ျမန္မာႏိုင္ငံအတြင္းရွိေဒသေပါင္းစုံမွ ေနထိုင္သူေပါင္း ၆၄၀ေက်ာ္မွာ၂၀၁၅ခုႏွစ္တြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ ထိုင္း၊ တ႐ုတ္ႏွင့္ မေလးရွားႏိုင္ငံမ်ားသို႔ လူကုန္ကူးကာေရာင္းစားခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။
အဆိုပါ လူကုန္ကူးေရာင္းစားခံရသူမ်ားတြင္ အမ်ိဳးသားအမ်ားစုပါဝင္ခဲ့ၿပီး ၎တို႔မွာထိုင္းႏိုင္ငံရွိငါးဖမ္းစက္ေလွႏွင့္ စက္႐ုံမ်ား၌ လုပ္ခလစာမရရွိဘဲ လုပ္ကိုင္ၾကရေၾကာင္း၊ အမ်ိဳးသမီးမ်ားမွာတ႐ုတ္ႏိုင္ငံသို႔ တ႐ုတ္မယားအျဖစ္ အမ်ားဆုံးေရာင္းခ်ခံရေၾကာင္း ယင္းတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္စာရင္းမ်ားအရသိရွိရသည္။
“လစာေကာင္းတဲ့ အလုပ္အကိုင္ရမယ္ဆိုတဲ့ မက္လုံးေတြနဲ႔ အသိပညာနည္းပါးသူေတြကို မက္လုံးေပးၿပီး ပြဲစားေတြကတစ္ဖက္ႏိုင္ငံကိုေရာင္းစားတာ၊ လူကုန္ကူးမႈက်ဴးလြန္သူေတြကိုဖမ္းမိဖို႔ သက္ဆိုင္ရာႏိုင္ငံအလိုက္ တာဝန္ရွိသူေတြက ပူးေပါင္းစုံစမ္းေဖာ္ထုတ္ခဲ့ရာမွာ လူကုန္ကူးမႈက်ဴးလြန္သူ၂၄၆ ဦးကိုဖမ္းမိခဲ့ၿပီး လူကုန္ကူးခံရသူေတြထဲက ၅၆၇ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့တယ္ ”ဟု ျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ အႀကီးတန္းရဲအရာရွိတစ္ဦးကေျပာၾကားသည္။
အဆိုပါလူကုန္ကူးခံရသူ ၆၄၀ ေက်ာ္တြင္ အသက္ ၁၈ႏွစ္မွ ၃၀ႏွစ္အ႐ြယ္ၾကားရွိသူအမ်ားစုပါဝင္ခဲ့ၿပီး အမ်ိဳးသမီး ၅၀ဦးအပါအဝင္ ၇၄ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ျခင္းမရွိေသးေၾကာင္း၊ လူကုန္ကူးမႈက်ဴးလြန္သူ ၃၈၆ဦးအနက္ လြတ္ေျမာက္ေနသည့္ ၁၄၀ဦးကို ဖမ္းဝရမ္းထုတ္ျပန္ကာ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းစုံစမ္းေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။
The Voice Weekly
......................
မြန်မာ ၆၀၀ ကျော် အိမ်နီးချင်းနိုင်ငံများထံ ရောင်းစားခံရ
မြန်မာနိုင်ငံအတွင်းရှိဒေသပေါင်းစုံမှ နေထိုင်သူပေါင်း ၆၄၀ကျော်မှာ၂၀၁၅ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် မလေးရှားနိုင်ငံများသို့ လူကုန်ကူးကာရောင်းစားခံခဲ့ရကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ လူကုန်ကူးရောင်းစားခံရသူများတွင် အမျိုးသားအများစုပါဝင်ခဲ့ပြီး ၎င်းတို့မှာထိုင်းနိုင်ငံရှိငါးဖမ်းစက်လှေနှင့် စက်ရုံများ၌ လုပ်ခလစာမရရှိဘဲ လုပ်ကိုင်ကြရကြောင်း၊ အမျိုးသမီးများမှာတရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် အများဆုံးရောင်းချခံရကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်စာရင်းများအရသိရှိရသည်။
“လစာကောင်းတဲ့ အလုပ်အကိုင်ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အသိပညာနည်းပါးသူတွေကို မက်လုံးပေးပြီး ပွဲစားတွေကတစ်ဖက်နိုင်ငံကိုရောင်းစားတာ၊ လူကုန်ကူးမှုကျူးလွန်သူတွေကိုဖမ်းမိဖို့ သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ရှိသူတွေက ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာမှာ လူကုန်ကူးမှုကျူးလွန်သူ၂၄၆ ဦးကိုဖမ်းမိခဲ့ပြီး လူကုန်ကူးခံရသူတွေထဲက ၅၆၇ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ် ”ဟု မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားသည်။
အဆိုပါလူကုန်ကူးခံရသူ ၆၄၀ ကျော်တွင် အသက် ၁၈နှစ်မှ ၃၀နှစ်အရွယ်ကြားရှိသူအများစုပါဝင်ခဲ့ပြီး အမျိုးသမီး ၅၀ဦးအပါအဝင် ရ၄ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိသေးကြောင်း၊ လူကုန်ကူးမှုကျူးလွန်သူ ၃၈၆ဦးအနက် လွတ်မြောက်နေသည့် ၁၄၀ဦးကို ဖမ်းဝရမ်းထုတ်ပြန်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းစုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 6, 2016
ျမန္မာ ၆၀၀ ေက်ာ္ အိမ္နီးခ်င္းႏိုင္ငံမ်ားထံ ေရာင္းစားခံရ
ျမန္မာ ၆၀၀ ေက်ာ္ အိမ္နီးခ်င္းႏိုင္ငံမ်ားထံ ေရာင္းစားခံရ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 06, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment