မိဘေတြအေနနဲ႔ စဥ္းစားၾကည့္၊ ေက်ာင္းကိုပို႔တာ ကိုယ့္သားသမီးစာသင္ဖုိ႔လား။ ေက်ာင္းသားသမဂၢ လုပ္ဖို႔လား။ ဒီငယ္ငယ္ေလးေတြ အေျခခံမူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကို ေက်ာင္းသားသမဂၢနဲ႔ အုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ ကြၽန္မဘယ္လိုမွလက္မခံႏုိင္ဘူး
Wednesday, January 13, 2016
ႏိုင္ငံေတာ္သမၼတ၏ ပညာေရးအႀကံေပးအဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ ယဥ္ယဥ္ႏြယ္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း
လက္ရွိအစိုးရလက္ထက္မွာ အမ်ိဳးသားပညာေရးဥပေဒနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ အမ်ားႀကီးျဖစ္ပြားခဲ့တယ္။ ဘယ္အခ်ိန္မွာ ဒါေတြပေပ်ာက္နုိင္မလဲခင္ဗ်ာ။
အဲ့ဒီေတာ့ ဘယ္အခ်ိန္မွာ ဆိုတာထက္ အခုေတာ့ ဆရာမတို႔ လက္ထဲမွာ မရွိေတာ့ဘူး။ ဆရာမတို႔လုပ္ခဲ့တဲ့ ဥပေဒက ၂ဝ၁၄ ခု ႏွစ္ စက္တင္ဘာလေပါ့ေနာ္။ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ဥပေဒ။ ဒါကို မႀကိဳက္ဘူး ေျပာၾကတယ္။ DVB ဒီဘိတ္မွာလည္း ဆရာမ ျပတ္ျပတ္သားသား ေျပာခဲ့တယ္။ ဘက္မလိုက္ပညာရွင္အေနနဲ႔။ ဒီဥပေဒကို မႀကိဳက္ဘူးဆိုရင္ ဘာကိုမႀကိဳက္ဘူးလဲ တိတိက်က်ေျပာေစခ်င္တယ္။ ဒီမိုကေရ စီပညာေရးေျပာတယ္။ ဒါဆို ဒီမိုကေရစီပညာေရးကို တိတိက်က်အဓိပၸာယ္ဖြင့္ျပပါ။ ဒီမိုကေရစီပညာ ေရးဆိုတာ ကိုယ္ႀကိဳက္သလို လုပ္လုိ႔ရတဲ့ပညာေရး မဟုတ္ဘူး။
ေက်ာင္းသားေတြ ေတာင္းဆုိတဲ့အထဲမွာ ျဖစ္သင့္ျဖစ္ထုိက္တဲ့ ကိစၥေတြ ပါပါသလား။ သံုးသပ္ေပးပါခင္ဗ်ာ။
ေက်ာင္းသားေတြ ေတာင္းဆိုတာကို ဆရာမ သေဘာတူတာေတြ ရွိတယ္။ ပထမအေနနဲ႔ဘတ္ဂ်က္တိုးေပးဖို႔ဆိုတဲ့အခ်က္ကို ေထာက္ခံတယ္။ ဘယ္သူ႕အျပစ္မွလည္း မဟုတ္ဘူး။ ႏုိင္ငံက ဆင္းရဲတယ္။ ဆင္းရဲေအာင္လုပ္ခဲ့တဲ့သူေတြလည္း အခုမရွိေတာ့ပါဘူး။ အစိုးရကို ဆဲေနလို႔လည္းအပိုပဲ။ ႏုိင္ငံဆင္းရဲ တဲ့အတြက္ ဒါကိုခ်က္ခ်င္း တိုးမေပးႏုိင္တာပါ။ ဘယ္ႏွစ္ကို ဘယ္ေလာက္တိုးေပးမယ္ဆိုၿပီး တိတိက်က် မေျပာႏုိင္ဘူး။ ၂ဝ ရာခိုင္ႏႈန္းဘတ္ဂ်က္က ခ်က္ခ်င္းေတာ့ မျဖစ္ႏုိင္ဘူး။ ျမန္မာႏိုင္ငံထက္ခ်မ္းသာတဲ့ အင္ဒိုနီးရွားမွာေတာင္ ၂ဝ ရာခုိင္ ႏႈန္းဘတ္ဂ်က္ကို ပညာေရးဥပေဒ အတည္ျပဳၿပီး ၁ဝ ႏွစ္ေက်ာ္ ေလာက္အၾကာမွ လုပ္ႏုိင္တယ္။
ဒုတိယတစ္ခုသေဘာတူတာက မသန္စြမ္းေတြအတြက္အားလံုးပါဝင္ႏုိင္တဲ့ ပညာေရး။ ဒါကိုပထမ ဆရာမတုိ႔ လႊတ္ေတာ္ကိုတင္တာက အမွန္။ လႊတ္ေတာ္က ျပန္ျပင္ဆင္ေတာ့ မွားသြားတယ္။ ေဒါက္တာသိန္းလြင္တို႔က ျပန္ျပင္တာ။ ဒါကိုလက္ခံတယ္။ ဒါေပမဲ့ ႏုိင္ငံဆင္းရဲတဲ့အတြက္ သာမန္ကေလး ေတြ အတြက္ေတာင္ မလုပ္ေပးႏုိင္ေသးေတာ့ ဒါကို အေကာင္အထည္ ေဖာ္ဖို႔အတြက္လိုေသးတာေပါ့ကြယ္။ တတိယသေဘာတူတာက ေက်ာင္းသားသမဂၢ လြတ္လြတ္လပ္လပ္ ဖဲြ႕ခြင့္ကိုသေဘာတူတယ္။ ဆရာမလည္း ဒီမူအတိုင္းပဲရွိတယ္။ သို႔ ေသာ္သတ္မွတ္ခ်က္ရွိရမယ္။ ေက်ာင္းသားသမဂၢဆိုတာ ထံုးတမ္းစဥ္လာ အရ ေက်ာင္းတက္ ေနတဲ့ေက်ာင္းသားေတြပဲ ျဖစ္ရမယ္။ အျပင္မွာဖြဲ႕လာၿပီးေတာ့ ႏုိင္ငံေရးေတြလုပ္လာၿပီးေက်ာင္းသားသမဂၢ ျဖစ္ခ်င္တယ္။ တခ်ိဳ႕ကေလးေတြက လန္႔တယ္ေလ။ မပါရဲဘူး။ မွန္မွန္ကန္ကန္ေက်ာင္းထဲမွာ ေရြးေကာက္ပြဲလုပ္။ ဆရာမအေနနဲ႔ ဒီ့ထက္ပိုၿပီး လက္ခံလို႔မရဘူး။
သေဘာမတူတာေတြလည္း ရွိမယ္ ထင္တယ္။ ေျပာျပပါဦးခင္ဗ်ာ။
သေဘာမတူတာ ဘာမွႏုိင္ငံ ေရးနဲ႔မဆိုင္ဘူး။ သေဘာမတူတာ ေတြက တျခားႏုိင္ငံေတြမွာလည္း လုပ္ကိုင္လို႔မရတဲ့ အခ်က္ေတြမုိ႔လုိ႔ သေဘာမတူတာ။ ေနာက္တက္လာတဲ့အစိုးရလည္း သူတုိ႔ေတာင္းဆိုထားတ့ဲ အခ်က္တခ်ိဳ႕ကို သြားၿပီး လက္ခံလိုက္ရင္ အမွားႀကီးမွားလိမ့္မယ္လို႔ ဆရာမေျပာရဲတယ္။ ေက်ာင္းသားေတြ ေတာင္းဆုိတာကို ဆရာမအေနနဲ႔ ပထမဆံုးသေဘာမတူတာက ပညာေရးဝန္ႀကီးဌာနလက္ေအာက္မွာရိွတဲ့ အေျခခံပညာ၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကို ပညာေရးဝန္ႀကီးဌာနလက္ေအာက္ကေန ဖယ္ၿပီး ဆရာသမဂၢ၊ ေက်ာင္းသား သမဂၢေတြအုပ္ခ်ဳပ္မယ္ဆုိတဲ့ အခ်က္ ပဲ။ အေျခခံပညာ ေက်ာင္းမ်ားသည္ ပညာေရးဝန္ႀကီးဌာန လက္ေအာက္တြင္ရွိသည္ဆိုတဲ့အခ်က္ ကိုသူတို႔ျဖဳတ္ထားတာ။ ဒါက ဘယ္ ျဖစ္ႏုိင္မလဲ။ မိဘေတြအေနနဲ႔ စဥ္းစားၾကည့္၊ ေက်ာင္းကိုပို႔တာ ကိုယ့္သားသမီးစာသင္ဖုိ႔လား။ ေက်ာင္းသား သမဂၢလုပ္ဖို႔လား။ ဒီငယ္ငယ္ေလးေတြ အေျခခံမူလတန္း၊ အ လယ္တန္း၊ အထက္တန္း ေက်ာင္း ေတြကိုေက်ာင္းသားသမဂၢနဲ႔ အုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ ကြၽန္မဘယ္လိုမွလက္မခံႏုိင္ဘူး။ ဆရာသမဂၢနဲ႔ ေက်ာင္းသားသမဂၢေတြ အုပ္ခ်ဳပ္တာကို ႏုိင္ငံျခားမွာ အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယားနဲ႔ ေဟာ္လန္မွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ဝ ေက်ာ္ေလာက္က ႀကိဳးစားဖူးတယ္။ ဒါေပမဲ့ လံုးဝမျဖစ္ႏုိင္ေတာ့ ျပန္႐ုပ္သိမ္းလိုက္ရတယ္။ ဒုတိယအေနနဲ႔ သေဘာမတူတာက ဒီအေျခခံပညာေက်ာင္းေတြရဲ႕ သင္႐ိုးၫႊန္းတမ္း (curriculum) ေရးမယ့္ အဖြဲ႕ကို ၉ ဦးနဲ႔ ဖြဲ႕မယ္တဲ့။ အဲ့ဒီ ၉ ဦးမွာ ေလးေယာက္က ပညာေရး ဝန္ႀကီးဌာနကခန္႔၊ ငါးေယာက္က ေက်ာင္းသားသမဂၢ၊ ဆရာသမဂၢ ေတြက သူတုိ႔ႀကိဳက္တဲ့ ပညာရွင္ကုိ ေရြးမယ္တဲ့။ အဲ့ဒါေတာ့ လံုးဝမျဖစ္သင့္တဲ့ဇာတ္လမ္း။ အာရွတုိက္မွာ ရိွတဲ့ႏုိင္ငံတုိင္းမွာလည္း အစိုးရ ဌာနတစ္ခုက (curriculum) ေရး တယ္။ ဒါက ထံုးတမ္းစဥ္လာပဲ။ (curriculum) ေရးတာက ေဒါက္တာဘြဲ႕ရတိုင္း မေရးႏုိင္ဘူး။ အစိုးရဘက္က သင္႐ိုးၫႊန္းတမ္းေရးတဲ့ ဆရာ ဆရာမေတြကသင္႐ိုးၫႊန္း တမ္းနဲ႔ ဘြဲ႕ေတြရထားတာ။ ဘယ္ တိုင္းျပည္မွာမွ အစိုးရေက်ာင္းေတြအတြက္ အျပင္ကခန္႔တဲ့ သင္႐ိုး ၫႊန္းတမ္းေရးတဲ့သူေတြ မရွိဘူး။
တတိယအခ်က္ အေနနဲ႔ ေဒါက္တာသိန္းလြင္တုိ႔ လက္မွတ္ထုိးထားတဲ့ ဥပေဒမွာ ေက်ာင္းအလိုက္ စိတ္ႀကိဳက္ မိခင္ဘာ သာစကားသင္ၾကားဖို႔ တင္သြင္း ၾကတယ္။ ဆရာမ တို႔ ျပဳစုခဲ့တဲ့ ဥပေဒဟာ တိုင္းရင္းသား ဘာသာ စကားကို တိုင္းေဒသႀကီးကေန စီစဥ္မယ္ဆိုတာကို သူတို႔မႀကိဳက္ဘူး။ ေက်ာင္းအလိုက္ ႀကိဳက္သလို ဆံုးျဖတ္မယ္တဲ့။ ဒါဆို စဥ္းစား ၾကည့္ ။ ဘဂၤါလီမ်ားတဲ့ ေနရာမွာ ဘဂၤါလီစာပဲ သင္ရမွာလား။ ဘယ္ သူက ဆံုးျဖတ္မွာလဲ။ ဆရာေတြ ဆံုးျဖတ္ရင္လည္း ဆရာေတြ ဆံုး ျဖတ္တယ္ဆို ေျပာဦးမယ္။ တ႐ုတ္ နယ္စပ္လား႐ိႈးတို႔ဘာတို႔မွာ တ႐ုတ္မ်ားတယ္။ ဒီေတာ့ ႏုိင္ငံေတာ္ ပိုက္ဆံနဲ႔ဖြင့္ထားတဲ့ ေက်ာင္း ေတြက ဘဂၤါလီစကား၊ တ႐ုတ္ဘာ သာစကားေတြကို မိခင္ဘာသာ စကားအေနနဲ႔ သင္ရမွာလား။ ဆရာမ ေမြးရပ္ဇာတိျဖစ္တဲ့ ရွမ္း ျပည္မွာလည္းတိုင္းရင္းသားေပါင္း စံုရိွတယ္။ ဆရာမတို႔ေျပာတဲ့ တိုင္း ေဒသႀကီးအစိုးရက စီစဥ္မယ္ ဆိုတာ ရွမ္းျပည္နယ္မွာ ရွမ္းစာ၊ ကခ်င္ျပည္နယ္မွာကခ်င္စာ တစ္ သမတ္တည္း ေျပာတာမဟုတ္ဘူး။ ၿမိဳ႕ နယ္အလိုက္ ေက်ာင္းအလုိက္ မွ်မွ်တတစဥ္းစားေပးဖို႔အစီအစဥ္ ေတြကို တုိင္းေဒသႀကီး အစိုးရေတြ ကို တာဝန္ေပးလိုက္တာ။ ေက်ာင္း အလုိက္ စဥ္းစားရင္လည္း အဲ့ဒီဘာသာကိုသင္ဖို႔ ဆရာမရွိရင္ ဘယ္လိုလုပ္မလဲ။ ေနာက္ ဘယ္အတိုင္းအတာထိ သင္မွာလဲ။ တုိင္းရင္းသားဘာသာ စကားအတြက္ တစ္ပတ္မွာ ဘယ္ႏွခ်ိန္ ဆိုၿပီးေတာ့ ႏုိင္ငံေတာ္က ျပ႒ာန္းထားတဲ့ သင္႐ိုးၫႊန္းတမ္းထဲမွာ ပါၿပီးသား။ လံုလံုေလာက္ေလာက္ ေပးထားတယ္။ အဲ့ဒီအေပၚမွာ တိုင္းေဒသႀကီးေတြက ၿမိဳ႕နယ္အလိုက္စီစဥ္ေပး။ မွ်မွ်တတ စီစဥ္ေပးဖို႔။ ႀကိဳက္တဲ့ေက်ာင္းက ႀကိဳက္တဲ့ ဘာသာသင္ဆို ဒါကျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္ေလ။ ဘာသာစကားဆိုတာအေရးႀကီးတယ္။ မူ တစ္ခုေတာ့ ရွိရမယ္။ ဆရာမ ေျပာတဲ့အခ်က္ကို KIA က ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္ေတာင္ သေဘာတူတယ္ေျပာတယ္။ သူနဲ႔ေဆြးေႏြး ၿပီးၿပီ။ ခ်င္းျပည္နယ္မွာရွိတဲ့ ေက်ာင္းေတြကိုယ့္ေက်ာင္းအလိုက္ ႀကိဳက္တဲ့ဘာသာစကားကိုသင္ဆို ခ်င္းလူမ်ိဳးကိုယ္တိုင္ အဲ့ဒီစနစ္ကို ႀကိဳက္မွာမဟုတ္ဘူး။ ဘာလုိ႔လဲဆို ေတာ့ ခ်င္းစကားက အမ်ဳိးမ်ဳိးရိွ တယ္။ မတူပီခ်င္း၊ ဖလန္းခ်င္း၊ တီးတိန္ခ်င္း၊ ဟားခါးခ်င္း၊ မင္း တပ္ ခ်င္းတို႔က စကားမတူၾကဘူး။ ဒီေတာ့ကိုယ့္ၿမိဳ႕က ဘာသာစကား ပဲ ကိုယ္သင္ဆိုရင္လည္း ခ်င္းျပည္နယ္မွာ တစ္ၿမိဳ႕နယ္နဲ႔ တစ္ၿမိဳ႕နယ္ ေျပာင္းၿပီး အလုပ္လုပ္ဖို႔ ခက္သြား တာေပါ့။ ဟားခါးၿမိဳ႕က ေအာင္ၿပီး မတူပီမွာ ေက်ာင္းဆရာရာထူး ေပၚတယ္ ဆိုရင္လည္း ဟားခါး ၿမိဳ႕သားျဖစ္တ့ဲအတြက္ ဘာသာ စကားအရ အားနည္းမႈ ရိွေနမယ္။ စည္းနဲ႔စနစ္နဲ႔မူနဲ႔လုပ္ရမွာ ျဖစ္တယ္။
ဟုတ္ကဲ့။ ဒီဥပေဒနဲ႔ပတ္သက္ၿပီး ဘာမ်ား ျဖည့္စြက္ေျပာခ်င္ပါသလဲ ခင္ဗ်ာ။
ဒီဥပေဒကို ခုတံုးလုပ္ၿပီး အစိုးရကို မေက်နပ္လို႔ ဆႏၵျပ တယ္ပဲ ေျပာခ်င္တယ္။ ေက်ာင္း သားေတြနဲ႔ ရဲေတြၾကား ျဖစ္တာကလည္း ဒီပညာေရး ဥပေဒေၾကာင့္ ပဋိပကၡျဖစ္တာ မဟုတ္ဘူးေနာ္။ ပညာေရး ဥပေဒက မမွားဘူး။ မွားတာေတြ ျပင္ၿပီးၿပီ။ ဒါကို အေကာင္အထည္ေဖာ္ဖုိ႔ လိုမယ္။ က်န္တာကေတာ့ ႏုိင္ငံေရးကိစၥ မေျပာခ်င္ေတာ့ဘူး။
ဆရာမအေနနဲ႔ ရခုိင္ေဒသမွာ ျဖစ္ပြားခဲ့တဲ့ အျငင္းပြားမႈေတြမွာလည္း တာဝန္ယူေဆာင္ရြက္ခဲ့ ဖူးပါတယ္။ လက္ရွိ ကန္႔ကြက္ေနတဲ့ လူဦးေရထိန္းခ်ဳပ္တဲ့ ဥပေဒၾကမ္း နဲ႔ပတ္သက္ၿပီး ဘယ္လို ျဖစ္သင့္တယ္လုိ႔ သံုးသပ္ပါသလဲ။ ျပ႒ာန္းသင့္ပါသလား။ မျပ႒ာန္းသင့္ဘူး လားခင္ဗ်ာ။
ဘယ္ဥပေဒမဆို ျပ႒ာန္းမယ္ဆိုရင္ ခိုင္လံုဖို႔လိုတယ္။ ဒီဥပ ေဒကိုျပ႒ာန္းသင့္၊ မသင့္မေျပာလိုဘူး။ ဒီဥပေဒအေၾကာင္း ေျပာတာထက္ အတည္ျပဳၿပီးသားျဖစ္တဲ့ မ်ဳိးေစာင့္ဥပေဒကိုပဲ ေျပာခ်င္တယ္။ အေနာက္ႏိုင္ငံက ေျပာတယ္။ မ်ိဳးေစာင့္ဥပေဒေတြက လူ႕အခြင့္အေရး ခ်ိဳးေဖာက္တာတဲ့။ ဒါေပမဲ့ ဒီဥပေဒေတြကို ၾကည့္ေတာ့ သူတုိ႔ ေျပာသလို မဟုတ္ပါဘူး။ ၿပီးေတာ့ တစ္လင္တစ္မယားစနစ္နဲ႔ အဖမ္းခံေနရတာကလည္း ျမန္မာေတြပဲ ျဖစ္ေနတယ္။ ႏုိင္ငံျခားသားေတြ ေျပာတိုင္းလည္း ဂ႐ုစိုက္စရာမလိုဘူး။ လူဦးေရထိန္းခ်ဳပ္တဲ့ ဥပေဒၾကမ္းကို အတည္ျပဳမယ္ဆိုရင္ ေတာ့တစ္ႏုိင္ငံလံုးအေနနဲ႔ ျပ႒ာန္း သင့္တယ္လုိ႔ ထင္တယ္။ ဘာသာေရးအရ ခြဲျခားထားတာေတာ့ မေကာင္းဘူးထင္တယ္။ တျခား ႏုိင္ငံေတြကို ဥပမာယူရမယ္။ ႏုိင္ငံသားဆိုရင္ အခြင့္အေရး မခြဲ ျခားဘဲလုပ္ရမယ္။ တ႐ုတ္မွာလည္း ဒီလိုလူဦးေရထိန္းခ်ဳပ္တဲ့ ဥပေဒရွိတယ္။ တ႐ုတ္ျပည္မွာ ေနရာတိုင္းလည္း ဒီဥပေဒက အက်ံဳးမဝင္ဘူး။ လူမ်ိဳးေပ်ာက္လု နီးပါးတိုင္းရင္းသားေတြ ျဖစ္တဲ့ တိဗက္လူမ်ိဳး၊ Xinjiang ေဒသက လူမ်ဳိး၊ သူတို႔က်ေတာ့ကေလး မ်ား မ်ားစားစားယူႏုိင္တယ္။ ၿမိဳ႕ေပၚက တ႐ုတ္လူမ်ဳိးက်ေတာ့ တစ္ေယာက္ပဲယူခြင့္ရိွတယ္။ ဒီလို အမ်ိဳးမ်ိဳးရွိတယ္။ ဒါတ႐ုတ္လိုု လုပ္ဖို႔ေျပာတာ မဟုတ္ဘူးေနာ္။ ကိုယ့္ ႏုိင္ငံအေျခအေနနဲ႔ သံုးသပ္ ၿပီးလုပ္၊ ေပ်ာက္ကြယ္လုနီးပါးတုိင္းရင္းသားေတြက ဦးစားေပး။ ရခုိင္ျပည္နယ္မွာ ရိွတဲ့ ဘဂၤါ လီေတြကိုေတာ့ တိုင္းရင္းသားလုိ႔ လက္ခံလို႔မရဘူး။ လံုးဝမျဖစ္ႏုိင္ဘူး။
ႏုိင္ငံရဲ႕တည္ဆဲဥပေဒ၊ စည္း မ်ဥ္းစည္းကမ္းထဲမွာ ႐ိုဟင္ဂ်ာဆုိတဲ့ လူမ်ဳိး သတ္မွတ္မႈမပါဘူး။ သူတုိ႔ ဒီဟာကို မႀကိဳက္ဘူးဆိုရင္လည္း ႏုိင္ငံသားမေလွ်ာက္နဲ႔ေပါ့။ သူတို႔ကို လက္ခံႏိုင္တဲ့ ႏုိင္ငံကိုသြားေပါ့။ ဒါေပမဲ့ဆရာမ ယံုၾကည္တာက ရခုိင္က ဘဂၤါလီေတြကိုလည္း သိပ္ဆိုးရြားတဲ့ အေျခအေန ေအာက္မွာ မထားသင့္ဘူး။ လူသားေတြအေနနဲ႔ တန္းတူဆက္ဆံသင့္တယ္။
ယူနီဆက္မွာလည္း အႀကီးအကဲတစ္ဦးအျဖစ္ လုပ္ခဲ့တယ္။ တ႐ုတ္ဌာေနကိုယ္စားလွယ္ အျဖစ္လည္း တာဝန္ယူခဲ့ဖူးေတာ့ အေတြ႕ အႀကံဳေတြအရႏုိင္ငံတကာ အကူ အညီကိုေမွ်ာ္ကိုးေနရတဲ့ ျမန္မာနုိ္င္ငံအတြက္တစ္ခ်ိန္မွာ နစ္နာမႈ မရွိေအာင္ ဘယ္လိုလုပ္သင့္ပါသလဲ။
ႏိုင္ငံျခားအကူအညီကို အားမကိုးပါနဲ႔။ အာရွတုိက္မွာ ႏုိင္ငံျခားအကူကိုေမွ်ာ္ကိုးၿပီး တိုးတက္လာတဲ့ ႏိုင္ငံတစ္ခုမွမရွိဘူး။ ျမန္မာ ႏိုင္ငံအေနနဲ႔ ႏုိင္ငံျခားအကူဆိုၿပီး မ်က္လံုးမွိတ္ၿပီး လက္မခံသင့္ဘူး။ ဘယ္ႏုိင္ငံမွေစတနာ ျဖဴျဖဴစင္စင္ နဲ႔ေပးတာမရွိဘူး။ သူတုိ႔ အက်ိဳးအျမတ္ကို ေရွး႐ႈၿပီး ေပးတဲ့ ႏုိင္ငံေတြခ်ည္းပဲ။ ျမန္မာ ေတြကလည္း ယူသင့္မယူသင့္ ကိုယ့္ႏုိင္ငံရဲ႕ အက်ိဳးကို ေရွး႐ႈၿပီး ခ်ိန္ဆသင့္တယ္။ ဘာလို႔လဲဆုိေတာ့ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ ရဲ႕ သမိုင္းကို ၾကည့္ရင္ အထင္ႀကီးစရာရွိတယ္။ ဘာလုိ႔လဲဆိုေတာ့ ၁၉၄၉ ေလာက္က အင္မတန္ဆင္းရဲတဲ့ တ႐ုတ္ႏုိင္ငံက အခု ကမၻာေပၚမွာ ဒုတိယစီးပြားေရး အင္အားအႀကီးဆံုးႏုိင္ငံျဖစ္ေနၿပီ။ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ တ႐ုတ္ လူမ်ိဳးေတြရဲ႕ ႐ႈေထာင့္နဲ႔ ၾကည့္ရင္ ႏွစ္ေပါင္း ႏွစ္ေထာင္၊ သံုးေထာင္သမိုင္းတစ္ေလွ်ာက္မွာ အေကာင္းဆံုးအစိုးရ ျဖစ္ေနတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံသားေတာ္ေတာ္မ်ားမ်ားဟာဒီလိုမျမင္ဘူး။ ျမန္မာႏိုင္ငံ ရဲ႕ အက်ိဳးစီးပြားကို ေရွး႐ႈၿပီးၾကည့္ ရင္ေတာ့ တ႐ုတ္ကိုရန္သူလို မဆက္ဆံသင့္ဘူး။ ထိုင္းလည္း ဒီလိုပဲ။ အိႏၵိယလည္း ဒီလိုပဲ။ စီမံကိန္းေတြနဲ႔ပတ္သက္ရင္ ေက်ာက္ျဖဴ ကိစၥမွာ ဘယ္ႏိုင္ငံကပဲ ရင္းႏွီးျမႇဳပ္ ႏွံမႈလုပ္လုပ္သတိထားစရာ အခ်က္ေတြရိွတယ္။ တစ္ဖက္မွာ ရခိုင္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေအာင္ လုပ္ႏိုင္သလိုတစ္ဖက္မွာလည္း ေက်ာက္ျဖဴကေန ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ လုပ္ငန္းနဲ႔ပတ္သက္လို႔ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္ျခင္းမရိွေအာင္ သတိေပးရမယ္။
သမၼတအႀကံေပးအျဖစ္ ေဆာင္ရြက္ခဲ့သူတစ္ဦးအေနနဲ႔ ႏိုင္ငံေတာ္မွာ အေရးႀကီးဆံုး ဘာေတြ ဆက္လုပ္ဖို႔ က်န္ေသးတယ္လို႔ ထင္ပါသလဲ ခင္ဗ်ာ။
ျခစားမႈကို ကိုင္တြယ္ရမယ္။ ဒါကလည္း ဟိုးအရင္ပါလီမန္ ေခတ္ကေတာင္ မကိုင္တြယ္ႏုိင္ခဲ့ဘူး။ ဒါကိုရဲရဲတင္းတင္းကိုင္တြယ္ ဖုိ႔လိုအပ္တယ္။ လက္ရိွအစိုးရလည္း တခ်ိဳ႕ေနရာေတြမွာ ကိုင္တြယ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ မလံုေလာက္ခဲ့ဘူး။ ဒါကလည္း အခုထိ ဘယ္အစိုးရမွလည္း ကိုင္တြယ္ႏုိင္ျခင္း မရွိခဲ့ပါဘူး။ ဘယ္အခ်ိန္မွ ကိုင္တြယ္ႏုိင္မလဲဆိုတာလည္း မေျပာႏုိင္ဘူး။ အဓိက ကေတာ့ ျမန္မာလူမ်ိဳးေတြရဲ႕ စိတ္ဓာတ္ နဲ႔ကလည္း ခက္တယ္။
ဘာေတြမ်ား ျဖည့္စြက္ၿပီးေတာ့ ေျပာခ်င္ပါသလဲခင္ဗ်ာ။
ပထမ ေျပာခဲ့တဲ့ အခ်က္ေတြပါပဲ။ အမ်ိဳးသားပညာေရးဥပေဒကို အေကာင္အထည္ေဖာ္ပါ။ ရခိုင္ကိစၥကိုျပတ္ျပတ္သားသားလုပ္ပါ။ ျခစားမႈကို ရဲရဲတင္းတင္း ကိုင္တြယ္ပါ။
အခုလို ေျဖေပးတာ ေက်းဇူးတင္ ပါတယ္ခင္ဗ်ာ။
ရဲလြင္
http://popularmyanmar.com/
..................
မိဘတွေအနေနဲ့ စဉ်းစားကြည့်၊ ကျောင်းကိုပို့တာ ကိုယ့်သားသမီးစာသင်ဖို့လား။ ကျောင်းသားသမဂ္ဂ လုပ်ဖို့လား။ ဒီငယ်ငယ်လေးတွေ အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကျောင်းသားသမဂ္ဂနဲ့ အုပ်ချုပ်မယ်ဆိုတာကတော့ ကျွန်မဘယ်လိုမှလက်မခံနိုင်ဘူး
Wednesday, January 13, 2016
နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ယဉ်ယဉ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
လက်ရှိအစိုးရလက်ထက်မှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးဖြစ်ပွားခဲ့တယ်။ ဘယ်အချိန်မှာ ဒါတွေပပျောက်နိုင်မလဲခင်ဗျာ။
အဲ့ဒီတော့ ဘယ်အချိန်မှာ ဆိုတာထက် အခုတော့ ဆရာမတို့ လက်ထဲမှာ မရှိတော့ဘူး။ ဆရာမတို့လုပ်ခဲ့တဲ့ ဥပဒေက ၂ဝ၁၄ ခု နှစ် စက်တင်ဘာလပေါ့နော်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေ။ ဒါကို မကြိုက်ဘူး ပြောကြတယ်။ DVB ဒီဘိတ်မှာလည်း ဆရာမ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ဘက်မလိုက်ပညာရှင်အနေနဲ့။ ဒီဥပဒေကို မကြိုက်ဘူးဆိုရင် ဘာကိုမကြိုက်ဘူးလဲ တိတိကျကျပြောစေချင်တယ်။ ဒီမိုကရေ စီပညာရေးပြောတယ်။ ဒါဆို ဒီမိုကရေစီပညာရေးကို တိတိကျကျအဓိပ္ပာယ်ဖွင့်ပြပါ။ ဒီမိုကရေစီပညာ ရေးဆိုတာ ကိုယ်ကြိုက်သလို လုပ်လို့ရတဲ့ပညာရေး မဟုတ်ဘူး။
ကျောင်းသားတွေ တောင်းဆိုတဲ့အထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေ ပါပါသလား။ သုံးသပ်ပေးပါခင်ဗျာ။
ကျောင်းသားတွေ တောင်းဆိုတာကို ဆရာမ သဘောတူတာတွေ ရှိတယ်။ ပထမအနေနဲ့ဘတ်ဂျက်တိုးပေးဖို့ဆိုတဲ့အချက်ကို ထောက်ခံတယ်။ ဘယ်သူ့အပြစ်မှလည်း မဟုတ်ဘူး။ နိုင်ငံက ဆင်းရဲတယ်။ ဆင်းရဲအောင်လုပ်ခဲ့တဲ့သူတွေလည်း အခုမရှိတော့ပါဘူး။ အစိုးရကို ဆဲနေလို့လည်းအပိုပဲ။ နိုင်ငံဆင်းရဲ တဲ့အတွက် ဒါကိုချက်ချင်း တိုးမပေးနိုင်တာပါ။ ဘယ်နှစ်ကို ဘယ်လောက်တိုးပေးမယ်ဆိုပြီး တိတိကျကျ မပြောနိုင်ဘူး။ ၂ဝ ရာခိုင်နှုန်းဘတ်ဂျက်က ချက်ချင်းတော့ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံထက်ချမ်းသာတဲ့ အင်ဒိုနီးရှားမှာတောင် ၂ဝ ရာခိုင် နှုန်းဘတ်ဂျက်ကို ပညာရေးဥပဒေ အတည်ပြုပြီး ၁ဝ နှစ်ကျော် လောက်အကြာမှ လုပ်နိုင်တယ်။
ဒုတိယတစ်ခုသဘောတူတာက မသန်စွမ်းတွေအတွက်အားလုံးပါဝင်နိုင်တဲ့ ပညာရေး။ ဒါကိုပထမ ဆရာမတို့ လွှတ်တော်ကိုတင်တာက အမှန်။ လွှတ်တော်က ပြန်ပြင်ဆင်တော့ မှားသွားတယ်။ ဒေါက်တာသိန်းလွင်တို့က ပြန်ပြင်တာ။ ဒါကိုလက်ခံတယ်။ ဒါပေမဲ့ နိုင်ငံဆင်းရဲတဲ့အတွက် သာမန်ကလေး တွေ အတွက်တောင် မလုပ်ပေးနိုင်သေးတော့ ဒါကို အကောင်အထည် ဖော်ဖို့အတွက်လိုသေးတာပေါ့ကွယ်။ တတိယသဘောတူတာက ကျောင်းသားသမဂ္ဂ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ကိုသဘောတူတယ်။ ဆရာမလည်း ဒီမူအတိုင်းပဲရှိတယ်။ သို့ သော်သတ်မှတ်ချက်ရှိရမယ်။ ကျောင်းသားသမဂ္ဂဆိုတာ ထုံးတမ်းစဉ်လာ အရ ကျောင်းတက် နေတဲ့ကျောင်းသားတွေပဲ ဖြစ်ရမယ်။ အပြင်မှာဖွဲ့လာပြီးတော့ နိုင်ငံရေးတွေလုပ်လာပြီးကျောင်းသားသမဂ္ဂ ဖြစ်ချင်တယ်။ တချို့ကလေးတွေက လန့်တယ်လေ။ မပါရဲဘူး။ မှန်မှန်ကန်ကန်ကျောင်းထဲမှာ ရွေးကောက်ပွဲလုပ်။ ဆရာမအနေနဲ့ ဒီ့ထက်ပိုပြီး လက်ခံလို့မရဘူး။
သဘောမတူတာတွေလည်း ရှိမယ် ထင်တယ်။ ပြောပြပါဦးခင်ဗျာ။
သဘောမတူတာ ဘာမှနိုင်ငံ ရေးနဲ့မဆိုင်ဘူး။ သဘောမတူတာ တွေက တခြားနိုင်ငံတွေမှာလည်း လုပ်ကိုင်လို့မရတဲ့ အချက်တွေမို့လို့ သဘောမတူတာ။ နောက်တက်လာတဲ့အစိုးရလည်း သူတို့တောင်းဆိုထားတဲ့ အချက်တချို့ကို သွားပြီး လက်ခံလိုက်ရင် အမှားကြီးမှားလိမ့်မယ်လို့ ဆရာမပြောရဲတယ်။ ကျောင်းသားတွေ တောင်းဆိုတာကို ဆရာမအနေနဲ့ ပထမဆုံးသဘောမတူတာက ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ ဖယ်ပြီး ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂတွေအုပ်ချုပ်မယ်ဆိုတဲ့ အချက် ပဲ။ အခြေခံပညာ ကျောင်းများသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည်ဆိုတဲ့အချက် ကိုသူတို့ဖြုတ်ထားတာ။ ဒါက ဘယ် ဖြစ်နိုင်မလဲ။ မိဘတွေအနေနဲ့ စဉ်းစားကြည့်၊ ကျောင်းကိုပို့တာ ကိုယ့်သားသမီးစာသင်ဖို့လား။ ကျောင်းသား သမဂ္ဂလုပ်ဖို့လား။ ဒီငယ်ငယ်လေးတွေ အခြေခံမူလတန်း၊ အ လယ်တန်း၊ အထက်တန်း ကျောင်း တွေကိုကျောင်းသားသမဂ္ဂနဲ့ အုပ်ချုပ်မယ်ဆိုတာကတော့ ကျွန်မဘယ်လိုမှလက်မခံနိုင်ဘူး။ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂတွေ အုပ်ချုပ်တာကို နိုင်ငံခြားမှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားနဲ့ ဟော်လန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက်က ကြိုးစားဖူးတယ်။ ဒါပေမဲ့ လုံးဝမဖြစ်နိုင်တော့ ပြန်ရုပ်သိမ်းလိုက်ရတယ်။ ဒုတိယအနေနဲ့ သဘောမတူတာက ဒီအခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်း (curriculum) ရေးမယ့် အဖွဲ့ကို ၉ ဦးနဲ့ ဖွဲ့မယ်တဲ့။ အဲ့ဒီ ၉ ဦးမှာ လေးယောက်က ပညာရေး ဝန်ကြီးဌာနကခန့်၊ ငါးယောက်က ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ တွေက သူတို့ကြိုက်တဲ့ ပညာရှင်ကို ရွေးမယ်တဲ့။ အဲ့ဒါတော့ လုံးဝမဖြစ်သင့်တဲ့ဇာတ်လမ်း။ အာရှတိုက်မှာ ရှိတဲ့နိုင်ငံတိုင်းမှာလည်း အစိုးရ ဌာနတစ်ခုက (curriculum) ရေး တယ်။ ဒါက ထုံးတမ်းစဉ်လာပဲ။ (curriculum) ရေးတာက ဒေါက်တာဘွဲ့ရတိုင်း မရေးနိုင်ဘူး။ အစိုးရဘက်က သင်ရိုးညွှန်းတမ်းရေးတဲ့ ဆရာ ဆရာမတွေကသင်ရိုးညွှန်း တမ်းနဲ့ ဘွဲ့တွေရထားတာ။ ဘယ် တိုင်းပြည်မှာမှ အစိုးရကျောင်းတွေအတွက် အပြင်ကခန့်တဲ့ သင်ရိုး ညွှန်းတမ်းရေးတဲ့သူတွေ မရှိဘူး။
တတိယအချက် အနေနဲ့ ဒေါက်တာသိန်းလွင်တို့ လက်မှတ်ထိုးထားတဲ့ ဥပဒေမှာ ကျောင်းအလိုက် စိတ်ကြိုက် မိခင်ဘာ သာစကားသင်ကြားဖို့ တင်သွင်း ကြတယ်။ ဆရာမ တို့ ပြုစုခဲ့တဲ့ ဥပဒေဟာ တိုင်းရင်းသား ဘာသာ စကားကို တိုင်းဒေသကြီးကနေ စီစဉ်မယ်ဆိုတာကို သူတို့မကြိုက်ဘူး။ ကျောင်းအလိုက် ကြိုက်သလို ဆုံးဖြတ်မယ်တဲ့။ ဒါဆို စဉ်းစား ကြည့် ။ ဘင်္ဂါလီများတဲ့ နေရာမှာ ဘင်္ဂါလီစာပဲ သင်ရမှာလား။ ဘယ် သူက ဆုံးဖြတ်မှာလဲ။ ဆရာတွေ ဆုံးဖြတ်ရင်လည်း ဆရာတွေ ဆုံး ဖြတ်တယ်ဆို ပြောဦးမယ်။ တရုတ် နယ်စပ်လားရှိုးတို့ဘာတို့မှာ တရုတ်များတယ်။ ဒီတော့ နိုင်ငံတော် ပိုက်ဆံနဲ့ဖွင့်ထားတဲ့ ကျောင်း တွေက ဘင်္ဂါလီစကား၊ တရုတ်ဘာ သာစကားတွေကို မိခင်ဘာသာ စကားအနေနဲ့ သင်ရမှာလား။ ဆရာမ မွေးရပ်ဇာတိဖြစ်တဲ့ ရှမ်း ပြည်မှာလည်းတိုင်းရင်းသားပေါင်း စုံရှိတယ်။ ဆရာမတို့ပြောတဲ့ တိုင်း ဒေသကြီးအစိုးရက စီစဉ်မယ် ဆိုတာ ရှမ်းပြည်နယ်မှာ ရှမ်းစာ၊ ကချင်ပြည်နယ်မှာကချင်စာ တစ် သမတ်တည်း ပြောတာမဟုတ်ဘူး။ မြို့ နယ်အလိုက် ကျောင်းအလိုက် မျှမျှတတစဉ်းစားပေးဖို့အစီအစဉ် တွေကို တိုင်းဒေသကြီး အစိုးရတွေ ကို တာဝန်ပေးလိုက်တာ။ ကျောင်း အလိုက် စဉ်းစားရင်လည်း အဲ့ဒီဘာသာကိုသင်ဖို့ ဆရာမရှိရင် ဘယ်လိုလုပ်မလဲ။ နောက် ဘယ်အတိုင်းအတာထိ သင်မှာလဲ။ တိုင်းရင်းသားဘာသာ စကားအတွက် တစ်ပတ်မှာ ဘယ်နှချိန် ဆိုပြီးတော့ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ပါပြီးသား။ လုံလုံလောက်လောက် ပေးထားတယ်။ အဲ့ဒီအပေါ်မှာ တိုင်းဒေသကြီးတွေက မြို့နယ်အလိုက်စီစဉ်ပေး။ မျှမျှတတ စီစဉ်ပေးဖို့။ ကြိုက်တဲ့ကျောင်းက ကြိုက်တဲ့ ဘာသာသင်ဆို ဒါကပြည်ထောင်စု မြန်မာနိုင်ငံတော်လေ။ ဘာသာစကားဆိုတာအရေးကြီးတယ်။ မူ တစ်ခုတော့ ရှိရမယ်။ ဆရာမ ပြောတဲ့အချက်ကို KIA က ဗိုလ်ချုပ် ဂွမ်မော်တောင် သဘောတူတယ်ပြောတယ်။ သူနဲ့ဆွေးနွေး ပြီးပြီ။ ချင်းပြည်နယ်မှာရှိတဲ့ ကျောင်းတွေကိုယ့်ကျောင်းအလိုက် ကြိုက်တဲ့ဘာသာစကားကိုသင်ဆို ချင်းလူမျိုးကိုယ်တိုင် အဲ့ဒီစနစ်ကို ကြိုက်မှာမဟုတ်ဘူး။ ဘာလို့လဲဆို တော့ ချင်းစကားက အမျိုးမျိုးရှိ တယ်။ မတူပီချင်း၊ ဖလန်းချင်း၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ မင်း တပ် ချင်းတို့က စကားမတူကြဘူး။ ဒီတော့ကိုယ့်မြို့က ဘာသာစကား ပဲ ကိုယ်သင်ဆိုရင်လည်း ချင်းပြည်နယ်မှာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပြောင်းပြီး အလုပ်လုပ်ဖို့ ခက်သွား တာပေါ့။ ဟားခါးမြို့က အောင်ပြီး မတူပီမှာ ကျောင်းဆရာရာထူး ပေါ်တယ် ဆိုရင်လည်း ဟားခါး မြို့သားဖြစ်တဲ့အတွက် ဘာသာ စကားအရ အားနည်းမှု ရှိနေမယ်။ စည်းနဲ့စနစ်နဲ့မူနဲ့လုပ်ရမှာ ဖြစ်တယ်။
ဟုတ်ကဲ့။ ဒီဥပဒေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ ခင်ဗျာ။
ဒီဥပဒေကို ခုတုံးလုပ်ပြီး အစိုးရကို မကျေနပ်လို့ ဆန္ဒပြ တယ်ပဲ ပြောချင်တယ်။ ကျောင်း သားတွေနဲ့ ရဲတွေကြား ဖြစ်တာကလည်း ဒီပညာရေး ဥပဒေကြောင့် ပဋိပက္ခဖြစ်တာ မဟုတ်ဘူးနော်။ ပညာရေး ဥပဒေက မမှားဘူး။ မှားတာတွေ ပြင်ပြီးပြီ။ ဒါကို အကောင်အထည်ဖော်ဖို့ လိုမယ်။ ကျန်တာကတော့ နိုင်ငံရေးကိစ္စ မပြောချင်တော့ဘူး။
ဆရာမအနေနဲ့ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေမှာလည်း တာဝန်ယူဆောင်ရွက်ခဲ့ ဖူးပါတယ်။ လက်ရှိ ကန့်ကွက်နေတဲ့ လူဦးရေထိန်းချုပ်တဲ့ ဥပဒေကြမ်း နဲ့ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ သုံးသပ်ပါသလဲ။ ပြဋ္ဌာန်းသင့်ပါသလား။ မပြဋ္ဌာန်းသင့်ဘူး လားခင်ဗျာ။
ဘယ်ဥပဒေမဆို ပြဋ္ဌာန်းမယ်ဆိုရင် ခိုင်လုံဖို့လိုတယ်။ ဒီဥပ ဒေကိုပြဋ္ဌာန်းသင့်၊ မသင့်မပြောလိုဘူး။ ဒီဥပဒေအကြောင်း ပြောတာထက် အတည်ပြုပြီးသားဖြစ်တဲ့ မျိုးစောင့်ဥပဒေကိုပဲ ပြောချင်တယ်။ အနောက်နိုင်ငံက ပြောတယ်။ မျိုးစောင့်ဥပဒေတွေက လူ့အခွင့်အရေး ချိုးဖောက်တာတဲ့။ ဒါပေမဲ့ ဒီဥပဒေတွေကို ကြည့်တော့ သူတို့ ပြောသလို မဟုတ်ပါဘူး။ ပြီးတော့ တစ်လင်တစ်မယားစနစ်နဲ့ အဖမ်းခံနေရတာကလည်း မြန်မာတွေပဲ ဖြစ်နေတယ်။ နိုင်ငံခြားသားတွေ ပြောတိုင်းလည်း ဂရုစိုက်စရာမလိုဘူး။ လူဦးရေထိန်းချုပ်တဲ့ ဥပဒေကြမ်းကို အတည်ပြုမယ်ဆိုရင် တော့တစ်နိုင်ငံလုံးအနေနဲ့ ပြဋ္ဌာန်း သင့်တယ်လို့ ထင်တယ်။ ဘာသာရေးအရ ခွဲခြားထားတာတော့ မကောင်းဘူးထင်တယ်။ တခြား နိုင်ငံတွေကို ဥပမာယူရမယ်။ နိုင်ငံသားဆိုရင် အခွင့်အရေး မခွဲ ခြားဘဲလုပ်ရမယ်။ တရုတ်မှာလည်း ဒီလိုလူဦးရေထိန်းချုပ်တဲ့ ဥပဒေရှိတယ်။ တရုတ်ပြည်မှာ နေရာတိုင်းလည်း ဒီဥပဒေက အကျုံးမဝင်ဘူး။ လူမျိုးပျောက်လု နီးပါးတိုင်းရင်းသားတွေ ဖြစ်တဲ့ တိဗက်လူမျိုး၊ Xinjiang ဒေသက လူမျိုး၊ သူတို့ကျတော့ကလေး များ များစားစားယူနိုင်တယ်။ မြို့ပေါ်က တရုတ်လူမျိုးကျတော့ တစ်ယောက်ပဲယူခွင့်ရှိတယ်။ ဒီလို အမျိုးမျိုးရှိတယ်။ ဒါတရုတ်လိုု လုပ်ဖို့ပြောတာ မဟုတ်ဘူးနော်။ ကိုယ့် နိုင်ငံအခြေအနေနဲ့ သုံးသပ် ပြီးလုပ်၊ ပျောက်ကွယ်လုနီးပါးတိုင်းရင်းသားတွေက ဦးစားပေး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါ လီတွေကိုတော့ တိုင်းရင်းသားလို့ လက်ခံလို့မရဘူး။ လုံးဝမဖြစ်နိုင်ဘူး။
နိုင်ငံရဲ့တည်ဆဲဥပဒေ၊ စည်း မျဉ်းစည်းကမ်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုး သတ်မှတ်မှုမပါဘူး။ သူတို့ ဒီဟာကို မကြိုက်ဘူးဆိုရင်လည်း နိုင်ငံသားမလျှောက်နဲ့ပေါ့။ သူတို့ကို လက်ခံနိုင်တဲ့ နိုင်ငံကိုသွားပေါ့။ ဒါပေမဲ့ဆရာမ ယုံကြည်တာက ရခိုင်က ဘင်္ဂါလီတွေကိုလည်း သိပ်ဆိုးရွားတဲ့ အခြေအနေ အောက်မှာ မထားသင့်ဘူး။ လူသားတွေအနေနဲ့ တန်းတူဆက်ဆံသင့်တယ်။
ယူနီဆက်မှာလည်း အကြီးအကဲတစ်ဦးအဖြစ် လုပ်ခဲ့တယ်။ တရုတ်ဌာနေကိုယ်စားလှယ် အဖြစ်လည်း တာဝန်ယူခဲ့ဖူးတော့ အတွေ့ အကြံုတွေအရနိုင်ငံတကာ အကူ အညီကိုမျှော်ကိုးနေရတဲ့ မြန်မာနို်င်ငံအတွက်တစ်ချိန်မှာ နစ်နာမှု မရှိအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
နိုင်ငံခြားအကူအညီကို အားမကိုးပါနဲ့။ အာရှတိုက်မှာ နိုင်ငံခြားအကူကိုမျှော်ကိုးပြီး တိုးတက်လာတဲ့ နိုင်ငံတစ်ခုမှမရှိဘူး။ မြန်မာ နိုင်ငံအနေနဲ့ နိုင်ငံခြားအကူဆိုပြီး မျက်လုံးမှိတ်ပြီး လက်မခံသင့်ဘူး။ ဘယ်နိုင်ငံမှစေတနာ ဖြူဖြူစင်စင် နဲ့ပေးတာမရှိဘူး။ သူတို့ အကျိုးအမြတ်ကို ရှေးရှုပြီး ပေးတဲ့ နိုင်ငံတွေချည်းပဲ။ မြန်မာ တွေကလည်း ယူသင့်မယူသင့် ကိုယ့်နိုင်ငံရဲ့ အကျိုးကို ရှေးရှုပြီး ချိန်ဆသင့်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲ့ သမိုင်းကို ကြည့်ရင် အထင်ကြီးစရာရှိတယ်။ ဘာလို့လဲဆိုတော့ ၁၉၄၉ လောက်က အင်မတန်ဆင်းရဲတဲ့ တရုတ်နိုင်ငံက အခု ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီ။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ် လူမျိုးတွေရဲ့ ရှုထောင့်နဲ့ ကြည့်ရင် နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးအစိုးရ ဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားတော်တော်များများဟာဒီလိုမမြင်ဘူး။ မြန်မာနိုင်ငံ ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးကြည့် ရင်တော့ တရုတ်ကိုရန်သူလို မဆက်ဆံသင့်ဘူး။ ထိုင်းလည်း ဒီလိုပဲ။ အိန္ဒိယလည်း ဒီလိုပဲ။ စီမံကိန်းတွေနဲ့ပတ်သက်ရင် ကျောက်ဖြူ ကိစ္စမှာ ဘယ်နိုင်ငံကပဲ ရင်းနှီးမြှုပ် နှံမှုလုပ်လုပ်သတိထားစရာ အချက်တွေရှိတယ်။ တစ်ဖက်မှာ ရခိုင် ဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သလိုတစ်ဖက်မှာလည်း ကျောက်ဖြူကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ပတ်သက်လို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းမရှိအောင် သတိပေးရမယ်။
သမ္မတအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးအနေနဲ့ နိုင်ငံတော်မှာ အရေးကြီးဆုံး ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးတယ်လို့ ထင်ပါသလဲ ခင်ဗျာ။
ခြစားမှုကို ကိုင်တွယ်ရမယ်။ ဒါကလည်း ဟိုးအရင်ပါလီမန် ခေတ်ကတောင် မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒါကိုရဲရဲတင်းတင်းကိုင်တွယ် ဖို့လိုအပ်တယ်။ လက်ရှိအစိုးရလည်း တချို့နေရာတွေမှာ ကိုင်တွယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မလုံလောက်ခဲ့ဘူး။ ဒါကလည်း အခုထိ ဘယ်အစိုးရမှလည်း ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဘယ်အချိန်မှ ကိုင်တွယ်နိုင်မလဲဆိုတာလည်း မပြောနိုင်ဘူး။ အဓိက ကတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ် နဲ့ကလည်း ခက်တယ်။
ဘာတွေများ ဖြည့်စွက်ပြီးတော့ ပြောချင်ပါသလဲခင်ဗျာ။
ပထမ ပြောခဲ့တဲ့ အချက်တွေပါပဲ။ အမျိုးသားပညာရေးဥပဒေကို အကောင်အထည်ဖော်ပါ။ ရခိုင်ကိစ္စကိုပြတ်ပြတ်သားသားလုပ်ပါ။ ခြစားမှုကို ရဲရဲတင်းတင်း ကိုင်တွယ်ပါ။
အခုလို ဖြေပေးတာ ကျေးဇူးတင် ပါတယ်ခင်ဗျာ။
ရဲလွင်
http://popularmyanmar.com/
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, January 14, 2016
အေျခခံမူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကို ေက်ာင္းသားသမဂၢနဲ႔ အုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ ကြၽန္မဘယ္လိုမွလက္မခံႏုိင္ဘူး( ေဒါက္တာ ယဥ္ယဥ္ႏြယ္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း)
အေျခခံမူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကို ေက်ာင္းသားသမဂၢနဲ႔ အုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ ကြၽန္မဘယ္လိုမွလက္မခံႏုိင္ဘူး( ေဒါက္တာ ယဥ္ယဥ္ႏြယ္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 14, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment