CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 2, 2016
ပရိသတ္အားေပးေပမယ့္ ၀င္ေငြေလ်ာ့တဲ့ ‘ခ်စ္လွစြာေသာ အမုန္း’
Sunday, January 3, 2016
႐ုံၿပိဳင္စနစ္ျဖင့္ ျပသေန ေသာ ‘ခ်စ္လွစြာေသာ အမုန္း’ ႐ုပ္ရွင္ဇာတ္ကားကို ပရိသတ္ အားေပးမႈရရွိေသာ္လည္း ၀င္ေငြ ေလ်ာ့က်ေၾကာင္း ဒါ႐ုိက္တာ၀ုိင္း က ေျပာသည္။
‘‘ဒီလိုကားမ်ဳိးကို အရင္ရတဲ့ ၀င္ေငြႏႈန္းနဲ႔ အခုႏႈန္းဆိုရင္ နည္း နည္းေလးကြာသြားတာကို ေတြ႕ရ တယ္။ အဲဒါက လူမ၀င္လို႔ မဟုတ္ဘူး။ လူကေတာ့ အရင္စံခ်ိန္အ တုိင္း၀င္တာပဲ’’ဟု ၎ကေျပာ သည္။ ခ်စ္လွစြာေသာ အမုန္း႐ုပ္ ရွင္ဇာတ္ကားကို ဇန္န၀ါရီ ၁ ရက္ မွစတင္၍ ေရွ႕ေဆာင္၊ သြင္၊စံျပ၊ JCGV ေမာ္တင္ႏွင့္ Junction Square စသည့္ ႐ုပ္ရွင္႐ုံမ်ားပါ ၀င္သည့္ ဘီ႐ုံတဲြတြင္ ျပသေန ျခင္း ျဖစ္သည္။
‘‘သတ္မွတ္ထားတဲ့ ရာခိုင္ ႏႈန္းျပည့္ရင္ တစ္လျပခြင့္ရမယ္။ ဒီစနစ္မွာ အခြင့္အေရးတစ္ခု ပို တာက တစ္လျပည့္မယ့္ ေနာက္ ဆုံးပတ္မွာ ၅၀ ရာခိုင္ႏႈန္းဆက္ ၀င္ရင္ ႏွစ္ပတ္ထပ္ရမယ္။ သို႔ ေသာ္လည္း အဲဒီမွာ ခ်ဳိ႕ယြင္းခ်က္ ရွိတာက အရင္စနစ္မွာတုန္းက သမၼတ႐ုံတစ္႐ုံတည္းရဲ႕ ၀င္ေငြကို သတ္မွတ္တာ။ အခုက်ေတာ့ ႐ုံ တစ္႐ုံခ်င္းရဲ႕ ၀င္ေငြကိုသတ္မွတ္ တာဆိုေတာ့ တခ်ဳိ႕႐ုံေတြက အ ရင္ကတည္းက လူလာမၾကည့္တဲ့ ႐ုံေတြအမ်ားႀကီးပဲေလ။ အဲဒီ႐ုံ ေတြက Promote လည္း မလုပ္ ဘူး။ ႐ုံၿပိဳင္ျပခ်င္တယ္သာ ေအာ္ ေနတာ။ အဲဒီ႐ုံေတြက ၿမိဳ႕ထဲက ႐ုံေတြကို ၀င္ေငြမီမွာမဟုတ္ဘူး။ အဲဒီ႐ုံေတြအတြက္ ျပန္စဥ္းစားဖုိ႔ လိုတယ္ထင္တယ္’’ဟု ဒါ႐ုိက္ တာ၀ုိင္းက ႐ုံၿပိဳင္စနစ္၏ အား နည္းခ်က္ အားသာခ်က္ကို ေျပာ ၾကားသည္။
‘ခ်စ္လွစြာေသာ အမုန္း’ ဇာတ္ကားတြင္ ေအာင္ရဲလင္း၊ သက္မြန္ျမင့္ႏွင့္ ၀တ္မႈံေရႊရည္ တို႔က အဓိကသ႐ုပ္ေဆာင္မ်ားအ ျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ၿပီး ပုည ခင္၏ ၀တၳဳကိုဒါ႐ုိက္တာ၀ိုင္းက ႐ုိက္ကူးပုံေဖာ္ထားသည္။
‘‘အစ္ကိုရဲ႕ ပုံသဏၭာန္တစ္ ခုအေျပာင္းအလဲကို ပရိသတ္ေတြ ခံစားလို႔ရတယ္။ ႀကိဳက္ႏွစ္သက္ တယ္ဆုိေတာ့ အရမ္း၀မ္းသာ တယ္။ မၾကည့္ရတဲ့ ပရိသတ္ေတြ ကိုေတာ့ ဒီကားက အရင္ကား ေတြထက္ အျပစ္အနာအဆာ ကင္းတယ္။ ဦးတည္ခ်က္ေကာင္း တယ္။ အဲဒီအတြက္ ၾကည့္ေစ ခ်င္တယ္’’ဟု ဒါ႐ုိက္တာ၀ိုင္းက ေျပာသည္။
ခ်စ္လွစြာေသာ အမုန္းအဖဲြ႕ သားမ်ားအေနျဖင့္လည္း ဇန္န၀ါ ရီ ၃ ရက္ ေန႔လယ္ပုိင္းတြင္ ေရွ႕ ေဆာင္႐ုပ္ရွင္႐ုံ၌ ပရိသတ္မ်ား ႏွင့္ ေတြ႕ဆုံရန္စီစဥ္ေနသည္။
7Day Daily
........................
ပရိသတ်အားပေးပေမယ့် ၀င်ငွေလျော့တဲ့ ‘ချစ်လှစွာသော အမုန်း’
Sunday, January 3, 2016
ရုံပြိုင်စနစ်ဖြင့် ပြသနေ သော ‘ချစ်လှစွာသော အမုန်း’ ရုပ်ရှင်ဇာတ်ကားကို ပရိသတ် အားပေးမှုရရှိသော်လည်း ၀င်ငွေ လျော့ကျကြောင်း ဒါရိုက်တာဝိုင်း က ပြောသည်။
‘‘ဒီလိုကားမျိုးကို အရင်ရတဲ့ ၀င်ငွေနှုန်းနဲ့ အခုနှုန်းဆိုရင် နည်း နည်းလေးကွာသွားတာကို တွေ့ရ တယ်။ အဲဒါက လူမဝင်လို့ မဟုတ်ဘူး။ လူကတော့ အရင်စံချိန်အ တိုင်းဝင်တာပဲ’’ဟု ၎င်းကပြော သည်။ ချစ်လှစွာသော အမုန်းရုပ် ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁ ရက် မှစတင်၍ ရှေ့ဆောင်၊ သွင်၊စံပြ၊ JCGV မော်တင်နှင့် Junction Square စသည့် ရုပ်ရှင်ရုံများပါ ၀င်သည့် ဘီရုံတွဲတွင် ပြသနေ ခြင်း ဖြစ်သည်။
‘‘သတ်မှတ်ထားတဲ့ ရာခိုင် နှုန်းပြည့်ရင် တစ်လပြခွင့်ရမယ်။ ဒီစနစ်မှာ အခွင့်အရေးတစ်ခု ပို တာက တစ်လပြည့်မယ့် နောက် ဆုံးပတ်မှာ ၅၀ ရာခိုင်နှုန်းဆက် ၀င်ရင် နှစ်ပတ်ထပ်ရမယ်။ သို့ သော်လည်း အဲဒီမှာ ချို့ယွင်းချက် ရှိတာက အရင်စနစ်မှာတုန်းက သမ္မတရုံတစ်ရုံတည်းရဲ့ ၀င်ငွေကို သတ်မှတ်တာ။ အခုကျတော့ ရုံ တစ်ရုံချင်းရဲ့ ၀င်ငွေကိုသတ်မှတ် တာဆိုတော့ တချို့ရုံတွေက အ ရင်ကတည်းက လူလာမကြည့်တဲ့ ရုံတွေအများကြီးပဲလေ။ အဲဒီရုံ တွေက Promote လည်း မလုပ် ဘူး။ ရုံပြိုင်ပြချင်တယ်သာ အော် နေတာ။ အဲဒီရုံတွေက မြို့ထဲက ရုံတွေကို ၀င်ငွေမီမှာမဟုတ်ဘူး။ အဲဒီရုံတွေအတွက် ပြန်စဉ်းစားဖို့ လိုတယ်ထင်တယ်’’ဟု ဒါရိုက် တာဝိုင်းက ရုံပြိုင်စနစ်၏ အား နည်းချက် အားသာချက်ကို ပြော ကြားသည်။
‘ချစ်လှစွာသော အမုန်း’ ဇာတ်ကားတွင် အောင်ရဲလင်း၊ သက်မွန်မြင့်နှင့် ၀တ်မှုံရွှေရည် တို့က အဓိကသရုပ်ဆောင်များအ ဖြစ် ပါ၀င်သရုပ်ဆောင်ပြီး ပုည ခင်၏ ၀တ္ထုကိုဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားသည်။
‘‘အစ်ကိုရဲ့ ပုံသဏ္ဌာန်တစ် ခုအပြောင်းအလဲကို ပရိသတ်တွေ ခံစားလို့ရတယ်။ ကြိုက်နှစ်သက် တယ်ဆိုတော့ အရမ်းဝမ်းသာ တယ်။ မကြည့်ရတဲ့ ပရိသတ်တွေ ကိုတော့ ဒီကားက အရင်ကား တွေထက် အပြစ်အနာအဆာ ကင်းတယ်။ ဦးတည်ချက်ကောင်း တယ်။ အဲဒီအတွက် ကြည့်စေ ချင်တယ်’’ဟု ဒါရိုက်တာဝိုင်းက ပြောသည်။
ချစ်လှစွာသော အမုန်းအဖွဲ့ သားများအနေဖြင့်လည်း ဇန်နဝါ ရီ ၃ ရက် နေ့လယ်ပိုင်းတွင် ရှေ့ ဆောင်ရုပ်ရှင်ရုံ၌ ပရိသတ်များ နှင့် တွေ့ဆုံရန်စီစဉ်နေသည်။
7Day Daily
ပရိသတ္အားေပးေပမယ့္ ၀င္ေငြေလ်ာ့တဲ့ ‘ခ်စ္လွစြာေသာ အမုန္း’
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment