Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

သည္းေျခအတြက္ ရဲယိုရြက္

ရဲယိုရြက္ဟာ ေဆးဖက္၀င္သည့္ စားစရာအရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ ရဲယိုရြက္ႏွင့္အသီးတို့ကို ျမန္မာေဆးမ်ား ေဖာ္စပ္ရာတြင္ အသံုးျပဳထားသည္ကို ျမန္မာေဆးက်မ္းမ်ားမွ မၾကာခဏ ျမင္ေတြ့ရပါတယ္။
ရဲယိုရြက္ကို ေဆးအတြက္သာမကပဲ စားစရာဟင္းအျဖစ္ပါ အမ်ိဳးမ်ိဳးခ်က္ျပဳတ္ကာ စားေသာက္ၾကပါတယ္။ အရြတ္ႏုမ်ားကို ငါးရံ့၊ ငါးခူး၊ ငါးေျမႊထိုး စသည့္ငါးမ်ားႏွင့္ ခ်က္၍ စားႏိုင္ပါတယ္။ အရြက္ကို ျပဳတ္၍ ငပိရည္ႏွင့္ တို့စားၾကပါတယ္။ အသီးအမွည့္ကို ပ်ားရည္ႏွင့္ ေဆးေဖာ္စပ္၍ စားသံုးၾကပါတယ္။ အသီးမွည့္ကို ထန္းလ်က္ႏွင့္ ေရာနယ္၍လည္း ေဆးအျဖစ္ မွီ၀ဲႏိုင္ပါတယ္။
ရဲယိုရြက္ဟာ အထူးသျဖင့္ ၀မ္းတြင္းမွ ေရာဂါမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ သည္းေျခေရာဂါ၊ ၀မ္းခ်ဳပ္၊ ၀မ္းရစ္၊ ၀မ္းကိုက္ေရာဂါ၊ အစာမေၾကေရာဂါတို့ကို ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။
သည္းေျခအနာျဖစ္ေနသူမ်ားအေနျဖင့္ အရြက္ကို ဟင္းခ်က္စားျခင္း၊ ျပဳတ္၍ တို့စားျခင္း၊ ဒန့္သလြန္ရြက္ႏွင့္အတူ ဟင္းရည္ခ်က္ေသာက္ျခင္း၊ အသီးအႏုကို ျပဳတ္၍ သုပ္စားျခင္း၊ အသီးအမွည့္ကို ပ်ားရည္ႏွင့္ေခါက္၍ စားျခင္းတို့ျဖင့္ သည္းေျခႏွင့္ပတ္သက္ေသာ ေရာဂါမ်္ိဳးမ်ိဳးတို့ကို သက္သာေပ်ာက္ကင္းေစပါတယ္။
လူသားတိုင္း ေရာဂါဘယမ်ားကင္းေ၀းျပီး က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစ။
ဦးေစာႏြဲ့ေနဆိုင္ (ပူတာအို)
ကိုးကား - ေဆးဖက္၀င္အပင္မ်ား၊ ရိုးရာေဆးနည္းမ်ား
ေစာႏြဲ ့ေနဆိုင္ - ပူတာအို
.............
သည်းခြေအတွက် ရဲယိုရွက်
ရဲယိုရွက်ဟာ ဆေးဖက်ဝင်သည့် စားစရာအရွက်တစ်မျိုး ဖြစ်ပါတယ်။ ရဲယိုရွက်နှင့်အသီးတို့ကို မြန်မာဆေးများ ဖော်စပ်ရာတွင် အသုံးပြုထားသည်ကို မြန်မာဆေးကျမ်းများမှ မကြာခဏ မြင်တွေ့ရပါတယ်။
ရဲယိုရွက်ကို ဆေးအတွက်သာမကပဲ စားစရာဟင်းအဖြစ်ပါ အမျိုးမျိုးချက်ပြုတ်ကာ စားသောက်ကြပါတယ်။ အရွတ်နုများကို ငါးရံ့၊ ငါးခူး၊ ငါးမြွှေထိုး စသည့်ငါးများနှင့် ချက်၍ စားနိုင်ပါတယ်။ အရွက်ကို ပြုတ်၍ ငပိရည်နှင့် တို့စားကြပါတယ်။ အသီးအမှည့်ကို ပျားရည်နှင့် ဆေးဖော်စပ်၍ စားသုံးကြပါတယ်။ အသီးမှည့်ကို ထန်းလျက်နှင့် ရောနယ်၍လည်း ဆေးအဖြစ် မှီဝဲနိုင်ပါတယ်။
ရဲယိုရွက်ဟာ အထူးသဖြင့် ၀မ်းတွင်းမှ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ သည်းခြေရောဂါ၊ ၀မ်းချုပ်၊ ၀မ်းရစ်၊ ၀မ်းကိုက်ရောဂါ၊ အစာမကြေရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
သည်းခြေအနာဖြစ်နေသူများအနေဖြင့် အရွက်ကို ဟင်းချက်စားခြင်း၊ ပြုတ်၍ တို့စားခြင်း၊ ဒန့်သလွန်ရွက်နှင့်အတူ ဟင်းရည်ချက်သောက်ခြင်း၊ အသီးအနုကို ပြုတ်၍ သုပ်စားခြင်း၊ အသီးအမှည့်ကို ပျားရည်နှင့်ခေါက်၍ စားခြင်းတို့ဖြင့် သည်းခြေနှင့်ပတ်သက်သော ရောဂါမျ်ိုးမျိုးတို့ကို သက်သာပျောက်ကင်းစေပါတယ်။
လူသားတိုင်း ရောဂါဘယများကင်းဝေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - ဆေးဖက်ဝင်အပင်များ၊ ရိုးရာဆေးနည်းများ
စောနွဲ ့နေဆိုင် - ပူတာအို

No comments:

Post a Comment