့် ခွင့်ပြုထားရတယ်လို့ ပြောပါတယ်။
အိမ်ဖြစ်ဖြစ်၊ အဆောင်ဖြစ်ဖြစ်ပြန်ပြီဆိုရင် အနည်းဆုံး ည ၂းဝဝ နာရီ ကလပ်ပိတ်ချိန်ပါ။ ကလပ်ဖွင့်ချိန်ဆိုရင် သူတို့တွေ ပုံမှန်လာတတ်ကြပေမဲ့ ပိတ်ချိန်အပြန်ဆိုရင် မမှန်ကြပါဘူး။
လူပေါင်းစုံနဲ့ တွေ့ဖူးတယ်။ အသက် ကြီးကြီးလူကြီးတွေနဲ့ တွေ့ခဲ့ရင် အားနာမိတယ်လို့ ပြောပါတယ်။ စကားများတယ်။ ရစ်ကြတယ်။ တချို့ဆိုရင် ကဗျာဆန်ဆန် စကားတွေပြော တတ်ကြပြီး ပိုက်ဆံပိုပေးတတ်ကြတယ်လို့ ပြောပါတယ်။ လူမဆန်တဲ့ လူမျိုးတွေနဲ့လည်း ကြံုဖူးတယ်လို့ ပြောပါတယ်။
'အဲဒီအခါကျရင် ကိုယ့်ဆီကတောင် ပိုက်ဆံပြန်ပေးရတယ်၊ မပေးဘူးဆိုရင် သတ်ပစ်မှာ ကြောက်တယ်လေ'လို့ မစံမဒီက ပြောပါတယ်။
သူတို့တွေအကုန်လုံးက သည်နေရာမှာ သည်အလုပ်ကိုစိတ်ပါလို့ လှုပ်ရှားရုန်းကန်နေကြ သူတွေမဟုတ်ကြပါဘူး။ မိသားစုစီးပွားရေးအဆင်မပြေကြလို့သာရောက်လာခဲ့ကြတာဖြစ်တယ်။
'နောင်တစ်ချိန်မှာ ကောင်းရောင်းကောင်းဝယ်လုပ်စားချင်တယ်၊ ဒါကို ရေရှည်မလုပ်ပါ ဘူး အစ်ကို' လို့ မဇင်မင်းက ပြောပါတယ်။
အဲသည့်အချိန်မှာပဲ စပွန်ဆာပေးထားတဲ့ အကျႌယူနီဖောင်းကို ဝတ်ထားတဲ့ ဝိတ်တာ တစ်ယောက်က မဇင်မင်းအနားကို လျှောက်လာခဲ့ပြီး တိုးတိုးကလေးပြောလိုက်ပါတယ်။ မဇင်မင်း က ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ရှေ့မှာ အသင့်ချပေးထားတဲ့ အအေးဘူးနဲ့ ဆေးလိပ် တစ်လိပ်ကိုယူလိုက်ပြီး ရွယ်တူသူငယ်ချင်းတွေရှိတဲ့ ဝိုင်းဘက်ကို ထထွက်သွားပါတယ်။
မဇင်မင်းတစ်ယောက် သည်မှာဆက်ပြီး ကျင်လည်နေရဦးမှာပါ။ သူ့ဘဝမှာ အနာဂတ် ဆိုတာ ဝေဝါးနေဆဲ၊ ရည်မှန်းချက်ပျောက်ကွယ်နေဆဲ။ သူ့အနေနဲ့ သည် နေရာသည်ဒေသက ကျင့်သားရနေပြီ။ မှောင်မည်းနေတဲ့နေရာဆိုပေမဲ့ သူတို့အတွက် အလင်းရောင်ဖြစ်နေပါတယ်။ အဲသည်လိုနဲ့ပဲ အမှောင်ရိပ်ထဲမှာ ထိုင်နေကြတဲ့ သူငယ်ချင်းတွေဆီကိုတရွေ့ရွေ့ လျှောက် သွားရင်း ပျောက်ကွယ်သွားပါတယ်။
author ကျော်စွာဝင်း

Kumudra





No comments:

Post a Comment