Byၿငိမ္းခ်မ္းဇြဲရဲဝင့္On Thu, 2016-01-07 09:39Locationရန္ကုန္Issue No.No.971 Thursday, January 7, 2016
ပုဂံသို႔ လာေရာက္လည္ပတ္ခဲ့ေသာ ကမၻာေက်ာ္အဆိုေတာ္ ဘိုႏို (ဓာတ္ပံု − Headliner. Seatwave)
အုိင္ယာလန္ႏုိင္ငံမွ ကမၻာေက်ာ္ေရာ့ခ္ေတးဂီတ U2 အဖြဲ႕ေခါင္းေဆာင္ အဆုိေတာ္ ဘုိႏုိသည္ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိ လာၿပီး ဇန္န၀ါရီ ၅ ရက္က ပုဂံၿမိဳ႕ သို႔ သြားေရာက္လည္ပတ္ခဲ့ ေၾကာင္း U2 အဖြဲ႕၏ ေဖ့စ္ဘြတ္ခ္မွ တစ္ဆင့္ ပရိသတ္မ်ားအား အသိ ေပးခဲ့သည္။
အမည္ရင္းသည္ ေပါလ္ေဒးဗစ္ေဟာ္ဆန္ျဖစ္ၿပီး ဘုိႏုိဆုိသည့္အႏုပညာအမည္ျဖင့္သာ အဓိကလူသိမ်ားသည့္အဆုိေတာ္က ဇန္န၀ါရီ ၅ ရက္တြင္ ပုဂံၿမိဳ႕ရွိ ေရွးေဟာင္းဘုရားမ်ားအထက္၌ လူစီးမီးပုံးပ်ံျဖင့္ ပ်ံသန္းေနသည့္ ဓာတ္ပုံကုိ Hot & Cold air ဆုိသည့္ စာသားျဖင့္တြဲ၍ ေဖ့စ္ဘြတ္ခ္ေပၚတင္ခဲ့သည္။ ၎က ပုဂံတြင္ ေလေအး မ်ားတုိက္ခတ္ေနခ်ိန္၌ လူစီးမီးပုံး ပ်ံျဖင့္စီးနင္းပ်ံသန္းေနပုံကိုရည္ ရြယ္ေရးသားခဲ့ျခင္းျဖစ္သည္။
ဘုိႏုိ၏ ဓာတ္ပုံေအာက္တြင္ ကမၻာအရပ္ရပ္မွ U2 ပရိသတ္ မ်ားက တုံ႔ျပန္မွတ္ခ်က္ေပးခဲ့ရာ ျမန္မာႏုိင္ငံႏွင့္ပတ္သက္၍ ၎တုိ႔၏အျမင္မ်ား၊ သေဘာထား မ်ားကိုလည္းေဖာ္ျပခဲ့ၾကသည္။
နယ္သာလန္ႏုိင္ငံမွ ဟန္းစ္ ခ႐ုဇာအမည္ရွိ ပရိသတ္တစ္ဦး က ‘‘ျမန္မာႏုိင္ငံမွာ ေပ်ာ္ရႊင္ပါေစ။ ျမန္မာက အၿမဲတမ္းၿပဳံးေနတဲ့လူ ေတြအမ်ားႀကီး ရွိေနတဲ့ႏုိင္ငံမ်ဳိးပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို လည္း ႏႈတ္ဆက္ပါတယ္’’ဟု ေရး သားခဲ့သည္။ အီတလီႏုိင္ငံသူ ခရ စၥတီနာပါဒိုဗင္နီက ‘‘ကၽြန္မလည္း ပုဂံေရာက္ေနတယ္’’ဟု ေရးသား ကာ ပုဂံရွိ ေရွးေဟာင္းေစတီပုထုိး မ်ားေနာက္ခံျဖင့္ ႐ုိက္ကူးထား သည့္ သူ၏ ဓာတ္ပုံကိုမွ်ေ၀ခဲ့ သည္။
Photo - Bagan Thiripyitsaya Sanctuary Resort
ဂ်ာမနီႏုိင္ငံသား မုိက္ကယ္ ကန္ဆုိသူက ‘‘ပုဂံက ေရွးေဟာင္း ေစတီပုထုိးေတြအေပၚကေန လူစီးမီးပုံးပ်ံစီးၿပီး ျဖတ္ပ်ံရတဲ့အေတြ႕ အႀကံဳက တကယ္ထူးျခားပါ တယ္’’ဟု မွတ္ခ်က္ေပးခဲ့သည္။ အခ်ဳိ႕က ဘုိႏုိကို ပုဂံတြင္ ေတြ႕ လုိက္ေသာ္လည္း ပုဂၢဳိလ္ေရး လြတ္လပ္မႈကို ေလးစားသည့္အ ေနျဖင့္ လာမႏႈတ္ဆက္ခဲ့ေၾကာင္း ဆုိသည္။ ထုိ႔အျပင္ ယခင္က ပုဂံ သို႔ ေရာက္ရွိခဲ့ဖူးေၾကာင္းမိသားစု အမွတ္တရဓာတ္ပုံမ်ား ျပသခဲ့သူအမ်ားအျပားလည္းရွိခဲ့သည္။
အဆုိေတာ္ဘုိႏုိသည္ ျမန္မာ ႏိုင္ငံသုိ႔ ေရာက္ရွိေနသည္ဟု ၾကားသိထားေသာ္လည္း ၎ထံ ဆက္သြယ္လာျခင္း မရွိေသး ေၾကာင္း အဆုိေတာ္ဘုိႏုိႏွင့္ ရင္း ႏွီးသူပန္းခ်ီထိန္လင္းက ေျပာသည္။
‘‘လာတယ္လုိ႔ ၾကားေတာ့ ၾကားတယ္။ သူက ေဖ်ာ္ေျဖေရးတုိ႔ ဘာတုိ႔နဲ႔လာတာမဟုတ္ဘူးေလ။ သူ႔မိသားစုနဲ႔ လာတာမ်ဳိးျဖစ္ တယ္။ အဲဒါေၾကာင့္ အမွန္အ တုိင္းေျပာရရင္ အခုအထိေတာ့အ ဆက္အသြယ္ေတာ့မရွိေသးဘူး။ သူေရာက္တယ္ဆုိတာကလည္း သူ႔ေဖ့စ္ဘြတ္ခ္မွာတင္ထားတာပဲ ရွိတယ္။ ဒါေၾကာင့္ ဒီလူေတြ ပုဂံ ေရာက္ေနတယ္လုိ႔သိရတာ။ U2 ရဲ႕ ေဖ့စ္ဘြတ္ခ္မွာတင္ထားပါ တယ္။ အဲဒါပါပဲ။ ကၽြန္ေတာ့္ဆီကုိ ဖုန္းေတြေခၚတာအဆက္အသြယ္ လုပ္တာေတာ့မရွိေသးဘူး’’ဟု ပန္းခ်ီထိန္လင္းကေျပာသည္။
ဘုိႏုိသည္ ပုဂံၿမိဳ႕သုိ႔ လာေရာက္၍ သီရိပစၥယာဟိုတယ္တြင္ တည္းခိုသြားျခင္း ျဖစ္ေၾကာင္း အဆိုပါဟိုတယ္၏ ေဖ့ဘြတ္ခ္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
‘‘ေဒၚေအာင္ဆန္းစုၾကည္သီ ခ်င္္းေတြဆုိတဲ့ အဆုိေတာ္လာ တယ္လုိ႔ေျပာေနၾကတယ္။ဒါေပမဲ့ ျပန္သြားၿပီလားဆုိတာမသိဘူး။ သူဘယ္မွာတည္းတာလဲဆုိတာ လည္း စုံစမ္းလို႔မရဘူး’’ဟု ပုဂံ ဧည့္လမ္းၫႊန္အသင္းဥကၠ႒ဦး ေဇာ္၀င္းခ်ဳိကေျပာသည္။
ဂရမ္မီဆုရ All That You Can't Leave Behind စီးရီးတြင္ ေဒၚေအာင္ဆန္းစုၾကည္ အ ေၾကာင္း ဂုဏ္ျပဳသီဆုိထားသည့္ Walk On သီခ်င္းကို ဘုိႏုိကသီဆုိ ထားသည္။
ႏုိင္ငံတကာေဖ်ာ္ေျဖပြဲမ်ား တြင္ Walk On သီခ်င္းသီဆုိရာ၌ ေဒၚေအာင္ဆန္းစုၾကည္၏ ပုံရိပ္ မ်ားျပသ၍ သီဆုိေလ့ရွိသည္။
ကမၻာေက်ာ္အဆုိေတာ္စုံတြဲ ျဖစ္ေသာ ေဂ်းဇီ ႏွင့္ ဘီယြန္ေစးတုိ႔ သည္လည္း ၂၀၁၅အတြင္းက ပုဂံ သုိ႔ လာေရာက္လည္ပတ္ခဲ့သည္။
7Daydaily
.................
ဘိုနို မြန်မာပြည် လာရောက်လည်ပတ်
Byငြိမ်းချမ်းဇွဲရဲဝင့်On Thu, 2016-01-07 09:39Locationရန်ကုန်Issue No.No.971 Thursday, January 7, 2016
ပုဂံသို့ လာရောက်လည်ပတ်ခဲ့သော ကမ္ဘာကျော်အဆိုတော် ဘိုနို (ဓာတ်ပုံ − Headliner. Seatwave)
အိုင်ယာလန်နိုင်ငံမှ ကမ္ဘာကျော်ရော့ခ်တေးဂီတ U2 အဖွဲ့ခေါင်းဆောင် အဆိုတော် ဘိုနိုသည် မြန်မာနိုင်ငံသို့ ရောက်ရှိ လာပြီး ဇန်နဝါရီ ၅ ရက်က ပုဂံမြို့ သို့ သွားရောက်လည်ပတ်ခဲ့ ကြောင်း U2 အဖွဲ့၏ ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပရိသတ်များအား အသိ ပေးခဲ့သည်။
အမည်ရင်းသည် ပေါလ်ဒေးဗစ်ဟော်ဆန်ဖြစ်ပြီး ဘိုနိုဆိုသည့်အနုပညာအမည်ဖြင့်သာ အဓိကလူသိများသည့်အဆိုတော်က ဇန်နဝါရီ ၅ ရက်တွင် ပုဂံမြို့ရှိ ရှေးဟောင်းဘုရားများအထက်၌ လူစီးမီးပုံးပျံဖြင့် ပျံသန်းနေသည့် ဓာတ်ပုံကို Hot & Cold air ဆိုသည့် စာသားဖြင့်တွဲ၍ ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သည်။ ၎င်းက ပုဂံတွင် လေအေး များတိုက်ခတ်နေချိန်၌ လူစီးမီးပုံး ပျံဖြင့်စီးနင်းပျံသန်းနေပုံကိုရည် ရွယ်ရေးသားခဲ့ခြင်းဖြစ်သည်။
ဘိုနို၏ ဓာတ်ပုံအောက်တွင် ကမ္ဘာအရပ်ရပ်မှ U2 ပရိသတ် များက တုံ့ပြန်မှတ်ချက်ပေးခဲ့ရာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏အမြင်များ၊ သဘောထား များကိုလည်းဖော်ပြခဲ့ကြသည်။
နယ်သာလန်နိုင်ငံမှ ဟန်းစ် ခရုဇာအမည်ရှိ ပရိသတ်တစ်ဦး က ‘‘မြန်မာနိုင်ငံမှာ ပျော်ရွှင်ပါစေ။ မြန်မာက အမြဲတမ်းပြုံးနေတဲ့လူ တွေအများကြီး ရှိနေတဲ့နိုင်ငံမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လည်း နှုတ်ဆက်ပါတယ်’’ဟု ရေး သားခဲ့သည်။ အီတလီနိုင်ငံသူ ခရ စ္စတီနာပါဒိုဗင်နီက ‘‘ကျွန်မလည်း ပုဂံရောက်နေတယ်’’ဟု ရေးသား ကာ ပုဂံရှိ ရှေးဟောင်းစေတီပုထိုး များနောက်ခံဖြင့် ရိုက်ကူးထား သည့် သူ၏ ဓာတ်ပုံကိုမျှဝေခဲ့ သည်။
Photo - Bagan Thiripyitsaya Sanctuary Resort
ဂျာမနီနိုင်ငံသား မိုက်ကယ် ကန်ဆိုသူက ‘‘ပုဂံက ရှေးဟောင်း စေတီပုထိုးတွေအပေါ်ကနေ လူစီးမီးပုံးပျံစီးပြီး ဖြတ်ပျံရတဲ့အတွေ့ အကြုံက တကယ်ထူးခြားပါ တယ်’’ဟု မှတ်ချက်ပေးခဲ့သည်။ အချို့က ဘိုနိုကို ပုဂံတွင် တွေ့ လိုက်သော်လည်း ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို လေးစားသည့်အ နေဖြင့် လာမနှုတ်ဆက်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ယခင်က ပုဂံ သို့ ရောက်ရှိခဲ့ဖူးကြောင်းမိသားစု အမှတ်တရဓာတ်ပုံများ ပြသခဲ့သူအများအပြားလည်းရှိခဲ့သည်။
အဆိုတော်ဘိုနိုသည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေသည်ဟု ကြားသိထားသော်လည်း ၎င်းထံ ဆက်သွယ်လာခြင်း မရှိသေး ကြောင်း အဆိုတော်ဘိုနိုနှင့် ရင်း နှီးသူပန်းချီထိန်လင်းက ပြောသည်။
‘‘လာတယ်လို့ ကြားတော့ ကြားတယ်။ သူက ဖျော်ဖြေရေးတို့ ဘာတို့နဲ့လာတာမဟုတ်ဘူးလေ။ သူ့မိသားစုနဲ့ လာတာမျိုးဖြစ် တယ်။ အဲဒါကြောင့် အမှန်အ တိုင်းပြောရရင် အခုအထိတော့အ ဆက်အသွယ်တော့မရှိသေးဘူး။ သူရောက်တယ်ဆိုတာကလည်း သူ့ဖေ့စ်ဘွတ်ခ်မှာတင်ထားတာပဲ ရှိတယ်။ ဒါကြောင့် ဒီလူတွေ ပုဂံ ရောက်နေတယ်လို့သိရတာ။ U2 ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်ထားပါ တယ်။ အဲဒါပါပဲ။ ကျွန်တော့်ဆီကို ဖုန်းတွေခေါ်တာအဆက်အသွယ် လုပ်တာတော့မရှိသေးဘူး’’ဟု ပန်းချီထိန်လင်းကပြောသည်။
ဘိုနိုသည် ပုဂံမြို့သို့ လာရောက်၍ သီရိပစ္စယာဟိုတယ်တွင် တည်းခိုသွားခြင်း ဖြစ်ကြောင်း အဆိုပါဟိုတယ်၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်သီ ချင််းတွေဆိုတဲ့ အဆိုတော်လာ တယ်လို့ပြောနေကြတယ်။ဒါပေမဲ့ ပြန်သွားပြီလားဆိုတာမသိဘူး။ သူဘယ်မှာတည်းတာလဲဆိုတာ လည်း စုံစမ်းလို့မရဘူး’’ဟု ပုဂံ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌဦး ဇော်ဝင်းချိုကပြောသည်။
ဂရမ်မီဆုရ All That You Can't Leave Behind စီးရီးတွင် ဒေါ်အောင်ဆန်းစုကြည် အ ကြောင်း ဂုဏ်ပြုသီဆိုထားသည့် Walk On သီချင်းကို ဘိုနိုကသီဆို ထားသည်။
နိုင်ငံတကာဖျော်ဖြေပွဲများ တွင် Walk On သီချင်းသီဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် များပြသ၍ သီဆိုလေ့ရှိသည်။
ကမ္ဘာကျော်အဆိုတော်စုံတွဲ ဖြစ်သော ဂျေးဇီ နှင့် ဘီယွန်စေးတို့ သည်လည်း ၂၀၁၅အတွင်းက ပုဂံ သို့ လာရောက်လည်ပတ်ခဲ့သည်။
7Daydaily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment