Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၇)

အဆိပ္ေတာင့္ကိုက္လ္ုိက္ေသာ္လည္း မေသပဲ ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနရသည္။ သတိျပန္ရ လာေသာအခါ အိမ္မက္လိုလို တကယ္လိုလို ထင္ေယာင္ထင္မွား ျဖစ္ေနသည္။ အိမ္မက္ ဟုတ္ မဟုတ္ ကြ်န္မေပါင္ကို ဆြဲဆိတ္ၾကည့္သည္။ အသက္ရွင္ေနေသးတာပဲဟု အသိစိတ္ ဝင္လာၿပီး ထိတ္လန္႔သြားသည္။ ဘာေၾကာင့္မေသတာလဲ။ ပါးစပ္တြင္း ဝင္သြားေသာ ေဆးပမာဏနည္းသည့္ အတြက္ ျဖစ္ႏိုင္သည္။ ေသအံ့မူးမူး အေျခအေနသို႔ ေရာက္ခဲ့သည္။ သို႔ေသာ္ မေသခဲ့။

အသက္ရွင္ေနသည့္အတြက္ ကြ်န္မ အေတာ္ စိတ္ညစ္သြားသည္။ ယခုမွ ဒုကၡအေပါင္း စေတာ့မည္။ သူနာျပဳ တစ္ေယာက္၏ အိတ္ထဲ၌ ကတ္ေၾကးတစ္လက္ကို ကြ်န္မ သတိျပဳမိသည္။ ထိုကတ္ေၾကးျဖင့္ ကြ်န္မ၏ လည္ပင္းေသြးေၾကာက္ုိ ထိုးစိုက္ခ်လိုက္လွ်င္ တစ္ခ်က္တည္းႏွင့္ ေသႏိုင္သည္။ သို႔ေသာ္ ကတ္ေၾကးကို လုယူရန္ အင္အားမရွိသည့္အျပင္ ကြ်န္မ ေျခလက္မ်ားကို တုပ္ေႏွာင္ထားသျဖင့္ လႈပ္လို႔မရ။

ခႏၶာကိုယ္တြင္ တပ္ဆင္ထားေသာ ႀကိဳးမ်ားကို တတ္ႏိုင္သမွ် ျဖဳတ္ပစ္ၿပီး ကိုယ့္လွ်ာကိုယ္ ကိုက္္ၿပီး ေသေၾကာင္းႀကံစည္ရန္ ႀကိဳးစားၾကည့္သည္။ သူနာျပဳမ်ားက ခ်က္ခ်င္း ပိုက္မ်ားကို ျပန္တပ္ၿပီး ပါးစပ္အတြင္း အဝတ္စထည့္ကာ ပလစတာျဖင့္ ကပ္ထားလိုက္သည္။

အသက္ေအာင့္ၿပီး အဆံုးစီရင္ရန္ ႀကိဳးစားေသာ္လည္း ကြ်န္မ၏ အသိစိတ္က လက္မခံသျဖင့္ လက္ေလ်ာ့ လိုက္ရေတာ့သည္။ ကြ်န္မကိုယ္ကြ်န္မ သတ္မေသ ႏိုင္သည့္အတြက္လည္း ေဒါသထြက္မိသည္။

ကင္ဆံုအီ အသက္ရွင္ေသးလားဟု သိခ်င္မိသည္။ အဆိပ္ေတာင့္ကို ကိုက္ခဲ့သည္ ဆိုပါက ေသဖို႔မ်ားသည္။ ဆိုက္ယာႏိုက္ေၾကာင့္ မေသလည္း သူ ႀကံဳရေသာ ဒုကၡမ်ားက သူ႔အား ေသရြာသို႔ ပို႔လိုက္မည္က ေသခ်ာသည္။

ကြြ်န္မ သတိေကာင္းေကာင္း ရလာသည့္အခါ တစ္ကိုယ္လံုး နာက်င္ကိုက္ခဲေနသည္။ ညာဖက္ ဒူးေခါင္းသည္ ျပင္းျပင္းထန္ထန္ နာက်င္ေနသည္။ ဒူးေခါင္းကို လႈပ္ရွားတိုင္း ေသမတက္ နာက်က္သည္။ ပါးစပ္တစ္ခုလံုးလည္း အဖုအပိန္႔မ်ားႏွင့္ ျပည့္ေနသည္။ အဆိပ္က ေလာင္ကြ်မ္းထားျခင္း ျဖစ္သည္။ လွ်ာတစ္ခုလံုးလည္း ေယာင္ကိုင္းလ်က္ အစာပင္ မ်ဴ ိ၍မရ။

အိပ္ေပ်ာ္သြားတိုင္းလည္း အိပ္မက္ဆိုးမ်ား မက္သည္။ ပ်ံသန္းမႈ အမွတ္ ၈၅၈ အေပၚတြင္ ေရာက္ေနသည္ဟု မက္လိုမက္ႏွင့္ ငရဲက်ေနသကဲ့သို႔ ခံစားရသည္။ မၾကာခဏ အိပ္ရာမွ လန္႔ႏိုးသည္။ လန္႔ႏိုးတိုင္း ရဲေမ ိသု႔ိမဟုတ္ သူနာျပဳ တစ္ေယာက္ အၿမဲရွိေနသည္။

အာဖရိကတိုက္သား သူနာျပဳသည္ ကြ်န္မအား မ်က္ႏွာသစ္ေပးသည္။ ဆံပင္ကို ဂရုတစိုက္ ၿဖိီးေပးသည္။ ယင္းသို႔ ျပဳစုမႈေၾကာင့္ သူ႔တို႔အေပၚ ထားရွိေသာ ကြ်န္မ၏ သံသယႏွင့္ ေဒါသတို႔ ပ်က္ျပယ္စျပဳလာသည္။ သူမက ကြ်န္မ၏ လက္ကို ဖမ္းဆုပ္ထားရင္း "မီယူမီ တို႔ဟာ မင္းရဲ႕မိတ္ေဆြ ေတြပါ။ ဒါကို ယံုေစခ်င္တယ္"

သူမ အခန္းထဲမွ ထြက္သြားေသာအခါ သပ္ရပ္စြာ ဝတ္စားထားသူ ႏွစ္ဦး ဝင္လာသည္။ ကြ်န္မက အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။

"မ်က္လံုး ဖြင့္လိုက္စမ္းပါ။ မင္းႏိုးေနတယ္ဆိုတာ ငါတို႔ သိပါတယ္"

ကိုးရီးယားဘာသာစကားျဖင့္ ေျပာဆိုလာျခင္း ျဖစ္သည္။ ကြ်န္မ လန္႔သြားသည္။ မ်က္လံုး ဖြင့္ၾကည့္ေတာ့မလ္ုိ ျဖစ္သြားေသာ္လည္း ဇြတ္မွိတ္ထားသည္။ ကြ်န္မ အလ်င္အျမန္ စဥ္းစားသည္။ ကြ်န္မ မည္သည့္ႏိုင္ငံသား ျဖစ္သည္ကို ဝန္ခံ၍မျဖစ္။ သူတို႔ အႀကိမ္ႀကိမ္ ႀကိဳးစားေသာ္လည္း ကြ်န္မက မ်က္လံုးကို ဆက္မွိတ္ထားသည္။

ထိုစဥ္ တစ္ေယာက္က ဂ်ပန္စကားျဖင့္ ေျပာလာသျဖင့္ ကြ်န္မ မ်က္လံုးဖြင့္ၾကည့္သည္။ ႏွစ္ေယာက္အနက္ တစ္ေယာက္မွာ ဂ်ပန္ျဖစ္သည္။ ကြ်န္မတို႔အား ေလဆိပ္တြင္ ဖမ္းဆီးသူျဖစ္သည္။ က်န္တစ္ေယာက္မွာ ကိုးရီးယားလူမ်ဴ ိးျဖစ္သည္။ ဟိုတယ္ခန္းသို႔ လာေရာက္ၿပီး ကင္ဆံုအီအား ေမးျမန္းသူ ျဖစ္သည္။ ဂ်ပန္ဘာသာျဖင့္ ေမးလာေသာ ေမးခြန္းမ်ားကိုသာ ကြ်န္မေျဖသည္။ သို႔ေသာ္ ၾကာလာသည့္အခါ ေဒါသထြက္လာၿပီး ေနာက္ဆံုး လက္ေလွ်ာ့ၿပီး ႏွစ္ေယာက္စလံုး အျပင္ ျပန္ထြက္သြားသည္။

လက္ရွိအက်ပ္အတည္းမွ ထြက္ေပါက္ကို ကြ်န္မ ရွာရမည္။ ကိုယ္ကိုကိုယ္ သတ္ေသရန္ အခြင့္အေရးကို ေစာင့္ရမည္။ သတ္မေသႏိုင္မီ သူတို႔အား မည္မွ် အထိ အသိေပးရမည္ကို စဥ္းစားထားရန္ လိုအပ္သည္။ အေရးႀကီးဆံုးမွာ ကိုးရီယားဘာသာျဖင့္ မေျပာမိေစရန္ ျဖစ္သည္။ ကြ်န္မ ေမ့ေျမာေနစဥ္ ကိုးရီးယားဘာသာျဖင့္ ကေယာင္ကတမ္း ေျပာမိသည္မ်ား ရွိပံုမေပၚ။ သူတို႔ ယခုခ်ိန္အထိ ကြ်န္မသည္ မည္သည့္လူမ်ဴ ိး ျဖစ္သည္ကို သူတို႔ မသတ္မွတ္ႏိုင္ၾကေသး။

တရုတ္သို႔မဟုတ္ ဂ်ပန္အျဖစ္သာ ဟန္ေဆာင္ရမည္။ ကြ်န္မ၏ ဂ်ပန္ႏိုင္ငံကူး လတ္မွတ္ အတုျဖစ္ေၾကာင္း သူတို႔သိသြားၿပီ။ ေသဆံုးသြားေသာ ကင္ဆံုအီႏွင့္ ကြ်န္မ မည္သုိ႔ ေတာ္စပ္သည္ကို ေသခ်ာေပါက္ ေမးျမန္းလာမည္။

ကြ်န္မအား ဂ်ပန္ႏိုင္ငံသားဟု ယူဆပါက ဂ်ပန္သို႔ လႊဲေျပာင္းေပးလိုက္ႏိုင္သည္။ ေျမာက္ကိုရီးယား ဝါဒျဖန္႔ခ်က္မ်ားအရ ဂ်ပန္ရဲမ်ားသည္ လြန္စြာ ရက္စက္သူမ်ား ျဖစ္သည္။ တရားခံမ်ားအား ရိုက္ႏွက္ ၫွင္းပန္းေလ့ရွိသည္။ အထူးသျဖင့္ ကိုးရီးယား
လူမ်ဴ ိးမ်ားကို အရသာခံ ႏွိပ္စက္ေလ့ရွိသည္ဟု ဆိုသည္။ ေတာင္ကိုရီးသားသို႔ ေရာက္သြားသည္ထက္စာလွ်င္ ေတာ္ေပဦးမည္။ ေတာင္ကိုရီးယား ရဲမ်ားသည္ မ်က္လံုးမ်ားကို ေဖာက္ထုတ္ျခင္း သြားမ်ားကို ရိုက္ခြ်တ္ျခင္း လက္သဲခြံခြာျခင္းတို႔ လုပ္သည္ဟု ေျမာက္ကိုရီးယား သတင္းစာတြင္ ေဖာ္ျပဖူးသည္။

ကြ်န္မအား တရုတ္ႏိုင္ငံသားဟု သူတို႔ယူဆလွ်င္ ကြ်န္မကို တရုတ္သုိ႔ လႊဲေပးႏိုင္သည္။ တရုတ္ႏိုင္ငံသို႔ ေရာက္သြားလွ်င္ ေျမာက္ကိုရီးယားသ္ု႔ိ ျပန္ေရာက္္ရန္ အခြင့္အလမ္းပိုမ်ားသည္။ တရုတ္ႏွင့္ ေျမာက္ကိုရီးယားတို႔သည္ နယ္နမိတ္ခ်င္း ထိစပ္ေနၿပီး ခ်စ္ၾကည္ရင္းႏွီးေသာ ႏိုင္ငံမ်ားျဖစ္သည္။ ယခုအခ်ိန္ထိ ေလယာဥ္ဗံုးေပါက္မႈႏွင့္ ပတ္သတ္ေနေသာ အေထာက္အထား တစ္စံုတရာမွ် သူတို႔ထံတြင္ မရွိေသးေပ။ ကြ်န္မ ထုတ္ေဖာ္ဝန္မခံသေရြ႕ ကြ်န္မတြင္ ေမွ်ာ္လင့္ခ်က္ ရွိေသးသည္။ တရုတ္ျပည္တြင္လည္း ေနခဲ့ဖူးသျဖင့္ ေလာေလာဆယ္တြင္ တရုတ္ႏိုင္ငံသားဟု ထင္မွတ္ေစရန္ ေနထိုင္ခဲ့စဥ္က အခ်က္အလက္မ်ားကို ကြ်န္မ အသံုးျပဳရန္ စိတ္ကူးသည္။

ကြ်န္မ၏ က်န္းမာေရး အေျခအေနမွာ တစ္ေန႔တျခား ေကာင္းမြန္လာသည္။ ေဆးရံုဝတ္ အျပာေရာင္ကို ဝတ္ဆင္ေပးထားၿပီး ဘီးတပ္ကုလားထိုင္ျဖင့္ သြားလာသည့္အခါ လက္ကို ကုလားထိုင္ႏွင့္ တြဲၿပီး လက္ထိပ္ခတ္ထားသည္။ အၿမဲတမ္း ေစာင့္ၾကည့္သူ တစ္ေယာက္ေတာ့ ရွိေနသည္။ အျပင္တြင္ လက္နက္ကိုင္ အေစာင့္မ်ား ၂၄ နာရီခ်ထားသည္။ မၾကာခင္ စစ္ေဆးမႈစတင္လာမည္ကို အလိုလို သိေနသည္။

ရက္အတန္ၾကာသည့္အခါ (မည္မွ်ၾကာသည္ကိုေတာ့ မသိေတာ့) ကြ်န္မအား ဝွီးခ်ဲျဖင့္ အျပင္သို႔ ေခၚသြားသည္။ ေဆးရံုအျပင္တြင္ ရဲကားေစာင့္ေနသည္။ ျပင္ပရႈခင္းသည္ သာယာေနသည္။ ေနသာေသာေန႔တစ္ေန႔ ျဖစ္ၿပီး ေနေရာင္ေၾကာင္း မ်က္လံုး က်ိန္းစပ္ေနသျဖင့္ ရုတ္တရတ္ မဖြင့္ႏိုင္။ အဖမ္းခံရေသာ ေန႔ကတည္းက ေနေရာင္ကို ပထမဆံုး ျပန္ျမင္ခြင့္ရေသာေန႔ ျဖစ္သည္။

ရဲကားသည္ ၿမိဳ႕ျပဆင္ေျခဖံုးက္ုိ လြန္လာသည့္အခါ သီးျခား လမ္းသြယ္သို႔ေရာက္သည္။ ၿခံစည္းရိုး ကာထားၿပီး လက္နက္ကိုင္အေစာင့္မ်ား ခ်ထားသည့္ ရဲစခန္းတစ္ခုသို႔ ေရာက္သည္။ ကြ်န္မအား အခန္းငယ္ တစ္ခုသို႔ ေခၚသြားသည္။ အခန္းထဲတြင္ သံကုတင္ တစ္လံုးႏွင့္ စားပြဲတစ္လံုး ရွိသည္။ကြ်န္မအား ခုတင္ေပၚတြင္ လွဲေနေစၿပီး ခုတင္ႏွင့္ တြဲလ်က္ လက္ထိပ္ခက္ထားသည္။ ခဏအၾကာတြင္ ေရႊေရာင္ဆံပင္ႏွင့္ အေနာက္ႏိုင္ငံသားႏွစ္ဦး ေရာက္လာသည္။ တစ္ေယာက္မွာ အမ်ဴ ိသား ေနာက္တစ္ေယာက္မွာ အမ်ဴ ိးသမီး ႏွစ္ေယာက္စလံုး မ်က္လံုးအျပာေရာင္ ပိုင္ရွင္မ်ား ျဖစ္သည္။ သူတို႔က ကြ်န္မကို ေစ့ေစ့ၾကည့္သည္။ မလိုတမာအၾကည့္မ်ဴ ိး မဟုတ္ စူးစမ္းေသာအၾကည့္ျဖစ္သည္။ အမ်ဴ ိးသားက ေအးေဆးပီသေသာ အဂၤလိပ္ျဖင့္

"ကြ်န္ေတာ္နာမည္က အီယန္ ဟန္ဒါဆန္ ပါ။ သူကေတာ့ ကြ်န္ေတာ့္ဇနီး မာရီယာ ျဖစ္ပါတယ္။ ကြ်န္ေတာ္ဟာ ဘာရိန္းရဲတပ္ဖြဲ႕ကပါ။"

ကြ်န္မ၏ က်န္းမာေရး အေျခအေန စသည္ကို ဟန္ဒါဆင္က ေမးသည္။ သူ႔ဇနီးက ကြ်န္မကို စိုက္ ၾကည့္ေနသည္။ သူမအၾကည့္တြင္ ကြ်န္မ အရည္ေပ်ာ္သြားသည္ ထင္သည္။ ကြ်န္မ ငိုယိုသည့္အခါ သူမ၏ လက္ကိုင္ပုဝါျဖင့္ မ်က္ရည္ သုတ္ေပးသည္။ ကြ်န္မါးကို နမ္းလ်က္ "အဆင္ေျပသြားမွာပါ။ မပူနဲ႔" ဟု ေျပာၿပီး အနီးရွိ သူနာျပဳႏွစ္ေယာက္အား လက္ျပလိုက္သည္။ သူနာျပဳက ကြ်န္မ၏ ေဆးရံုအဝတ္အစား အျပာေရာင္ ညဝတ္အက်ီ ၤက္ို ဝတ္ေပးသည္။

သူက သိပ္လွတာပဲဟု သူနာျပဳ အခ်င္းခ်င္း ေျပာသံ ၾကားလိုက္ရသည္။ သူတို႔သည္ ကြ်န္မအား
အခ်ဴ ိသတ္ၿပီး ဟန္ေဆာင္ေနၾကသည္။ တစ္ဆင့္ တက္ၿပီး ကြ်န္မ၏ ဝန္ခံခ်က္ကို ယူၾကမည္ ထင္သည္။ ကြ်န္မကလည္း လံုးဝ အေလ်ာ့ေပးလိမ့္မည္ မဟုတ္။ သႏိၷ႒ာန္ခ်ထားၿပီးသား ျဖစ္သည္။

ကြ်န္မ၏ အေတြးကို သိေနသည့္အလား ဟန္ဒါဆင္က "ခင္ဗ်ား ကြ်န္္ေတာ္တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖ္ု႔ိ လိုတယ္။ ခင္ဗ်ားက စကားတစ္လံုးမွ မေျပာေတာ့ ကြ်န္ေတာ့္အစိုးရက ေတာ္ေတာ္ေလး စိတ္ပ်က္ေနတယ္"

သူ႔စကားထဲတြင္ ၿခိမ္းေျခာက္မႈ ေလသံပါေနသည္။ ကြ်န္မက "ရဲခ်ဴ ပ္က ဘာေျပာေစခ်င္တာလဲ" ခပ္မာမာ ျပန္ေမးလိုက္သည္။

သူ႔မ်က္ႏွာ ညိဳ မည္းသြားၿပီး စိတ္ပ်က္ေသာေလသံျဖင့္ "မနက္ျဖန္က်ရင္ ထပ္ေတြ႕မယ္။ ငါေျပာတာကို ေကာင္းေကာင္းစဥ္းစားထား"

ဆက္ရန္

စကားခ်ပ္။ မနက္ျဖန္တင္မယ့္ အပိုင္း ၂၈ မွာ သူ႔ရဲ႕ ဘာသာေရးအေပၚထင္ျမင္ခ်က္ေလး တစ္ခုပါေနလို႔ တကယ္လို႔ အမွားပါခဲ့ရင္ ခြင့္လႊတ္ေပးဖို႔ ႀကိဳတင္ေတာင္းဆိုပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ေျမာက္ကိုရီးယားဟာ ဘာသာေရး ကိုးကြယ္မႈကို ခြင့္မျပဳထားပဲ ေခါင္းေဆာင္ကိုးကြယ္မႈကို ငယ္စဥ္ကတည္းက ရိုက္သြင္းထားတဲ့ အတြက္ မကၠာဘက္ကို လွည့္ၿပီး ဝတ္ျပဳေနတဲ့ သူနာျပဳဳအေပၚ သူ႔ရဲ႕ အေတြးနဲ႔ ထင္ျမင္ခ်က္က တမ်ဴ ိးတမည္ ထင္ေနမွာစိုးလို႔ ႀကိဳေျပာထားရတာပါ
Swam Htet‎
January 20 ,2016
..................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၇

အဆိပ်တောင့်ကိုက်လ်ုိက်သော်လည်း မသေပဲ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ သတိပြန်ရ လာသောအခါ အိမ်မက်လိုလို တကယ်လိုလို ထင်ယောင်ထင်မှား ဖြစ်နေသည်။ အိမ်မက် ဟုတ် မဟုတ် ကျွန်မပေါင်ကို ဆွဲဆိတ်ကြည့်သည်။ အသက်ရှင်နေသေးတာပဲဟု အသိစိတ် ဝင်လာပြီး ထိတ်လန့်သွားသည်။ ဘာကြောင့်မသေတာလဲ။ ပါးစပ်တွင်း ဝင်သွားသော ဆေးပမာဏနည်းသည့် အတွက် ဖြစ်နိုင်သည်။ သေအံ့မူးမူး အခြေအနေသို့ ရောက်ခဲ့သည်။ သို့သော် မသေခဲ့။

အသက်ရှင်နေသည့်အတွက် ကျွန်မ အတော် စိတ်ညစ်သွားသည်။ ယခုမှ ဒုက္ခအပေါင်း စတော့မည်။ သူနာပြု တစ်ယောက်၏ အိတ်ထဲ၌ ကတ်ကြေးတစ်လက်ကို ကျွန်မ သတိပြုမိသည်။ ထိုကတ်ကြေးဖြင့် ကျွန်မ၏ လည်ပင်းသွေးကြောက်ုိ ထိုးစိုက်ချလိုက်လျှင် တစ်ချက်တည်းနှင့် သေနိုင်သည်။ သို့သော် ကတ်ကြေးကို လုယူရန် အင်အားမရှိသည့်အပြင် ကျွန်မ ခြေလက်များကို တုပ်နှောင်ထားသဖြင့် လှုပ်လို့မရ။

ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော ကြိုးများကို တတ်နိုင်သမျှ ဖြုတ်ပစ်ပြီး ကိုယ့်လျှာကိုယ် ကိုက််ပြီး သေကြောင်းကြံစည်ရန် ကြိုးစားကြည့်သည်။ သူနာပြုများက ချက်ချင်း ပိုက်များကို ပြန်တပ်ပြီး ပါးစပ်အတွင်း အဝတ်စထည့်ကာ ပလစတာဖြင့် ကပ်ထားလိုက်သည်။

အသက်အောင့်ပြီး အဆုံးစီရင်ရန် ကြိုးစားသော်လည်း ကျွန်မ၏ အသိစိတ်က လက်မခံသဖြင့် လက်လျော့ လိုက်ရတော့သည်။ ကျွန်မကိုယ်ကျွန်မ သတ်မသေ နိုင်သည့်အတွက်လည်း ဒေါသထွက်မိသည်။

ကင်ဆုံအီ အသက်ရှင်သေးလားဟု သိချင်မိသည်။ အဆိပ်တောင့်ကို ကိုက်ခဲ့သည် ဆိုပါက သေဖို့များသည်။ ဆိုက်ယာနိုက်ကြောင့် မသေလည်း သူ ကြုံရသော ဒုက္ခများက သူ့အား သေရွာသို့ ပို့လိုက်မည်က သေချာသည်။

ကွျွန်မ သတိကောင်းကောင်း ရလာသည့်အခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ညာဖက် ဒူးခေါင်းသည် ပြင်းပြင်းထန်ထန် နာကျင်နေသည်။ ဒူးခေါင်းကို လှုပ်ရှားတိုင်း သေမတက် နာကျက်သည်။ ပါးစပ်တစ်ခုလုံးလည်း အဖုအပိန့်များနှင့် ပြည့်နေသည်။ အဆိပ်က လောင်ကျွမ်းထားခြင်း ဖြစ်သည်။ လျှာတစ်ခုလုံးလည်း ယောင်ကိုင်းလျက် အစာပင် မျူ ိ၍မရ။

အိပ်ပျော်သွားတိုင်းလည်း အိပ်မက်ဆိုးများ မက်သည်။ ပျံသန်းမှု အမှတ် ၈၅၈ အပေါ်တွင် ရောက်နေသည်ဟု မက်လိုမက်နှင့် ငရဲကျနေသကဲ့သို့ ခံစားရသည်။ မကြာခဏ အိပ်ရာမှ လန့်နိုးသည်။ လန့်နိုးတိုင်း ရဲမေ ိသို့မဟုတ် သူနာပြု တစ်ယောက် အမြဲရှိနေသည်။

အာဖရိကတိုက်သား သူနာပြုသည် ကျွန်မအား မျက်နှာသစ်ပေးသည်။ ဆံပင်ကို ဂရုတစိုက် ဖြိီးပေးသည်။ ယင်းသို့ ပြုစုမှုကြောင့် သူ့တို့အပေါ် ထားရှိသော ကျွန်မ၏ သံသယနှင့် ဒေါသတို့ ပျက်ပြယ်စပြုလာသည်။ သူမက ကျွန်မ၏ လက်ကို ဖမ်းဆုပ်ထားရင်း "မီယူမီ တို့ဟာ မင်းရဲ့မိတ်ဆွေ တွေပါ။ ဒါကို ယုံစေချင်တယ်"

သူမ အခန်းထဲမှ ထွက်သွားသောအခါ သပ်ရပ်စွာ ဝတ်စားထားသူ နှစ်ဦး ဝင်လာသည်။ ကျွန်မက အိပ်ချင်ယောင်ဆောင်လိုက်သည်။

"မျက်လုံး ဖွင့်လိုက်စမ်းပါ။ မင်းနိုးနေတယ်ဆိုတာ ငါတို့ သိပါတယ်"

ကိုးရီးယားဘာသာစကားဖြင့် ပြောဆိုလာခြင်း ဖြစ်သည်။ ကျွန်မ လန့်သွားသည်။ မျက်လုံး ဖွင့်ကြည့်တော့မလ်ုိ ဖြစ်သွားသော်လည်း ဇွတ်မှိတ်ထားသည်။ ကျွန်မ အလျင်အမြန် စဉ်းစားသည်။ ကျွန်မ မည်သည့်နိုင်ငံသား ဖြစ်သည်ကို ဝန်ခံ၍မဖြစ်။ သူတို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း ကျွန်မက မျက်လုံးကို ဆက်မှိတ်ထားသည်။

ထိုစဉ် တစ်ယောက်က ဂျပန်စကားဖြင့် ပြောလာသဖြင့် ကျွန်မ မျက်လုံးဖွင့်ကြည့်သည်။ နှစ်ယောက်အနက် တစ်ယောက်မှာ ဂျပန်ဖြစ်သည်။ ကျွန်မတို့အား လေဆိပ်တွင် ဖမ်းဆီးသူဖြစ်သည်။ ကျန်တစ်ယောက်မှာ ကိုးရီးယားလူမျူ ိးဖြစ်သည်။ ဟိုတယ်ခန်းသို့ လာရောက်ပြီး ကင်ဆုံအီအား မေးမြန်းသူ ဖြစ်သည်။ ဂျပန်ဘာသာဖြင့် မေးလာသော မေးခွန်းများကိုသာ ကျွန်မဖြေသည်။ သို့သော် ကြာလာသည့်အခါ ဒေါသထွက်လာပြီး နောက်ဆုံး လက်လျှော့ပြီး နှစ်ယောက်စလုံး အပြင် ပြန်ထွက်သွားသည်။

လက်ရှိအကျပ်အတည်းမှ ထွက်ပေါက်ကို ကျွန်မ ရှာရမည်။ ကိုယ်ကိုကိုယ် သတ်သေရန် အခွင့်အရေးကို စောင့်ရမည်။ သတ်မသေနိုင်မီ သူတို့အား မည်မျှ အထိ အသိပေးရမည်ကို စဉ်းစားထားရန် လိုအပ်သည်။ အရေးကြီးဆုံးမှာ ကိုးရီယားဘာသာဖြင့် မပြောမိစေရန် ဖြစ်သည်။ ကျွန်မ မေ့မြောနေစဉ် ကိုးရီးယားဘာသာဖြင့် ကယောင်ကတမ်း ပြောမိသည်များ ရှိပုံမပေါ်။ သူတို့ ယခုချိန်အထိ ကျွန်မသည် မည်သည့်လူမျူ ိး ဖြစ်သည်ကို သူတို့ မသတ်မှတ်နိုင်ကြသေး။

တရုတ်သို့မဟုတ် ဂျပန်အဖြစ်သာ ဟန်ဆောင်ရမည်။ ကျွန်မ၏ ဂျပန်နိုင်ငံကူး လတ်မှတ် အတုဖြစ်ကြောင်း သူတို့သိသွားပြီ။ သေဆုံးသွားသော ကင်ဆုံအီနှင့် ကျွန်မ မည်သို့ တော်စပ်သည်ကို သေချာပေါက် မေးမြန်းလာမည်။

ကျွန်မအား ဂျပန်နိုင်ငံသားဟု ယူဆပါက ဂျပန်သို့ လွှဲပြောင်းပေးလိုက်နိုင်သည်။ မြောက်ကိုရီးယား ဝါဒဖြန့်ချက်များအရ ဂျပန်ရဲများသည် လွန်စွာ ရက်စက်သူများ ဖြစ်သည်။ တရားခံများအား ရိုက်နှက် ညှင်းပန်းလေ့ရှိသည်။ အထူးသဖြင့် ကိုးရီးယား
လူမျူ ိးများကို အရသာခံ နှိပ်စက်လေ့ရှိသည်ဟု ဆိုသည်။ တောင်ကိုရီးသားသို့ ရောက်သွားသည်ထက်စာလျှင် တော်ပေဦးမည်။ တောင်ကိုရီးယား ရဲများသည် မျက်လုံးများကို ဖောက်ထုတ်ခြင်း သွားများကို ရိုက်ချွတ်ခြင်း လက်သဲခွံခွာခြင်းတို့ လုပ်သည်ဟု မြောက်ကိုရီးယား သတင်းစာတွင် ဖော်ပြဖူးသည်။

ကျွန်မအား တရုတ်နိုင်ငံသားဟု သူတို့ယူဆလျှင် ကျွန်မကို တရုတ်သို့ လွှဲပေးနိုင်သည်။ တရုတ်နိုင်ငံသို့ ရောက်သွားလျှင် မြောက်ကိုရီးယားသ်ု့ိ ပြန်ရောက််ရန် အခွင့်အလမ်းပိုများသည်။ တရုတ်နှင့် မြောက်ကိုရီးယားတို့သည် နယ်နမိတ်ချင်း ထိစပ်နေပြီး ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်သည်။ ယခုအချိန်ထိ လေယာဉ်ဗုံးပေါက်မှုနှင့် ပတ်သတ်နေသော အထောက်အထား တစ်စုံတရာမျှ သူတို့ထံတွင် မရှိသေးပေ။ ကျွန်မ ထုတ်ဖော်ဝန်မခံသရွေ့ ကျွန်မတွင် မျှော်လင့်ချက် ရှိသေးသည်။ တရုတ်ပြည်တွင်လည်း နေခဲ့ဖူးသဖြင့် လောလောဆယ်တွင် တရုတ်နိုင်ငံသားဟု ထင်မှတ်စေရန် နေထိုင်ခဲ့စဉ်က အချက်အလက်များကို ကျွန်မ အသုံးပြုရန် စိတ်ကူးသည်။

ကျွန်မ၏ ကျန်းမာရေး အခြေအနေမှာ တစ်နေ့တခြား ကောင်းမွန်လာသည်။ ဆေးရုံဝတ် အပြာရောင်ကို ဝတ်ဆင်ပေးထားပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာသည့်အခါ လက်ကို ကုလားထိုင်နှင့် တွဲပြီး လက်ထိပ်ခတ်ထားသည်။ အမြဲတမ်း စောင့်ကြည့်သူ တစ်ယောက်တော့ ရှိနေသည်။ အပြင်တွင် လက်နက်ကိုင် အစောင့်များ ၂၄ နာရီချထားသည်။ မကြာခင် စစ်ဆေးမှုစတင်လာမည်ကို အလိုလို သိနေသည်။

ရက်အတန်ကြာသည့်အခါ (မည်မျှကြာသည်ကိုတော့ မသိတော့) ကျွန်မအား ဝှီးချဲဖြင့် အပြင်သို့ ခေါ်သွားသည်။ ဆေးရုံအပြင်တွင် ရဲကားစောင့်နေသည်။ ပြင်ပရှုခင်းသည် သာယာနေသည်။ နေသာသောနေ့တစ်နေ့ ဖြစ်ပြီး နေရောင်ကြောင်း မျက်လုံး ကျိန်းစပ်နေသဖြင့် ရုတ်တရတ် မဖွင့်နိုင်။ အဖမ်းခံရသော နေ့ကတည်းက နေရောင်ကို ပထမဆုံး ပြန်မြင်ခွင့်ရသောနေ့ ဖြစ်သည်။

ရဲကားသည် မြို့ပြဆင်ခြေဖုံးက်ုိ လွန်လာသည့်အခါ သီးခြား လမ်းသွယ်သို့ရောက်သည်။ ခြံစည်းရိုး ကာထားပြီး လက်နက်ကိုင်အစောင့်များ ချထားသည့် ရဲစခန်းတစ်ခုသို့ ရောက်သည်။ ကျွန်မအား အခန်းငယ် တစ်ခုသို့ ခေါ်သွားသည်။ အခန်းထဲတွင် သံကုတင် တစ်လုံးနှင့် စားပွဲတစ်လုံး ရှိသည်။ကျွန်မအား ခုတင်ပေါ်တွင် လှဲနေစေပြီး ခုတင်နှင့် တွဲလျက် လက်ထိပ်ခက်ထားသည်။ ခဏအကြာတွင် ရွှေရောင်ဆံပင်နှင့် အနောက်နိုင်ငံသားနှစ်ဦး ရောက်လာသည်။ တစ်ယောက်မှာ အမျူ ိသား နောက်တစ်ယောက်မှာ အမျူ ိးသမီး နှစ်ယောက်စလုံး မျက်လုံးအပြာရောင် ပိုင်ရှင်များ ဖြစ်သည်။ သူတို့က ကျွန်မကို စေ့စေ့ကြည့်သည်။ မလိုတမာအကြည့်မျူ ိး မဟုတ် စူးစမ်းသောအကြည့်ဖြစ်သည်။ အမျူ ိးသားက အေးဆေးပီသသော အင်္ဂလိပ်ဖြင့်

"ကျွန်တော်နာမည်က အီယန် ဟန်ဒါဆန် ပါ။ သူကတော့ ကျွန်တော့်ဇနီး မာရီယာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဘာရိန်းရဲတပ်ဖွဲ့ကပါ။"

ကျွန်မ၏ ကျန်းမာရေး အခြေအနေ စသည်ကို ဟန်ဒါဆင်က မေးသည်။ သူ့ဇနီးက ကျွန်မကို စိုက် ကြည့်နေသည်။ သူမအကြည့်တွင် ကျွန်မ အရည်ပျော်သွားသည် ထင်သည်။ ကျွန်မ ငိုယိုသည့်အခါ သူမ၏ လက်ကိုင်ပုဝါဖြင့် မျက်ရည် သုတ်ပေးသည်။ ကျွန်မါးကို နမ်းလျက် "အဆင်ပြေသွားမှာပါ။ မပူနဲ့" ဟု ပြောပြီး အနီးရှိ သူနာပြုနှစ်ယောက်အား လက်ပြလိုက်သည်။ သူနာပြုက ကျွန်မ၏ ဆေးရုံအဝတ်အစား အပြာရောင် ညဝတ်အကျီ င်္က်ို ဝတ်ပေးသည်။

သူက သိပ်လှတာပဲဟု သူနာပြု အချင်းချင်း ပြောသံ ကြားလိုက်ရသည်။ သူတို့သည် ကျွန်မအား
အချူ ိသတ်ပြီး ဟန်ဆောင်နေကြသည်။ တစ်ဆင့် တက်ပြီး ကျွန်မ၏ ဝန်ခံချက်ကို ယူကြမည် ထင်သည်။ ကျွန်မကလည်း လုံးဝ အလျော့ပေးလိမ့်မည် မဟုတ်။ သန္နိဋ္ဌာန်ချထားပြီးသား ဖြစ်သည်။

ကျွန်မ၏ အတွေးကို သိနေသည့်အလား ဟန်ဒါဆင်က "ခင်ဗျား ကျွန််တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖ်ု့ိ လိုတယ်။ ခင်ဗျားက စကားတစ်လုံးမှ မပြောတော့ ကျွန်တော့်အစိုးရက တော်တော်လေး စိတ်ပျက်နေတယ်"

သူ့စကားထဲတွင် ခြိမ်းခြောက်မှု လေသံပါနေသည်။ ကျွန်မက "ရဲချူ ပ်က ဘာပြောစေချင်တာလဲ" ခပ်မာမာ ပြန်မေးလိုက်သည်။

သူ့မျက်နှာ ညို မည်းသွားပြီး စိတ်ပျက်သောလေသံဖြင့် "မနက်ဖြန်ကျရင် ထပ်တွေ့မယ်။ ငါပြောတာကို ကောင်းကောင်းစဉ်းစားထား"

ဆက်ရန်

စကားချပ်။ မနက်ဖြန်တင်မယ့် အပိုင်း ၂၈ မှာ သူ့ရဲ့ ဘာသာရေးအပေါ်ထင်မြင်ချက်လေး တစ်ခုပါနေလို့ တကယ်လို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးဖို့ ကြိုတင်တောင်းဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြောက်ကိုရီးယားဟာ ဘာသာရေး ကိုးကွယ်မှုကို ခွင့်မပြုထားပဲ ခေါင်းဆောင်ကိုးကွယ်မှုကို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက် မက္ကာဘက်ကို လှည့်ပြီး ဝတ်ပြုနေတဲ့ သူနာပြုုအပေါ် သူ့ရဲ့ အတွေးနဲ့ ထင်မြင်ချက်က တမျူ ိးတမည် ထင်နေမှာစိုးလို့ ကြိုပြောထားရတာပါ
Swam Htet‎
January 20 ,2016




No comments:

Post a Comment