Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 27, 2016

လြတ္ၿငိမ္းခ်မ္းသာခြင့္ ရထားသည့္ နယူးဇီလန္ႏုိင္ငံသား အင္းစိန္ေထာင္အတြင္း ဆက္လက္ထားရွိ

သာသနာ ညိွဳးႏြမ္းေစမႈျဖင့္ အက်ဥ္းက်ခံေနရသည့္ နယူးဇီလန္ႏုိင္ငံသား ဖိလစ္ဘလက္၀ုဒ္သည္ ယခုလအတြင္း ထုတ္ျပန္ ေၾကညာခဲ့သည့္ သမၼတ ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္စာရင္းတြင္ ပါ၀င္ခဲ့သျဖင့္ လြတ္ေျမာက္ခြင့္ရရွိခဲ့ေသာ္လည္း ၾသစေၾတးလ် လူ၀င္မႈႀကီးၾကပ္ေရး ဥပေဒ အဟန္႔အတားေၾကာင့္ အက်ဥ္းေထာင္အတြင္း ဆက္လက္ရွိေနဆဲျဖစ္သည္။

ဘလက္၀ုဒ္သည္ ဗုဒၶဦးေခါင္းေတာင္တြင္ နားၾကပ္တပ္ထားသည့္ ပံုပါ၀င္ေသာ ဘားဆုိင္ေၾကာ္ျငာကုိ ေဖ့စ္ဘုတ္တြင္ တင္ခဲ့သျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရျခင္းျဖစ္ၿပီး အင္းစိန္အက်ဥ္းေထာင္တြင္ ၁၃ လၾကာ အက်ဥ္းက်ခံၿပီး ျဖစ္သည္။

သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္အရ လြတ္ေျမာက္ခြင့္ရရွိခဲ့သည့္ဘလက္၀ုဒ္ သည္ ၾသစေၾတးလ်ႏုိင္ငံ၊ ဆစ္ဒနီ ၿမဳိ႕မွတစ္ဆင့္ နယူးဇီလန္ႏုိင္ငံသုိ႔ ျပန္ရန္ စီစဥ္ခဲ့ေသာ္လည္း ထုိခရီးစဥ္ကုိ ၾသစေၾတးလ်အစုိးရက ပိတ္ပင္ခဲ့သျဖင့္ အက်ဥ္းေထာင္အတြင္း ဆက္ရွိေနရျခင္း ျဖစ္သည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္တြင္ ပါ၀င္ေၾကာင္း သိရွိၿပီးေနာက္ ျမန္မာႏုိင္ငံ ဆုိင္ရာ နယူးဇီလန္ သံ႐ံုးမွ တာ၀န္ရွိသူမ်ားသည္ ၿပီးခဲ့သည့္ ေသာၾကာေန႔တြင္ ဘလက္၀ုဒ္ထံ သြားေရာက္ ေတြ႕ဆံုကာ တနလၤာေန႔တြင္ ျမန္မာႏုိင္ငံမွ ေလေၾကာင္းခရီးျဖင့္ ထြက္ခြာရန္ႏွင့္ အဂၤါေန႔တြင္ နယူးဇီလန္သုိ႔ ေရာက္ရွိရန္ စီစဥ္ထားေၾကာင္း ေျပာၾကားခဲ့သည္ ဟု ဖိလစ္ဘလက္၀ုဒ္၏ ဖခင္ ဘ႐ုိင္ယန္ ဘလက္၀ုဒ္က ဆုိသည္။

သုိ႔ေသာ္ ဘလက္၀ုဒ္၏ ခရီးစဥ္တြင္ ဆစ္ဒနီၿမဳိ႕ကုိ ျဖတ္သန္း သြားရမည္ ျဖစ္သျဖင့္ ယင္း၏ ရာဇ၀တ္မႈ မွတ္တမ္းအရ ၾသစေၾတးလ် လူ၀င္မႈႀကီးၾကပ္ေရး၏ တားဆီးျခင္းကုိ ခံခဲ့ရသည္ဟု ဘ႐ုိင္ယန္က ဆုိသည္။ ဘလက္၀ုဒ္အေနျဖင့္ ၾသစေၾတးလ်ကုိ ျဖတ္သန္းသြားခြင့္ရရန္ အထူးခြင့္ျပဳခ်က္ ရယူရန္ လုိအပ္ၿပီး ထုိသုိ႔ရယူရန္ ရက္သတၱပတ္ႏွင့္ ခ်ီ၍ ေစာင့္ဆုိင္းရႏုိင္သည္ဟု ဆုိသည္။

ဘလက္၀ုဒ္သည္ နယူးဇီလန္သုိ႔ အျခားလမ္းေၾကာင္းမွ သြားရန္ ေလယာဥ္ ခရီးစဥ္ စီစဥ္ၿပီးခ်ိန္အထိ အက်ဥ္းေထာင္အတြင္း ဆက္လက္ေနထုိင္ ရမည္ ျဖစ္သည္။ သူ၏ ပတ္စ္ပုိ႔မွာ အက်ဥ္းေထာင္ တြင္ ေပ်ာက္ဆံုး ခဲ့ျခင္းေၾကာင့္လည္း လႊတ္ေပးရာတြင္ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚခဲ့သည္ဟု ဆုိသည္။

ဖခင္ျဖစ္သူ ဘ႐ုိင္ယန္က “သူ႕ကုိ ေထာင္က လႊတ္မေပးေသးေပမယ့္ သူက လြတ္လပ္ လူတစ္ေယာက္ပါ” ဟု ေျပာၾကားခဲ့သည္။

ဘလက္၀ုဒ္သည္ ၂၀၁၄ ဒီဇင္ဘာ ၁၀ တြင္ ဖမ္းဆီးခံရၿပီးေနာက္ ၁၃ လၾကာ အက်ဥ္းက်ခံေနခဲ့ရသည့္ အခ်ိန္အတြင္း ကုိယ္အေလးခ်ိန္ ၂၀ ကီလုိခန္႔ ေလ်ာ့က်သြားသည္ဟု ဆုိသည္။ ဘလက္၀ုဒ္သည္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ခြဲ ခ်မွတ္ခံခဲ့ရျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ထုတ္ျပန္ခဲ့သည့္ သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ စာရင္းတြင္ ႏုိင္ငံသား အက်ဥ္းား ၁၀၁ ဦးႏွင့္ အတူ ပါ၀င္ခဲ့ျခင္းျဖစ္သည္။

သုိ႔ေသာ္ အက်ဥ္းေထာင္အတြင္း ဆက္ရွိေနရျခင္းႏွင့္ ပတ္သက္၍ နယူးဇီလန္ ႏုိင္ငံျခားေရးႏွင့္ ကုန္သြယ္ေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂိၢဳလ္က မွတ္ခ်က္ေပးရန္ ျငင္းဆုိခဲ့သည္။ ယင္းက “မစၥတာ ဘလက္၀ုဒ္ကုိ ျပန္လည္ ပုိ႔ေဆာင္ဖုိ႔ ကိစၥရပ္အတြက္ သက္ဆုိင္ရာ အာဏာပုိင္ေတြ၊ မစၥတာ ဘလက္သုဒ္ရဲ႕ မိသားစုေတြနဲ႔ ညိွႏိႈင္း ေဆာင္ရြက္ေနပါတယ္” ဟု ေျပာၾကားခဲ့သည္။

KHTun

The Ladies News
..............
လွတ်ငြိမ်းချမ်းသာခွင့် ရထားသည့် နယူးဇီလန်နိုင်ငံသား အင်းစိန်ထောင်အတွင်း ဆက်လက်ထားရှိ

သာသနာ ညှိုးနွမ်းစေမှုဖြင့် အကျဉ်းကျခံနေရသည့် နယူးဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်သည် ယခုလအတွင်း ထုတ်ပြန် ကြေညာခဲ့သည့် သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါ၀င်ခဲ့သဖြင့် လွတ်မြောက်ခွင့်ရရှိခဲ့သော်လည်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဥပဒေ အဟန့်အတားကြောင့် အကျဉ်းထောင်အတွင်း ဆက်လက်ရှိနေဆဲဖြစ်သည်။

ဘလက်ဝုဒ်သည် ဗုဒ္ဓဦးခေါင်းတောင်တွင် နားကြပ်တပ်ထားသည့် ပုံပါ၀င်သော ဘားဆိုင်ကြော်ငြာကို ဖေ့စ်ဘုတ်တွင် တင်ခဲ့သဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အင်းစိန်အကျဉ်းထောင်တွင် ၁၃ လကြာ အကျဉ်းကျခံပြီး ဖြစ်သည်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခွင့်ရရှိခဲ့သည့်ဘလက်ဝုဒ် သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့မှတစ်ဆင့် နယူးဇီလန်နိုင်ငံသို့ ပြန်ရန် စီစဉ်ခဲ့သော်လည်း ထိုခရီးစဉ်ကို သြစတြေးလျအစိုးရက ပိတ်ပင်ခဲ့သဖြင့် အကျဉ်းထောင်အတွင်း ဆက်ရှိနေရခြင်း ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါ၀င်ကြောင်း သိရှိပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန် သံရုံးမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် သောကြာနေ့တွင် ဘလက်ဝုဒ်ထံ သွားရောက် တွေ့ဆုံကာ တနင်္လာနေ့တွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာရန်နှင့် အင်္ဂါနေ့တွင် နယူးဇီလန်သို့ ရောက်ရှိရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည် ဟု ဖိလစ်ဘလက်ဝုဒ်၏ ဖခင် ဘရိုင်ယန် ဘလက်ဝုဒ်က ဆိုသည်။

သို့သော် ဘလက်ဝုဒ်၏ ခရီးစဉ်တွင် ဆစ်ဒနီမြို့ကို ဖြတ်သန်း သွားရမည် ဖြစ်သဖြင့် ယင်း၏ ရာဇဝတ်မှု မှတ်တမ်းအရ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး၏ တားဆီးခြင်းကို ခံခဲ့ရသည်ဟု ဘရိုင်ယန်က ဆိုသည်။ ဘလက်ဝုဒ်အနေဖြင့် သြစတြေးလျကို ဖြတ်သန်းသွားခွင့်ရရန် အထူးခွင့်ပြုချက် ရယူရန် လိုအပ်ပြီး ထိုသို့ရယူရန် ရက်သတ္တပတ်နှင့် ချီ၍ စောင့်ဆိုင်းရနိုင်သည်ဟု ဆိုသည်။

ဘလက်ဝုဒ်သည် နယူးဇီလန်သို့ အခြားလမ်းကြောင်းမှ သွားရန် လေယာဉ် ခရီးစဉ် စီစဉ်ပြီးချိန်အထိ အကျဉ်းထောင်အတွင်း ဆက်လက်နေထိုင် ရမည် ဖြစ်သည်။ သူ၏ ပတ်စ်ပို့မှာ အကျဉ်းထောင် တွင် ပျောက်ဆုံး ခဲ့ခြင်းကြောင့်လည်း လွှတ်ပေးရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ဖခင်ဖြစ်သူ ဘရိုင်ယန်က “သူ့ကို ထောင်က လွှတ်မပေးသေးပေမယ့် သူက လွတ်လပ် လူတစ်ယောက်ပါ” ဟု ပြောကြားခဲ့သည်။

ဘလက်ဝုဒ်သည် ၂၀၁၄ ဒီဇင်ဘာ ၁၀ တွင် ဖမ်းဆီးခံရပြီးနောက် ၁၃ လကြာ အကျဉ်းကျခံနေခဲ့ရသည့် အချိန်အတွင်း ကိုယ်အလေးချိန် ၂၀ ကီလိုခန့် လျော့ကျသွားသည်ဟု ဆိုသည်။ ဘလက်ဝုဒ်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းတွင် နိုင်ငံသား အကျဉ်းား ၁၀၁ ဦးနှင့် အတူ ပါ၀င်ခဲ့ခြင်းဖြစ်သည်။

သို့သော် အကျဉ်းထောင်အတွင်း ဆက်ရှိနေရခြင်းနှင့် ပတ်သက်၍ နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယင်းက “မစ္စတာ ဘလက်ဝုဒ်ကို ပြန်လည် ပို့ဆောင်ဖို့ ကိစ္စရပ်အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ မစ္စတာ ဘလက်သုဒ်ရဲ့ မိသားစုတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

KHTun

The Ladies News


No comments:

Post a Comment