Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 9, 2016

ရန္ကုန္ၿမိဳ႕ျပ ေဘးအႏၱရာယ္ကင္းရွင္းေရး ပညာရွင္တဦးအျမင္



ဇန္နဝါရီလ ၉ရက္ေန႔ ဒီကေန႔ စေနမနက္အေစာပိုင္း တစ္နာရီခြဲအခ်ိန္ကစလို႔ ရန္ကုန္ မဂၤလာေတာင္ညႊန္႔ ၿမိဳ႕နယ္ထဲက မဂၤလာေစ်းႀကီးမွာ မီးအႀကီးအက်ယ္ ေလာင္ကၽြမ္းခဲ့တာ မနက္ ၇ နာရီ ၁၅မိနစ္မွာ မီးၿငိမ္းသြားတယ္လို႔ မီးသတ္ဌာနက ထုတ္ျပန္ပါတယ္။

မဂၤလာ ေစ်း ေလးထပ္ကေန စတင္ေလာင္ကၽြမ္းခဲ့ၿပီး မီးေလာင္ခ်ိန္ ၾကာျမင့္သလို ေပါက္ကြဲမႈေတြျဖစ္ခဲ့သလို အလႊာအထပ္ေတြ ၿပိဳက်ပ်က္စီးတဲ့အထိ မီးေလာင္မႈအရွိန္က Level အဆင့္ငါးအထိ သတ္မွတ္ခဲ့ရတဲ့အထိ ျပင္းထန္ႀကီးမားခဲ့ပါတယ္။

 ျမန္မာႏုိင္ငံ မီးသတ္တပ္ဖြဲ႔ဘက္က ရန္ကုန္တုိင္း တတိုင္းလံုးအတုိင္းအတာနဲ႔ မီးသတ္ယာဥ္ ၅၈ စီး၊ ေရသယ္ယာဥ္ (၁၇)စီး၊ လူနာတင္ယာဥ္(၁၉)စီးနဲ႔အတူ အရန္ မီးသတ္၊ မိတ္ဖက္အဖြဲ႔ေတြနဲ႔ပါ ပူးေပါင္းၿငိမ္းသတ္ခဲ့ရပါတယ္။ ဒီလိုမီးၿငိမ္းသတ္ဖို႔ မီးသတ္ယာဥ္ေတြနဲ႔ ကူညီကယ္ဆယ္ေရးယာဥ္ေတြ လံုျခံဳေရးယာဥ္ေတြ ဝင္ေရာက္တဲ့အခ်ိန္ လမ္းလယ္တုံးေတြပိတ္ဆို႔ေနတာ အပါအဝင္ ေရသယ္ယူေရးနဲ႔ သြားလာေရးအခက္အခဲေတြနဲ႔ၾကံဳခဲ့ရပါတယ္။

အမ်ားျပည္သူေနထိုင္တဲ့ လူေနထူထပ္တဲ့ ၿမိဳ႕နယ္တြင္း ဒီလို ႀကီးမားလွတဲ့ ေစ်းေတြ ေဆာက္လုပ္ထားတဲ့အခါ အခုလို မီးေဘး၊ သဘာဝေဘးႀကံဳလာရတဲ့အခ်ိန္ အခက္အခဲမရွိပဲ စနစ္တက် ကူညီကယ္ဆယ္ေရးလုပ္ေဆာင္ႏုိင္ေအာင္ ဘယ္လိုလုပ္ေဆာင္ထားသင့္သလဲ ဆိုတာကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ၿမိဳ႕ျပစီမံကိန္းအတြက္ အၾကံေပးပုဂၢိဳလ္ ၿမိဳ႕ျပစီမံကိန္းပညာရွင္ ေဒါက္တာေက်ာ္လတ္ကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလို စေျဖပါတယ္။

ေဒါက္တာ ေက်ာ္လတ္။    ။မဂၤလာေစ်းမွာက ျဖစ္သင့္တာက အဲဒီလို ေပါက္ကြဲေစတဲ့ ပစၥည္းေတြ၊ အထူးသျဖင့္ အရက္ပ်ံတို႕ ဘာတို႕ေတြမထားသင့္ဘူးေပါ့။ သူတို႕က ေသေသခ်ာခ်ာ ႀကီးၾကပ္မႈ မရွိေတာ့ ပညာရွင္ေတြ လြန္ခဲ့တဲ့ သံုးေလးႏွစ္ေလာက္ကတည္းက အဆိုျပဳခဲ့သလို Zoning plan ကိုလည္း လက္ခံမယ္၊ zoning plan အတိုင္းလည္း enforcement ကို ျဖစ္ေအာင္ လုပ္ၾကမယ္ ဆိုရင္ေတာ့ ဒီေလာက္ႀကီး အေျခအေနဆိုးမွာ မဟုတ္ဘူးေပါ့။ မဂၤလာေစ်းသည္ ရန္ကုန္ တၿမိဳ႕လံုးမွာ လိုအပ္ခ်က္ေတြေၾကာင့္ မဂၤလာေစ်း မီးေလာင္ရတာေပါ့။
တကယ္ကေတာ့ ရန္ကုန္ တၿမိဳ႕လံုးမွာ သြားေရးလာေရး အဆင္ေျပရမယ္။ ရန္ကုန္တၿမိဳ႕လံုးမွာ infrastructure လို႕ေခၚတဲ့ အေျခခံအေဆာက္အအံုေတြက အစ အဆင္ေျပရမယ္။ မီးသတ္ပိုက္တို႕ မီးသတ္တို႕ လမ္းတိုင္း လမ္းတိုင္းမွာ ရွိေနသင့္တယ္။ အဲဒီလိုသာ စနစ္တက် ၿမိဳ႕က ျဖစ္သြားမယ္ဆိုရင္ ဒီလို ကိစၥေတြက ေပၚရင္ေတာင္မွ အေျခအေန သိပ္မဆိုးဘူးေပါ့။ ကၽြန္ေတာ္တို႕ကေတာ့ ဒီလိုပဲ ျမင္ပါတယ္။

ဆုမြန္ေအး။    ။ဒီမီးေလာင္သြားတဲ့ မဂၤလာေစ်းမွာေပါ့ေနာ္ ဆရာ။ မီးသတ္ကားေတြ ေရာက္လာတဲ့အခ်န္မွာ လမ္းေပၚမွာ လမ္းလယ္တုံးေတြ ပိတ္ထားတဲ့အတြက္ မီးသတ္ကားေတြ ၀င္ရထြက္ရတာ ေတာ္ေတာ္ေလး ခက္ခဲခဲ့တယ္လို႕ သိရပါတယ္ ဆရာ။ အေရးေပၚေပါ့ေနာ္။ အျခားႏိုင္ငံေတြမွာဆိုရင္ လမ္းေတြမွာ မီးသတ္ကားအတြက္ ေရထုတ္မယ့္ မီးသတ္ပိုက္ကအစ လြယ္လြယ္ကူကူ လုပ္လို႕ ရေအာင္ စီစဥ္ထားပါတယ္ဆရာ။
အဲဒီေတာ့ ဒီလိုမ်ိဳး အခက္အခဲေတြ ျဖစ္ခဲ့ရတာေကာ ဘာေၾကာင့္လို႕ ဆရာ ထင္ပါသလဲရွင့္။
ေဒါက္တာ ေက်ာ္လတ္။    ။အဲဒီလိုေပါ့ဗ်ာ။ ၿပီးခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက လမ္းေဘးရွိတဲ့ Fire hose တို႕ဘာတို႕ မီးသတ္ပိုက္ေတြ ရွိသင့္တဲ့ေနရာမွာ မရွိတာလည္း ပါတာေပါ့။ ေနာက္ၿပီးေတာ့ ရန္ကုန္ၿမိဳ႕မွာလည္း အခုဟာက လမ္းေတြက ၾကပ္လာတယ္။ ၾကပ္လာေတာ့ မီးသတ္ကားေတြ လာဖို႕ သြားဖို႕က အခက္အခဲရွိတယ္။ အဲဒီလို အခက္အခဲမရွိေအာင္ innner ring road ဆိုၿပီးေတာ့၊ ထပ္ၿပီးေတာ့ အဆိုျပဳထားတယ္။
အဲဒါ အဆိုျပဳတာကိုပဲလည္း ၿပီးခဲ့တဲ့ ရန္ကုန္တိုင္း ေဒသၾကီး အစိုးရက ပယ္ျပစ္တယ္။ ေနာက္အစိုးရသစ္တက္လာရင္ေတာ့ ဘယ္လိုျဖစ္မလဲ မသိဘူး။ ျပန္တင္ရမွာေပါ့ေနာ္။ အဲဒီေတာ့ inner ring road ရွိရင္ေတာ့ ခပ္ျမန္ျမန္ အေပၚကေနၿပီးေတာ့ two layer ျဖစ္ေတာ့ အေပၚကေန သြားရင္ေတာ့ ျမန္လာမွာေပါ့။

ဆုမြန္ေအး။    ။ဆရာ့အေနနဲ႕ေပါ့ေနာ္။ အခုဆိုရင္ အုပ္ခ်ဳပ္ေရး အာဏာကလဲ အလႊဲအေျပာင္း အစိုးရသစ္ အကူးအေျပာင္းကာလမွာေပါ့ ေနာ္ ဆရာ။ ဒီလိုမ်ိဳး အမ်ားျပည္သူ လူထု အမ်ားစု ရွိေနတဲ့ ေနရာ၊ ခုနက ေျပာသလို စီးပြားေရး လုပ္ငန္းရွင္ေတြအတြက္လည္း လံုျခံဳ စိတ္ခ်ရတဲ့ အေနအထားမ်ိဳးျဖစ္ေအာင္၊ ဆရာဘယ္လိုမ်ိဳးမ်ား အၾကံျပဳခ်င္တာေကာ ရွိပါသလဲ ရွင့္။ ဒီမဂၤလာေစ်းက အျဖစ္အပ်က္ကို နမူနာယူၿပီးေတာ့ေပါ့ေနာ္။

ေဒါက္တာ ေက်ာ္လတ္။    ။ရန္ကုန္ၿမိဳ႕အတြက္ ကၽြန္ေတာ္တို႕ကေတာ့ master plan လို႕ ေခၚတာေပါ့ေနာ္။ ဒါမွမဟုတ္လဲ future plan ေပါ့ေနာ္။ အဲဒါကို ဆြဲသင့္တယ္။ အဲဒါကို အတည္ျပဳ လက္ခံထားၿပီးေတာ့ အဲဒီအတိုင္းပဲ တျဖည္းျဖည္းခ်င္း က်င့္သံုးသင့္တယ္။ သို႕ေသာ္လည္း အခုခ်က္ခ်င္းပဲ အေျပာင္းအလဲ လုပ္ၿပီး၊ ခ်က္ခ်င္းပဲ စလုပ္ရင္ေတာ့ ခ်က္ခ်င္းခ်ည္းေတာ့ ေကာင္းသြားမွာ မဟုတ္ဘူး။
ဘာလို႕လဲ ဆိုေတာ့ ဒီျပႆနာေတြက ၿပီးခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ ႀကံဳခဲ့တဲ့ စုေပါင္းေနတဲ့ ျပႆႆ     နာ  ျဖစ္ေနေတာ့။ ဒါေတြဟာ ျဖည္းျဖည္း ျဖည္းျဖည္း ေျဖရွင္း ၾကရမွာပဲေပါ့။ကၽြန္ေတာ္ကေတာ့ အဆိုျပဳမွာက ေနာင္လာလို႕ရွိရင္လည္း ၿမိဳ႕ကို စီမံကိန္းနဲ႕ လုပ္ၾကပါ။ အဲဒီစီမံကိန္းအတိုင္းပ လိုက္နာၾကပါ။ အဲဒီ စီမံကိန္းကလဲ အခု တစ္ႏွစ္ႏွစ္ႏွစ္က ဘာလုပ္ငန္းေတြ ရွိမလဲ၊ ေနာက္ထပ္ သံုးေလးငါးႏွစ္က ေရရွည္ ဘာလုပ္ငန္းေတြ ဆိုတာကို ခ်ၿပီးေတာ့ အဲဒီ စီမံကိန္းအတိုင္း လုပ္ေစခ်င္တာပါပဲ။
ဒါကို ကၽြန္ေတာ္ ေနာက္လာတဲ့ ဘယ္သူပဲျဖစ္ျဖစ္ ဒီလိုပဲ ေျပာမွာပါပဲ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ၿမိဳ႕ျပစီမံကိန္းအတြက္ အၾကံေပးပုဂၢိဳလ္ ၿမိဳ႕ျပစီမံကိန္းပညာရွင္ ေဒါက္တာေက်ာ္လတ္ကို ဗီြအိုေအျမန္မာပိုင္းက ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................


ဇန်နဝါရီလ ၉ရက်နေ့ ဒီကနေ့ စနေမနက်အစောပိုင်း တစ်နာရီခွဲအချိန်ကစလို့ ရန်ကုန် မင်္ဂလာတောင်ညွှန့် မြို့နယ်ထဲက မင်္ဂလာစျေးကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာ မနက် ရ နာရီ ၁၅မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

မင်္ဂလာ စျေး လေးထပ်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် ကြာမြင့်သလို ပေါက်ကွဲမှုတွေဖြစ်ခဲ့သလို အလွှာအထပ်တွေ ပြိုကျပျက်စီးတဲ့အထိ မီးလောင်မှုအရှိန်က Level အဆင့်ငါးအထိ သတ်မှတ်ခဲ့ရတဲ့အထိ ပြင်းထန်ကြီးမားခဲ့ပါတယ်။

 မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဘက်က ရန်ကုန်တိုင်း တတိုင်းလုံးအတိုင်းအတာနဲ့ မီးသတ်ယာဉ် ၅၈ စီး၊ ရေသယ်ယာဉ် (၁၇)စီး၊ လူနာတင်ယာဉ်(၁၉)စီးနဲ့အတူ အရန် မီးသတ်၊ မိတ်ဖက်အဖွဲ့တွေနဲ့ပါ ပူးပေါင်းငြိမ်းသတ်ခဲ့ရပါတယ်။ ဒီလိုမီးငြိမ်းသတ်ဖို့ မီးသတ်ယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးယာဉ်တွေ လုံခြုံရေးယာဉ်တွေ ဝင်ရောက်တဲ့အချိန် လမ်းလယ်တုံးတွေပိတ်ဆို့နေတာ အပါအဝင် ရေသယ်ယူရေးနဲ့ သွားလာရေးအခက်အခဲတွေနဲ့ကြံုခဲ့ရပါတယ်။

အများပြည်သူနေထိုင်တဲ့ လူနေထူထပ်တဲ့ မြို့နယ်တွင်း ဒီလို ကြီးမားလှတဲ့ စျေးတွေ ဆောက်လုပ်ထားတဲ့အခါ အခုလို မီးဘေး၊ သဘာဝဘေးကြံုလာရတဲ့အချိန် အခက်အခဲမရှိပဲ စနစ်တကျ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်အောင် ဘယ်လိုလုပ်ဆောင်ထားသင့်သလဲ ဆိုတာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး မြို့ပြစီမံကိန်းအတွက် အကြံပေးပုဂ္ဂိုလ် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

ဒေါက်တာ ကျော်လတ်။    ။မင်္ဂလာစျေးမှာက ဖြစ်သင့်တာက အဲဒီလို ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် အရက်ပျံတို့ ဘာတို့တွေမထားသင့်ဘူးပေါ့။ သူတို့က သေသေချာချာ ကြီးကြပ်မှု မရှိတော့ ပညာရှင်တွေ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက အဆိုပြုခဲ့သလို Zoning plan ကိုလည်း လက်ခံမယ်၊ zoning plan အတိုင်းလည်း enforcement ကို ဖြစ်အောင် လုပ်ကြမယ် ဆိုရင်တော့ ဒီလောက်ကြီး အခြေအနေဆိုးမှာ မဟုတ်ဘူးပေါ့။ မင်္ဂလာစျေးသည် ရန်ကုန် တမြို့လုံးမှာ လိုအပ်ချက်တွေကြောင့် မင်္ဂလာစျေး မီးလောင်ရတာပေါ့။
တကယ်ကတော့ ရန်ကုန် တမြို့လုံးမှာ သွားရေးလာရေး အဆင်ပြေရမယ်။ ရန်ကုန်တမြို့လုံးမှာ infrastructure လို့ခေါ်တဲ့ အခြေခံအဆောက်အအုံတွေက အစ အဆင်ပြေရမယ်။ မီးသတ်ပိုက်တို့ မီးသတ်တို့ လမ်းတိုင်း လမ်းတိုင်းမှာ ရှိနေသင့်တယ်။ အဲဒီလိုသာ စနစ်တကျ မြို့က ဖြစ်သွားမယ်ဆိုရင် ဒီလို ကိစ္စတွေက ပေါ်ရင်တောင်မှ အခြေအနေ သိပ်မဆိုးဘူးပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုပဲ မြင်ပါတယ်။

ဆုမွန်အေး။    ။ဒီမီးလောင်သွားတဲ့ မင်္ဂလာစျေးမှာပေါ့နော် ဆရာ။ မီးသတ်ကားတွေ ရောက်လာတဲ့အချန်မှာ လမ်းပေါ်မှာ လမ်းလယ်တုံးတွေ ပိတ်ထားတဲ့အတွက် မီးသတ်ကားတွေ ၀င်ရထွက်ရတာ တော်တော်လေး ခက်ခဲခဲ့တယ်လို့ သိရပါတယ် ဆရာ။ အရေးပေါ်ပေါ့နော်။ အခြားနိုင်ငံတွေမှာဆိုရင် လမ်းတွေမှာ မီးသတ်ကားအတွက် ရေထုတ်မယ့် မီးသတ်ပိုက်ကအစ လွယ်လွယ်ကူကူ လုပ်လို့ ရအောင် စီစဉ်ထားပါတယ်ဆရာ။
အဲဒီတော့ ဒီလိုမျိုး အခက်အခဲတွေ ဖြစ်ခဲ့ရတာကော ဘာကြောင့်လို့ ဆရာ ထင်ပါသလဲရှင့်။
ဒေါက်တာ ကျော်လတ်။    ။အဲဒီလိုပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက လမ်းဘေးရှိတဲ့ Fire hose တို့ဘာတို့ မီးသတ်ပိုက်တွေ ရှိသင့်တဲ့နေရာမှာ မရှိတာလည်း ပါတာပေါ့။ နောက်ပြီးတော့ ရန်ကုန်မြို့မှာလည်း အခုဟာက လမ်းတွေက ကြပ်လာတယ်။ ကြပ်လာတော့ မီးသတ်ကားတွေ လာဖို့ သွားဖို့က အခက်အခဲရှိတယ်။ အဲဒီလို အခက်အခဲမရှိအောင် innner ring road ဆိုပြီးတော့၊ ထပ်ပြီးတော့ အဆိုပြုထားတယ်။
အဲဒါ အဆိုပြုတာကိုပဲလည်း ပြီးခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပယ်ပြစ်တယ်။ နောက်အစိုးရသစ်တက်လာရင်တော့ ဘယ်လိုဖြစ်မလဲ မသိဘူး။ ပြန်တင်ရမှာပေါ့နော်။ အဲဒီတော့ inner ring road ရှိရင်တော့ ခပ်မြန်မြန် အပေါ်ကနေပြီးတော့ two layer ဖြစ်တော့ အပေါ်ကနေ သွားရင်တော့ မြန်လာမှာပေါ့။

ဆုမွန်အေး။    ။ဆရာ့အနေနဲ့ပေါ့နော်။ အခုဆိုရင် အုပ်ချုပ်ရေး အာဏာကလဲ အလွှဲအပြောင်း အစိုးရသစ် အကူးအပြောင်းကာလမှာပေါ့ နော် ဆရာ။ ဒီလိုမျိုး အများပြည်သူ လူထု အများစု ရှိနေတဲ့ နေရာ၊ ခုနက ပြောသလို စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း လုံခြံု စိတ်ချရတဲ့ အနေအထားမျိုးဖြစ်အောင်၊ ဆရာဘယ်လိုမျိုးများ အကြံပြုချင်တာကော ရှိပါသလဲ ရှင့်။ ဒီမင်္ဂလာစျေးက အဖြစ်အပျက်ကို နမူနာယူပြီးတော့ပေါ့နော်။

ဒေါက်တာ ကျော်လတ်။    ။ရန်ကုန်မြို့အတွက် ကျွန်တော်တို့ကတော့ master plan လို့ ခေါ်တာပေါ့နော်။ ဒါမှမဟုတ်လဲ future plan ပေါ့နော်။ အဲဒါကို ဆွဲသင့်တယ်။ အဲဒါကို အတည်ပြု လက်ခံထားပြီးတော့ အဲဒီအတိုင်းပဲ တဖြည်းဖြည်းချင်း ကျင့်သုံးသင့်တယ်။ သို့သော်လည်း အခုချက်ချင်းပဲ အပြောင်းအလဲ လုပ်ပြီး၊ ချက်ချင်းပဲ စလုပ်ရင်တော့ ချက်ချင်းချည်းတော့ ကောင်းသွားမှာ မဟုတ်ဘူး။
ဘာလို့လဲ ဆိုတော့ ဒီပြဿနာတွေက ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ ကြံုခဲ့တဲ့ စုပေါင်းနေတဲ့ ပြဿဿ     နာ  ဖြစ်နေတော့။ ဒါတွေဟာ ဖြည်းဖြည်း ဖြည်းဖြည်း ဖြေရှင်း ကြရမှာပဲပေါ့။ကျွန်တော်ကတော့ အဆိုပြုမှာက နောင်လာလို့ရှိရင်လည်း မြို့ကို စီမံကိန်းနဲ့ လုပ်ကြပါ။ အဲဒီစီမံကိန်းအတိုင်းပ လိုက်နာကြပါ။ အဲဒီ စီမံကိန်းကလဲ အခု တစ်နှစ်နှစ်နှစ်က ဘာလုပ်ငန်းတွေ ရှိမလဲ၊ နောက်ထပ် သုံးလေးငါးနှစ်က ရေရှည် ဘာလုပ်ငန်းတွေ ဆိုတာကို ချပြီးတော့ အဲဒီ စီမံကိန်းအတိုင်း လုပ်စေချင်တာပါပဲ။
ဒါကို ကျွန်တော် နောက်လာတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုပဲ ပြောမှာပါပဲ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး မြို့ပြစီမံကိန်းအတွက် အကြံပေးပုဂ္ဂိုလ် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment