On Sun, 2016-01-17 06:30Issue No.No.981 Sunday, January 17, 2016
- ဒီေန႔ရဲ႕ ဗီဒီယို္အၫႊန္း က႑ မွာေတာ့ လူငယ္အိမ္ေထာင္ေရး ဟာသကားေလး တစ္ကားကို ၫႊန္းေပးလိုက္ပါတယ္။
မင္းပံုရိပ္ထင္နဲ႔ ျမသား၀တ္ ရည္တို႔က ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်တာေၾကာင့္ စီးပြား ေရးကို အေလးအနက္မထားၾက ပါဘူး။ မင္းပံုရိပ္ထင္က သူ႔အေဖ ရဲ႕ ကုမၸဏီမွာ အလုပ္၀င္လုပ္ေန ပါတယ္။ သူ႔အေဖကသူ႔ကိုအလုပ္ ကို ေသေသခ်ာခ်ာ လုပ္ေစခ်င္ ေပမယ့္ မင္းပံုရိပ္ထင္ကေတာ့ ႀကိဳးႀကိဳးစားစား မရွိပါဘူး။ တစ္ ရက္မွာေတာ့ သူ႔အေဖက သူ႔ကို ပေရာဂ်က္တစ္ခု တင္ဖုိ႔ ေျပာခဲ့ပါတယ္။ မင္းပံုရိပ္ထင္ကေတာ့ ေအးေအးေဆးေဆး ျပင္ဆင္ထား တာလည္းမရွိပါဘူး။ ဒါေပမဲ့ သူ႔ အေဖေမးတဲ့အခ်ိန္မွာေတာ့ သူ႔ အိမ္မွာ သြားပြတ္တံမ၀ယ္ရေသး တဲ့ ကိစၥကို သတိရၿပီး သြားပြတ္တံ ထုတ္ဖို႔ေျပာခဲ့ပါတယ္။ ကံေကာင္း ခ်င္တာလားမသိပါဘူး။ သူ႔အေဖ ရဲ႕ အတြင္းေရးမွဴးက အႀကံဉာဏ္ ေကာင္းတယ္လို႔ ခ်ီးက်ဴးခဲ့ပါ တယ္။
မင္းပံုရိပ္ထင္ အေဖက လည္း မင္းပံုရိပ္ထင္ႀကိဳးစားလာ ေအာင္ဆိုၿပီး သူ႔သားနဲ႔အၿပိဳင္ လူ ငယ္တစ္ေယာက္ကို ပေရာဂ်က္ မန္ေနဂ်ာအျဖစ္ ထပ္ခန္႔ခဲ့ပါ တယ္။ ဒါေပမဲ့လည္း အဲဒီ ေကာင္ေလးကလည္း မင္းပံုရိပ္ ထင္ရဲ႕ လက္ေအာက္ကိုပဲေရာက္ လာခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ မင္းပံုရိပ္ထင္ရဲ႕အေမက သူမသိဘဲ ၀န္ထမ္းထပ္ခန္႔တာကို သိသြားတဲ့အတြက္ မင္းပံုရိပ္ထင္ ရဲ႕အေဖကို အျပစ္တင္ခဲ့လို႔ပါ။ မင္းပံုရိပ္ထင္ကေတာ့ အရင္အတိုင္း ေပါ့ေပါ့ေန ေပါ့ေပါ့စားပါပဲ။
ျမသား၀တ္ရည္ကလည္း အဲဒီလုိပါပဲ။ အိမ္ေထာင္ျပဳထား ေပမယ့္ သူ႔အလုပ္က ေစ်း၀ယ္ စင္တာေတြအစံုသြားၿပီး ေစ်း၀ယ္ ရတာကိုပဲ စိတ္၀င္စားတာပါ။ ဒါေပမဲ့ သူ႔ေယာကၡမေတြရဲ႕ ေရွ႕ မွာေတာ့ မယားအလိမၼာပံုစံေလး လုပ္တတ္ပါတယ္။ ဟင္းမခ်က္တတ္ေပမယ့္ ဟင္းအစံု၀ယ္လာၿပီး သူခ်က္လာတဲ့ပံုစံနဲ႔ လာေကြၽးတတ္ပါတယ္။ အဲဒါေၾကာင့္လည္း သူ႔ေယာကၡမေတြက သူ႔ကို အရမ္းသေဘာက်ပါတယ္။
အဲဒီလိုနဲ႔ မင္းပံုရိပ္ထင္ တင္ျပသြားတဲ့ သြားပြတ္တံပေရာဂ်က္ကို စလုပ္ဖို႔ စီစဥ္ပါတယ္။ အဲဒီမွာ ပထမဆံုးစဥ္းစားရတာက ကုန္ပစၥည္းတံဆိပ္ နာမည္ေပးဖို႔ပါ။ မင္းပံုရိပ္ထင္ကလည္း လြယ္လြယ္ကူကူပဲ အာဘြားလို႔ေပးခဲ့ပါတယ္။ အဲဒီလိုနဲ႔ သြားပြတ္တံ အေရာင္းျမႇင့္တင္ေရးအတြက္ အမ်ိဳးသမီး၀န္ထမ္းေတြ ထပ္ခန္႔ခဲ့ပါတယ္။ တကယ္ပဲ မင္းပံုရိပ္ထင္ရဲ႕ သြားပြတ္တံစီမံကိန္း ေအာင္ျမင္ မွာလား၊ ဘယ္လိုဇာတ္လမ္းေတြ ဆက္ျဖစ္ဦးမလဲဆိုတာကိုေတာ့ ထား၀ယ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိေပးမယ့္ ‘အာဘြား’ဆိုတဲ့ဇာတ္ကားမွာ ဆက္လက္႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ မင္းပံုရိပ္ထင္အျဖစ္ ေအာင္ရဲလင္းနဲ႔ျမသား ၀တ္ရည္အျဖစ္ ၀ိုင္းစုခိုင္သိန္းတို႔ က ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ ကိုလြင္(စႏိုး၀ိႈက္)ရဲ႕ဇာတ္လမ္းဇာတ္ၫႊန္းကို ဒါ႐ိုက္တာ ေမာင္ေမာင္ဦး(စႏိုး၀ႈိက္) ႐ိုက္ကူးပံုေဖာ္ထားပါတယ္။ ။
7Daydaily
.......................
ဗီဒီယို အကြိုခံစားခြင်း
အာဘွား
On Sun, 2016-01-17 06:30Issue No.No.981 Sunday, January 17, 2016
- ဒီနေ့ရဲ့ ဗီဒီယို်အညွှန်း ကဏ္ဍ မှာတော့ လူငယ်အိမ်ထောင်ရေး ဟာသကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
မင်းပုံရိပ်ထင်နဲ့ မြသားဝတ် ရည်တို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာကြောင့် စီးပွား ရေးကို အလေးအနက်မထားကြ ပါဘူး။ မင်းပုံရိပ်ထင်က သူ့အဖေ ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေ ပါတယ်။ သူ့အဖေကသူ့ကိုအလုပ် ကို သေသေချာချာ လုပ်စေချင် ပေမယ့် မင်းပုံရိပ်ထင်ကတော့ ကြိုးကြိုးစားစား မရှိပါဘူး။ တစ် ရက်မှာတော့ သူ့အဖေက သူ့ကို ပရောဂျက်တစ်ခု တင်ဖို့ ပြောခဲ့ပါတယ်။ မင်းပုံရိပ်ထင်ကတော့ အေးအေးဆေးဆေး ပြင်ဆင်ထား တာလည်းမရှိပါဘူး။ ဒါပေမဲ့ သူ့ အဖေမေးတဲ့အချိန်မှာတော့ သူ့ အိမ်မှာ သွားပွတ်တံမဝယ်ရသေး တဲ့ ကိစ္စကို သတိရပြီး သွားပွတ်တံ ထုတ်ဖို့ပြောခဲ့ပါတယ်။ ကံကောင်း ချင်တာလားမသိပါဘူး။ သူ့အဖေ ရဲ့ အတွင်းရေးမှူးက အကြံဉာဏ် ကောင်းတယ်လို့ ချီးကျူးခဲ့ပါ တယ်။
မင်းပုံရိပ်ထင် အဖေက လည်း မင်းပုံရိပ်ထင်ကြိုးစားလာ အောင်ဆိုပြီး သူ့သားနဲ့အပြိုင် လူ ငယ်တစ်ယောက်ကို ပရောဂျက် မန်နေဂျာအဖြစ် ထပ်ခန့်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း အဲဒီ ကောင်လေးကလည်း မင်းပုံရိပ် ထင်ရဲ့ လက်အောက်ကိုပဲရောက် လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မင်းပုံရိပ်ထင်ရဲ့အမေက သူမသိဘဲ ၀န်ထမ်းထပ်ခန့်တာကို သိသွားတဲ့အတွက် မင်းပုံရိပ်ထင် ရဲ့အဖေကို အပြစ်တင်ခဲ့လို့ပါ။ မင်းပုံရိပ်ထင်ကတော့ အရင်အတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စားပါပဲ။
မြသားဝတ်ရည်ကလည်း အဲဒီလိုပါပဲ။ အိမ်ထောင်ပြုထား ပေမယ့် သူ့အလုပ်က စျေးဝယ် စင်တာတွေအစုံသွားပြီး စျေးဝယ် ရတာကိုပဲ စိတ်ဝင်စားတာပါ။ ဒါပေမဲ့ သူ့ယောက္ခမတွေရဲ့ ရှေ့ မှာတော့ မယားအလိမ္မာပုံစံလေး လုပ်တတ်ပါတယ်။ ဟင်းမချက်တတ်ပေမယ့် ဟင်းအစုံဝယ်လာပြီး သူချက်လာတဲ့ပုံစံနဲ့ လာကျွေးတတ်ပါတယ်။ အဲဒါကြောင့်လည်း သူ့ယောက္ခမတွေက သူ့ကို အရမ်းသဘောကျပါတယ်။
အဲဒီလိုနဲ့ မင်းပုံရိပ်ထင် တင်ပြသွားတဲ့ သွားပွတ်တံပရောဂျက်ကို စလုပ်ဖို့ စီစဉ်ပါတယ်။ အဲဒီမှာ ပထမဆုံးစဉ်းစားရတာက ကုန်ပစ္စည်းတံဆိပ် နာမည်ပေးဖို့ပါ။ မင်းပုံရိပ်ထင်ကလည်း လွယ်လွယ်ကူကူပဲ အာဘွားလို့ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ သွားပွတ်တံ အရောင်းမြှင့်တင်ရေးအတွက် အမျိုးသမီးဝန်ထမ်းတွေ ထပ်ခန့်ခဲ့ပါတယ်။ တကယ်ပဲ မင်းပုံရိပ်ထင်ရဲ့ သွားပွတ်တံစီမံကိန်း အောင်မြင် မှာလား၊ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ထားဝယ်ထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် ‘အာဘွား’ဆိုတဲ့ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ မင်းပုံရိပ်ထင်အဖြစ် အောင်ရဲလင်းနဲ့မြသား ၀တ်ရည်အဖြစ် ၀ိုင်းစုခိုင်သိန်းတို့ က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကိုလွင်(စနိုးဝှိုက်)ရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) ရိုက်ကူးပုံဖော်ထားပါတယ်။ ။
7Daydaily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 17, 2016
ဗီဒီယို အႀကိဳခံစားျခင္း (အာဘြား)
ဗီဒီယို အႀကိဳခံစားျခင္း (အာဘြား)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 17, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment