ေအးဂ်င့္ခ်န္းက ဘူဒါပက္စ္ မျပန္မီ ဝွက္စာျဖင့္ ေရးထားေသာ ဖုန္းနံပါတ္မ်ားကို ေပးခဲ့သည္။ ထိုဖုန္းနံပါတ္မ်ားမွာ ဥေရာပရွိ ေျမာက္ကိုရီးယား ေအးဂ်င့္မ်ားကို အေရးႀကံဳလာပါက ဆက္သြယ္ရန္ ျဖစ္သည္။ ဗီယင္နာသို႔ ေရာက္ပါက ေလယာဥ္ လက္မွတ္ သြားယူရန္ ရွိေနသည္။
ဟိုတယ္သို႔ ေရာက္ၿပီး ခနအၾကာတြင္ ေလယာဥ္လတ္မွတ္ သြားယူၾကသည္။ ကြ်န္မတို႔ အျပင္ထြက္ေသာအခါ မိုးဖြဲမ်ား ရြာေနသျဖင့္ ထီးေဆာင္းၾကရသည္။ အတန္ငယ္ ေလွ်ာက္လာေသာအခါ တယ္လိီဖုန္းရံုတစ္ခုကို ေတြ႕သျဖင့္ အဘကင္ဆံုအီက ဗီယင္နာရွိ ေျမာက္ကိုရီးယား သံရံုး၏ လ်ွဴ ိ႕ဝွက္နံပါတ္ ရိုက္ထည့္ၿပီး တစ္ခြန္းႏွစ္ခြန္းေျပာကာ ဖုန္းခ်လိုက္သည္။ ဖုန္းရံုအတြင္းမွ ထြက္လာေသာအခါ သူကမ်က္မွာခ်င္းဆိုင္ ပန္းၿခံက္ုိ လက္ညွဳ ိးထိုးလ်က္ "အဲ့ပန္းၿခံက္ုိ ျဖတ္စီးေနတဲ့ စမ္းေခ်ာင္းေလးတစ္ခုရွိတယ္။ ေနာက္ နာရီဝက္ၾကာရင္ စမ္းေခ်ာင္းေပၚ ျဖတ္ေဆာက္ထားတဲ့ တံတားနဲ႔ အနီးဆံုး ခံုတန္းလ်ားမွာ ငါတို႔ ေအးဂ်င့္ တစ္ေယာက္နဲ႔ ေတြ႕မယ္"
ကြ်န္မတို႔ လမ္းျဖတ္ကာ ပန္းၿခံအတြင္းသို႔ ဝင္သည္။ လူအနည္းငယ္ ပန္းၿခံအတြင္းတြင္ ေတြ႕ရသည္။ ပန္းၿခံအတြင္း စမ္းေခ်ာင္းေလး ေတြ႕သည္။ စမ္းေခ်ာင္းအတိုင္း လိုက္ေသာအခါ ေက်ာက္တံတား ေတြ႕သည္။ တံတားအနီး ခံုတန္းလ်ားတြင္ ကြ်န္မတို႔ ထိုင္သည္။
မိနစ္ ၂၀ ခန္႔အၾကာတြင္ သပ္ရပ္စြာ ဝတ္စားထားၿပီး ဦးထုပ္အျပားႀကီးကို ေဆာင္းထားသည့္ အမ်ဴ ိးသမီး တစ္ဦး တံတားတစ္ဖက္မွ ေပၚလာသည္။ ကြ်န္မတို႔ ေရွ႕မွ ျဖတ္ေလွ်ာက္သြားၿပီး သူမက နကားယားမား ဟု တိုးတိုးေျပာသြားသည္။ ကင္ဆံုအီက သူမကို မၾကည့္ပဲ နကားယားမားဟု ျပန္ေျပာသည္။ သူမက ဆက္ေလွ်ာက္သြားသည္ကို ကြ်န္မက လိုက္ၾကည့္သည္။ မလွမ္းမကမ္းရွိ အမိႈက္ပံုးထဲသုိ႔ တစ္ခုခု လႊတ္ခ်သြားသည္ကိုျမင္လိုက္ရသည္။
အမ်ဴ ိးသမီး ေပ်ာက္သြားၿပီး ခနအၾကာတြင္ ကင္ဆံုအီက "ငါတို႔ သြားၾကမယ္" ဟုေျပာကာ ထုိင္ရာမွ ထသည္။ အမ်ဴ ိးသမီး ထြက္သြားသည့္ လမ္းေၾကာင္းတိုင္း ေလ်ွာက္ၾကၿပီး အမိႈက္ပံုးသို႔ ေရာက္ေသာအခါ သူက အရိပ္အေျခၾကည့္ၿပီး အမိႈက္ပံုးထဲသို႔ ႏႈိက္သည္။ စာအိတ္တအိတ္ သူ႔လက္ထဲတြင္ ပါလာသည္။ စာအိတ္အတြင္း ေခ်ာင္းၾကည့္ၿပီး သူက "သိပ္ေကာင္းတယ္ ငါတို႔ ဆက္လုပ္ၾကတာေပါ့"
ေနာက္သံုးေလးရက္ ေနၿပီးေသာ အခါ ဗီယင္နာမွ ဘဲဂရိတ္သို႔ ဆက္ထြက္သည္။ ဘဲဂရိတ္သို႔ ပ်ံသန္းေသာ ေလယာဥ္တြင္ ခရီးသည္စာရင္း၌ ဂ်ပန္ဟူ၍ ကြ်န္မတို႔ ႏွစ္ေယာက္သာ ပါသည္။ ကြ်န္မ၏ စိုးရိမ္စိတ္ကို တိုးပြားေစသည္။ ဗီယင္နာတြင္ အာရွသားခရီးသည္ မ်ားျပားလြန္းသည့္အတြက္ မနည္းေရွာင္ခဲ့ရသည္။ ယခုမူ ကြ်န္မတို႔သည္ လူအုပ္ထဲတြင္ ထင္ထင္ရွားရွား ျဖစ္ေနသည္။ ကြ်န္မတို႔ အလုပ္သည္ လွ်ဴ ိ႕ဝွက္ သိုသိပ္စြာ လုပ္ရေသာ အလုပ္ျဖစ္သည္။ လူအမ်ား အာရံုစိုက္၍ မျဖစ္။ ထိုအခ်က္ကို အဘကင္ဆံုအီအား ေျပာျပသည္။ သူက "ဒီ ခရီးစဥ္က အစကတည္းက ယိုေပါက္ဟာကြက္ေတြနဲ႔႔ပဲဟာ" သူက ယင္းသို႔ ေျပာသည္မွာ တစ္ႀကိမ္မကေတာ့။ ဘဲဂရိတ္တြင္ ရွိေနစဥ္ အတြင္း ဘဂၢဒက္ခရီးစဥ္အတြက္ ျပင္ၾကဆင္ၾက ေလ့က်င့္ၾကသည္။ ဗံုးဆင္ပံုဆင္နည္း ခ်ိန္ကိုက္ကိရိယာတြင္ အခ်ိန္ သတ္မွတ္ေပးနည္း စသည္တို႔ကို အႀကိမ္ႀကိမ္အဖန္ဖန္ ေလ့က်င့္ၾကသည္။ တဖန္ ဘဲဂရိတ္မွ ဘဂၢဒက္သို႔ အစီစဥ္တိုင္း ထြက္ခြာရန္ ထပ္ျပင္ဆင္ၾကရျပန္သည္။ ထြက္ခြာမည့္ေန႔တြင္ အဝတ္ေသတၱာမ်ားကို ျပင္ဆင္ ထုပ္ပိုးသည္။ အခန္းတြင္း ေျခရာေကာက္ႏိုင္မည့္ သဲလြန္စမက်န္ေစရန္ ႏွစ္ႀကိမ္ ျပန္လည္စစ္ေဆးသည္။
အခန္းတံခါးပိတ္ၿပီး အဘကင္ဆံုအီက "ကဲ မီယူမီ ငါတို႔ Operation စၿပီ" ဟု ေျပာကာ ဓာတ္ေလွကား ဆီသို႔ ေလွ်ာက္သြားသည္။
ႏိုဝင္ဘာဘ၂၈ ရက္ေန႔ ေနမဝင္မီ
ကိုးရီးယား ေလေၾကာင္းလိုင္း အမွတ္ ၈၅၈ သည္ ကြ်န္မတို႔ႏွင့္ ကိုက္တစ္ရာပင္ မေဝးေသာ ေျပးလမ္းေပၚတြင္ ရပ္ထားသည္။ ခရီးသည္ ဝင္ေပါက္မွ ကြ်န္မလွမ္းေငးေနမိသည္။ ေျမျပင္ ဝန္ထမ္းမ်ားက ေလယာဥ္ကို ျပဳျပင္ထိန္းသိမ္းမႈမ်ား လုပ္ေနၾကသည္။ ထိုေလယာဥ္သည္ နာရီအနည္းငယ္ အၾကာတြင္ မည္သို႔ ျဖစ္ပ်က္လိမ့္မည္ကို ယင္းဝန္ထမ္းမ်ားက သိပါလွ်င္----
ႏိုဝင္ဘာလေႏွာင္းပိုင္း ျဖစ္ေသာ္လည္း ဘဂၢဒက္ၿမိဳ႕သည္ ပူျပင္းေနဆဲ။ ကြ်န္မတို႔သည္ ဘဲဂရိတ္မွ ေလေၾကာင္းျဖင့္ ေရာက္လာၾကျခင္း ျဖစ္သည္။ နာရီအနည္းငယ္အတြင္း ကိုးရီးယား ေလေၾကာင္းလိုင္း ေလယာဥ္သည္ ထြက္ခြာေတာ့မည္ ျဖစ္သည္။ ကြ်န္မတို႔ ေလ့က်င့္ထားသမွ် ကြ်န္မတို႔ လက္ေတြ႕ အေကာင္ထည္ေဖာ္ရေတာ့မည္။
အဘကင္ဆံုအီက ကြ်န္မအနီးတြင္ ရပ္ေနသည္။ သူသည္လည္း ကြ်န္မေတြးသကဲ့သ္ု႔ိ ေတြးေနေပလိမ့္မည္။ သူက ကြ်န္မလက္ကိုကိုင္ကာ ဖ်စ္ညစ္လိုက္သည္။ ဖခင္တစ္ေယာက္က သမီးျဖစ္သူကို အားေပးသည့္ သေဘာ ျဖစ္သည္။ သူသည္လည္း စိတ္လႈပ္ရွားေနသည္။ စိတ္ခံစားမႈကို မည္သည့္ အခါမွ် အမူအရာျဖင့္ ထုတ္ေဖာ္ေလ့ မရွိသူ ျဖစ္သည္။ သူႏွင့္ လက္တြဲ လႈပ္ရွားေနခဲ့ရသည့္ အတြက္ သူသည္ ကြ်န္မ၏ ဖခင္သဖြယ္ ျဖစ္လာသည္ကို ျပန္စဥ္းစားမိသည္။ တဆက္တည္း ၿပံဳးယမ္းတြင္ က်န္ရစ္ခဲ့ေသာ မိသားစုုအေၾကာင္းပါ ေတြးမိသည္။ ကြ်န္မ သူတို႔ဆီ ျပန္သြားခ်င္လွၿပီ။
ကြ်န္မ ျပတင္းေပါက္သို႔ ၾကည့္ေနရာမွ ေနာက္သို႔ လွည့္ၾကည့္မိေသာအခါ သပ္ရပ္စြာဝတ္စားထားေသာ ကိုးရီးယား ႏွစ္ဦး ကြ်န္မတို႔ ရွိရာသို႔ လာေနၿပီး တစ္ေယာက္၏ လက္ထဲတြင္ ႀကီးမားေသာ လက္ဆြဲ အိတ္ႀကီးကို ဆြဲလာသည္။ ယင္းတို႔သည္ ကြ်န္မတို႔၏ ေအးဂ်င့္မ်ားျဖစ္သည္။ လက္ဆြဲအိတ္ထဲတြင္ ဗံုးပါလာသည္။ မည္သည့္ ခံစားခ်က္မွ် မရွိသလို ကြ်န္မ ဟန္ေဆာင္ေနရေသာ္လည္း ရင္ထဲ၌ ဗေလာင္ဆူေနသည္။
သူတို႔ ႏွစ္ေယာက္စလံုး နာမည္မွာ ခြ်ဴ ိင္ ျဖစ္သည္။ ယင္းတို႔အနက္ အသက္အနည္းငယ္ ႀကီးသူမွာ ေအာ္ပေရးရွင္း ဒါရိုက္တာ ျဖစ္ၿပီး ငယ္ရြယ္သူမွာ လက္ေထာက္ ေအးဂ်င့္ျဖစ္သည္။ ကြ်န္မတို႔ ႏႈတ္ဆက္ၾကၿပီး စကားအနည္းငယ္ေျပာၾကသည္။ ထို႔ေနာက္ ေလဆိပ္အတြင္းရွိ ဘားသို႔ သြားၾကသည္။
ဒါရိုက္တာက ကင္ဆံုအီ၏ က်န္းမာေရး အေျခအေနကို ေမးသည္။ သူ အမွန္ပင္ စုိးရိမ္ ေၾကာင့္ၾကေနပံုရသည္။ ၿပံဳးယမ္းမွ ထြက္ခြာလာသည့္ အခ်ိန္မွ ယခုအခ်ိန္ထိ ကင္ဆံုအီ၏ က်န္းမာေရးက ေကာင္းသည္ဟု မရွိေသး။
"ဒါငါ့ရဲ႕ ေနာက္ဆံုးအလုပ္ပဲ။ ဒါၿပီးရင္ အနားယူေတာ့မယ္" ဟု ကင္ဆံုအီက ေျပာသည္။
ဒါရိုက္တာခြ်ဴ ိင္က ကင္ဆံုအီ၏ ပုခံုးက္္ို ပုတ္ကာ "ေနာက္ဆံုး မွတ္မွတ္သားသား ဂုဏ္ျဒပ္ျမင့္မားစြာ ထမ္းေဆာင္သြားရမယ့္ တာဝန္ေပါ့။ ခင္ဗ်ားတို႔ ႏွစ္ေယာက္ ခ်ိန္ကိုက္ကိရိယာကို ဘယ္လိုလုပ္ရမယ္ ဆိုတာ ေကာင္းေကာင္းသိတယ္ေနာ္"
"သိပါတယ္" ကင္ဆံုအီက ျပန္ေျဖသည္။
"ေကာင္းတယ္" ခြ်ဴ ိင္က ေသာက္လက္စ ဖန္ခြက္ကို အဆံုးသတ္လိုက္သည္။
"ကြ်န္ေတာ္တို႔ ခင္ဗ်ားတို႔နဲ႔အတူ ၾကာၾကာေတြ႕ေနလို႔ မေကာင္းဘူး ကြ်န္ေတာ္တို႔သြားေတာ့မယ္။ ခင္ဗ်ားတို႔ ကံေကာင္းပါေစ"
လက္ဆြဲႏႈတ္ဆက္ၾကၿပီး သူတို႔ ထြက္သြားၾကသည္။ လက္ဆြဲအိတ္ကုိ ကြ်န္မထံတြင္ ထားခဲ့သည္။ အိတ္ကို ကင္ဆံုအီက သယ္ရမည္။ ႏွစ္ေယာက္သား ဂိတ္ဝဆီသို႔ လမ္းေလွ်ာက္လာရင္း သူက
"မင္း ေသေသခ်ာခ်ာ မွတ္ထားရမွာက ပုလင္းထဲမွာ ရွိတဲ့ ယမ္းအရည္ေတြက အတူတူထားမွ ေပါက္ကြဲအား ပိုေကာင္းတယ္။ သူတို႔ကို အတူတူ ထားရမယ္။ ေနာက္တစ္ခုက မင္းယူလာတဲ့ ဓာတ္ခဲဟာ တျခားဓာတ္ခဲနဲ႔ အစားထိုးလို႔ မရဘူး။ မေပ်ာက္ေစနဲ႔။ သတိနဲ႔ သိမ္းထားရမယ္။ ငါ့ေဆးေတြနဲ႔လည္း ေရာမထားနဲ႔"
စစ္ေဆးေရးဂိတ္သို႔ ေရာက္ေသာအခါ လူခ်င္းခြဲလိုက္ ရသည္။ လက္ဆြဲအိတ္မ်ားကိုသာမက ခႏၶာကိုယ္ အႏွံပါ စစ္ေဆးေသာေနရာျဖစ္သည္။
အျပင္ပန္းအားျဖင့္ ကြ်န္မသည္ တည္ၿငိမ္ေနေသာ္လည္း ႏွလံုးခုန္ႏႈန္းက အလြန္ျမန္ေနသည္။
အသက္ ၃၀ ခန္႔ မ်က္ႏွာတည္တည္ျဖင့္ လံုၿခံဳေရး
အမ်ဴ ိးသမီးက ကြ်န္မထံတြင္ ဓာတ္ခဲမ်ားကို ေတြ႕သြားသျဖင့္ "ေလယာဥ္ေပၚက္ုိ ဓာတ္ခဲ ယူခြင့္မျပဳဘူး" ေျပာေျပာဆိုဆိုျဖင့္ ဓာတ္ခဲမ်ားကို ယူထားလိုက္သည္။
ကြ်န္မ တုန္လႈပ္သြားသည္။ ဓာတ္ခဲမရွိလွ်င္ ကြ်န္မတို႔ အစီအစဥ္ကို အေကာင္ထည္ မေဖာ္ႏိုင္ေတာ့မည္ မဟုတ္။ လေပါင္းမ်ားစြာ စီစဥ္ခဲ့ရသည့္ အစီအစဥ္ ေရစုန္ေမွ်ာရေတာ့မည္။ ကြ်န္မက ငိုေတာ့မည့္ သကဲ့သို႔ ေတာင္းပန္ေသာ္လည္း အမ်ဴ ိးသမီးက အေလ်ာ့မေပး။ ဓာတ္ခဲေလးမ်ားအတြက္ ကြ်န္မ အသည္းအသန္ ျဖစ္ေနသည္ကိုိ အမ်ဴ ိးသမီးက သံသယဝင္လာၿပီး ဓာတ္ခဲမ်ားက္ုိ အနီးရွိ အမိႈက္ပံုးထဲသို႔ ထည့္လိုက္သည္။
ကြ်န္မက ထပ္မံ ဆင္ေျခတက္ရန္ ဟန္ျပင္လိုက္သည္။ ဆံုးရံႈးမႈျဖင့္ ေျမာက္ကိုရီးယားသို႔ ျပန္၍ မျဖစ္။ မေအာင္ျမင္သူမ်ားကို မည္သို႔ေသာ ျပစ္ဒဏ္ေပးသည္ကို ကြ်န္မ ေကာင္းေကာင္းသိသည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
January 15 ,2016
.................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၂၄
ဗီယင်နာတွင် ကင်ဆုံအီက ခရီးသွားဗျူ ရိုသို့ဝင်ကာ အမ်းပက်ဟိုတယ်တွင် အခန်းကြိုတင်ငှားရမ်း ထားသည်ကို ထပ်မံ အတည်ပြုသည်။ ကျွန်မတို့ ဗီယင်နာတွင် အမှန်တကယ်ရောက်ရှိကြောင်း အထောက်အထားတစ်ခု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ကျွန်မတို့ နောက်ကြောင်း ပြန်လိုက်လာမည်ဆိုပါက ဗီယင်နာမှလာခြင်း ဖြစ်ကြောင်း သိစေရန်ဖြစ်သည်။ ဗီယင်နာတွင် ကင်ဆုံအီက ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလျက်ရှိသည်။
အေးဂျင့်ချန်းက ဘူဒါပက်စ် မပြန်မီ ဝှက်စာဖြင့် ရေးထားသော ဖုန်းနံပါတ်များကို ပေးခဲ့သည်။ ထိုဖုန်းနံပါတ်များမှာ ဥရောပရှိ မြောက်ကိုရီးယား အေးဂျင့်များကို အရေးကြုံလာပါက ဆက်သွယ်ရန် ဖြစ်သည်။ ဗီယင်နာသို့ ရောက်ပါက လေယာဉ် လက်မှတ် သွားယူရန် ရှိနေသည်။
ဟိုတယ်သို့ ရောက်ပြီး ခနအကြာတွင် လေယာဉ်လတ်မှတ် သွားယူကြသည်။ ကျွန်မတို့ အပြင်ထွက်သောအခါ မိုးဖွဲများ ရွာနေသဖြင့် ထီးဆောင်းကြရသည်။ အတန်ငယ် လျှောက်လာသောအခါ တယ်လိီဖုန်းရုံတစ်ခုကို တွေ့သဖြင့် အဘကင်ဆုံအီက ဗီယင်နာရှိ မြောက်ကိုရီးယား သံရုံး၏ လျှူ ိ့ဝှက်နံပါတ် ရိုက်ထည့်ပြီး တစ်ခွန်းနှစ်ခွန်းပြောကာ ဖုန်းချလိုက်သည်။ ဖုန်းရုံအတွင်းမှ ထွက်လာသောအခါ သူကမျက်မှာချင်းဆိုင် ပန်းခြံက်ုိ လက်ညှု ိးထိုးလျက် "အဲ့ပန်းခြံက်ုိ ဖြတ်စီးနေတဲ့ စမ်းချောင်းလေးတစ်ခုရှိတယ်။ နောက် နာရီဝက်ကြာရင် စမ်းချောင်းပေါ် ဖြတ်ဆောက်ထားတဲ့ တံတားနဲ့ အနီးဆုံး ခုံတန်းလျားမှာ ငါတို့ အေးဂျင့် တစ်ယောက်နဲ့ တွေ့မယ်"
ကျွန်မတို့ လမ်းဖြတ်ကာ ပန်းခြံအတွင်းသို့ ဝင်သည်။ လူအနည်းငယ် ပန်းခြံအတွင်းတွင် တွေ့ရသည်။ ပန်းခြံအတွင်း စမ်းချောင်းလေး တွေ့သည်။ စမ်းချောင်းအတိုင်း လိုက်သောအခါ ကျောက်တံတား တွေ့သည်။ တံတားအနီး ခုံတန်းလျားတွင် ကျွန်မတို့ ထိုင်သည်။
မိနစ် ၂၀ ခန့်အကြာတွင် သပ်ရပ်စွာ ဝတ်စားထားပြီး ဦးထုပ်အပြားကြီးကို ဆောင်းထားသည့် အမျူ ိးသမီး တစ်ဦး တံတားတစ်ဖက်မှ ပေါ်လာသည်။ ကျွန်မတို့ ရှေ့မှ ဖြတ်လျှောက်သွားပြီး သူမက နကားယားမား ဟု တိုးတိုးပြောသွားသည်။ ကင်ဆုံအီက သူမကို မကြည့်ပဲ နကားယားမားဟု ပြန်ပြောသည်။ သူမက ဆက်လျှောက်သွားသည်ကို ကျွန်မက လိုက်ကြည့်သည်။ မလှမ်းမကမ်းရှိ အမှိုက်ပုံးထဲသို့ တစ်ခုခု လွှတ်ချသွားသည်ကိုမြင်လိုက်ရသည်။
အမျူ ိးသမီး ပျောက်သွားပြီး ခနအကြာတွင် ကင်ဆုံအီက "ငါတို့ သွားကြမယ်" ဟုပြောကာ ထိုင်ရာမှ ထသည်။ အမျူ ိးသမီး ထွက်သွားသည့် လမ်းကြောင်းတိုင်း လျှောက်ကြပြီး အမှိုက်ပုံးသို့ ရောက်သောအခါ သူက အရိပ်အခြေကြည့်ပြီး အမှိုက်ပုံးထဲသို့ နှိုက်သည်။ စာအိတ်တအိတ် သူ့လက်ထဲတွင် ပါလာသည်။ စာအိတ်အတွင်း ချောင်းကြည့်ပြီး သူက "သိပ်ကောင်းတယ် ငါတို့ ဆက်လုပ်ကြတာပေါ့"
နောက်သုံးလေးရက် နေပြီးသော အခါ ဗီယင်နာမှ ဘဲဂရိတ်သို့ ဆက်ထွက်သည်။ ဘဲဂရိတ်သို့ ပျံသန်းသော လေယာဉ်တွင် ခရီးသည်စာရင်း၌ ဂျပန်ဟူ၍ ကျွန်မတို့ နှစ်ယောက်သာ ပါသည်။ ကျွန်မ၏ စိုးရိမ်စိတ်ကို တိုးပွားစေသည်။ ဗီယင်နာတွင် အာရှသားခရီးသည် များပြားလွန်းသည့်အတွက် မနည်းရှောင်ခဲ့ရသည်။ ယခုမူ ကျွန်မတို့သည် လူအုပ်ထဲတွင် ထင်ထင်ရှားရှား ဖြစ်နေသည်။ ကျွန်မတို့ အလုပ်သည် လျှူ ိ့ဝှက် သိုသိပ်စွာ လုပ်ရသော အလုပ်ဖြစ်သည်။ လူအများ အာရုံစိုက်၍ မဖြစ်။ ထိုအချက်ကို အဘကင်ဆုံအီအား ပြောပြသည်။ သူက "ဒီ ခရီးစဉ်က အစကတည်းက ယိုပေါက်ဟာကွက်တွေနဲ့့ပဲဟာ" သူက ယင်းသို့ ပြောသည်မှာ တစ်ကြိမ်မကတော့။ ဘဲဂရိတ်တွင် ရှိနေစဉ် အတွင်း ဘဂ္ဂဒက်ခရီးစဉ်အတွက် ပြင်ကြဆင်ကြ လေ့ကျင့်ကြသည်။ ဗုံးဆင်ပုံဆင်နည်း ချိန်ကိုက်ကိရိယာတွင် အချိန် သတ်မှတ်ပေးနည်း စသည်တို့ကို အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ကြသည်။ တဖန် ဘဲဂရိတ်မှ ဘဂ္ဂဒက်သို့ အစီစဉ်တိုင်း ထွက်ခွာရန် ထပ်ပြင်ဆင်ကြရပြန်သည်။ ထွက်ခွာမည့်နေ့တွင် အဝတ်သေတ္တာများကို ပြင်ဆင် ထုပ်ပိုးသည်။ အခန်းတွင်း ခြေရာကောက်နိုင်မည့် သဲလွန်စမကျန်စေရန် နှစ်ကြိမ် ပြန်လည်စစ်ဆေးသည်။
အခန်းတံခါးပိတ်ပြီး အဘကင်ဆုံအီက "ကဲ မီယူမီ ငါတို့ Operation စပြီ" ဟု ပြောကာ ဓာတ်လှေကား ဆီသို့ လျှောက်သွားသည်။
နိုဝင်ဘာဘ၂၈ ရက်နေ့ နေမဝင်မီ
ကိုးရီးယား လေကြောင်းလိုင်း အမှတ် ၈၅၈ သည် ကျွန်မတို့နှင့် ကိုက်တစ်ရာပင် မဝေးသော ပြေးလမ်းပေါ်တွင် ရပ်ထားသည်။ ခရီးသည် ဝင်ပေါက်မှ ကျွန်မလှမ်းငေးနေမိသည်။ မြေပြင် ဝန်ထမ်းများက လေယာဉ်ကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်နေကြသည်။ ထိုလေယာဉ်သည် နာရီအနည်းငယ် အကြာတွင် မည်သို့ ဖြစ်ပျက်လိမ့်မည်ကို ယင်းဝန်ထမ်းများက သိပါလျှင်----
နိုဝင်ဘာလနှောင်းပိုင်း ဖြစ်သော်လည်း ဘဂ္ဂဒက်မြို့သည် ပူပြင်းနေဆဲ။ ကျွန်မတို့သည် ဘဲဂရိတ်မှ လေကြောင်းဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ နာရီအနည်းငယ်အတွင်း ကိုးရီးယား လေကြောင်းလိုင်း လေယာဉ်သည် ထွက်ခွာတော့မည် ဖြစ်သည်။ ကျွန်မတို့ လေ့ကျင့်ထားသမျှ ကျွန်မတို့ လက်တွေ့ အကောင်ထည်ဖော်ရတော့မည်။
အဘကင်ဆုံအီက ကျွန်မအနီးတွင် ရပ်နေသည်။ သူသည်လည်း ကျွန်မတွေးသကဲ့သ်ု့ိ တွေးနေပေလိမ့်မည်။ သူက ကျွန်မလက်ကိုကိုင်ကာ ဖျစ်ညစ်လိုက်သည်။ ဖခင်တစ်ယောက်က သမီးဖြစ်သူကို အားပေးသည့် သဘော ဖြစ်သည်။ သူသည်လည်း စိတ်လှုပ်ရှားနေသည်။ စိတ်ခံစားမှုကို မည်သည့် အခါမျှ အမူအရာဖြင့် ထုတ်ဖော်လေ့ မရှိသူ ဖြစ်သည်။ သူနှင့် လက်တွဲ လှုပ်ရှားနေခဲ့ရသည့် အတွက် သူသည် ကျွန်မ၏ ဖခင်သဖွယ် ဖြစ်လာသည်ကို ပြန်စဉ်းစားမိသည်။ တဆက်တည်း ပြံုးယမ်းတွင် ကျန်ရစ်ခဲ့သော မိသားစုုအကြောင်းပါ တွေးမိသည်။ ကျွန်မ သူတို့ဆီ ပြန်သွားချင်လှပြီ။
ကျွန်မ ပြတင်းပေါက်သို့ ကြည့်နေရာမှ နောက်သို့ လှည့်ကြည့်မိသောအခါ သပ်ရပ်စွာဝတ်စားထားသော ကိုးရီးယား နှစ်ဦး ကျွန်မတို့ ရှိရာသို့ လာနေပြီး တစ်ယောက်၏ လက်ထဲတွင် ကြီးမားသော လက်ဆွဲ အိတ်ကြီးကို ဆွဲလာသည်။ ယင်းတို့သည် ကျွန်မတို့၏ အေးဂျင့်များဖြစ်သည်။ လက်ဆွဲအိတ်ထဲတွင် ဗုံးပါလာသည်။ မည်သည့် ခံစားချက်မျှ မရှိသလို ကျွန်မ ဟန်ဆောင်နေရသော်လည်း ရင်ထဲ၌ ဗလောင်ဆူနေသည်။
သူတို့ နှစ်ယောက်စလုံး နာမည်မှာ ချွူ ိင် ဖြစ်သည်။ ယင်းတို့အနက် အသက်အနည်းငယ် ကြီးသူမှာ အော်ပရေးရှင်း ဒါရိုက်တာ ဖြစ်ပြီး ငယ်ရွယ်သူမှာ လက်ထောက် အေးဂျင့်ဖြစ်သည်။ ကျွန်မတို့ နှုတ်ဆက်ကြပြီး စကားအနည်းငယ်ပြောကြသည်။ ထို့နောက် လေဆိပ်အတွင်းရှိ ဘားသို့ သွားကြသည်။
ဒါရိုက်တာက ကင်ဆုံအီ၏ ကျန်းမာရေး အခြေအနေကို မေးသည်။ သူ အမှန်ပင် စိုးရိမ် ကြောင့်ကြနေပုံရသည်။ ပြံုးယမ်းမှ ထွက်ခွာလာသည့် အချိန်မှ ယခုအချိန်ထိ ကင်ဆုံအီ၏ ကျန်းမာရေးက ကောင်းသည်ဟု မရှိသေး။
"ဒါငါ့ရဲ့ နောက်ဆုံးအလုပ်ပဲ။ ဒါပြီးရင် အနားယူတော့မယ်" ဟု ကင်ဆုံအီက ပြောသည်။
ဒါရိုက်တာချွူ ိင်က ကင်ဆုံအီ၏ ပုခုံးက််ို ပုတ်ကာ "နောက်ဆုံး မှတ်မှတ်သားသား ဂုဏ်ဒြပ်မြင့်မားစွာ ထမ်းဆောင်သွားရမယ့် တာဝန်ပေါ့။ ခင်ဗျားတို့ နှစ်ယောက် ချိန်ကိုက်ကိရိယာကို ဘယ်လိုလုပ်ရမယ် ဆိုတာ ကောင်းကောင်းသိတယ်နော်"
"သိပါတယ်" ကင်ဆုံအီက ပြန်ဖြေသည်။
"ကောင်းတယ်" ချွူ ိင်က သောက်လက်စ ဖန်ခွက်ကို အဆုံးသတ်လိုက်သည်။
"ကျွန်တော်တို့ ခင်ဗျားတို့နဲ့အတူ ကြာကြာတွေ့နေလို့ မကောင်းဘူး ကျွန်တော်တို့သွားတော့မယ်။ ခင်ဗျားတို့ ကံကောင်းပါစေ"
လက်ဆွဲနှုတ်ဆက်ကြပြီး သူတို့ ထွက်သွားကြသည်။ လက်ဆွဲအိတ်ကို ကျွန်မထံတွင် ထားခဲ့သည်။ အိတ်ကို ကင်ဆုံအီက သယ်ရမည်။ နှစ်ယောက်သား ဂိတ်ဝဆီသို့ လမ်းလျှောက်လာရင်း သူက
"မင်း သေသေချာချာ မှတ်ထားရမှာက ပုလင်းထဲမှာ ရှိတဲ့ ယမ်းအရည်တွေက အတူတူထားမှ ပေါက်ကွဲအား ပိုကောင်းတယ်။ သူတို့ကို အတူတူ ထားရမယ်။ နောက်တစ်ခုက မင်းယူလာတဲ့ ဓာတ်ခဲဟာ တခြားဓာတ်ခဲနဲ့ အစားထိုးလို့ မရဘူး။ မပျောက်စေနဲ့။ သတိနဲ့ သိမ်းထားရမယ်။ ငါ့ဆေးတွေနဲ့လည်း ရောမထားနဲ့"
စစ်ဆေးရေးဂိတ်သို့ ရောက်သောအခါ လူချင်းခွဲလိုက် ရသည်။ လက်ဆွဲအိတ်များကိုသာမက ခန္ဓာကိုယ် အနှံပါ စစ်ဆေးသောနေရာဖြစ်သည်။
အပြင်ပန်းအားဖြင့် ကျွန်မသည် တည်ငြိမ်နေသော်လည်း နှလုံးခုန်နှုန်းက အလွန်မြန်နေသည်။
အသက် ၃၀ ခန့် မျက်နှာတည်တည်ဖြင့် လုံခြံုရေး
အမျူ ိးသမီးက ကျွန်မထံတွင် ဓာတ်ခဲများကို တွေ့သွားသဖြင့် "လေယာဉ်ပေါ်က်ုိ ဓာတ်ခဲ ယူခွင့်မပြုဘူး" ပြောပြောဆိုဆိုဖြင့် ဓာတ်ခဲများကို ယူထားလိုက်သည်။
ကျွန်မ တုန်လှုပ်သွားသည်။ ဓာတ်ခဲမရှိလျှင် ကျွန်မတို့ အစီအစဉ်ကို အကောင်ထည် မဖော်နိုင်တော့မည် မဟုတ်။ လပေါင်းများစွာ စီစဉ်ခဲ့ရသည့် အစီအစဉ် ရေစုန်မျှောရတော့မည်။ ကျွန်မက ငိုတော့မည့် သကဲ့သို့ တောင်းပန်သော်လည်း အမျူ ိးသမီးက အလျော့မပေး။ ဓာတ်ခဲလေးများအတွက် ကျွန်မ အသည်းအသန် ဖြစ်နေသည်ကိို အမျူ ိးသမီးက သံသယဝင်လာပြီး ဓာတ်ခဲများက်ုိ အနီးရှိ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။
ကျွန်မက ထပ်မံ ဆင်ခြေတက်ရန် ဟန်ပြင်လိုက်သည်။ ဆုံးရှုံးမှုဖြင့် မြောက်ကိုရီးယားသို့ ပြန်၍ မဖြစ်။ မအောင်မြင်သူများကို မည်သို့သော ပြစ်ဒဏ်ပေးသည်ကို ကျွန်မ ကောင်းကောင်းသိသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
January 15 ,2016
No comments:
Post a Comment