တရုတ်နိုင်ငံရဲ့ စတော့ဈေးကွက်ဟာ ၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွား |
ဂျပန် Nikei လည်း ၃ ရာခိုင်နှုန်းအထိကျဆင်းပြီး ဟောင်ကောင် Hang Seng လည်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို ဥရောပငွေကြေးဈေးကွက်လည်း စဖွင့်ချိန်ကတည်းက ဈေးကျဆင်းနေတာပါ။
အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေ၊ ဆော်ဒီအားရေးဘီးယားနဲ့ အီရန်အကြား တင်းမာမှုတွေရှိလာတာကြောင့် ဒီကနေ့မှာ ရေနံဈေးတက်လာပါတယ်။
.....................
တရုတ်နိုင်ငံရဲ့ စတော့စျေးကွက်ဟာ ရ ရာခိုင်နှုန်းအထိ ထိုးဆင်းသွား
၂၀၁၆ နှစ်သစ်အတွင်း ငွေကြေးစျေးကွက် အရောင်းအဝယ် စတင်တဲ့ ပထမဆုံးရက် ဒီကနေ့မှာပဲ တရုတ်နိုင်ငံရဲ့ စတော့စျေးကွက်ဟာ ရ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတာကြောင့် ရှန်ဟိုင်းနဲ့ ရှန်ဇန်း ငွေကြေးစျေးကွက်တွေမှာ အရေ င်းအဝယ် ရပ်ဆိုင်းသွားပါတယ်။
အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာနဲ့ ကမ္ဘာ့ ဒုတိယစီးပွားရေးအချက်အချာကြတဲ့ တရုတ်နိုင်ငံရဲ့ စက်မှုထုတ်ကုန်လုပ်ငန်းတွေ ကျဆင်းလာတာကြောင့် စတော့အရောင်းအဝယ် အခုလို ကျဆင်းတာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
ဂျပန် Nikei လည်း ၃ ရာခိုင်နှုန်းအထိကျဆင်းပြီး ဟောင်ကောင် Hang Seng လည်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို ဥရောပငွေကြေးစျေးကွက်လည်း စဖွင့်ချိန်ကတည်းက စျေးကျဆင်းနေတာပါ။
အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေ၊ ဆော်ဒီအားရေးဘီးယားနဲ့ အီရန်အကြား တင်းမာမှုတွေရှိလာတာကြောင့် ဒီကနေ့မှာ ရေနံစျေးတက်လာပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment