- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္း က႑ မွာေတာ့ အခ်စ္ကားေလး တစ္ ကားကို ၫႊန္းေပးလိုက္ပါတယ္။
ကိုကိုးေမက ဆယ္တန္းကို ဂုဏ္ထူးသံုးဘာသာနဲ႔ ေအာင္ခဲ့ ေပမယ့္ သူဆယ္တန္းေအာင္တဲ့ ႏွစ္မွာ သူ႔အေဖ ဆံုးသြားတာ ေၾကာင့္ ေက်ာင္းဆက္မတက္ႏိုင္ ေတာ့ပါဘူး။ ႏွလံုးေရာဂါသည္ အေမကို ျပဳစုဖို႔နဲ႔ ညီမေလးကို ေက်ာင္းဆက္ထားဖို႔အတြက္ ကိုကိုးေမက ေန႔တိုင္းမနက္ကေန ညအထိ အလုပ္လုပ္ရပါ တယ္။ မနက္ပိုင္းဆို ပန္းလိုက္ေရာင္းၿပီး ေစ်းဆိုင္တစ္ဆိုင္မွာ တစ္ေန႔လံုး အလုပ္လုပ္ပါတယ္။ ညပိုင္းမွာ ေတာ့ ကေလးေတြကို က်ဴရွင္ျပ ပါတယ္။
ကိုကိုးေမကို သူ႔ညီမေလး က ကေလးအေတြးနဲ႔ သူေဌးတစ္ ေယာက္နဲ႔ အိမ္ေထာင္က်ေစခ်င္ ပါတယ္။ ကိုကိုးေမကို သူတုိ႔ရပ္ ကြက္ထဲက ေကာင္ေလး တစ္ ေယာက္က ရည္းစားစကား ေျပာ ထားပါတယ္။ ဒါေပမဲ့လည္းကိုယ့္ ၀မ္းစာအတြက္ ကိုယ္ရွာစားေန တဲ့ ကိုကိုးေမကေတာ့ အခ်စ္ကိစၥ ေတြကို မစဥ္းစားႏိုင္ဘူးလို႔ ျငင္း ထားပါတယ္။
တစ္ရက္မွာေတာ့ ပန္းေရာင္းျပန္လာတဲ့ ကိုကိုးေမ အေဒၚႀကီးတစ္ေယာက္နဲ႔ဆံုခဲ့ပါတယ္။ အေဒၚႀကီးက ကိုကိုးေမဆီကေန က်န္ေနတဲ့ ပန္းေတြကို ၀ယ္ၿပီး မူးလာတယ္ဆိုတာေၾကာင့္ ကိုကိုးေမက အဲဒီအေဒၚႀကီးကို အိမ္အထိ လိုက္ပို႔ခဲ့ရပါတယ္။ အဲဒီအေဒၚႀကီးက သူေဌးတစ္ေယာက္ရဲ႕ အိမ္ကအလုပ္သမားပါ။ ဒါေပမဲ့လည္း အဲဒီသူေဌးက အိမ္အလုပ္သမားလိုမဆက္ဆံဘဲ လိုက္ပို႔တဲ့ ကိုကိုးေမကို ေက်းဇူးတင္တယ္ဆိုၿပီး အိမ္အထိ ျပန္လိုက္ပို႔ပါတယ္။
သူေဌးရဲ႕နာမည္က ေကာင္း မုိးယံပါ။ တကယ္ေတာ့ ေကာင္း မုိးယံက ကိုကိုးေမကို အရင္က တည္းက ျမင္ဖူးထားတာပါ။ ကုိ ကိုးေမကို ျမင္ဖူးၿပီး စိတ္၀င္စား တာေၾကာင့္ ေကာင္းမိုးယံက ကို ကိုးေမနဲ႔နီးစပ္ေအာင္ ႀကံစည္ခဲ့ တာပါ။ အဲဒီအေၾကာင္းေတြကို ေတာ့ ကိုကိုးေမ မသိခဲ့ပါဘူး။ တစ္ရက္မွာေတာ့ ကိုကိုးေမရဲ႕ ညီ မေလးက ဆိုင္တစ္ဆိုင္ကို၀င္ရင္း ေရေမႊးပုလင္းက်ကြဲလို႔ ဆိုင္ရွင္ က အေလ်ာ္ေတာင္းခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႔အစ္မဆီကိုဖုန္း ဆက္ၿပီး ေျပာခဲ့ပါတယ္။ ညီမဆီ ကို စိတ္ပူလို႔သြားမယ့္ ကိုကိုးေမနဲ႔ ေကာင္းမိုးယံ ေတြ႕ခဲ့ၿပီး သူ႔ညီမ ေလးရဲ႕ အေၾကာင္းကို ေျပာျပခဲ့ တာေၾကာင့္ ေကာင္းမိုးယံက ေရ ေမႊးပုလင္းဖိုးကိုလည္း စိုက္ေလ်ာ္ ေပးခဲ့ပါတယ္။ ေကာင္းမိုးယံက ကိုကိုးေမကို ဘာေၾကာင့္ စိတ္၀င္ စားတာလဲ။ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းဘာဆက္ျဖစ္မလဲ ဆို တာကိုေတာ့ ေအာင္သီရိ ထုတ္ လုပ္ေရးကေန ျဖန္႔ခ်ိေပးထားတဲ့ ဒုတိယေျမာက္နံ႐ိုးဆိုတဲ့ ဇာတ္ ကားေလးမွာ ဆက္လက္ ႐ႈစား ေပးပါ။
ဒီဇာတ္ကားမွာ ေကာင္းမုိး ယံအျဖစ္ လူမင္း၊ ကိုကိုးေမအျဖစ္ သြန္းဆက္တို႔ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ လူညိဳေခ်ာရဲ႕ ၀တၳဳကို ေနစိုးေသာ္ဇာတ္ၫႊန္းေရးေပးထားၿပီး ဒါ႐ိုက္တာ သားႀကီးက ႐ိုက္ကူးပံုေဖာ္ထားပါတယ္။
7Daydaily
.....................
ဗီဒီယို အကြိုခံစားခြင်း
ဒုတိယမြောက် နံရိုး
On Sun, 2016-01-03 06:30Issue No.No.967 Sunday, January 3, 2016
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ အချစ်ကားလေး တစ် ကားကို ညွှန်းပေးလိုက်ပါတယ်။
ကိုကိုးမေက ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်ခဲ့ ပေမယ့် သူဆယ်တန်းအောင်တဲ့ နှစ်မှာ သူ့အဖေ ဆုံးသွားတာ ကြောင့် ကျောင်းဆက်မတက်နိုင် တော့ပါဘူး။ နှလုံးရောဂါသည် အမေကို ပြုစုဖို့နဲ့ ညီမလေးကို ကျောင်းဆက်ထားဖို့အတွက် ကိုကိုးမေက နေ့တိုင်းမနက်ကနေ ညအထိ အလုပ်လုပ်ရပါ တယ်။ မနက်ပိုင်းဆို ပန်းလိုက်ရောင်းပြီး စျေးဆိုင်တစ်ဆိုင်မှာ တစ်နေ့လုံး အလုပ်လုပ်ပါတယ်။ ညပိုင်းမှာ တော့ ကလေးတွေကို ကျူရှင်ပြ ပါတယ်။
ကိုကိုးမေကို သူ့ညီမလေး က ကလေးအတွေးနဲ့ သူဌေးတစ် ယောက်နဲ့ အိမ်ထောင်ကျစေချင် ပါတယ်။ ကိုကိုးမေကို သူတို့ရပ် ကွက်ထဲက ကောင်လေး တစ် ယောက်က ရည်းစားစကား ပြော ထားပါတယ်။ ဒါပေမဲ့လည်းကိုယ့် ၀မ်းစာအတွက် ကိုယ်ရှာစားနေ တဲ့ ကိုကိုးမေကတော့ အချစ်ကိစ္စ တွေကို မစဉ်းစားနိုင်ဘူးလို့ ငြင်း ထားပါတယ်။
တစ်ရက်မှာတော့ ပန်းရောင်းပြန်လာတဲ့ ကိုကိုးမေ အဒေါ်ကြီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ အဒေါ်ကြီးက ကိုကိုးမေဆီကနေ ကျန်နေတဲ့ ပန်းတွေကို ၀ယ်ပြီး မူးလာတယ်ဆိုတာကြောင့် ကိုကိုးမေက အဲဒီအဒေါ်ကြီးကို အိမ်အထိ လိုက်ပို့ခဲ့ရပါတယ်။ အဲဒီအဒေါ်ကြီးက သူဌေးတစ်ယောက်ရဲ့ အိမ်ကအလုပ်သမားပါ။ ဒါပေမဲ့လည်း အဲဒီသူဌေးက အိမ်အလုပ်သမားလိုမဆက်ဆံဘဲ လိုက်ပို့တဲ့ ကိုကိုးမေကို ကျေးဇူးတင်တယ်ဆိုပြီး အိမ်အထိ ပြန်လိုက်ပို့ပါတယ်။
သူဌေးရဲ့နာမည်က ကောင်း မိုးယံပါ။ တကယ်တော့ ကောင်း မိုးယံက ကိုကိုးမေကို အရင်က တည်းက မြင်ဖူးထားတာပါ။ ကို ကိုးမေကို မြင်ဖူးပြီး စိတ်ဝင်စား တာကြောင့် ကောင်းမိုးယံက ကို ကိုးမေနဲ့နီးစပ်အောင် ကြံစည်ခဲ့ တာပါ။ အဲဒီအကြောင်းတွေကို တော့ ကိုကိုးမေ မသိခဲ့ပါဘူး။ တစ်ရက်မှာတော့ ကိုကိုးမေရဲ့ ညီ မလေးက ဆိုင်တစ်ဆိုင်ကိုဝင်ရင်း ရေမွှေးပုလင်းကျကွဲလို့ ဆိုင်ရှင် က အလျော်တောင်းခဲ့ပါတယ်။ အဲဒါကြောင့် သူ့အစ်မဆီကိုဖုန်း ဆက်ပြီး ပြောခဲ့ပါတယ်။ ညီမဆီ ကို စိတ်ပူလို့သွားမယ့် ကိုကိုးမေနဲ့ ကောင်းမိုးယံ တွေ့ခဲ့ပြီး သူ့ညီမ လေးရဲ့ အကြောင်းကို ပြောပြခဲ့ တာကြောင့် ကောင်းမိုးယံက ရေ မွှေးပုလင်းဖိုးကိုလည်း စိုက်လျော် ပေးခဲ့ပါတယ်။ ကောင်းမိုးယံက ကိုကိုးမေကို ဘာကြောင့် စိတ်ဝင် စားတာလဲ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဘာဆက်ဖြစ်မလဲ ဆို တာကိုတော့ အောင်သီရိ ထုတ် လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ဒုတိယမြောက်နံရိုးဆိုတဲ့ ဇာတ် ကားလေးမှာ ဆက်လက် ရှုစား ပေးပါ။
ဒီဇာတ်ကားမှာ ကောင်းမိုး ယံအဖြစ် လူမင်း၊ ကိုကိုးမေအဖြစ် သွန်းဆက်တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ လူညိုချောရဲ့ ၀တ္ထုကို နေစိုးသော်ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ သားကြီးက ရိုက်ကူးပုံဖော်ထားပါတယ်။
7Daydaily
ဗီဒီယို အႀကိဳခံစားျခင္း ( ဒုတိယေျမာက္ နံ႐ိုး)- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္း က႑ မွာေတာ့ အခ်စ္ကားေလး တစ္ ကားကို ၫႊန္းေပးလိုက္ပါ...
Posted by Burmese Movieclips Trailers on Tuesday, 5 January 2016
No comments:
Post a Comment