CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 10, 2016
ၿငိမ္းခ်မ္းေရးညီလာခံဖြင့္ပြဲ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာမည္
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ က်င္းပတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ အဖြင့္မိန္႔ခြန္းေျပာမယ္လုိ႔ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီကေရာ၊ ျမန္မာၿငိမ္းခ်မ္းေရးစင္တာကပါ အတည္ျပဳ ေျပာဆိုပါတယ္။ သမၼတဦးသိန္းစိန္နဲ႔ စစ္ဘက္ ထိပ္တန္းေခါင္းေဆာင္ တဦးလည္း မိန္႔ခြန္းေျပာမယ့္ ဒီညီလာခံဟာ တႏုိင္္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ထိုးၿပီးတဲ့ေနာက္ပိုင္း ႏိုင္ငံေရးေဆြးေႏြးပြဲ ေတြအတြက္ ပထမဆံုးအႀကိမ္က်င္းပတဲ့ ညီလာခံလည္းျဖစ္ပါတယ္။ အျပည့္အစံုကုိ ဆက္သြယ္ေမးျမန္းထား တဲ့ နန္းေလာ၀္က တင္ျပထားပါတယ္။
ဇန္န၀ါရီလ ၁၂ ရက္ေန႔မွာက်င္းပမယ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို ေနျပည္ေတာ္မွာက်င္းပမွာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ အဖြင္႔မိန္႔ခြန္းေျပာမယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ ႔ ေျပာခြင္႔ရသူ တဦးျဖစ္တဲ႔ ဦးဥာဏ္၀င္းက VOA ကို အတည္ျပဳေျပာဆိုပါတယ္။
“အဲဒီ သတင္း ဟုတ္တယ္ေလ။ မွန္တယ္ေပါ့။ အဲဒါပဲေျပာႏုိင္တယ္။ ၁၀ မိနစ္ပါ။ ကၽြန္ေတာ္တို႔က အဲဒီ ညီလာခံ အတြက္ ေနျပည္ေတာ္ ေရာက္ေနတာေလ။ ကၽြန္ေတာ္သိတာကေတာ့ အဲဒီ မိန္႔ခြန္းေျပာတဲ့အထဲမွာ သမၼတ ပါမယ္၊ လႊတ္ေတာ္ဥကၠဌေတြ ပါမယ္။ ကၽြန္ေတာ္ တိတိက်က် မဟုတ္ဘူးေနာ္။ ကၽြန္ေတာ္ ၾကားတာကို ေျပာေနတာ။”
ၿငိမ္းခ်မ္းေရးညီလာခံမွာ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မိန္႔ခြန္းေျပာမယ့္ ကိစၥနဲ႔ပတ္သက္လို႔ ျမန္မာ ၿငိမ္းခ်မ္းေရးစင္တာ MPC ကအႀကီးတန္းအၾကံေပး ဦးလွေမာင္ေရႊကို VOA ကေမးျမန္းတာမွာ သူက အခုလို ေျပာပါတယ္။
“ႏိုင္ငံေရးပါတီမ်ား ဖိတ္ၾကားတဲ့အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တက္ဖို႔ရွိတယ္။ ၿပီးရင္ေတာ့ တိုင္းရင္းသားေတြ ဘက္ကလည္း ဘယ္သူၿပီး ဘယ္သူဆိုတာ ေျပာႏိုင္ဖို႔ ျပင္ဆင္ေနတာေတြ ရွိေတာ့ သူတို႔အေနနဲ႔ ႀကိဳဆို ႏႈတ္ခြန္းဆက္စကားကို လာေျပာေပးဖို႔ ဆိုၿပီးေတာ့ အစည္းအေ၀းေတြမွာ ေဆြးေႏြးတာ ရွိပါတယ္။ အဲဒီေတာ႔ ဒီေဆြးေႏြးပြဲမွာ ပထမဆံုးအႀကိမ္ က်င္းပတဲ့ေနရာမွာ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ အေရးႀကီးတဲ့၊ ႏိုင္ငံေရးက႑က အေရးႀကီးတဲ့သူေတြအားလံုး လာေျပာတယ္ဆိုတာကေတာ့ သူတို႔ရဲ႕ သေဘာထားေတြနဲ႕ ဒီၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြကို ေရွ႕ကိုဆက္ၿပီးေတာ့ သြားႏိုင္ဖို႔ေတာ့ ပိုၿပီးေတာ့ သဘာ၀လည္း က်တယ္ေပါ့ေလ၊ အဓိပၸါယ္ လည္းရွိတယ္၊ အက်ိဳးလည္းရွိတယ္လို႔ေတာ့ ျမင္တယ္ဗ်။”
ညီလာခံတက္ေရာက္ဖို႔ အပစ္အခတ္ရပ္စဲေရးလက္မွတ္ ေရးထိုးထားျခင္းမရွိေသးတဲ႔လက္နက္ကိုင္တပ္ဖြဲ႔ေတြကို ဖိတ္ၾကားခဲ႔ရာမွာ အဖြဲ႔သုံးဖြဲအေၾကာင္းျပန္ၾကားခဲ႔ၿပီး ဒီထဲမွာ နာဂ အဖြဲ႔ကေတာ႔ တက္ေရာက္မယ္လို႔အေၾကာင္းျပန္သလို SSPP ရွမ္းျပည္ေျမာက္ပုိင္း တပ္မေတာ္ကေတာ႔မအားလပ္တာေၾကာင္႔မတက္ေရာက္နိဳင္ေၾကာင္းန ဲ႔KIO တပ္ဖြဲ႔တို႔ကေတာ႔NCAလက္မွတ္မေရးထိုးရေသးတဲ႔အတြက္တက္ေရာက္နိဳင္မွာ မဟုတ္ဘူးလို႔ အေၾကာင္းျပန္တဲ႔အေၾကာင္း ဦးလွေမာင္ေရႊက VOA ကို ေျပာပါတယ္။
ျမန္မာအစိုးရတပ္ေတြနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔တခ်ိဳ႕ၾကား လတ္တေလာ တုိက္ပဲြေတြဆက္လက္ျဖစ္ပြားေနတာေၾကာင့္၊ UNFC ေခၚ ညီညြတ္ေသာတုိင္းရင္းသားမ်ား ဖယ္ဒရယ္ေကာင္စီကလည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံကို မတက္ေရာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ဒီညီလာခံကို ဂ်ပန္နုိင္ငံနဲ႔တရုတ္နုိင္ငံက အထူးကိုယ္စားလွယ္ေတြတက္ေရာက္ၾကမွာျဖစ္သလို ကုလသမဂၢဘက္ကေတာ႔ အထူးကိုယ္စားလွယ္ မစၥတာ ဘီေဂ်းနမ္ဘီးယားတက္ေရာက္မွာျဖစ္ပါတယ္။ ဒီပြဲကို ေဆြးေႏြးဖက္ေတြအျဖစ္ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ပြင္႔လင္းလူ႔အဖြဲ႔အစည္းက ဦးကိုကိုႀကီးနဲ႔ကိုျမေအးတို႔ကိုလည္းဖိတ္ၾကားခဲ႔ တယ္လို႔ဆိုပါတယ္။
ညီလာခံအဖြင္႔မိန္႔ခြန္းကို နုိင္ငံေတာ္သမၼတ ဦးသိန္းစိန္ေျပာၾကားမွာျဖစ္သလို ကာကြယ္ေရးဦးစီးခ်ဳပ္သို္႔မဟုတ္္ တပ္မေတ္ာဘက္က ကိုယ္စားလွယ္တေယာက္ေယာက္ကတက္ေရာက္မိန္႔ခြန္းေျပာမွာျဖစ္ပါတယ္။
နန္းေလာင္၀္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကရော၊ မြန်မာငြိမ်းချမ်းရေးစင်တာကပါ အတည်ပြု ပြောဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စစ်ဘက် ထိပ်တန်းခေါင်းဆောင် တဦးလည်း မိန့်ခွန်းပြောမယ့် ဒီညီလာခံဟာ တနိုင််ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ တွေအတွက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထား တဲ့ နန်းလောဝ်က တင်ပြထားပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျင်းပမယ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက VOA ကို အတည်ပြုပြောဆိုပါတယ်။
“အဲဒီ သတင်း ဟုတ်တယ်လေ။ မှန်တယ်ပေါ့။ အဲဒါပဲပြောနိုင်တယ်။ ၁၀ မိနစ်ပါ။ ကျွန်တော်တို့က အဲဒီ ညီလာခံ အတွက် နေပြည်တော် ရောက်နေတာလေ။ ကျွန်တော်သိတာကတော့ အဲဒီ မိန့်ခွန်းပြောတဲ့အထဲမှာ သမ္မတ ပါမယ်၊ လွှတ်တော်ဥက္ကဌတွေ ပါမယ်။ ကျွန်တော် တိတိကျကျ မဟုတ်ဘူးနော်။ ကျွန်တော် ကြားတာကို ပြောနေတာ။”
ငြိမ်းချမ်းရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ့် ကိစ္စနဲ့ပတ်သက်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ကအကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို VOA ကမေးမြန်းတာမှာ သူက အခုလို ပြောပါတယ်။
“နိုင်ငံရေးပါတီများ ဖိတ်ကြားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ဖို့ရှိတယ်။ ပြီးရင်တော့ တိုင်းရင်းသားတွေ ဘက်ကလည်း ဘယ်သူပြီး ဘယ်သူဆိုတာ ပြောနိုင်ဖို့ ပြင်ဆင်နေတာတွေ ရှိတော့ သူတို့အနေနဲ့ ကြိုဆို နှုတ်ခွန်းဆက်စကားကို လာပြောပေးဖို့ ဆိုပြီးတော့ အစည်းအဝေးတွေမှာ ဆွေးနွေးတာ ရှိပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့၊ နိုင်ငံရေးကဏ္ဍက အရေးကြီးတဲ့သူတွေအားလုံး လာပြောတယ်ဆိုတာကတော့ သူတို့ရဲ့ သဘောထားတွေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ရှေ့ကိုဆက်ပြီးတော့ သွားနိုင်ဖို့တော့ ပိုပြီးတော့ သဘာဝလည်း ကျတယ်ပေါ့လေ၊ အဓိပ္ပါယ် လည်းရှိတယ်၊ အကျိုးလည်းရှိတယ်လို့တော့ မြင်တယ်ဗျ။”
ညီလာခံတက်ရောက်ဖို့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားခြင်းမရှိသေးတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ကြားခဲ့ရာမှာ အဖွဲ့သုံးဖွဲအကြောင်းပြန်ကြားခဲ့ပြီး ဒီထဲမှာ နာဂ အဖွဲ့ကတော့ တက်ရောက်မယ်လို့အကြောင်းပြန်သလို SSPP ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ကတော့မအားလပ်တာကြောင့်မတက်ရောက်နိုင်ကြောင်းန ဲ့KIO တပ်ဖွဲ့တို့ကတော့NCAလက်မှတ်မရေးထိုးရသေးတဲ့အတွက်တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်တဲ့အကြောင်း ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။
မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား လတ်တလော တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်၊ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီညီလာခံကို ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်သလို ကုလသမဂ္ဂဘက်ကတော့ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေးနမ်ဘီးယားတက်ရောက်မှာဖြစ်ပါတယ်။ ဒီပွဲကို ဆွေးနွေးဖက်တွေအဖြစ် ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ကိုမြအေးတို့ကိုလည်းဖိတ်ကြားခဲ့ တယ်လို့ဆိုပါတယ်။
ညီလာခံအဖွင့်မိန့်ခွန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားမှာဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်သို့်မဟုတ်် တပ်မတေ်ာဘက်က ကိုယ်စားလှယ်တယောက်ယောက်ကတက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။
နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ၿငိမ္းခ်မ္းေရးညီလာခံဖြင့္ပြဲ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 10, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment