ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မွာရွိတဲ့ မဂၤလာေစ်းႀကီးမွာ ဇန္နဝါရီလ ၉ ရက္ေန႔က မီးေလာင္းခဲ့တဲ့ ေန႔လည္ပိုင္းျမင္ကြင္းကို ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/RFA |
လက္ရွိမွာေတာ့ မီးေလာင္မႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနဆဲပဲလို႔ ဒီကေန႔ ညေနပိုင္း RFA က ေတြ႔ဆံုေမးျမန္းခဲ့ရာမွာ ရန္ကုန္တိုင္းမီးသတ္ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႈး ဦးေသာ္ဒါက ေျပာပါတယ္။
"စျဖစ္တဲ့ေနအထားကို က်ေနာ္တို႔ စံုစမ္းဆဲရွိပါေသးတယ္ မီးေလာင္မႈအေၾကာင္းရင္းကေတာ့၊ ျဖစ္တာကေတာ့ တတိယထပ္ ၄ လႊာကေန စျဖစ္တာကို က်ေနာ္တို႔ စေတြ႔ရပါတယ္၊ ဆံုးရံႈးမႈနဲ႔ မီးေလာင္မႈအေၾကာင္းရင္း ကေတာ့ အဖြဲ႔နဲ႔စနစ္တက် ေသခ်ာစစ္ေဆးၿပီးမွ က်ေနာ္တို႔က အေျဖေပးႏိုင္မွာပါ"
ဒီကေန႔ စေနေန႔ မနက္ ၁ နာရီခြဲေလာက္ကစၿပီး မဂၤလာေစ်း တတိယထပ္ အလွကုန္အစၥည္း နဲ႔ ေဆးပစၥည္း ေရာင္းခ်တဲ့ ၏အထပ္က စတင္ေလာင္းကြ်မ္းတာျဖစ္တယ္လို႔ ေျပာပါတယ္။
ရန္ကုန္တိုင္းအတြင္းမွာရွိတဲ့ မီသတ္ကား အစီး ၅ဝ ေက်ာ္အျပင္၊ ပဲခူးတိုင္းဖက္က မီးသတ္ကားေတြပါ လာေရာက္ၿငိမ္းသတ္ခဲ့ရတယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၁ဝ ခုႏွစ္ကလည္း မဂၤလာေစ်းမွာ ယခုလိုပဲ မီးေလာင္ခဲ့ၿပီး ၃ ရက္ေလာက္ ဆက္တိုက္မီးၿငိမ္းသတ္ခဲ့ရတယ္လို႔ ေျပာပါတယ္။
အခုမီးေလာင္မႈဟာ ဒုတိယအႀကိမ္ မီးေလာင္မႈျဖစ္ၿပီး ၂ဝ၁ဝ ခုႏွစ္ေနာက္ပိုင္း အခ်ိန္ၾကာဆံုး မီးေလာင္မႈ တစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။ မီးေလာင္မႈေၾကာင့္ မီးသတ္တပ္ဖြဲ႔ဝင္အခ်ိဳ႕ ဒဏ္ရာအနည္းငယ္ရရွိခဲ့ေပမယ့္ လူအေသအေပ်ာက္မရွိဘူးလို႔ ေျပာပါတယ္။
RFA Burmese
http://www.rfa.org/burmese
...............
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာစျေးကြီးမှာ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်းခဲ့တဲ့ နေ့လည်ပိုင်းမြင်ကွင်းကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာစျေးကြီးမှာ မီးလောင်းခဲ့တာနဲ့ပတ်သက်ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဒီကနေ့ ညနေပိုင်း RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးသော်ဒါက ပြောပါတယ်။
"စဖြစ်တဲ့နေအထားကို ကျနော်တို့ စုံစမ်းဆဲရှိပါသေးတယ် မီးလောင်မှုအကြောင်းရင်းကတော့၊ ဖြစ်တာကတော့ တတိယထပ် ၄ လွှာကနေ စဖြစ်တာကို ကျနော်တို့ စတွေ့ရပါတယ်၊ ဆုံးရှုံးမှုနဲ့ မီးလောင်မှုအကြောင်းရင်း ကတော့ အဖွဲ့နဲ့စနစ်တကျ သေချာစစ်ဆေးပြီးမှ ကျနော်တို့က အဖြေပေးနိုင်မှာပါ"
ဒီကနေ့ စနေနေ့ မနက် ၁ နာရီခွဲလောက်ကစပြီး မင်္ဂလာစျေး တတိယထပ် အလှကုန်အစ္စည်း နဲ့ ဆေးပစ္စည်း ရောင်းချတဲ့ ၏အထပ်က စတင်လောင်းကျွမ်းတာဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မီသတ်ကား အစီး ၅ဝ ကျော်အပြင်၊ ပဲခူးတိုင်းဖက်က မီးသတ်ကားတွေပါ လာရောက်ငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကလည်း မင်္ဂလာစျေးမှာ ယခုလိုပဲ မီးလောင်ခဲ့ပြီး ၃ ရက်လောက် ဆက်တိုက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။
အခုမီးလောင်မှုဟာ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်နောက်ပိုင်း အချိန်ကြာဆုံး မီးလောင်မှု တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် လူအသေအပျောက်မရှိဘူးလို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment