Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 28, 2016

ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၌ ဆုိင္ကယ္ျဖင့္ လုယက္မႈက်ဴးလြန္သူ (၂)ဦးအား ဖမ္းဆီးရမိ


ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၌ ဆုိင္ကယ္ျဖင့္ လုယက္မႈက်ဴးလြန္သူ (၂)ဦးအား လွည့္ကင္း(ဆလြန္း)ယာဥ္ တာ၀န္က် တပ္ဖြဲ႕၀င္မ်ားမွ ဖမ္းဆီးရမိ

ရန္ကုန္၊ ဇန္န၀ါရီ ၂၈

၂၇.၁.၂၀၁၆ ရက္ေန႔ ၂၀၀၀ အခ်ိန္တြင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ေန ဦးႏိုင္ႏိုင္ဦးသည္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၁)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ သြားေရာက္ခဲ့ရာ အဆိုပါရပ္ကြက္ရွိ ဒဂံုသီရိလမ္းမေပၚအေရာက္ ၎၏ေနာက္ဘက္မွ ဆိုင္ကယ္စီးနင္းလာသူ လူငယ္(၂)ဦးလုိက္လာၿပီး ဆုိင္ကယ္ေမာင္းသူ လူငယ္မွ ၿခိမ္းေျခာက္၍ ေျခေထာက္ႏွင့္ကန္သျဖင့္ ယုိင္သြားစဥ္ ဆုိင္ကယ္ ေနာက္တြင္ထုိင္စီးလာသူ လူငယ္မွ ၎လြယ္ထားေသာ ေငြက်ပ္(၁)သိန္း၊ ဆင္းကတ္ပါ Nokia လက္ကုိင္ဖုန္း(၁)လံုႏွင့္ စာရြက္ စာတမ္းမ်ား ပါရွိသည့္ အနက္ေရာင္ေဘးလြယ္အိတ္အား လုယူ ထြက္ေျပး သြားခဲ့ပါသည္။

ထုိသုိ႔လုယူခံရသျဖင့္ ဦးႏုိင္ႏုိင္ဦးမွ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းသုိ႔ လာေရာက္ အေၾကာင္းၾကားခဲ့ရာ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းမွ လွည့္ကင္း တာ၀န္ ေဆာင္ရြက္ေနေသာ လွည့္ကင္း(ဆလြန္း) ယာဥ္တာ၀န္က် ရဲတပ္ဖြဲ႕၀င္မ်ားအားခ်ိတ္ဆက္၍ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္ခဲ့ပါသည္။

ယင္းသုိ႔ေဆာင္ရြက္ခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ သန္လ်င္ၿမိဳ႕နယ္ေန အီးတီ(ခ)ဘီလွ်ံဒီဇင္၊ (၂၁)ႏွစ္ႏွင့္ အေသးေလး(ခ)သီဟေဇာ္၊ (၁၉)ႏွစ္တုိ႔(၂)ဦးအား ၎တုိ႔လုယူခဲ့ေသာ အနက္ေရာင္ေဘးလြယ္အိတ္၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳသည့္ဆုိင္ကယ္ႏွင့္အတူ ၂၂၄၀ အခ်ိန္တြင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၃)ရပ္ကြက္ရွိ ဒဂံုတံတား ေအာက္လမ္းေဘးမွ ဖမ္းဆီးရမိခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူ အီးတီ(ခ)ဘီလွ်ံဒီဇင္ႏွင့္ အေသးေလး(ခ)သီဟေဇာ္တုိ႔ (၂)ဦးထံမွ သက္ေသခံပစၥည္းမ်ား ျပန္လည္သိမ္းဆည္းႏုိင္ခဲ့ၿပီး ဒဂံုၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္း(ပ) ၁၀၇/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၈၂ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice

............................................................................

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား ဖမ်းဆီးရမိ
28 January 2016 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား လှည့်ကင်း(ဆလွန်း)ယာဉ် တာဝန်ကျ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

၂၇.၁.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဦးနိုင်နိုင်ဦးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဒဂုံသီရိလမ်းမပေါ်အရောက် ၎င်း၏နောက်ဘက်မှ ဆိုင်ကယ်စီးနင်းလာသူ လူငယ်(၂)ဦးလိုက်လာပြီး ဆိုင်ကယ်မောင်းသူ လူငယ်မှ ခြိမ်းခြောက်၍ ခြေထောက်နှင့်ကန်သဖြင့် ယိုင်သွားစဉ် ဆိုင်ကယ် နောက်တွင်ထိုင်စီးလာသူ လူငယ်မှ ၎င်းလွယ်ထားသော ငွေကျပ်(၁)သိန်း၊ ဆင်းကတ်ပါ Nokia လက်ကိုင်ဖုန်း(၁)လုံနှင့် စာရွက် စာတမ်းများ ပါရှိသည့် အနက်ရောင်ဘေးလွယ်အိတ်အား လုယူ ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့လုယူခံရသဖြင့် ဦးနိုင်နိုင်ဦးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ လှည့်ကင်း တာဝန် ဆောင်ရွက်နေသော လှည့်ကင်း(ဆလွန်း) ယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအားချိတ်ဆက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်လျင်မြို့နယ်နေ အီးတီ(ခ)ဘီလျှံဒီဇင်၊ (၂၁)နှစ်နှင့် အသေးလေး(ခ)သီဟဇော်၊ (၁၉)နှစ်တို့(၂)ဦးအား ၎င်းတို့လုယူခဲ့သော အနက်ရောင်ဘေးလွယ်အိတ်၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ဆိုင်ကယ်နှင့်အတူ ၂၂၄၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်ရှိ ဒဂုံတံတား အောက်လမ်းဘေးမှ ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ အီးတီ(ခ)ဘီလျှံဒီဇင်နှင့် အသေးလေး(ခ)သီဟဇော်တို့ (၂)ဦးထံမှ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment