CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 3, 2016
စစ္တပ္အုပ္ခ်ဳပ္မႈ ထုိင္းပညာေရးအေပၚ ႐ိုက္ခတ္မႈရွိ
ထုိင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက စစ္အစိုးရနဲ႔ သေဘာထား မတူသူေတြကို ကန္႔သတ္ခ်ဳပ္ျခယ္ခဲ့ၿပီး အဲဒီလုပ္ရပ္ေတြက ထိုင္းတကၠသိုလ္ေတြအေပၚ ႐ိုက္ခတ္မႈ ရွိလာတယ္လို႔ တကၠသိုလ္အသိုင္းအဝုိင္းက ေျပာၾကပါတယ္။
ပညာရွင္ေတြ အထူးသျဖင့္ ႏုိင္ငံေရးသိပၸံ ဘာသာရပ္လို လြတ္လပ္စြာ ေတြးေခၚမႈ အတတ္ပညာကို သင္ၾကားေပးေနရသူေတြက သူတို႔ဟာ အစိုးရက ထိန္းခ်ဳပ္ထားတဲ့ ႏိုင္ငံေရးဆိုင္ရာ ေဆြးေႏြးျငင္းခုံမႈေတြနဲ႔ လူ႔အခြင့္အေရးဆုိင္ရာ ကိစၥေတြနဲ႔ ပတ္သက္လို႔ ေစာင့္ၾကည့္မႈ ခံေနရေၾကာင္း ေျပာေနၾကတာပါ။ ဗီြအိုေအသတင္းေထာက္ Ron Corben ရဲ႕ သတင္းေပးပို႔ခ်က္ကိုေတာ့ ကိုရဲေခါင္က တင္ျပထားပါတယ္။
ထိုင္းႏိုင္ငံမွာ ေမလ ၂၀၁၄ ခုႏွစ္က စစ္တပ္ကအာဏာသိမ္းၿပီးကတည္းက လူေပါင္း ၇၅၀ ေလာက္ဟာ ျပန္လည္ရင္ၾကားေစ့ေရး ကိစၥကို ေျပာဆိုေဆြးေႏြးခဲ့တဲ့အတြက္ စစ္တပ္ရဲ႕ ေခၚယူစစ္ေဆးျခင္းကို ခံခဲ့ရတယ္လို႔ နယူးေယာက္ၿမိဳ႕အေျခစိုက္ Human Rights Watch အဖြဲ႔က ေျပာပါတယ္။ ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ စာနယ္ဇင္းသမားေတြဟာလည္း စစ္တပ္ရဲ႕ အုပ္စိုးမႈကို ဆန္႔က်င္ေ၀ဖန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီထဲမွာ ထိုင္းႏိုင္ငံရဲ႕ ထိပ္တန္းတကၠသိုလ္ႀကီးေတြက ပါေမာကၡေတြလည္း မလြတ္ပါဘူး။ ထိန္းသိမ္းခဲ့တဲ့ လူ ၇၅၀ ထဲမွာ အနည္းဆံုး ၆၅ ဦးဟာ တကၠသိုလ္ကထိကနဲ႔ ပါေမာကၡေတြျဖစ္ၿပီး၊ သူတို႔ဟာ “ခံယူခ်က္ ထိန္းညိႇေပးတဲ့သင္တန္း” ေတြ တက္ခိုင္းဖို႔အတြက္လို႔ အေၾကာင္းျပၿပီး ေခၚယူခံခဲ့ရတာလို႔ ေဒသတြင္း တက္ႂကြလႈပ္ရွားမႈ ကြန္ယက္အဖြဲ႔ Internet Dialogue on Law Reform က ေျပာပါတယ္။
Titipol Phakdeewanich ဟာ ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Ubon Ratchathani တကၠသိုလ္က ႏိုင္ငံေရးသိပၸံဘာသာရပ္ သင္ျပတဲ့ ကထိကတဦး ျဖစ္ပါတယ္။ ဒီေဒသဟာ ၂၀၁၄ ခုႏွစ္ ေမလက ျဖဳတ္ခ်ခံလိုက္ရတဲ့ ၀န္ႀကီးခ်ဳပ္ေဟာင္း Yingluck Shinawatra ကို ေထာက္ခံတဲ့သူေတြရဲ႕ အမာခံနယ္ေျမ ျဖစ္ပါတယ္။ အခုဆိုရင္ စာသင္ခန္းထဲနဲ႔ ေဆြးေႏြးပြဲေတြ အထူးသျဖင့္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ ပါ၀င္တဲ့ အခမ္းအနားေတြမွာ စစ္တပ္လူေတြ ပံုမွန္ လာတက္ေနၾကတယ္လို႔ Titipol က ေျပာပါတယ္။
“အေျခအေနကေတာ့ ေၾကာက္ရြံ႕တာနဲ႔ ေျခာက္လွန္႔ခံရတာ ေရာေထြးေနပါတယ္။ က်ေနာ္ ေနာက္က တေယာက္ေယာက္ လိုက္ေနတယ္ဆိုတာ သိလိုက္ရၿပီးကတည္းက ဘယ္အခ်ိန္ ညဘက္ ကားေမာင္းေနတုန္း စစ္တပ္က လာရပ္ခိုင္းတာ ႀကံဳရမလဲဆိုတာ အၿမဲေတြးေနမိပါတယ္။ ဒါေၾကာင့္ က်ေနာ့္စိတ္ထဲမွာ က်ေနာ့္ေက်ာင္းမွာ သင္ၾကားခဲ့တာ အားလံုးအတြက္ စိုးရိမ္ေနရပါတယ္။"
တကၠသိုလ္ကတိက ဆရာေတြဟာ ေက်ာင္းသားေတြအၾကားမွာ ပုန္ကန္ထႂကြခ်င္တဲ့ အေတြးအေခၚေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြ ျဖစ္လာေအာင္ ႏိႈးဆြေပးေနတယ္လို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံအေျခစိုက္ ကမၻာလံုးဆိုင္ရာ လြတ္လပ္ခြင့္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔က ထိုင္းႏိုင္ငံရဲ႕ သတင္းနဲ႔ လူမႈကြန္ယက္ မီဒီယာ လြတ္လပ္ခြင့္ကို အဆင့္ခ်ၿပီး၊ လြတ္လပ္မႈ မရွိတဲ့ အဆင့္ သတ္မွတ္ထားပါတယ္။ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြရဲ႕ အမ်ိဳးသား ၿငိမ္းခ်မ္းေရးနဲ႔ ၿငိမ္၀ပ္ပိျပားေရးေကာင္စီဟာ လူေပါင္း ၄၀၀ ေက်ာ္ကို အင္တာနက္ေပၚမွာ ေရးသားခဲ့တာေတြအတြက္ ေခၚယူစစ္ေဆးခဲ့တယ္လို႔ Freedom House အဖြဲ႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဆိုင္းယမ္းတကၠသိုလ္က ဒုတိယဌာနမႉး Ekachai Chaninuvati ကေတာ့ ထိုင္းႏိုင္ငံရဲ႕ ႏိုင္ငံေရးျပႆနာေတြကို စစ္ေရးနည္းလမ္း တခုတည္းနဲ႔ ေျဖရွင္းလို႔ မရႏိုင္ဘဲ၊ စစ္တပ္နဲ႔ လူမႈအဖြဲ႔အစည္းၾကားမွာ တိုးပြားလာေနတဲ့ မယံုၾကည္မႈေတြကို ရပ္တန္႔ႏိုင္မွ ျဖစ္ႏိုင္မယ္လို႔ ဆိုပါတယ္။
"ထိုင္းစစ္တပ္ကသူတို႕ဟာ ျပည္သူေတြနဲ႕ မတူဘူးလို႔ ထင္ေနၿပီး၊ ျပည္သူေတြကလည္း စစ္တပ္နဲ႔ မတူဘူးလုိ႔ ထင္ေနရင္ ဘယ္လိုမွ ေရွ႕ဆက္လို႔ ရမွာ မဟုတ္ပါဘူး။"
ထိုင္းစစ္တပ္ဟာ ႏိုင္ငံကို ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔နဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒသစ္ကို ေရးဆြဲဖို႔အတြက္ အာဏာသိမ္းထားတာ ျဖစ္တဲ့အေၾကာင္း ၀န္ႀကီးခ်ဳပ္ Prayuth က ႏွစ္ကုန္ဆံုးခ်ိန္ တႏိုင္ငံလံုး ထုတ္လႊင့္တဲ့ ႐ုပ္သံမိန္႔ခြန္းမွာ ထိုင္းႏိုင္ငံသားေတြကို ေျပာၾကားခဲ့ပါတယ္။၂၀၁၇ ခုႏွစ္ ႏွစ္လယ္ပိုင္းေလာက္မွာ ေရြးေကာက္ပြဲအသစ္ လုပ္ၿပီးတဲ့ေနာက္ ဒီမိုကေရစီ ျပန္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း သူက ေျပာပါတယ္။
ရဲေခါင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...................
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရနဲ့ သဘောထား မတူသူတွေကို ကန့်သတ်ချုပ်ခြယ်ခဲ့ပြီး အဲဒီလုပ်ရပ်တွေက ထိုင်းတက္ကသိုလ်တွေအပေါ် ရိုက်ခတ်မှု ရှိလာတယ်လို့ တက္ကသိုလ်အသိုင်းအဝိုင်းက ပြောကြပါတယ်။
ပညာရှင်တွေ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်လို လွတ်လပ်စွာ တွေးခေါ်မှု အတတ်ပညာကို သင်ကြားပေးနေရသူတွေက သူတို့ဟာ အစိုးရက ထိန်းချုပ်ထားတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်မှု ခံနေရကြောင်း ပြောနေကြတာပါ။ ဗွီအိုအေသတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်ကိုတော့ ကိုရဲခေါင်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မေလ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီးကတည်းက လူပေါင်း ရ၅၀ လောက်ဟာ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ပြောဆိုဆွေးနွေးခဲ့တဲ့အတွက် စစ်တပ်ရဲ့ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရတယ်လို့ နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့က ပြောပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေဟာလည်း စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်ဝေဖန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေက ပါမောက္ခတွေလည်း မလွတ်ပါဘူး။ ထိန်းသိမ်းခဲ့တဲ့ လူ ရ၅၀ ထဲမှာ အနည်းဆုံး ၆၅ ဦးဟာ တက္ကသိုလ်ကထိကနဲ့ ပါမောက္ခတွေဖြစ်ပြီး၊ သူတို့ဟာ “ခံယူချက် ထိန်းညှိပေးတဲ့သင်တန်း” တွေ တက်ခိုင်းဖို့အတွက်လို့ အကြောင်းပြပြီး ခေါ်ယူခံခဲ့ရတာလို့ ဒေသတွင်း တက်ကြွလှုပ်ရှားမှု ကွန်ယက်အဖွဲ့ Internet Dialogue on Law Reform က ပြောပါတယ်။
Titipol Phakdeewanich ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Ubon Ratchathani တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ပြတဲ့ ကထိကတဦး ဖြစ်ပါတယ်။ ဒီဒေသဟာ ၂၀၁၄ ခုနှစ် မေလက ဖြုတ်ချခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို ထောက်ခံတဲ့သူတွေရဲ့ အမာခံနယ်မြေ ဖြစ်ပါတယ်။ အခုဆိုရင် စာသင်ခန်းထဲနဲ့ ဆွေးနွေးပွဲတွေ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါ၀င်တဲ့ အခမ်းအနားတွေမှာ စစ်တပ်လူတွေ ပုံမှန် လာတက်နေကြတယ်လို့ Titipol က ပြောပါတယ်။
“အခြေအနေကတော့ ကြောက်ရွံ့တာနဲ့ ခြောက်လှန့်ခံရတာ ရောထွေးနေပါတယ်။ ကျနော် နောက်က တယောက်ယောက် လိုက်နေတယ်ဆိုတာ သိလိုက်ရပြီးကတည်းက ဘယ်အချိန် ညဘက် ကားမောင်းနေတုန်း စစ်တပ်က လာရပ်ခိုင်းတာ ကြုံရမလဲဆိုတာ အမြဲတွေးနေမိပါတယ်။ ဒါကြောင့် ကျနော့်စိတ်ထဲမှာ ကျနော့်ကျောင်းမှာ သင်ကြားခဲ့တာ အားလုံးအတွက် စိုးရိမ်နေရပါတယ်။"
တက္ကသိုလ်ကတိက ဆရာတွေဟာ ကျောင်းသားတွေအကြားမှာ ပုန်ကန်ထကြွချင်တဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာအောင် နှိုးဆွပေးနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က စွပ်စွဲပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထိုင်းနိုင်ငံရဲ့ သတင်းနဲ့ လူမှုကွန်ယက် မီဒီယာ လွတ်လပ်ခွင့်ကို အဆင့်ချပြီး၊ လွတ်လပ်မှု မရှိတဲ့ အဆင့် သတ်မှတ်ထားပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အမျိုးသား ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကောင်စီဟာ လူပေါင်း ၄၀၀ ကျော်ကို အင်တာနက်ပေါ်မှာ ရေးသားခဲ့တာတွေအတွက် ခေါ်ယူစစ်ဆေးခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆိုင်းယမ်းတက္ကသိုလ်က ဒုတိယဌာနမှူး Ekachai Chaninuvati ကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းလမ်း တခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ၊ စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းကြားမှာ တိုးပွားလာနေတဲ့ မယုံကြည်မှုတွေကို ရပ်တန့်နိုင်မှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။
"ထိုင်းစစ်တပ်ကသူတို့ဟာ ပြည်သူတွေနဲ့ မတူဘူးလို့ ထင်နေပြီး၊ ပြည်သူတွေကလည်း စစ်တပ်နဲ့ မတူဘူးလို့ ထင်နေရင် ဘယ်လိုမှ ရှေ့ဆက်လို့ ရမှာ မဟုတ်ပါဘူး။"
ထိုင်းစစ်တပ်ဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲဖို့အတွက် အာဏာသိမ်းထားတာ ဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ် Prayuth က နှစ်ကုန်ဆုံးချိန် တနိုင်ငံလုံး ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ထိုင်းနိုင်ငံသားတွေကို ပြောကြားခဲ့ပါတယ်။၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရွေးကောက်ပွဲအသစ် လုပ်ပြီးတဲ့နောက် ဒီမိုကရေစီ ပြန်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။
ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စစ္တပ္အုပ္ခ်ဳပ္မႈ ထုိင္းပညာေရးအေပၚ ႐ိုက္ခတ္မႈရွိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 03, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment