Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 13, 2016

ဦးဝင္းထိန္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း

ဦးဝင္းထိန္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း(Popular News)

ယခုရက္သတၱပတ္အတြင္း လူေျပာအမ်ားဆံုးမွာ ဦးဝင္းထိန္ႏွင့္ RFA အင္တာဗ်ဴးအေၾကာင္းပင္ျဖစ္သည္ကို အားလံုးအသိပင္ ျဖစ္သည္။ ယင္းကိစၥႏွင့္ပတ္သက္၍ ေဝဖန္ ေျပာဆိုမႈအမ်ဳိးမ်ဳိး ေပၚေပါက္ေနသည္မွာလည္း အရွိန္မေသေသး။ ထိုထိုေသာ ဂယက္မ်ားထန္ေနသည့္ကာလအတြင္းမွာပင္ ေပၚျပဴလာနယူးစ္က ဦးဝင္းထိန္အား ကိုယ္တိုင္ကိုယ္က် ေတြ႕ဆံုခဲ့ကာ NLD အစိုးရ တက္လွ်င္တက္ျခင္း ပထမဦးဆံုးေဆာင္ရြက္မည့္လုပ္ငန္း၊ NLD အစိုးရလက္ထက္ ေဆာင္ရြက္မည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၊ ျပည္သူေတြ ဘဝျမင့္မားေရးကို NLD က ေဆာင္ရြက္ေပးမည့္အစီအစဥ္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ဆက္ဆံေရး၊ တပ္မေတာ္အေပၚထားရွိသြားမည့္ NLD အစိုးရ၏ သေဘာထား၊ ၅၉(စ)သာ ျပင္ဆင္ခြင့္ရခဲ့လွ်င္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္မျဖစ္၊ ဝန္ႀကီးျဖစ္ခ်င္သူမ်ားသံအမတ္ျဖစ္ခ်င္သူမ်ား အတြင္းဝန္ျဖစ္ခ်င္သူမ်ား၏ ေပးစာမ်ား၊ ဝန္ထမ္းမ်ားအတြက္ NLD အစိုးရက မည္သို႔စီစဥ္ထားသည္ ဆိုျခင္း၊ မီဒီယာတို႔အေပၚ NLD ၏ သေဘာထား အစရွိသည္တို႔ကို ေမးျမန္းခဲ့ရာ ဦးဝင္းထိန္က ျပည့္ျပည့္စံုစံု ျပန္လည္ေျဖၾကားခဲ့ျခင္းကို စာဖတ္ပရိသတ္အား တင္ျပလုိက္ရပါေၾကာင္း …

ဒီခ်ဳပ္ အစုိးရစစဖြဲ႕ခ်င္း စလုပ္မွာက ဘယ္အလုပ္လဲဗ်။

စလုပ္မွာက ဝန္ႀကီးဌာနေတြ ေလွ်ာ့မွာ။ ဝန္ထမ္းေတြေတာ့ မေလွ်ာ့ဘူး။ ဝန္ထမ္းေတြေလွ်ာ့လုိ႔ ဘယ္ျဖစ္မလဲ။ သူတုိ႕ သက္ဆုိင္ရာမွာ ခြဲၿပီးေနရာခ်ထားမွာ။ အခ်ိဳ႕ ေသာဝန္ႀကီးဌာနေတြက လုိမွမလုိတာ။ သူတုိ႔ လူသူတုိ႔ ရာထူးေပးခ်င္လုိ႔ဖြဲ႕ထားတဲ့ ဝန္ႀကီးဌာနေတြ။ ဝန္ႀကီးအနည္းဆုံး ၁ဝ ေယာက္ ေလွ်ာ့သြားမယ္။ အခုဝန္ႀကီး ၃၆ ေယာက္၊ ဒုဝန္ႀကီးက ၁ဝဝ ေလာက္ ရွိတယ္။ အန္ကယ္တို႔က ဒုဝန္ႀကီးေတြကို ထားခ်င္မွေတာင္ထားမွာ။ ဦးႏုအစုိးရေရာ၊ အဂၤလိပ္အစုိးရလက္ထက္မွာ အတြင္းဝန္ဆုိတာ ရွိတယ္။ အဲ့ဒီ အတြင္းဝန္ေတြက ဝန္ႀကီးဘယ္ေလာက္ေျပာင္းေျပာင္း သူတုိ႔ကရွိေနတယ္။ ေျပာမယ္ဆုိရင္ အဲ့ဒီအတြင္းဝန ္ေတြက ဝန္ႀကီးေတြကုိ အေထာက္အကူျပဳတာ။ အခုအစိုးရက အတြင္းဝန္လည္းထားတယ္။ ႐ႈပ္ကုန္ေရာ အဲ့ဒီမွာ အတြင္းဝန္ဆုိတာေတြကလည္း ဗုိလ္ခ်ဳပ္ေတြမ်ားတယ္။ ဌာနဆုိင္ရာကလူေတြလည္း ဥပေဒ နဲ႔မညီရင္ဥပေဒအတုိင္းသြားမွာပဲ။

ဝန္ထမ္းေတြအတြက္ ေနာက္တက္လာမယ့္ အစုိးရက ဘယ္လုိစီစဥ္ထားလဲ။

အစုိးရအသစ္တက္လာလုိ႔ ဝန္ႀကီးဌာနေတြ က်ဳံ႕ သြားေသာ္လည္း ပုိလာမယ့္ ဝန္ထမ္းမရွိဘူး။ သူ႕ေနရာနဲ႔သူ ေနရာခ်ထားေပးမယ္။ သုိ႔ေသာ္လည္းပဲ ဒီဝန္ႀကီးဌာနက ဝန္ထမ္းေတြ အျခားဌာန မွာ အဆင္မေျပဘူးဆုိရင္ သင္တန္းေပးမယ္။ ေနာက္တစ္ခုက အထူးသျဖင့္ ေနျပည္ေတာ္မွာေပါ့။ေနျပည္ေတာ္မွာ ဝန္ထမ္းေတြက မေနခ်င္ဘူး။ သယ္ယူပုိ႔ေဆာင္ေရး မရွိဘူး။ ေနာက္ကေလးေတြရဲ႕ ေက်ာင္း အဲ့ဒါေတြျဖည့္ဆည္းေပးမယ္။ အခုျပႆနာက ဘာလဲဆုိေတာ့ အစုိးရဌာနႀကီးကုိ ရန္ကုန္ ျပန္ေျပာင္းမလုိ႔ စဥ္းစားေသးတယ္။ ဒါေပမဲ့ အခုေတာ့ မျဖစ္ႏုိင္ေတာ့ဘူး။ ရန္ကုန္လမ္းက်ပ္တာနဲ႔ ဘယ္လုိမွမျဖစ္ႏုိင္ဘူး။ ေနာက္ ေနျပည္ေတာ္မွာေနတဲ့ ပုဂၢဳိလ္ေတြ ေနရထုိင္ရေခ်ာင္လည္ေအာင္ လုပ္ေပးမယ္။ ၿပီးရင္သံ႐ုံးေတြလည္း တစ္စတစ္စ ေရာက္လာလိမ့္မယ္။ အကုန္မေရာက္ရင္ေတာင္ တစ္ပုိင္းတစ္စ ေရာက္လာလိမ့္မယ္ဆုိေတာ့ သူတုိ႔ေရာက္လာရင္ ၿမဳိ႕အဂၤါရပ္ပုိပီသမွာေပါ့။ အခု ဟုိတယ္ ေတြဆုိလူမရွိဘူး။ အဲ့ဒီလုိ ၿမဳိ႕အဂၤါရပ္ ပုိပီျပင္လာေတာ့မွ လာတဲ့သူ ေတြမ်ားမွာ။ ေနာက္ၿပီး ရန္ကုန္မွာ အခုသူတုိ႔ လုပ္ေနတဲ့ တန္ဖုိးနည္းအိမ္ရာ။ တန္ဖုိးကနည္းမွမနည္းတာ။ ကုိယ္တုိ႔ကလည္း အဲ့ဒါသြားထိရင္ က်ား ၿမီးဆြဲရသလုိ ျဖစ္ေနတာ။ အဲ့ဒါက ကုိယ္လည္းမကြၽမ္းက်င္ေတာ့ သိပ္ မေျပာႏုိင္ဘူး။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ထက္ ေဆာင္ရြက္သြားမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေၾကာင္းသိပါရေစ အန္ကယ္ ဦးဝင္းထိန္ခင္ဗ်ာ။

ၿငိမ္းခ်မ္းေရးကေတာ့ အင္မတန္ေျပာရခက္တယ္။ ၁ အခ်က္က အပစ္အခတ္ရပ္စဲဖုိ႔ လက္မွတ္ ထုိးထားတဲ့ ရွစ္ဖြဲ႕၊ ေနာက္လက္မွတ္မထုိးထားတဲ့ အဖြဲ႕မွာလည္း ႏွစ္ပုိင္းရွိတယ္။ ပေလာင္ရယ္၊ ကုိးကန္႔ရယ္၊ ရခုိင္ရယ္ သူတုိ႔ကုိေတာ့ လက္ရွိၿငိမ္းခ်မ္းေရး ဖိတ္ၿပီးေဆြး ေႏြးတဲ့အဖြဲ႕က မၾကည္တဲ့ သေဘာေပါ့။ အဲ့ဒီေတာ့ အဲ့ဒီဟာေတြ ေသာင္းေျပာင္းေထြလာေတြကုိ ျဖတ္ၿပီးေတာ့မွ ၿငိမ္းခ်မ္းေရးရဖုိ႔ ဆုိတာကေတာ့ အင္မတန္ခက္တယ္လုိ႔ အန္ကယ္က ျမင္တယ္။အဲ့ဒီေတာ့ ၿငိမ္းခ်မ္းေရးက အဲ့ဒီလုိ ေပါ့။ အခုေလာေလာဆယ္ေတာ့ ၿဃဗလုပ္တဲ့ ကိစၥကုိ ေဒၚေအာင္ဆန္းစုၾကည္ကေရာ၊ ကုိယ္တုိ႔ကေရာ အသိအမွတ္ျပဳတယ္။အသိအမွတ္ ျပဳၿပီးေတာ့မွ ေနာက္အစုိးရ လက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ကေန ဦး စီးၿပီးေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းကုိ ဆက္လုပ္မယ္လုိ႔ ေျပာၿပီးသား။ ဒါေပမဲ့ လက္ရွိရွိေနတဲ့ MPC ကုိလည္း ျပန္လည္သုံးသပ္မယ္။ ဖ်က္မပစ္ဘူး။ အဲ့ဒါလည္း ေျပာထားၿပီးသား။ တစ္ခုရွိတာကေတာ့ အခု ၁၂ ၊ ၁၃ ၊ ၁၄ မွာ လုပ္မယ္ ေျပာထားတဲ့ ညီလာခံေပါ့။ အဲ့ဒီ ညီလာခံမွာေတာ့ကုိယ္တုိ႔ သေဘာထားကေတာ့ အရင္အဆက္ဆက္လုပ္ခဲ့တာကုိ အသိအမွတ္ျပဳတယ္။ ဒါပဲ။ အသိအမွတ္ျပဳတဲ့ အခမ္းအနားပဲလို႔ ကိုယ္က ယူဆ ေတာ့မယ္။ တတ္ႏုိင္ရင္ တစ္ရက္တည္းၿပီးရင္ေတာင္မွ ၿပီးေစခ်င္တယ္။ အဲ့ဒီေတာ့ ဒုတိယသမၼတ ေဒါက္တာ စုိင္းေမာက္ခမ္းလုပ္မွာက ငါးရက္လုပ္မယ္ေျပာတယ္။ ကုိယ္တုိ႔က သုံးရက္နဲ႔ ျပတ္ပါတယ္ေျပာတယ္။ အဲ့ဒါသူတုိ႔နဲ႕ ညိႇေနၾကတယ္။ ဒီပဒုိကြယ္ထူးဝင္း တုိ႔ကလည္း ေလးရက္နဲ႔ လုပ္ခ်င္တယ္။ လုပ္ခ်င္ေတာ့ သူတုိ႔ေျပာတာလည္း သဘာဝက်ပါတယ္။

သူတုိ႔လုပ္ခဲ့တာေတြ ေတာက္ ေလွ်ာက္လုပ္ခဲ့တဲ့အတြက္ ေလးရက္ေလာက္ ေျပာပါေစ။ အန္ကယ္တုိ႔လည္း အဲ့ဒီက်ရင္ အန္ကယ္တုိ႔ စိတ္ႀကဳိက္ျပင္လုိ႔ရတာပဲ။ ဒါေၾကာင့္မုိ႔လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က သုံးရက္နဲ႔ ၿပီးေစခ်င္ေသာ္လည္းပဲ ကုိယ္တုိ႔ကေလးရက္ ျဖစ္ခ်င္တယ္။ အခု ေဒါက္တာ စုိင္းေမာက္ခမ္းတုိ႔က ငါးရက္ျဖစ္ခ်င္တယ္။ ဘယ္လုိျဖစ္မလဲမသိဘူး။ ဒီညီလာခံႀကီး တစ္ခုလုံးက စကားေတြေျပာၿပီး ဘာမွဆုံးျဖတ္ခ်က္က်မွာမဟုတ္ဘူး။ဘာေၾကာင့္လဲဆုိေတာ့ ဦးေအာင္မင္း ေခါင္းေဆာင္ၿပီး လာမယ့္အဖြဲ႕မွာ သူတုိ႔က ေျပာသြားတာက ေဆြးေႏြးမယ့္ ဘာသာရပ္ေတြကႏုိင္ငံေရးပါမယ္။ လုံၿခဳံေရးပါမယ္။ စီးပြားေရး ပါမယ္။ အျခားလူမ်ဳိးေရးေတြပါမွာ ေပါ့။ ႏုိင္ငံေရးနဲ႔ လုံၿခဳံေရးကအပစ္အခတ္ရပ္စဲေရးနဲ႔ ဆုိင္တယ္။ စီးပြားေရးကေတာ့မ ဆုိင္ဘူး။ ဖြဲ႕ စည္းပုံျပင္ဆင္ေရးတုိ႔ ဘာတုိ႔ဆုိတာက ဒါလႊတ္ေတာ္နဲ႔ ဆုိင္တဲ့ကိစၥ။ ၿငိမ္းခ်မ္းေရးအဖြဲ႕နဲ႔ အစုိးရ ဘာမွထည့္ေဆြးေႏြးစရာ မလုိဘူး။ ေျပာၿပီးေတာ့ လာမယ့္ညီလာခံက သုံးရက္ျဖစ္မလား။ ေလးရက္ျဖစ္ မလား။ ငါးရက္ျဖစ္မလားဆုိတာက ခုနကအဖြဲ႕နဲ႔ ေဆြးေႏြးၿပီးေတာ့မွ ျဖစ္လိမ့္မယ္။ ဒါေပမဲ့ တစ္ခုရွိ တာက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သေဘာထားကေတာ့ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ကုိ လက္မွတ္မထုိးတဲ့ အဖြဲ႕ေတြကုိ ဖိတ္ခ်င္တယ္။ သူတုိ႔လည္းဖိတ္တယ္လုိ႔ေျပာတယ္။ ဖိတ္တဲ့ အခါမွာ ေဒၚေအာင္ဆန္း စုၾကည္နဲ႔ ေတြ႕ျဖစ္မျဖစ္ကေတာ့ အေျခအေနေပၚ မူတည္ၿပီးမွ သိ ႏုိင္မွာပါ။ ေတြ႕ခ်င္တယ္။ သူတုိ႔ ဘက္ကလည္း စာေတြထုတ္ထား တာရွိတယ္။ ေဒၚေအာင္ဆန္းစု ၾကည္ နဲ႔ေတြ႕ၿပီးမွ ေဆြးေႏြးခ်င္တယ္ဆုိတာပါေတာ့အခုကုိယ္တုိ႔က တစ္ ပန္းသာမွာကေတာ့ ကုိယ္တုိ႔က ေစတနာပါတယ္။ ၿငိမ္းခ်မ္းေရး တကယ္လုိခ်င္တယ္။ ေနာက္တစ္ခ်က္က ဒါကနည္းနည္းရွည္တယ္။

ဒီၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကုိ ႏုိင္ငံေရးကစားပြဲလုိ၊ ကြၽန္ေတာ္ ေရြးေကာက္ပြဲမတုိင္ခင္ကလည္းတက္တယ္။ ေရြးေကာက္ပြဲၿပီးေတာ့ လည္းတက္တယ္။ သူတုိ႔လုပ္တဲ့ အလုပ္ရုံေဆြးေႏြးပြဲေတြကုိ အဲ့ဒီလုိ ပဲ ၉၂ ပါတီက ကုိယ္စားလွယ္ေတြ နဲ႔ ေဆြးေႏြးဖုိ႔ဆုိၿပီးေတာ့ ကြၽန္ေတာ္အလွည့္က် ကြၽန္ေတာ္ေျပာတယ္။ အဲ့ဒါက လက္ေတြ႕မက်ဘူးထင္တယ္ ဆုိၿပီးေတာ့။ ၁၉၉ဝ ျပည့္ႏွစ္ေရြးေကာက္ပြဲမွာတုန္းကပါတီေပါင္း ၂ဝဝ ေက်ာ္ရွိတယ္။ ေရြးေကာက္ပြဲလည္း ၿပီးေရာ ၂ဝ ေတာင္မက်န္ေတာ့ဘူး။ က်န္တဲ့ ပါတီက ျပည္သူလူထုေထာက္ခံမႈ မရွိတဲ့အတြက္ေၾကာင့္ အဲ့ဒီလုိပဲ ၂ဝ၁၅ ခုႏွစ္ေရြးေကာက္ပြဲမွာ ၉၂ ပါတီရွိတယ္။

ေရြးေကာက္ပြဲၿပီးရင္ ဘယ္ ႏွစ္ပါတီက်န္လဲ ေစာင့္ၾကည့္ရမယ္။ ျပည္သူလူထုေထာက္ခံမႈ မရွိတဲ့ပါတီေတြကုိ ပါဝင္သင့္ မသင့္ စဥ္းစားရမယ္။ ဒါေၾကာင့္ ပါ တီႀကီးက အႏုိင္က်င့္တယ္ဆုိၿပီး ေျပာမွာစုိးလုိ႔၊ ကြၽန္ေတာ္ကေျပာ တာ အဲ့ဒီေတာ့ ၿငိမ္းခ်မ္းေရးက ႏုိင္ငံေရး ကစားကြက္မျဖစ္ေစခ်င္ ဘူးဆုိတာက ေရြးေကာက္ပြဲၿပီးေတာ့ သူတုိ႔ကဖိတ္တယ္။ အစုိးရက ၁၆ ေယာက္ တုိင္းရင္းသားအဖြဲ႕ က ၁၆ ေယာက္ ႏုိင္ငံေရးပါတီက ၁၆ ေယာက္ အဲ့ဒီေတာ့ အန္ကယ္ ကေျပာတယ္။ အစုိးရအဖြဲ႕က ၁၆ ေယာက္ တုိင္းရင္းသားက ၁၆ ေယာက္။ ဒါကုိေဝဖန္စရာမရွိဘူးလုိ႔၊ ဒါေပမဲ့ ႏုိင္ငံေရးပါတီက ၁၆ ေယာက္ေရြးတဲ့အခါမွာ အဲ့ဒီကိစၥကုိ အခုေျပာရေတာ့မယ္လုိ႔၊ ဘာေၾကာင့္လဲဆုိေတာ့ အန္ကယ္တုိ႔ ပါတီက ေရြးေကာက္ပြဲမွာ ၈ဝ ရာခုိင္ႏႈန္းႏုိင္သြားတဲ့ပါတီ။ အဲ့ဒီ ပါတီနဲ႕ တစ္ေယာက္မွမႏုိင္တဲ့ ပါတီကုိ အတူတူထားရင္ ဒါႏုိင္ငံေရးအရ သဘာဝမက်ဘူး။ အဲ့ဒီဟာကုိ အန္ကယ္ကသေဘာမတူဘူး။ အန္ကယ္လုိပဲ ေဒၚေအာင္ဆန္း စုၾကည္လည္းသေဘာမတူဘူး ။ ဒါေပမဲ့သူတုိ႔ ဂ႐ုမစုိက္ပါဘူး။ ႏုိင္ငံေရးဟုိဟာထဲကုိ ဦးသုေဝကုိ ဒုတိယ ဥကၠ႒ေပးသတဲ့။ ဦးသုေဝက ႏုိင္ငံေရးဝါရင့္တဲ့ ႏုိင္ငံေရး သမားေတာ့ဟုတ္တယ္။ ဒါေပမဲ့ သူ႕ပါတီက ၁ ေယာက္မွမႏုိင္ဘူး။ ဒုတိယဥကၠ႒ ေပးတယ္ဆုိကတည္းက ဒါက ႏုိင္ငံေရး ကစားသလုိျဖစ္သြားၿပီ။ ဘာလုိ႔လဲဆုိေတာ့ သမၼတနဲ႔ေတြ႕တဲ့ႏုိင္ငံေရးပါတီထဲမွာဆုိရင္ အာဏာသိမ္းဖို႔အထိ ေျပာတဲ့ လူေတြရွိတဲ့ ပါတီေတြပါတယ္။ အဲ့ဒီလုိ လူေတြသူတုိ႔အသုံးမခ်ဘူးလုိ႔ မေျပာႏုိင္ဘူး။ ဒါေၾကာင့္မုိ႔လုိ႔ အန္ကယ္တုိ႔က ၿငိမ္းခ်မ္းေရးကုိ ၿငိမ္းခ်မ္းေရးအစစ္ တည္ေဆာက္ခ်င္တယ္ဆုိရင္ ႏုိင္ငံေရးမကစားရဘူး။ ေဒၚ ေအာင္ဆန္းစုၾကည္ေရာ၊ ကုိယ္ေရာ အၿမဲေျပာတယ္။

အဲ့ဒီေတာ့ ေနာင္အစုိးရဖြဲ႕ၿပီး ၿငိမ္းခ်မ္းေရးလုပ္မယ္ဆုိရင္ NCA ကုိ တကယ္တမ္း NCA ပီသေသာ Nation Wide ဆုိတာ တကယ္ Nation Wide ျဖစ္မွေလ။ အခုဟာက ေနရွင္းဝုိက္မဟုတ္ဘူး။ Partial Ceasefire အဲ့ဒီ တစ္ႏုိင္ငံလုံး အပစ္အခတ္ရပ္စဲဖုိ႔က အခုနက ရခုိင္တုိ႔၊ ကုိးကန္႔တုိ႔၊ ပေလာင္တုိ႔ အကုန္ပါမွျဖစ္မွာေလ။ သုိ႔ေသာ္လည္း ေျပာတာသာ လုပ္တာခက္တယ္။ ဘာေၾကာင့္ခက္လဲ၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႕ ဖြဲ႕စည္းပုံျပင္ဆင္ေရးက အၿပဳိင္သြားမွာ၊ ဖြဲ႕စည္းပုံ ျပင္တဲ့အခါမွာ အနာဂတ္မွာ ဖက္ဒရယ္ ျပည္ေထာင္စုေပၚဖုိ႔ ၿငိမ္း ခ်မ္းေရးဟာ တစ္ေနရာရာမွာ သြားဆုံမွာ။ အဲ့ဒီလုိသြားဆုံမွ ၿငိမ္း ခ်မ္းေရးက အေကာင္အထည္ေဖာ္ လိမ့္မယ္ ဒါေပမဲ့လုပ္ဖုိ႔အေတာ္ခက္လိမ့္မယ္။ ေဒၚစုလည္းသိၿပီးၿပီ။ ကုိယ္တုိ႔လည္း သိၿပီးၿပီ။ ဒါေပမဲ့ ႀကိဳးစားလုပ္မယ္။

ျပည္သူေတြရဲ႕ ဘဝျမင့္မားေအာင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္အစုိးရအေနနဲ႕ ဘာေတြလုပ္ေဆာင္ ေပးမလဲခင္ဗ်။

ေရြးေကာက္ပြဲႏုိင္တဲ့ အဓိကအေၾကာင္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚကုိ ျပည္သူေတြကေထာက္ခံတယ္။ ေထာက္ခံတာမွာ ေထာက္ခံတာကတစ္ပုိင္း ေမွ်ာ္လင့္တာက တစ္ပုိင္း။ ျပည္သူ တုိ႔ေမွ်ာ္လင့္တာကုိ ျဖည့္ဆည္းဖုိ႔က ေဒၚေအာင္ဆန္းစုၾကည္တာဝန္။ ကုိယ္တုိ႔ NLD ကုိယ္စားလွယ္ေတြ ရဲ႕ တာဝန္။ အဲ့ဒီေတာ့ ဘယ္လုိ ျဖည့္ဆည္းရမလဲဆုိေတာ့ စီးပြားေရး ဖြံ႔ၿဖဳိးတက္တက္ေအာင္ လုပ္ဖုိ႕၊ ေနာက္ တျခားအေရးႀကီးတာ ေတြရွိတယ္။ ၿငိမ္းခ်မ္းေရးကိစၥေတြ၊ ဖြဲ႕စည္းပုံျပင္ေရးကိစၥေတြ။ ဒါေပမဲ့ ထိထိေရာက္ေရာက္ျဖစ္ေစမယ့္ ဟာက ျပည္သူလူထုရဲ႕ စားဝတ္ ေနေရး တုိးတက္ဖုိ႔၊ တုိးတက္ဖုိ႔က ေျပာေတာ့သာ လြယ္တာလုပ္ ေတာ့ ခက္တယ္။ ဦးသိန္းစိန္အစုိးရမွာ ေဒါက္တာေမာင္ေမာင္သိမ္းတုိ႔၊ ေဒါက္တာ ေအာင္ထြန္းသက္တုိ႔ ခန္႔တာပဲ။ သိသိတာတာႀကီးတုိးတက္လာတာ သိပ္မေတြ႕ဘူး။ ဒါေပမဲ့ တခုရွိတာက အန္ကယ္က စီးပြားေရးမကြၽမ္းက်င္ေတာ့ သိပ္မေျပာတတ္ဘူး။ ကုိဟံသာျမင့္ နဲ႔ စီးပြားေရးအဖြဲ႕ေတြ လုပ္တာရွိတယ္။ ကုိယ္တုိ႔ ေရြးေကာက္ပြဲ ေၾကညာခ်က္မွာလည္း စီးပြားေရး ေပၚလစီေတြ ပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက အန္ကယ္တုိ႔ ေသ ခ်ာ လူေတြေရြးေနတယ္။ ေပါ့ေပါ့တန္တန္မေရြးဘူး။ ဒါေပမဲ့ အဓိက ခ်ဳိ႕ယြင္းခ်က္က အေတြ႕အႀကဳံရွိတဲ့ သူနည္းတယ္။ ဒါေပမဲ့ ကုိယ္တုိ႔ ကသာတာက ေစတနာရွိတယ္။ ျပည္သူလူထုအတြက္ လုပ္မယ္ဆုိတဲ့ ေစတနာရွိတယ္။ အဂတိတရား အင္မတန္နည္းမယ္။ နည္းမယ္ဆုိ တာက အဂတိတရား မျဖစ္ရဘူး ဆုိတဲ့ဆုံးျဖတ္ခ်က္နဲ႔လူေတြရွိသလုိ ဥကၠ႒ ေၾကာက္လုိ႔လည္း လုပ္ရဲ မွာမဟုတ္ဘူး။ ဥကၠ႒ ႀကိမ္းထား ၿပီးၿပီေလ။ အဂတိတရားျဖစ္လုိ႔ကေတာ့ ဘယ္သူမွမညႇာဘူး။ ေထာင္ ခ်ပစ္မယ္။ ခ်မွ။ မခ်လုိ႔ မရဘူး။ အဲ့ဒီလုိဆန္ရင္းနာနာဖြတ္မွ၊ ကုိယ္ လူေတြက က်ားကုတ္ က်ားခဲနဲ႔ေန မွ ေအာင္ျမင္မွာ။

အဲ့ဒီေတာ့ အဲ့ဒီေတာ့ ျပည္သူရဲ႕ စားဝတ္ေနေရးေျပလည္ဖုိ႔က အခု လက္ရွိလုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးျပင္စရာရွိတယ္။ အဲ့ဒီေတာ့ ခုနေျပာသလုိ ေပါ့၊ ေစတနာရယ္ အဂတိတရား နည္းပါးမႈရွိေၾကာင္း၊ အမွားေတြ႕ မယ္ဆုိလည္း ျပည္သူလူထုက စာနာမႈေပးလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ တာေပါ့။ အန္ကယ္ကေတာ့အစုိးရ အဖြဲ႕မွာ ပါမွာမဟုတ္ဘူးေလ။ မပါဘူးလုိ႔လည္း ေဒၚစုကုိေျပာထားၿပီး ၿပီ။ ဘာလုိ႔လဲဆုိေတာ့ ေရြးေကာက္ ပြဲဝင္လုိက္ေတာ့ အမာခံေတာ္ ေတာ္မ်ားမ်ားက လႊတ္ေတာ္ထဲ ေရာက္သြားၿပီ။ ပါတီကဟာသြားၿပီ။ အဲ့ဒီဟာတဲ့ေနရာ ျပန္ျဖည့္ဖုိ႔။

ခုနကေျပာသလုိေပါ့ေနာ္။ အေတြ႕ အႀကဳံရွိတဲ့သူေတြ ေရြးေနတယ္။ အခုလက္ရွိမွာ ျပည္ခုိင္ၿဖဳိးကပါမယ္၊ ဘယ္ကပါမယ္၊ အမ်ားႀကီး မွန္းၿပီး ေျပာေနၾကပါတယ္ခင္ဗ်။ အဲ့ဒီအေပၚကုိေရာ။

အခုက ဒီလုိေလ အမ်ဳိးသားေရာ၊ ျပည္သူေရာ အမ်ဳိးသားဒီမုိက ေရစီအဖြဲ႕ခ်ဳပ္ကအမ်ားႀကီးဆုိ ေတာ့ဘယ္သူ႔မွ မပါဘဲဖြဲ႕လုိ႔ရတယ္။ ဘယ္သူ႔မွ ပါစရာမလုိဘူး။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေျပာထား သလုိ အမ်ဳိးသားရင္ၾကားေစ့ေရး ျဖစ္တဲ့အတြက္ ျပည္ခုိင္ၿဖဳိးက သင့္ေတာ္တဲ့သူေတြပါမယ္။ တုိင္း ရင္းသားေတြထဲက ပါမယ္။ အမ်ား ႀကီးေတာ့ မဟုတ္ဘူး။ သူခ်ထားတဲ့ မူဝါဒအတုိင္း ကုိက္ညီတဲ့၊ ျပည္ခုိင္ ၿဖဳိးမွ မဟုတ္ဘူး။ က်န္တဲ့ပါတီထဲ ကသင့္ေတာ္တဲ့သူပါမယ္။ တုိင္းရင္း သားေတြထဲကပါမယ္။ ဒါမွအမ်ဳိးသား ရင္ၾကားေစ့ေရး ျဖစ္မွာေပါ့။ အဲ့ဒီ ထက္ ပုိအေရးႀကီးဆုံးကေတာ့ တပ္မေတာ္နဲ႔ ေျပလည္ဖုိ႔ပဲ။ အခု ထိေတာ့ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္ လိႈင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္ဆံေရးက ေကာင္းတယ္။ ဒါေၾကာင့္အနာဂတ္ ဖြဲ႕စည္းပုံျပင္ ဆင္ေရးက သူတုိ႔သေဘာတူမွ ရတာကုိး။ အဲ့ဒါေၾကာင့္ ျပင္လုိ႔ရရင္ ရ၊ မရရင္ ဆုိင္းငံ့လုိ႔ ရရင္ရ။ ဒါေၾကာင့္တပ္မေတာ္နဲ႔ဆက္ဆံေရးက အဓိကအက်ဆုံးပဲ။

ဒါဆုိရင္ ကာခ်ဳပ္ႀကီးနဲ႔ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ဆက္ဆံေရးက ေတာ္ေတာ္ေလးေျပလည္မႈရွိတဲ့ သေဘာလားဗ်။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မဟာဗ်ဴဟာေတြေၾကာင့္ေပါ့။ ဦးသိန္းစိန္နဲ႔ ေတြ႕တယ္။ တပ္ခ်ဳပ္နဲ႔ ေတြ႔တယ္။ မထင္မွတ္ဘဲ ဗုိလ္ခ်ဳပ္ မွဴးႀကီးသန္းေရႊနဲ႔ေတြ႔တယ္။ အဲ့ဒီ အဓိပၸာယ္ကဘာလဲဆုိရင္ဗိုလ္ခ်ဳပ္ မွဴးႀကီးသန္းေရႊက အစုိးရအဖြဲ႕မွာ မပါဝင္မပတ္သက္ေတာ့ဘူး။ သုိ႔ေသာ္ ဒီသမၼတ၊ လႊတ္ေတာ္ဥကၠ႒၊ ကာခ်ဳပ္ သူခန္႔ခဲ့တာ။ အဲ့ဒီေတာ့ သူက ၾသဇာရွိတယ္။ ၾသဇာရွိတဲ့အတြက္ေၾကာင့္ သူလုိလူရဲ႕ သေဘာတူညီမႈ လုိတာေပါ့။ဒါေၾကာင့္ ျပည္သူလူထုေရာ၊ ႏုိင္ငံတကာေရာ တုံ႔ျပန္ခ်က္က ေကာင္းတယ္။ ဒါက အမ်ဳိးသားရင္ၾကားေစ့ေရးကုိသြားဖုိ႔ ေျခလွမ္းစလုိက္တာပဲ။

ဒါဆုိရင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးက ေနာက္စမယ့္ လႊတ္ေတာ္အတြင္း သက္ေရာက္ႏုိင္တာေပါ့။

အဲ့ဒါက ေျမစမ္းခရမ္းပ်ဳိးေပါ့။ ဖိအားေတာ့ေပးလုိ႔ မရဘူး။

ေနာင္တက္လာမယ့္ ဒီခ်ဳပ္ အစုိးရ အေနနဲ႔ တပ္မေတာ္အေပၚထားရွိ သြားမယ့္ သေဘာထားကို ေျပာျပ ေပးပါခင္ဗ်။

ေဒၚေအာင္ဆန္းစုၾကည္လည္း ခဏခဏေျပာတယ္ေလ။ သူ႕အေဖတည္ထားတဲ့ တပ္မေတာ္၊ ငယ္ငယ္ေလးကတည္းက တပ္မေတာ္ အေပၚ သံေယာဇဥ္ရွိတယ္။ ႏုိင္ငံေရးလုပ္တဲ့တစ္ေလွ်ာက္လုံးမွာ တပ္မေတာ္ကုိ ေစာ္ကားတဲ့စကား မ်ဳိးတစ္ခါမွ မေျပာဖူးဘူး။ ဘာေၾကာင့္လဲဆုိေတာ့ တပ္မေတာ္ကုိ ျပည္သူခ်စ္တဲ့ တပ္မေတာ္ျဖစ္ေစ ခ်င္တယ္။ ေခတ္မီေသာတပ္မေတာ္ ျဖစ္ေစခ်င္တယ္။ အဲ့ဒါသူ႔ရဲ႕ ဆႏၵ။ အဲ့ဒီဆႏၵေပၚမူတည္ၿပီးေတာ့မွ ေရ ရွည္မွာတပ္မေတာ္နဲ႔ ဆက္ဆံေရး က မေကာင္းလာစရာမရွိဘူး။ ေကာင္းလာဖုိ႔ပဲ ရွိတယ္။ အဲ့ဒီေတာ့ အရင္တုန္းကျဖစ္တဲ့ ျပႆနာက တပ္မေတာ္နဲ႔ မဆုိင္ဘူး။ လူနဲ႔ပဲ ဆုိင္တယ္။

ဝန္ႀကီးခ်ဳပ္ထဲကဆုိရင္ လႊတ္ေတာ္ထဲ အႏုိင္ရတဲ့သူပဲ ခန္႔ရမယ္။ ျပည္ေထာင္စုအစုိးရအဖြဲ႕ဆုိရင္ အႏိုင္ရတဲ့သူေရာ၊ တျခားကေရာ ခန္႔လို႔ရမယ္ေပါ့ေနာ္။ အဲ့ဒါကို ဘယ္လိုေဆာင္ရြက္ေနပါသလဲ။

ေျပာလုိ႔မျဖစ္ေသးတဲ့ အခ်ိန္မုိ႔သာ မေျပာတာ။ ေရြးခ်ယ္ေနပါတယ္။ အဓိကစံႏႈန္းကေတာ့ တုိင္းျပည္ခ်စ္ဖုိ႔၊ ႏုိင္ငံခ်စ္ဖုိ႔၊ အထူးသျဖင့္ အမွားနည္းႏုိင္သမွ်နည္းသူကို ေရြးေနပါတယ္။

အခု ကုိယ္စားလွယ္ေတြအရည္အေသြးျမႇင့္တင္ေရးသင္တန္းေတြ ေပးေနၿပီဆုိေတာ့ ကုိယ္စားလွယ္ေတြရဲ႕ အရည္အေသြးပုိင္းဘယ္လုိ ရွိလဲဗ်။

အန္ကယ္တုိ႔စာရင္းေတြလုပ္ ၾကည့္တဲ့အခါမွာ ဆရာဝန္က ၇ဝ ေလာက္ပါတယ္။ အင္ဂ်င္နီယာ ၅ဝ ေက်ာ္ေလာက္ပါတယ္။ ေနာက္ ဥပေဒနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္သူက ၄ဝ၊ ၅ဝေလာက္ပါတယ္။ စီးပြားေရးနဲ႔က ၃ဝ ေလာက္ပါတယ္။ ေနာက္ အျခားေမဂ်ာေတြနဲ႔ကလည္းပါတယ္။ ၇ တန္း၊ ၈ တန္း ပါတယ္။ လယ္သမားေတြပါတယ္။ ေနာက္ ေပါင္ျပတ္သူပါပါေသးတယ္။ ဒါေပမဲ့ သူတုိ႔က အရည္အေသြး ရွိၿပီးသား။ သုိ႔ေသာ္လည္း ပင္ကုိအရည္အေသြးေတြကုိ ႏုိင္ငံေရးအသိနဲ႔ ေပါင္းေပးဖုိ႔၊ အခုသင္တန္းေတြက လည္း ဒါပဲ။ ေနာက္လႊတ္ေတာ္ ကုိယ္စားလွယ္အသစ္ေတြေရာက္ လာရင္ အရင္လူေဟာင္းေတြက သူတုိ႔ အေတြ႕အႀကဳံေတြျပန္မွ်ေဝမွာ။

၅၉ (စ)သာ တကယ္လုိ႔ ျပင္လို႔ရခဲ့ ရင္ ဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္က သမၼတျဖစ္မွာေပါ့။

သမၼတမျဖစ္ရင္ ပါတီကိုဆက္ေခါင္းေဆာင္မယ္။ သမၼတျဖစ္ရင္ ပါတီက ထြက္ရေတာ့မယ္။ အဲ့ဒါ ျပႆနာ ကိုယ္စားလွယ္ ၃၉ဝ လုံး မွာ၊ ပါတီမွာက အေတြ႕အႀကဳံရွိတဲ့ သူက ေတာ္ေတာ္မ်ားတယ္။ အဲ့ဒီမွာ ပါတီက ဟာသြားၿပီ။ ျဖည့္ဖုိ႔အတြက္လည္း ကုိယ္တုိ႔က စိတ္ကူးရွိထားၿပီးသား။ လူငယ္ေတြထဲက ဟုိတုန္းကေတာ့ လူငယ္ ကုိ ၃ဝ လုိ႔သတ္မွတ္ေပမယ့္ တျဖည္းျဖည္းဖိႏွိပ္မႈမ်ားလာလုိ႔ လူငယ္ကုိ ၃၅ ႏွစ္လုိ႔ေျပာင္း သတ္မွတ္ရတာရွိတယ္။ ၃၅ ႏွစ္ေအာက္ က ကေလးေတြက ႏုိင္ငံေရး သင္တန္းေတြ၊ ေနာက္ Public Policy သင္တန္းေတြေပးမွာ၊ ေပးဖုိ႔လည္းရွိတယ္။

လူေနအိမ္ေတြမွာ ႐ုံးခန္းေတြ ေဆာက္ရေတာ့ လႊတ္ေတာ္ကုိယ္ စားလွယ္ေတြရဲ႕ လစာျဖတ္ၿပီး႐ုံး ခန္းေဆာက္မယ္လုိ႔ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာထားပါတယ္။ အဲ့ဒီအေပၚမွာေရာ။

ဟုတ္တယ္။ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြရဲ႕ ၂၅ ရာခုိင္ႏႈန္းျဖတ္မွာ။ တုိင္းေဒသႀကီး ျပည္နယ္ကုိယ္စားလွယ္ေတြကေတာ့ ၂ဝ ရာခုိင္ႏႈန္း။ အဲ့ဒီထက္ျမင့္လုိ႔ ဝန္ ႀကီးဘာညာ ၅ဝရာခုိင္ႏႈန္းျဖတ္မွာ။ အဲ့ဒီရတဲ့ပုိက္ဆံနဲ႔ ပါတီ႐ုံးေတြ တည္ေဆာက္မွာ။ ဘာလုိ႔လဲဆုိ ေတာ့ အခုက ပါတီ႐ုံးေတြ ပုိက္ဆံ မတတ္ႏုိင္ရင္တခ်ဳိ႕က ေစတနာနဲ႔ ငွားတာရွိတယ္။ ဒါေပမဲ့ အဲ့ဒီအ ေပၚ ေစတနာတင္မဟုတ္ဘူး။ ပါတီကုိ ျခယ္လွယ္လာတာေတြ ခဏခဏႀကဳံတယ္။ အဲ့ဒီေတာ့ ရတဲ့ပုိက္ဆံကုိ ပါတီ႐ုံးေတြ ဦးစား ေပးမယ္။ အခုတစ္လုံးတစ္ခဲတည္း ႏုိင္ငံေရးပင္စင္ ကုိယ္တုိ႔ဆီက အားလုံး မယူဘူး။ စုၿပီးေတာ့မွ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး တစ္ခုခု လူထုအက်ဳိးျပဳမယ့္ဟာကုိလွဴမွာ။ အဲ့ဒီဟာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေရြးမယ္။ ကုိယ္တုိ႔လည္း ဝုိင္းစဥ္းစားေပးမွာ ေပါ့။ အဲ့ဒါယူရတာ စိတ္မသန္႔ဘူး။ အဓိပၸာယ္မွ မရွိဘဲနဲ႔။ လခတုိးတုန္း ကလည္း ကုိယ္တုိ႔ သေဘာမတူခဲ့ဘူး။ စိတ္လည္း မဝင္စားဘူး။ လခတုိးဖုိ႔လုပ္တာမဟုတ္ဘူး။ ေစတနာ့ ဝန္ထမ္းအေနနဲ႔လုပ္တာ။ ဥပေဒ ျပ႒ာန္းလုိက္ေတာ့ မယူလုိ႔မရဘူး။ အခု ဒီဥပေဒျပ႒ာန္းလုိက္ရင္လည္း မယူလုိ႔မရေတာ့ဘူး။

အန္ကယ္ ဦးဝင္းထိန္ဆီကုိေတာင္မွ ဝန္ႀကီးေနရာေတာင္းတဲ့စာေတြ ေရာက္ေနတယ္သိရပါတယ္။

ႏွစ္ပုိင္းရွိတယ္ေလ။ တစ္ပုိင္းကေတာ့ တုိင္းျပည္ထူေထာင္ဖုိ႔က အရည္အခ်င္းရွိသူမွန္သမွ် ဒီခ်ဳပ္ျဖစ္ျဖစ္၊ မျဖစ္ျဖစ္ ဖိတ္ေခၚၿပီး အသုံးျပဳဖုိ႔ မူလည္းရွိတယ္။ ေနာက္တစ္ပုိင္းက ဒီမုိကေရ စီရဖုိ႔ လႈပ္ရွားမႈထဲမွာ လက္ေလးေတာင္မေျမႇာက္ဖူးတဲ့ သူေတြ၊ ေလွ်ာက္လႊာတင္တဲ့သူေတြရွိေတာ့ ရယ္ရခက္၊ ငုိရခက္ေပါ့။ အဲ့ဒီဟာမူအရ တုိင္းျပည္အတြက္ အသုံးက်မယ္ဆုိပါတီဝင္ျဖစ္ျဖစ္၊ မျဖစ္ျဖစ္ တုိင္းရင္းသားေတြလည္းသုံးမွာ။ သုိ႔ေသာ္ ရာထူးလုိ ခ်င္တယ္ေျပာတဲ့ သူေတြကုိ ဘယ္ လုိစဥ္းစားလုိ႔ရမလဲ။ အဲ့ဒါပဲ ဒါက ျပည္သူကုိအက်ဳိးျပဳမွာမဟုတ္ဘူး။ သူ႔အက်ဳိးအတြက္။ ေလွ်ာက္လႊာေတြ ကြၽန္ေတာ့္ဆီမွာရွိတယ္။ အၿမဲ တမ္းအတြင္းဝန္ေတာင္ပါေသးတယ္။ သံအမတ္ေတြလည္းပါတယ္။ဝန္ႀကီး ျဖစ္ခ်င္တဲ့သူပါတယ္။ အဲ့ဒါကုိ ေဒၚေအာင္ဆန္းစုၾကည္ဆီေျပာျပ ေတာ့ သူကရယ္တယ္။ လာေတာင္း ဆိုတဲ့သူက ေလးငါးဆယ္ေတာ့ မရွိဘူး။

မီဒီယာက႑ကုိေရာ ဘယ္လုိစီစဥ္ထားလဲ။

မီဒီယာနဲ႔ ပတ္သက္လုိ႔က ကုိယ္ေျပာတယ္မုိ႔လား။ ဦးျမတ္ခုိင္က ေမးဖူးတယ္။ ခင္ဗ်ားအေၾကာင္း ကြၽန္ေတာ္ေရးရင္ တရားစြဲမလားတဲ့။ မစြဲဘူးလုိ႔ ဘာေၾကာင့္လဲဆုိေတာ့ တစ္အခ်က္အလုပ္႐ႈပ္တယ္။ ကုိယ္တုိ႔ေျပာခ်င္တာကုိ မီဒီယာရွိ မွေျပာလုိ႔ရတာ။ ခင္ဗ်ားတုိ႔ကလည္း ကြၽန္ေတာ္တုိ႔ရွိမွ ေရးလုိ႔ရတာ။ အဲဒီလုိ ဟုိတေလာကေျပာတဲ့ ကိစၥ နဲ႔ေဝဖန္တယ္။ ေဝဖန္တယ္ ကိစၥမရွိဘူး။ ငါ့ေျပာရေကာင္းလား၊ ေဒါသျဖစ္ရင္ ကုိယ္ပဲအ႐ူးျဖစ္မွာ။ သူတုိ႔ ရည္ရြယ္ခ်က္ ဘယ္လုိရွိရွိ တစ္ခုေတာ့ရွိတာေပါ့။ ကုိယ္က ေထာင္က်တာမ်ားလုိ႔ ဘယ္ေကာင္ဘယ္အခ်ဳိးကုိတန္းသိတယ္။ အစုိးရသစ္မွာ မီဒီယာကိုအေလးထား ဆက္ဆံသြားမယ္။ မီဒီယာက အဓိကပဲေလ။ ေျပာမယ္ဆုိရင္ ဘယ္သူက ဘာလုပ္လုပ္ ျပည္သူကုိ အသိဥာဏ္ေပးႏုိင္တာ မီဒီယာကပဲ၊ မီဒီယာအမ်ားစုကေတာ့ မွန္မွန္ကန္ကန္ သတင္းေပးတာမ်ားတယ္။ ဒီဆြမ္းဆန္ထဲ ၾကြက္ေခ်းေရာတာ ေတာ့ ဘယ္တတ္ႏုိင္မလဲ။ ဒါ လူ႔သဘာဝေပါ့။

ေပၚျပဴလာနယူးစ္ သတင္းအဖြဲ႔
..................
ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းခြင်း(Popular News)

ယခုရက်သတ္တပတ်အတွင်း လူပြောအများဆုံးမှာ ဦးဝင်းထိန်နှင့် RFA အင်တာဗျူးအကြောင်းပင်ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုအမျိုးမျိုး ပေါ်ပေါက်နေသည်မှာလည်း အရှိန်မသေသေး။ ထိုထိုသော ဂယက်များထန်နေသည့်ကာလအတွင်းမှာပင် ပေါ်ပြူလာနယူးစ်က ဦးဝင်းထိန်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ကာ NLD အစိုးရ တက်လျှင်တက်ခြင်း ပထမဦးဆုံးဆောင်ရွက်မည့်လုပ်ငန်း၊ NLD အစိုးရလက်ထက် ဆောင်ရွက်မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြည်သူတွေ ဘဝမြင့်မားရေးကို NLD က ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေး၊ တပ်မတော်အပေါ်ထားရှိသွားမည့် NLD အစိုးရ၏ သဘောထား၊ ၅၉(စ)သာ ပြင်ဆင်ခွင့်ရခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မဖြစ်၊ ဝန်ကြီးဖြစ်ချင်သူများသံအမတ်ဖြစ်ချင်သူများ အတွင်းဝန်ဖြစ်ချင်သူများ၏ ပေးစာများ၊ ဝန်ထမ်းများအတွက် NLD အစိုးရက မည်သို့စီစဉ်ထားသည် ဆိုခြင်း၊ မီဒီယာတို့အပေါ် NLD ၏ သဘောထား အစရှိသည်တို့ကို မေးမြန်းခဲ့ရာ ဦးဝင်းထိန်က ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားခဲ့ခြင်းကို စာဖတ်ပရိသတ်အား တင်ပြလိုက်ရပါကြောင်း …

ဒီချုပ် အစိုးရစစဖွဲ့ချင်း စလုပ်မှာက ဘယ်အလုပ်လဲဗျ။

စလုပ်မှာက ဝန်ကြီးဌာနတွေ လျှော့မှာ။ ဝန်ထမ်းတွေတော့ မလျှော့ဘူး။ ဝန်ထမ်းတွေလျှော့လို့ ဘယ်ဖြစ်မလဲ။ သူတို့ သက်ဆိုင်ရာမှာ ခွဲပြီးနေရာချထားမှာ။ အချို့ သောဝန်ကြီးဌာနတွေက လိုမှမလိုတာ။ သူတို့ လူသူတို့ ရာထူးပေးချင်လို့ဖွဲ့ထားတဲ့ ဝန်ကြီးဌာနတွေ။ ဝန်ကြီးအနည်းဆုံး ၁ဝ ယောက် လျှော့သွားမယ်။ အခုဝန်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီးက ၁ဝဝ လောက် ရှိတယ်။ အန်ကယ်တို့က ဒုဝန်ကြီးတွေကို ထားချင်မှတောင်ထားမှာ။ ဦးနုအစိုးရရော၊ အင်္ဂလိပ်အစိုးရလက်ထက်မှာ အတွင်းဝန်ဆိုတာ ရှိတယ်။ အဲ့ဒီ အတွင်းဝန်တွေက ဝန်ကြီးဘယ်လောက်ပြောင်းပြောင်း သူတို့ကရှိနေတယ်။ ပြောမယ်ဆိုရင် အဲ့ဒီအတွင်းဝန ်တွေက ဝန်ကြီးတွေကို အထောက်အကူပြုတာ။ အခုအစိုးရက အတွင်းဝန်လည်းထားတယ်။ ရှုပ်ကုန်ရော အဲ့ဒီမှာ အတွင်းဝန်ဆိုတာတွေကလည်း ဗိုလ်ချုပ်တွေများတယ်။ ဌာနဆိုင်ရာကလူတွေလည်း ဥပဒေ နဲ့မညီရင်ဥပဒေအတိုင်းသွားမှာပဲ။

ဝန်ထမ်းတွေအတွက် နောက်တက်လာမယ့် အစိုးရက ဘယ်လိုစီစဉ်ထားလဲ။

အစိုးရအသစ်တက်လာလို့ ဝန်ကြီးဌာနတွေ ကျုံ့ သွားသော်လည်း ပိုလာမယ့် ဝန်ထမ်းမရှိဘူး။ သူ့နေရာနဲ့သူ နေရာချထားပေးမယ်။ သို့သော်လည်းပဲ ဒီဝန်ကြီးဌာနက ဝန်ထမ်းတွေ အခြားဌာန မှာ အဆင်မပြေဘူးဆိုရင် သင်တန်းပေးမယ်။ နောက်တစ်ခုက အထူးသဖြင့် နေပြည်တော်မှာပေါ့။နေပြည်တော်မှာ ဝန်ထမ်းတွေက မနေချင်ဘူး။ သယ်ယူပို့ဆောင်ရေး မရှိဘူး။ နောက်ကလေးတွေရဲ့ ကျောင်း အဲ့ဒါတွေဖြည့်ဆည်းပေးမယ်။ အခုပြဿနာက ဘာလဲဆိုတော့ အစိုးရဌာနကြီးကို ရန်ကုန် ပြန်ပြောင်းမလို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။ ရန်ကုန်လမ်းကျပ်တာနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက် နေပြည်တော်မှာနေတဲ့ ပုဂ္ဂိုလ်တွေ နေရထိုင်ရချောင်လည်အောင် လုပ်ပေးမယ်။ ပြီးရင်သံရုံးတွေလည်း တစ်စတစ်စ ရောက်လာလိမ့်မယ်။ အကုန်မရောက်ရင်တောင် တစ်ပိုင်းတစ်စ ရောက်လာလိမ့်မယ်ဆိုတော့ သူတို့ရောက်လာရင် မြို့အင်္ဂါရပ်ပိုပီသမှာပေါ့။ အခု ဟိုတယ် တွေဆိုလူမရှိဘူး။ အဲ့ဒီလို မြို့အင်္ဂါရပ် ပိုပီပြင်လာတော့မှ လာတဲ့သူ တွေများမှာ။ နောက်ပြီး ရန်ကုန်မှာ အခုသူတို့ လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာ။ တန်ဖိုးကနည်းမှမနည်းတာ။ ကိုယ်တို့ကလည်း အဲ့ဒါသွားထိရင် ကျား မြီးဆွဲရသလို ဖြစ်နေတာ။ အဲ့ဒါက ကိုယ်လည်းမကျွမ်းကျင်တော့ သိပ် မပြောနိုင်ဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဆောင်ရွက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းသိပါရစေ အန်ကယ် ဦးဝင်းထိန်ခင်ဗျာ။

ငြိမ်းချမ်းရေးကတော့ အင်မတန်ပြောရခက်တယ်။ ၁ အချက်က အပစ်အခတ်ရပ်စဲဖို့ လက်မှတ် ထိုးထားတဲ့ ရှစ်ဖွဲ့၊ နောက်လက်မှတ်မထိုးထားတဲ့ အဖွဲ့မှာလည်း နှစ်ပိုင်းရှိတယ်။ ပလောင်ရယ်၊ ကိုးကန့်ရယ်၊ ရခိုင်ရယ် သူတို့ကိုတော့ လက်ရှိငြိမ်းချမ်းရေး ဖိတ်ပြီးဆွေး နွေးတဲ့အဖွဲ့က မကြည်တဲ့ သဘောပေါ့။ အဲ့ဒီတော့ အဲ့ဒီဟာတွေ သောင်းပြောင်းထွေလာတွေကို ဖြတ်ပြီးတော့မှ ငြိမ်းချမ်းရေးရဖို့ ဆိုတာကတော့ အင်မတန်ခက်တယ်လို့ အန်ကယ်က မြင်တယ်။အဲ့ဒီတော့ ငြိမ်းချမ်းရေးက အဲ့ဒီလို ပေါ့။ အခုလောလောဆယ်တော့ ဃြဗလုပ်တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကရော၊ ကိုယ်တို့ကရော အသိအမှတ်ပြုတယ်။အသိအမှတ် ပြုပြီးတော့မှ နောက်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ဦး စီးပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လုပ်မယ်လို့ ပြောပြီးသား။ ဒါပေမဲ့ လက်ရှိရှိနေတဲ့ MPC ကိုလည်း ပြန်လည်သုံးသပ်မယ်။ ဖျက်မပစ်ဘူး။ အဲ့ဒါလည်း ပြောထားပြီးသား။ တစ်ခုရှိတာကတော့ အခု ၁၂ ၊ ၁၃ ၊ ၁၄ မှာ လုပ်မယ် ပြောထားတဲ့ ညီလာခံပေါ့။ အဲ့ဒီ ညီလာခံမှာတော့ကိုယ်တို့ သဘောထားကတော့ အရင်အဆက်ဆက်လုပ်ခဲ့တာကို အသိအမှတ်ပြုတယ်။ ဒါပဲ။ အသိအမှတ်ပြုတဲ့ အခမ်းအနားပဲလို့ ကိုယ်က ယူဆ တော့မယ်။ တတ်နိုင်ရင် တစ်ရက်တည်းပြီးရင်တောင်မှ ပြီးစေချင်တယ်။ အဲ့ဒီတော့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလုပ်မှာက ငါးရက်လုပ်မယ်ပြောတယ်။ ကိုယ်တို့က သုံးရက်နဲ့ ပြတ်ပါတယ်ပြောတယ်။ အဲ့ဒါသူတို့နဲ့ ညှိနေကြတယ်။ ဒီပဒိုကွယ်ထူးဝင်း တို့ကလည်း လေးရက်နဲ့ လုပ်ချင်တယ်။ လုပ်ချင်တော့ သူတို့ပြောတာလည်း သဘာဝကျပါတယ်။

သူတို့လုပ်ခဲ့တာတွေ တောက် လျှောက်လုပ်ခဲ့တဲ့အတွက် လေးရက်လောက် ပြောပါစေ။ အန်ကယ်တို့လည်း အဲ့ဒီကျရင် အန်ကယ်တို့ စိတ်ကြိုက်ပြင်လို့ရတာပဲ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးရက်နဲ့ ပြီးစေချင်သော်လည်းပဲ ကိုယ်တို့ကလေးရက် ဖြစ်ချင်တယ်။ အခု ဒေါက်တာ စိုင်းမောက်ခမ်းတို့က ငါးရက်ဖြစ်ချင်တယ်။ ဘယ်လိုဖြစ်မလဲမသိဘူး။ ဒီညီလာခံကြီး တစ်ခုလုံးက စကားတွေပြောပြီး ဘာမှဆုံးဖြတ်ချက်ကျမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ဦးအောင်မင်း ခေါင်းဆောင်ပြီး လာမယ့်အဖွဲ့မှာ သူတို့က ပြောသွားတာက ဆွေးနွေးမယ့် ဘာသာရပ်တွေကနိုင်ငံရေးပါမယ်။ လုံခြုံရေးပါမယ်။ စီးပွားရေး ပါမယ်။ အခြားလူမျိုးရေးတွေပါမှာ ပေါ့။ နိုင်ငံရေးနဲ့ လုံခြုံရေးကအပစ်အခတ်ရပ်စဲရေးနဲ့ ဆိုင်တယ်။ စီးပွားရေးကတော့မ ဆိုင်ဘူး။ ဖွဲ့ စည်းပုံပြင်ဆင်ရေးတို့ ဘာတို့ဆိုတာက ဒါလွှတ်တော်နဲ့ ဆိုင်တဲ့ကိစ္စ။ ငြိမ်းချမ်းရေးအဖွဲ့နဲ့ အစိုးရ ဘာမှထည့်ဆွေးနွေးစရာ မလိုဘူး။ ပြောပြီးတော့ လာမယ့်ညီလာခံက သုံးရက်ဖြစ်မလား။ လေးရက်ဖြစ် မလား။ ငါးရက်ဖြစ်မလားဆိုတာက ခုနကအဖွဲ့နဲ့ ဆွေးနွေးပြီးတော့မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ တစ်ခုရှိ တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ဖိတ်ချင်တယ်။ သူတို့လည်းဖိတ်တယ်လို့ပြောတယ်။ ဖိတ်တဲ့ အခါမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖြစ်မဖြစ်ကတော့ အခြေအနေပေါ် မူတည်ပြီးမှ သိ နိုင်မှာပါ။ တွေ့ချင်တယ်။ သူတို့ ဘက်ကလည်း စာတွေထုတ်ထား တာရှိတယ်။ ဒေါ်အောင်ဆန်းစု ကြည် နဲ့တွေ့ပြီးမှ ဆွေးနွေးချင်တယ်ဆိုတာပါတော့အခုကိုယ်တို့က တစ် ပန်းသာမှာကတော့ ကိုယ်တို့က စေတနာပါတယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ နောက်တစ်ချက်က ဒါကနည်းနည်းရှည်တယ်။

ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံရေးကစားပွဲလို၊ ကျွန်တော် ရွေးကောက်ပွဲမတိုင်ခင်ကလည်းတက်တယ်။ ရွေးကောက်ပွဲပြီးတော့ လည်းတက်တယ်။ သူတို့လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အဲ့ဒီလို ပဲ ၉၂ ပါတီက ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးဖို့ဆိုပြီးတော့ ကျွန်တော်အလှည့်ကျ ကျွန်တော်ပြောတယ်။ အဲ့ဒါက လက်တွေ့မကျဘူးထင်တယ် ဆိုပြီးတော့။ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာတုန်းကပါတီပေါင်း ၂ဝဝ ကျော်ရှိတယ်။ ရွေးကောက်ပွဲလည်း ပြီးရော ၂ဝ တောင်မကျန်တော့ဘူး။ ကျန်တဲ့ ပါတီက ပြည်သူလူထုထောက်ခံမှု မရှိတဲ့အတွက်ကြောင့် အဲ့ဒီလိုပဲ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ၉၂ ပါတီရှိတယ်။

ရွေးကောက်ပွဲပြီးရင် ဘယ် နှစ်ပါတီကျန်လဲ စောင့်ကြည့်ရမယ်။ ပြည်သူလူထုထောက်ခံမှု မရှိတဲ့ပါတီတွေကို ပါဝင်သင့် မသင့် စဉ်းစားရမယ်။ ဒါကြောင့် ပါ တီကြီးက အနိုင်ကျင့်တယ်ဆိုပြီး ပြောမှာစိုးလို့၊ ကျွန်တော်ကပြော တာ အဲ့ဒီတော့ ငြိမ်းချမ်းရေးက နိုင်ငံရေး ကစားကွက်မဖြစ်စေချင် ဘူးဆိုတာက ရွေးကောက်ပွဲပြီးတော့ သူတို့ကဖိတ်တယ်။ အစိုးရက ၁၆ ယောက် တိုင်းရင်းသားအဖွဲ့ က ၁၆ ယောက် နိုင်ငံရေးပါတီက ၁၆ ယောက် အဲ့ဒီတော့ အန်ကယ် ကပြောတယ်။ အစိုးရအဖွဲ့က ၁၆ ယောက် တိုင်းရင်းသားက ၁၆ ယောက်။ ဒါကိုဝေဖန်စရာမရှိဘူးလို့၊ ဒါပေမဲ့ နိုင်ငံရေးပါတီက ၁၆ ယောက်ရွေးတဲ့အခါမှာ အဲ့ဒီကိစ္စကို အခုပြောရတော့မယ်လို့၊ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့ ပါတီက ရွေးကောက်ပွဲမှာ ၈ဝ ရာခိုင်နှုန်းနိုင်သွားတဲ့ပါတီ။ အဲ့ဒီ ပါတီနဲ့ တစ်ယောက်မှမနိုင်တဲ့ ပါတီကို အတူတူထားရင် ဒါနိုင်ငံရေးအရ သဘာဝမကျဘူး။ အဲ့ဒီဟာကို အန်ကယ်ကသဘောမတူဘူး။ အန်ကယ်လိုပဲ ဒေါ်အောင်ဆန်း စုကြည်လည်းသဘောမတူဘူး ။ ဒါပေမဲ့သူတို့ ဂရုမစိုက်ပါဘူး။ နိုင်ငံရေးဟိုဟာထဲကို ဦးသုဝေကို ဒုတိယ ဥက္ကဋ္ဌပေးသတဲ့။ ဦးသုဝေက နိုင်ငံရေးဝါရင့်တဲ့ နိုင်ငံရေး သမားတော့ဟုတ်တယ်။ ဒါပေမဲ့ သူ့ပါတီက ၁ ယောက်မှမနိုင်ဘူး။ ဒုတိယဥက္ကဋ္ဌ ပေးတယ်ဆိုကတည်းက ဒါက နိုင်ငံရေး ကစားသလိုဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ သမ္မတနဲ့တွေ့တဲ့နိုင်ငံရေးပါတီထဲမှာဆိုရင် အာဏာသိမ်းဖို့အထိ ပြောတဲ့ လူတွေရှိတဲ့ ပါတီတွေပါတယ်။ အဲ့ဒီလို လူတွေသူတို့အသုံးမချဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့က ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးအစစ် တည်ဆောက်ချင်တယ်ဆိုရင် နိုင်ငံရေးမကစားရဘူး။ ဒေါ် အောင်ဆန်းစုကြည်ရော၊ ကိုယ်ရော အမြဲပြောတယ်။

အဲ့ဒီတော့ နောင်အစိုးရဖွဲ့ပြီး ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် NCA ကို တကယ်တမ်း NCA ပီသသော Nation Wide ဆိုတာ တကယ် Nation Wide ဖြစ်မှလေ။ အခုဟာက နေရှင်းဝိုက်မဟုတ်ဘူး။ Partial Ceasefire အဲ့ဒီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့က အခုနက ရခိုင်တို့၊ ကိုးကန့်တို့၊ ပလောင်တို့ အကုန်ပါမှဖြစ်မှာလေ။ သို့သော်လည်း ပြောတာသာ လုပ်တာခက်တယ်။ ဘာကြောင့်ခက်လဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးက အပြိုင်သွားမှာ၊ ဖွဲ့စည်းပုံ ပြင်တဲ့အခါမှာ အနာဂတ်မှာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ဖို့ ငြိမ်း ချမ်းရေးဟာ တစ်နေရာရာမှာ သွားဆုံမှာ။ အဲ့ဒီလိုသွားဆုံမှ ငြိမ်း ချမ်းရေးက အကောင်အထည်ဖော် လိမ့်မယ် ဒါပေမဲ့လုပ်ဖို့အတော်ခက်လိမ့်မယ်။ ဒေါ်စုလည်းသိပြီးပြီ။ ကိုယ်တို့လည်း သိပြီးပြီ။ ဒါပေမဲ့ ကြိုးစားလုပ်မယ်။

ပြည်သူတွေရဲ့ ဘဝမြင့်မားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင် ပေးမလဲခင်ဗျ။

ရွေးကောက်ပွဲနိုင်တဲ့ အဓိကအကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို ပြည်သူတွေကထောက်ခံတယ်။ ထောက်ခံတာမှာ ထောက်ခံတာကတစ်ပိုင်း မျှော်လင့်တာက တစ်ပိုင်း။ ပြည်သူ တို့မျှော်လင့်တာကို ဖြည့်ဆည်းဖို့က ဒေါ်အောင်ဆန်းစုကြည်တာဝန်။ ကိုယ်တို့ NLD ကိုယ်စားလှယ်တွေ ရဲ့ တာဝန်။ အဲ့ဒီတော့ ဘယ်လို ဖြည့်ဆည်းရမလဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုးတက်တက်အောင် လုပ်ဖို့၊ နောက် တခြားအရေးကြီးတာ တွေရှိတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံပြင်ရေးကိစ္စတွေ။ ဒါပေမဲ့ ထိထိရောက်ရောက်ဖြစ်စေမယ့် ဟာက ပြည်သူလူထုရဲ့ စားဝတ် နေရေး တိုးတက်ဖို့၊ တိုးတက်ဖို့က ပြောတော့သာ လွယ်တာလုပ် တော့ ခက်တယ်။ ဦးသိန်းစိန်အစိုးရမှာ ဒေါက်တာမောင်မောင်သိမ်းတို့၊ ဒေါက်တာ အောင်ထွန်းသက်တို့ ခန့်တာပဲ။ သိသိတာတာကြီးတိုးတက်လာတာ သိပ်မတွေ့ဘူး။ ဒါပေမဲ့ တခုရှိတာက အန်ကယ်က စီးပွားရေးမကျွမ်းကျင်တော့ သိပ်မပြောတတ်ဘူး။ ကိုဟံသာမြင့် နဲ့ စီးပွားရေးအဖွဲ့တွေ လုပ်တာရှိတယ်။ ကိုယ်တို့ ရွေးကောက်ပွဲ ကြေညာချက်မှာလည်း စီးပွားရေး ပေါ်လစီတွေ ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အန်ကယ်တို့ သေ ချာ လူတွေရွေးနေတယ်။ ပေါ့ပေါ့တန်တန်မရွေးဘူး။ ဒါပေမဲ့ အဓိက ချို့ယွင်းချက်က အတွေ့အကြုံရှိတဲ့ သူနည်းတယ်။ ဒါပေမဲ့ ကိုယ်တို့ ကသာတာက စေတနာရှိတယ်။ ပြည်သူလူထုအတွက် လုပ်မယ်ဆိုတဲ့ စေတနာရှိတယ်။ အဂတိတရား အင်မတန်နည်းမယ်။ နည်းမယ်ဆို တာက အဂတိတရား မဖြစ်ရဘူး ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လူတွေရှိသလို ဥက္ကဋ္ဌ ကြောက်လို့လည်း လုပ်ရဲ မှာမဟုတ်ဘူး။ ဥက္ကဋ္ဌ ကြိမ်းထား ပြီးပြီလေ။ အဂတိတရားဖြစ်လို့ကတော့ ဘယ်သူမှမညှာဘူး။ ထောင် ချပစ်မယ်။ ချမှ။ မချလို့ မရဘူး။ အဲ့ဒီလိုဆန်ရင်းနာနာဖွတ်မှ၊ ကိုယ် လူတွေက ကျားကုတ် ကျားခဲနဲ့နေ မှ အောင်မြင်မှာ။

အဲ့ဒီတော့ အဲ့ဒီတော့ ပြည်သူရဲ့ စားဝတ်နေရေးပြေလည်ဖို့က အခု လက်ရှိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးပြင်စရာရှိတယ်။ အဲ့ဒီတော့ ခုနပြောသလို ပေါ့၊ စေတနာရယ် အဂတိတရား နည်းပါးမှုရှိကြောင်း၊ အမှားတွေ့ မယ်ဆိုလည်း ပြည်သူလူထုက စာနာမှုပေးလိမ့်မယ်လို့ မျှော်လင့် တာပေါ့။ အန်ကယ်ကတော့အစိုးရ အဖွဲ့မှာ ပါမှာမဟုတ်ဘူးလေ။ မပါဘူးလို့လည်း ဒေါ်စုကိုပြောထားပြီး ပြီ။ ဘာလို့လဲဆိုတော့ ရွေးကောက် ပွဲဝင်လိုက်တော့ အမာခံတော် တော်များများက လွှတ်တော်ထဲ ရောက်သွားပြီ။ ပါတီကဟာသွားပြီ။ အဲ့ဒီဟာတဲ့နေရာ ပြန်ဖြည့်ဖို့။

ခုနကပြောသလိုပေါ့နော်။ အတွေ့ အကြုံရှိတဲ့သူတွေ ရွေးနေတယ်။ အခုလက်ရှိမှာ ပြည်ခိုင်ဖြိုးကပါမယ်၊ ဘယ်ကပါမယ်၊ အများကြီး မှန်းပြီး ပြောနေကြပါတယ်ခင်ဗျ။ အဲ့ဒီအပေါ်ကိုရော။

အခုက ဒီလိုလေ အမျိုးသားရော၊ ပြည်သူရော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကအများကြီးဆို တော့ဘယ်သူ့မှ မပါဘဲဖွဲ့လို့ရတယ်။ ဘယ်သူ့မှ ပါစရာမလိုဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောထား သလို အမျိုးသားရင်ကြားစေ့ရေး ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးက သင့်တော်တဲ့သူတွေပါမယ်။ တိုင်း ရင်းသားတွေထဲက ပါမယ်။ အများ ကြီးတော့ မဟုတ်ဘူး။ သူချထားတဲ့ မူဝါဒအတိုင်း ကိုက်ညီတဲ့၊ ပြည်ခိုင် ဖြိုးမှ မဟုတ်ဘူး။ ကျန်တဲ့ပါတီထဲ ကသင့်တော်တဲ့သူပါမယ်။ တိုင်းရင်း သားတွေထဲကပါမယ်။ ဒါမှအမျိုးသား ရင်ကြားစေ့ရေး ဖြစ်မှာပေါ့။ အဲ့ဒီ ထက် ပိုအရေးကြီးဆုံးကတော့ တပ်မတော်နဲ့ ပြေလည်ဖို့ပဲ။ အခု ထိတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးက ကောင်းတယ်။ ဒါကြောင့်အနာဂတ် ဖွဲ့စည်းပုံပြင် ဆင်ရေးက သူတို့သဘောတူမှ ရတာကိုး။ အဲ့ဒါကြောင့် ပြင်လို့ရရင် ရ၊ မရရင် ဆိုင်းငံ့လို့ ရရင်ရ။ ဒါကြောင့်တပ်မတော်နဲ့ဆက်ဆံရေးက အဓိကအကျဆုံးပဲ။

ဒါဆိုရင် ကာချုပ်ကြီးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးက တော်တော်လေးပြေလည်မှုရှိတဲ့ သဘောလားဗျ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာဗျူဟာတွေကြောင့်ပေါ့။ ဦးသိန်းစိန်နဲ့ တွေ့တယ်။ တပ်ချုပ်နဲ့ တွေ့တယ်။ မထင်မှတ်ဘဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့တွေ့တယ်။ အဲ့ဒီ အဓိပ္ပာယ်ကဘာလဲဆိုရင်ဗိုလ်ချုပ် မှူးကြီးသန်းရွှေက အစိုးရအဖွဲ့မှာ မပါဝင်မပတ်သက်တော့ဘူး။ သို့သော် ဒီသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် သူခန့်ခဲ့တာ။ အဲ့ဒီတော့ သူက သြဇာရှိတယ်။ သြဇာရှိတဲ့အတွက်ကြောင့် သူလိုလူရဲ့ သဘောတူညီမှု လိုတာပေါ့။ဒါကြောင့် ပြည်သူလူထုရော၊ နိုင်ငံတကာရော တုံ့ပြန်ချက်က ကောင်းတယ်။ ဒါက အမျိုးသားရင်ကြားစေ့ရေးကိုသွားဖို့ ခြေလှမ်းစလိုက်တာပဲ။

ဒါဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးက နောက်စမယ့် လွှတ်တော်အတွင်း သက်ရောက်နိုင်တာပေါ့။

အဲ့ဒါက မြေစမ်းခရမ်းပျိုးပေါ့။ ဖိအားတော့ပေးလို့ မရဘူး။

နောင်တက်လာမယ့် ဒီချုပ် အစိုးရ အနေနဲ့ တပ်မတော်အပေါ်ထားရှိ သွားမယ့် သဘောထားကို ပြောပြ ပေးပါခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏပြောတယ်လေ။ သူ့အဖေတည်ထားတဲ့ တပ်မတော်၊ ငယ်ငယ်လေးကတည်းက တပ်မတော် အပေါ် သံယောဇဉ်ရှိတယ်။ နိုင်ငံရေးလုပ်တဲ့တစ်လျှောက်လုံးမှာ တပ်မတော်ကို စော်ကားတဲ့စကား မျိုးတစ်ခါမှ မပြောဖူးဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်စေ ချင်တယ်။ ခေတ်မီသောတပ်မတော် ဖြစ်စေချင်တယ်။ အဲ့ဒါသူ့ရဲ့ ဆန္ဒ။ အဲ့ဒီဆန္ဒပေါ်မူတည်ပြီးတော့မှ ရေ ရှည်မှာတပ်မတော်နဲ့ ဆက်ဆံရေး က မကောင်းလာစရာမရှိဘူး။ ကောင်းလာဖို့ပဲ ရှိတယ်။ အဲ့ဒီတော့ အရင်တုန်းကဖြစ်တဲ့ ပြဿနာက တပ်မတော်နဲ့ မဆိုင်ဘူး။ လူနဲ့ပဲ ဆိုင်တယ်။

ဝန်ကြီးချုပ်ထဲကဆိုရင် လွှတ်တော်ထဲ အနိုင်ရတဲ့သူပဲ ခန့်ရမယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဆိုရင် အနိုင်ရတဲ့သူရော၊ တခြားကရော ခန့်လို့ရမယ်ပေါ့နော်။ အဲ့ဒါကို ဘယ်လိုဆောင်ရွက်နေပါသလဲ။

ပြောလို့မဖြစ်သေးတဲ့ အချိန်မို့သာ မပြောတာ။ ရွေးချယ်နေပါတယ်။ အဓိကစံနှုန်းကတော့ တိုင်းပြည်ချစ်ဖို့၊ နိုင်ငံချစ်ဖို့၊ အထူးသဖြင့် အမှားနည်းနိုင်သမျှနည်းသူကို ရွေးနေပါတယ်။

အခု ကိုယ်စားလှယ်တွေအရည်အသွေးမြှင့်တင်ရေးသင်တန်းတွေ ပေးနေပြီဆိုတော့ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးပိုင်းဘယ်လို ရှိလဲဗျ။

အန်ကယ်တို့စာရင်းတွေလုပ် ကြည့်တဲ့အခါမှာ ဆရာဝန်က ရဝ လောက်ပါတယ်။ အင်ဂျင်နီယာ ၅ဝ ကျော်လောက်ပါတယ်။ နောက် ဥပဒေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူက ၄ဝ၊ ၅ဝလောက်ပါတယ်။ စီးပွားရေးနဲ့က ၃ဝ လောက်ပါတယ်။ နောက် အခြားမေဂျာတွေနဲ့ကလည်းပါတယ်။ ရ တန်း၊ ၈ တန်း ပါတယ်။ လယ်သမားတွေပါတယ်။ နောက် ပေါင်ပြတ်သူပါပါသေးတယ်။ ဒါပေမဲ့ သူတို့က အရည်အသွေး ရှိပြီးသား။ သို့သော်လည်း ပင်ကိုအရည်အသွေးတွေကို နိုင်ငံရေးအသိနဲ့ ပေါင်းပေးဖို့၊ အခုသင်တန်းတွေက လည်း ဒါပဲ။ နောက်လွှတ်တော် ကိုယ်စားလှယ်အသစ်တွေရောက် လာရင် အရင်လူဟောင်းတွေက သူတို့ အတွေ့အကြုံတွေပြန်မျှဝေမှာ။

၅၉ (စ)သာ တကယ်လို့ ပြင်လို့ရခဲ့ ရင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်မှာပေါ့။

သမ္မတမဖြစ်ရင် ပါတီကိုဆက်ခေါင်းဆောင်မယ်။ သမ္မတဖြစ်ရင် ပါတီက ထွက်ရတော့မယ်။ အဲ့ဒါ ပြဿနာ ကိုယ်စားလှယ် ၃၉ဝ လုံး မှာ၊ ပါတီမှာက အတွေ့အကြုံရှိတဲ့ သူက တော်တော်များတယ်။ အဲ့ဒီမှာ ပါတီက ဟာသွားပြီ။ ဖြည့်ဖို့အတွက်လည်း ကိုယ်တို့က စိတ်ကူးရှိထားပြီးသား။ လူငယ်တွေထဲက ဟိုတုန်းကတော့ လူငယ် ကို ၃ဝ လို့သတ်မှတ်ပေမယ့် တဖြည်းဖြည်းဖိနှိပ်မှုများလာလို့ လူငယ်ကို ၃၅ နှစ်လို့ပြောင်း သတ်မှတ်ရတာရှိတယ်။ ၃၅ နှစ်အောက် က ကလေးတွေက နိုင်ငံရေး သင်တန်းတွေ၊ နောက် Public Policy သင်တန်းတွေပေးမှာ၊ ပေးဖို့လည်းရှိတယ်။

လူနေအိမ်တွေမှာ ရုံးခန်းတွေ ဆောက်ရတော့ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ လစာဖြတ်ပြီးရုံး ခန်းဆောက်မယ်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ အဲ့ဒီအပေါ်မှာရော။

ဟုတ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းဖြတ်မှာ။ တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားလှယ်တွေကတော့ ၂ဝ ရာခိုင်နှုန်း။ အဲ့ဒီထက်မြင့်လို့ ဝန် ကြီးဘာညာ ၅ဝရာခိုင်နှုန်းဖြတ်မှာ။ အဲ့ဒီရတဲ့ပိုက်ဆံနဲ့ ပါတီရုံးတွေ တည်ဆောက်မှာ။ ဘာလို့လဲဆို တော့ အခုက ပါတီရုံးတွေ ပိုက်ဆံ မတတ်နိုင်ရင်တချို့က စေတနာနဲ့ ငှားတာရှိတယ်။ ဒါပေမဲ့ အဲ့ဒီအ ပေါ် စေတနာတင်မဟုတ်ဘူး။ ပါတီကို ခြယ်လှယ်လာတာတွေ ခဏခဏကြုံတယ်။ အဲ့ဒီတော့ ရတဲ့ပိုက်ဆံကို ပါတီရုံးတွေ ဦးစား ပေးမယ်။ အခုတစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ကိုယ်တို့ဆီက အားလုံး မယူဘူး။ စုပြီးတော့မှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး တစ်ခုခု လူထုအကျိုးပြုမယ့်ဟာကိုလှူမှာ။ အဲ့ဒီဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးမယ်။ ကိုယ်တို့လည်း ဝိုင်းစဉ်းစားပေးမှာ ပေါ့။ အဲ့ဒါယူရတာ စိတ်မသန့်ဘူး။ အဓိပ္ပာယ်မှ မရှိဘဲနဲ့။ လခတိုးတုန်း ကလည်း ကိုယ်တို့ သဘောမတူခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ လခတိုးဖို့လုပ်တာမဟုတ်ဘူး။ စေတနာ့ ဝန်ထမ်းအနေနဲ့လုပ်တာ။ ဥပဒေ ပြဋ္ဌာန်းလိုက်တော့ မယူလို့မရဘူး။ အခု ဒီဥပဒေပြဋ္ဌာန်းလိုက်ရင်လည်း မယူလို့မရတော့ဘူး။

အန်ကယ် ဦးဝင်းထိန်ဆီကိုတောင်မှ ဝန်ကြီးနေရာတောင်းတဲ့စာတွေ ရောက်နေတယ်သိရပါတယ်။

နှစ်ပိုင်းရှိတယ်လေ။ တစ်ပိုင်းကတော့ တိုင်းပြည်ထူထောင်ဖို့က အရည်အချင်းရှိသူမှန်သမျှ ဒီချုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဖိတ်ခေါ်ပြီး အသုံးပြုဖို့ မူလည်းရှိတယ်။ နောက်တစ်ပိုင်းက ဒီမိုကရေ စီရဖို့ လှုပ်ရှားမှုထဲမှာ လက်လေးတောင်မမြှောက်ဖူးတဲ့ သူတွေ၊ လျှောက်လွှာတင်တဲ့သူတွေရှိတော့ ရယ်ရခက်၊ ငိုရခက်ပေါ့။ အဲ့ဒီဟာမူအရ တိုင်းပြည်အတွက် အသုံးကျမယ်ဆိုပါတီဝင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် တိုင်းရင်းသားတွေလည်းသုံးမှာ။ သို့သော် ရာထူးလို ချင်တယ်ပြောတဲ့ သူတွေကို ဘယ် လိုစဉ်းစားလို့ရမလဲ။ အဲ့ဒါပဲ ဒါက ပြည်သူကိုအကျိုးပြုမှာမဟုတ်ဘူး။ သူ့အကျိုးအတွက်။ လျှောက်လွှာတွေ ကျွန်တော့်ဆီမှာရှိတယ်။ အမြဲ တမ်းအတွင်းဝန်တောင်ပါသေးတယ်။ သံအမတ်တွေလည်းပါတယ်။ဝန်ကြီး ဖြစ်ချင်တဲ့သူပါတယ်။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်ဆီပြောပြ တော့ သူကရယ်တယ်။ လာတောင်း ဆိုတဲ့သူက လေးငါးဆယ်တော့ မရှိဘူး။

မီဒီယာကဏ္ဍကိုရော ဘယ်လိုစီစဉ်ထားလဲ။

မီဒီယာနဲ့ ပတ်သက်လို့က ကိုယ်ပြောတယ်မို့လား။ ဦးမြတ်ခိုင်က မေးဖူးတယ်။ ခင်ဗျားအကြောင်း ကျွန်တော်ရေးရင် တရားစွဲမလားတဲ့။ မစွဲဘူးလို့ ဘာကြောင့်လဲဆိုတော့ တစ်အချက်အလုပ်ရှုပ်တယ်။ ကိုယ်တို့ပြောချင်တာကို မီဒီယာရှိ မှပြောလို့ရတာ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ရှိမှ ရေးလို့ရတာ။ အဲဒီလို ဟိုတလောကပြောတဲ့ ကိစ္စ နဲ့ဝေဖန်တယ်။ ဝေဖန်တယ် ကိစ္စမရှိဘူး။ ငါ့ပြောရကောင်းလား၊ ဒေါသဖြစ်ရင် ကိုယ်ပဲအရူးဖြစ်မှာ။ သူတို့ ရည်ရွယ်ချက် ဘယ်လိုရှိရှိ တစ်ခုတော့ရှိတာပေါ့။ ကိုယ်က ထောင်ကျတာများလို့ ဘယ်ကောင်ဘယ်အချိုးကိုတန်းသိတယ်။ အစိုးရသစ်မှာ မီဒီယာကိုအလေးထား ဆက်ဆံသွားမယ်။ မီဒီယာက အဓိကပဲလေ။ ပြောမယ်ဆိုရင် ဘယ်သူက ဘာလုပ်လုပ် ပြည်သူကို အသိဉာဏ်ပေးနိုင်တာ မီဒီယာကပဲ၊ မီဒီယာအများစုကတော့ မှန်မှန်ကန်ကန် သတင်းပေးတာများတယ်။ ဒီဆွမ်းဆန်ထဲ ကြွက်ချေးရောတာ တော့ ဘယ်တတ်နိုင်မလဲ။ ဒါ လူ့သဘာဝပေါ့။

ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့

No comments:

Post a Comment