29 January 2016
ဇန္န၀ါရီလ ၂၇ ရက္ေန ့ ၂၀၁၆ခုႏွစ္ နံနက္ ၉ နာရီခြဲခန္ ့တြင္ ေရႊ ့ေျပာင္း ျမန္မာအလုပ္သမား ၁၂၁ဦးခန္ ့ ထိုင္းႏိုင္ငံ ခ်င္းမိုင္ျမိဳ ့ရွိ အလုပ္သမားႏွင့္ လူမႈဖူလံုေရး ဌာနသို ့ပါဖက္တို( เปอร์เฟตโต)ကုမၸဏီႏွင့္ ပတ္သက္၍ မိမိတို ့၏ ရသင့္ရထိုက္ေသာ အခြင့္အေရးႏွင့္ တရားမွ်တေရးကို လာေရာက္ ဆႏၵေဖာ္ထုတ္ေတာင္းဆိုခဲ့ၾကသည္။
ေရႊ ့ေျပာင္း အလုပ္သမားမ်ားထဲမွ ကိုယ္စားလွယ္တစ္ဦး၏ ေျပာခ်က္အရ ကၽြန္ေတာ္တို ့အားလံုးဟာ ပါဖက္တို ့( เปอร์เฟตโต) ကုမၸဏီက အလုပ္ ထုတ္ခံလိုက္ရတဲ့ အလုပ္သမားေတြပါ ၊အဲဒီကုမၸဏီရဲ ့ေဆာက္လုပ္ေရးဆိုဒ္ ေတြျဖစ္တဲ့ စတားအီ၀င္းနယူး ၊ဒီဟာေမာ ၊The spring condominium စတဲ့ ဆိုဒ္ ၃ ေနရာမွာ အလုပ္လုပ္ခဲ့တဲ့ အလုပ္သမားေတြ ျဖစ္ပါတယ္၊၂၀၁၅ ဒီဇင္ဘာလ ၁၆ ရက္ေန ့မွ ၂၀၁၆ ဇန္န၀ါရီလ ၁၅ ရက္ေန ့အထိ လုပ္အားခေငြစုစုေပါင္း ဘတ္ ၉၀၆၉၈၈.၈၀ နဲ ့ ၾကိဳတင္ေငြတစ္ပတ္စာ ဘတ္ ၅၅၄၈၅၀ ၊ အလုပ္ထုတ္လိုက္တဲ ့အတြက္ အလုပ္သမား နစ္နာေၾကးေငြ ဘတ္ ၂၀၃၆၁၀၀၊ စုစုေပါင္း ဘတ္ ၃၄၆၁၆၀၂.၈၀ ကို ကုမၸဏီက ကၽြန္ေတာ္တို ့ကိုေပးေခ်ရမွာ ျဖစ္ပါတယ္။
ဇန္န၀ါရီလ ၂၂ ရက္ေန ့ေလာက္က အလုပ္သမားေတြ ေနတဲ့ အေဆာင္ကို ေရျဖတ္မီးျဖတ္ လုပ္လိုက္တဲ့ အတြက္ အလုပ္သမားေတြဟာ ကိုယ့္ဘာသာကိုယ္ ေနစရာအသစ္ လိုက္ရွာေနရတာျဖစ္ပါတယ္။
အလုပ္ရွင္အားလုပ္ခလစာနဲ ့မိမိတို ့၏ရပိုင္ခြင့္ကို ေတာင္းဆိုဖို႔ ဆက္သြယ္သြားရာမွာ အဆက္အသြယ္မရေတာ့သျဖင့္ ကုမၸဏီရံုးခန္းအထိသို ့သြားရာတြင္ ရံုးခန္းလည္း ပိတ္လိုက္ျပီျဖစ္ပါတယ္။
ဇန္န၀ါရီလ ၂၁ ရက္ေန႔မွာ ေရႊ ့ေျပာင္း အလုပ္သမားမ်ားဟာ လူမႈေရး အသင္းအဖြဲ ့ျဖစ္တဲ့ (Migrant Workers Federation)အဖြဲ ့အား ဥပေဒႏွင့္အညီ မိမိတို ့ကို ကူညီေဆာင္ရြက္ေပးရန္ ေတာင္းဆိုထားျပီးျဖစ္ေၾကာင္း ေျပာၾကား ထားပါတယ္။
MTF Channel
https://www.facebook.com/mtftv/
...............................................................
မြန်မာအလုပ်သမားများ လုပ်အားခ ဘတ်ငွေ ၃.၄သန်း အလိမ်ခံရ
29 January 2016
ဇန်နဝါရီလ ၂၇ ရက်နေ ့ ၂၀၁၆ခုနှစ် နံနက် ၉ နာရီခွဲခန် ့တွင် ရွှေ ့ပြောင်း မြန်မာအလုပ်သမား ၁၂၁ဦးခန် ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို ့ရှိ အလုပ်သမားနှင့် လူမှုဖူလုံရေး ဌာနသို ့ပါဖက်တို( เปอร์เฟตโต)ကုမ္ပဏီနှင့် ပတ်သက်၍ မိမိတို ့၏ ရသင့်ရထိုက်သော အခွင့်အရေးနှင့် တရားမျှတရေးကို လာရောက် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။
ရွှေ ့ပြောင်း အလုပ်သမားများထဲမှ ကိုယ်စားလှယ်တစ်ဦး၏ ပြောချက်အရ ကျွန်တော်တို ့အားလုံးဟာ ပါဖက်တို ့( เปอร์เฟตโต) ကုမ္ပဏီက အလုပ် ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေပါ ၊အဲဒီကုမ္ပဏီရဲ ့ဆောက်လုပ်ရေးဆိုဒ် တွေဖြစ်တဲ့ စတားအီဝင်းနယူး ၊ဒီဟာမော ၊The spring condominium စတဲ့ ဆိုဒ် ၃ နေရာမှာ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်၊၂၀၁၅ ဒီဇင်ဘာလ ၁၆ ရက်နေ ့မှ ၂၀၁၆ ဇန်နဝါရီလ ၁၅ ရက်နေ ့အထိ လုပ်အားခငွေစုစုပေါင်း ဘတ် ၉၀၆၉၈၈.၈၀ နဲ ့ ကြိုတင်ငွေတစ်ပတ်စာ ဘတ် ၅၅၄၈၅၀ ၊ အလုပ်ထုတ်လိုက်တဲ ့အတွက် အလုပ်သမား နစ်နာကြေးငွေ ဘတ် ၂၀၃၆၁၀၀၊ စုစုပေါင်း ဘတ် ၃၄၆၁၆၀၂.၈၀ ကို ကုမ္ပဏီက ကျွန်တော်တို ့ကိုပေးချေရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ ့လောက်က အလုပ်သမားတွေ နေတဲ့ အဆောင်ကို ရေဖြတ်မီးဖြတ် လုပ်လိုက်တဲ့ အတွက် အလုပ်သမားတွေဟာ ကိုယ့်ဘာသာကိုယ် နေစရာအသစ် လိုက်ရှာနေရတာဖြစ်ပါတယ်။
အလုပ်ရှင်အားလုပ်ခလစာနဲ ့မိမိတို ့၏ရပိုင်ခွင့်ကို တောင်းဆိုဖို့ ဆက်သွယ်သွားရာမှာ အဆက်အသွယ်မရတော့သဖြင့် ကုမ္ပဏီရုံးခန်းအထိသို ့သွားရာတွင် ရုံးခန်းလည်း ပိတ်လိုက်ပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ရွှေ ့ပြောင်း အလုပ်သမားများဟာ လူမှုရေး အသင်းအဖွဲ ့ဖြစ်တဲ့ (Migrant Workers Federation)အဖွဲ ့အား ဥပဒေနှင့်အညီ မိမိတို ့ကို ကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားပြီးဖြစ်ကြောင်း ပြောကြား ထားပါတယ်။
MTF Channel
https://www.facebook.com/mtftv/
No comments:
Post a Comment