အေမရိကန္ႏုိင္ငံအေျခစုိက္ စီးပြားေရးလုပ္ငန္းရွင္မ်ားအဖြဲ႔က ခ်ီးျမႇင့္တဲ့ ၂၀၁၅ အတြက္ အေအာင္ျမင္ဆုံး စီးပြားေရးလုပ္ငန္းရွင္ဆုကုိ Hissho ဆူရွီကုမၸဏီပုိင္ရွင္ ျမန္မာႏုိင္ငံသား ကုိဖိလစ္ေမာင္ပုိင္ က ရရွိသြားပါတယ္။
အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ US Business Executive အဖြဲ႔က ခ်ီးျမႇင့္တဲ့ ဒီဆုဟာ စီးပြားေရးလုပ္ငန္း ႀကီးထြား ေအာင္ျမင္တာအျပင္ အလုပ္သမားေတြရဲ႕ ေက်နပ္အားရမႈ၊ မိမိရဲ႕ ထုတ္ကုန္ တျခားကုမၸဏီေတြထက္ အရည္အေသြး ေကာင္းမြန္တာ၊ တႏွစ္တာအတြက္ ၀န္ေဆာင္မႈလုပ္ငန္း ေကာင္းမြန္မႈ စတဲ့ ဘက္စုံ တုိးတက္ေကာင္းမြန္မႈကုိ ၾကည့္ၿပီး စီးပြားေရးလုပ္ငန္းမ်ဳိးစုံအတြက္ ကုမၸဏီေပါင္း (၉) ခုကုိ ခ်ီးျမႇင့္ခဲ့တာမွာ ကုိဖိလစ္ေမာင္ရဲ႕ Hissho ဆူရွီကုမၸဏီလည္း ဒီဆုကုိ ရရွိခဲ့တာ ျဖစ္ပါတယ္။
play
“၀မ္းသာတာေပါ့ေနာ္။ ကိုယ့္ႏုိင္ငံကေနထြက္လာၿပီးေတာ့ အခုလိုမ်ိဳး Immigrant တေယာက္အေနနဲ႔ လုပ္ႏုိင္တယ္ဆုိတာ။ ဒါေပမဲ့ Immigrant တေယာက္အေနနဲ႔လည္း လုပ္ႏုိင္ကိုင္ႏုိင္တယ္ဆုိေတာ့ ၀မ္းသာတာေပါ့ေနာ္။ ေနာက္လူေတြအတြက္လည္း အတုယူႏုိင္ေအာင္ လံႈ႔ေဆာ္ေပးသလို ျဖစ္တာေပါ့ ” လို႔ ကုိဖိလစ္ေမာင္က ဗီအိုေအနဲ႔ေတြ႕ဆံုေမးျမန္းခန္းတစ္ခုမွာ ေျပာခဲ့ပါတယ္။
play
၁၉၉၈ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ Hissho ဆူရွီးကုမၸဏီဟာ အခုခ်ိန္မွာ အေမရိကန္ႏုိင္ငံတ၀ွမ္း ဆုိင္ခြဲေပါင္း ၈၀၀ ေက်ာ္ကုိ ဖြင့္လွစ္ႏုိင္ခဲ့ၿပီးျဖစပါတယ္။၂၀၁၅ ခုႏွစ္က ကုမၸဏီရဲ႕ ၀င္ေငြဟာ အေမရိကန္ေဒၚလာ သန္း ၁၀၀ အထိ ရွိတယ္လို႕သိရပါတယ္။
Hissho ဆူရွီးကုမၸဏီရဲ႕ ေအာင္ျမင္မႈဟာ ၂၀၁၁ ခုႏွစ္မွာ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က အသိအမွတ္ျပဳ ဂုဏ္ျပဳရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ကုိဖိလစ္ေမာင္ကုိလည္း အေမရိကန္ သမၼတကေတာ္ Michelle Obama က အထူး ဖိတ္ၾကားခဲ့ၿပီး သမၼတ Barack Obama က သူ႔ရဲ႕ ၂၀၁၁ ခုႏွစ္ State Of the Union ႏုိင္ငံေတာ္အေျချပ မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာခဲ့ဘူးပါတယ္။
ကုမၸဏီရဲ႕အလုပ္သမားအမ်ားစုကုိ ႏုိင္ငံျခားကေန အေမရိကန္မွာ ေရႊ႕ေျပာင္းေနထုိင္ၾကတဲ့ Immigrant ေတြကုိ ခန္႔ထားေပမယ့္ အဲဒီအထဲက ၇၀% ေလာက္ဟာ ျမန္မာႏုိင္ငံသားေတြျဖစ္ပါတယ္။
Source & Photo: VOA
Credit: Duwun
..............
၂၀၁၅ ခုနှစ် အမေရိကန်ရဲ့ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ဆုကို မြန်မာရယူ
အမေရိကန်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၅ အတွက် အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ဆုကို Hissho ဆူရှီကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင်ပိုင် က ရရှိသွားပါတယ်။
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် US Business Executive အဖွဲ့က ချီးမြှင့်တဲ့ ဒီဆုဟာ စီးပွားရေးလုပ်ငန်း ကြီးထွား အောင်မြင်တာအပြင် အလုပ်သမားတွေရဲ့ ကျေနပ်အားရမှု၊ မိမိရဲ့ ထုတ်ကုန် တခြားကုမ္ပဏီတွေထက် အရည်အသွေး ကောင်းမွန်တာ၊ တနှစ်တာအတွက် ၀န်ဆောင်မှုလုပ်ငန်း ကောင်းမွန်မှု စတဲ့ ဘက်စုံ တိုးတက်ကောင်းမွန်မှုကို ကြည့်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံအတွက် ကုမ္ပဏီပေါင်း (၉) ခုကို ချီးမြှင့်ခဲ့တာမှာ ကိုဖိလစ်မောင်ရဲ့ Hissho ဆူရှီကုမ္ပဏီလည်း ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
play
“၀မ်းသာတာပေါ့နော်။ ကိုယ့်နိုင်ငံကနေထွက်လာပြီးတော့ အခုလိုမျိုး Immigrant တယောက်အနေနဲ့ လုပ်နိုင်တယ်ဆိုတာ။ ဒါပေမဲ့ Immigrant တယောက်အနေနဲ့လည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုတော့ ၀မ်းသာတာပေါ့နော်။ နောက်လူတွေအတွက်လည်း အတုယူနိုင်အောင် လှုံ့ဆော်ပေးသလို ဖြစ်တာပေါ့ ” လို့ ကိုဖိလစ်မောင်က ဗီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။
play
၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Hissho ဆူရှီးကုမ္ပဏီဟာ အခုချိန်မှာ အမေရိကန်နိုင်ငံတဝှမ်း ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစပါတယ်။၂၀၁၅ ခုနှစ်က ကုမ္ပဏီရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရှိတယ်လို့သိရပါတယ်။
Hissho ဆူရှီးကုမ္ပဏီရဲ့ အောင်မြင်မှုဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်က အသိအမှတ်ပြု ဂုဏ်ပြုရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ကိုဖိလစ်မောင်ကိုလည်း အမေရိကန် သမ္မတကတော် Michelle Obama က အထူး ဖိတ်ကြားခဲ့ပြီး သမ္မတ Barack Obama က သူ့ရဲ့ ၂၀၁၁ ခုနှစ် State Of the Union နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောခဲ့ဘူးပါတယ်။
ကုမ္ပဏီရဲ့အလုပ်သမားအများစုကို နိုင်ငံခြားကနေ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ Immigrant တွေကို ခန့်ထားပေမယ့် အဲဒီအထဲက ရ၀% လောက်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။
Source & Photo: VOA
Credit: Duwun
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment