ရန္ကုန္တိုင္းေဒသႀကီးလံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းႏွင့္ ေတြ႕ဆံုျခင္း
Byၿငိမ္းခ်မ္းOn Wed, 2016-01-27 09:30Issue No.အတြဲ (၁၄)၊ အမွတ္ (၄၇)
ဗုိလ္မွဴးႀကီးတင္ေအာင္ထြန္း (ဓာတ္ပံု - ေက်ာ္ဇင္သန္း)
ရန္ကုန္တုိင္းအတြင္း က်ဴးေက်ာ္မ်ားကို အင္အားသံုးဖယ္ရွားေနေသာေၾကာင့္ အစိုးရအေပၚေဝဖန္မႈမ်ား ျမင့္တက္ေနသည္။ စီမံခ်က္ေၾကာင့္ ဖယ္ရွားျခင္းျဖစ္သည္ဟု အာဏာပိုင္မ်ားက ေျပာၾကားထားေသာ္လည္း ယခုကာလတြင္မွ က်ဴးေက်ာ္မ်ားကို အင္အား သံုးဖယ္ရွားျခင္းသည္ျပႆနာမ်ား ပိုမိုႀကီးထြားေစႏိုင္သည္ဟုလည္း သံုးသပ္သူမ်ားရွိသည္။ က်ဴးေက်ာ္မ်ားကို ဖယ္ရွားရာတြင္ လံုၿခံဳေရးအတြက္ ရန္ကုန္တိုင္းလံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာနက ေဆာင္ရြက္ေပးေနသည္။ ထိုကဲ့သို႔လံုၿခံဳေရးေဆာင္ရြက္ေပးေနေသာ ရန္ကုန္တိုင္းေဒသႀကီးလံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းႏွင့္ 7Day News ဂ်ာနယ္က သီးသန္႔ေတြ႕ဆံုေမးျမန္းထားသည္မ်ားကို စာဖတ္သူမ်ားအတြက္
ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါသည္။
ရန္ကုန္ၿမိဳ႕မွာရွိတဲ့ က်ဴးေက်ာ္ေတြကို ဆက္တိုက္ဖယ္ရွားေနတာဟာ စီမံခ်က္နဲ႔ဖယ္ရွားေနတာပါလား။ စီမံခ်က္နဲ႔ဖယ္ရွားေနတာဆိုရင္လည္းအေသးစိတ္ ရွင္းျပေပးပါ။
စီမံခ်က္ဆိုတာကေတာ့ ဒီလိုရွိတာေပါ့။ ရန္ကုန္မွာေတာ့ ၄၅ ၿမိဳ႕နယ္မွာ က်ဴးေက်ာ္ေတြကေတာ့ ရွိေနတာေပါ့။ က်ဴးေတြက အခုမွ ျဖစ္လာတာမဟုတ္ဘူး။ ဟိုးလြတ္လပ္ေရးမရခင္ အရင္ကတည္းက က်ဴးသမိုင္းကရွိၿပီးသားကိုး။ အစိုးရအဆက္ဆက္က ရွင္းေတာ့ရွင္းလာခဲ့တာေပါ့။ ဒါေပမဲ့ မျပတ္ဘူးေပါ့။ မျပတ္တဲ့ဟာေတြ ျဖစ္ေနတာေပါ့။ အခုဟာက်ေတာ့လည္း ကိုယ္တို႔က အတင္းလိုက္ၿပီးရွင္းေနတာမဟုတ္ပါဘူး။ တကယ့္ က်ဴးရွိတာေတြကေတာ့ ၿမိဳ႕နယ္တိုင္းနီးနီးေလာက္ရွိတယ္။ စီမံကိန္းရွိၿပီးေတာ့ လိုအပ္တဲ့ေနရာေတြေတာ့ ဥပေဒနဲ႔အညီရွင္းတာေပါ့။ ရွင္းတဲ့အခါမွာလည္း မနက္ျဖန္က် ရွင္းလိုက္ေတာ့လို႔ ဒီလုိမ်ိဳး မဟုတ္ပါဘူး။ သူတို႔ကို ဥပေဒနဲ႔အညီ သတိေပးတယ္။ ေမးတယ္။ ေတြ႕တယ္။ ေဆြးေႏြးတယ္။ ၿပီးေတာ့မွ ရွင္းတာပါ။
အာဏာရွင္ဦးေနဝင္းလက္ထက္တုန္းကေတာင္ က်ဴးေက်ာ္ေတြကို ဖယ္ရွားရာမွာ စာေမးပြဲေျဖဆိုရက္ေတြနီးတဲ့ အခ်ိန္ေတြနဲ႔ ပြဲလမ္းသဘင္၊ အခါႀကီးရက္ေတြကိုေရွာင္ၿပီး ဖယ္ရွားတယ္လို႔ သိရပါတယ္။ အခုလက္ရွိအခ်ိန္မွာလည္း ကေလးေတြက စာေမးပြဲေျဖဆိုရက္ေတြ ေရာက္ေတာ့မယ္ဆုိေတာ့ ဒီလုိအခ်ိန္မ်ိဳးကို ဘာေၾကာင့္ ေရြးလုပ္တာလဲ။
အဲဒါက ခ်က္ခ်င္းႀကီးရွင္းတာ မဟုတ္ဘူးေလ။ ႀကိဳၿပီးေတာ့မွ သတိေပးတယ္။ ကိုယ္က်ဴးလား၊ မက်ဴးလားကိုယ္ပဲသိတယ္။ မဟုတ္ဘူးလား။ ကိုယ္က ရပ္ကြက္ထဲမွာေနၿပီး ကိုယ့္အိမ္ကတရားဝင္အိမ္လား၊ တရားမဝင္အိမ္လားဆိုတာ ကိုယ္ပဲသိတယ္ေလ။ ကိုယ္ကက်ဴးထားၿပီဆိုကတည္းက ဥပေဒနဲ႔မညီေတာ့ဘူး။ ဖယ္ရမယ္ဆိုတာႀကီးက အသိအကုန္ရွိၿပီးသားပါ။
ေနာင္တက္လာမယ့္အစိုးရအေပၚမွာ က်ဴးျပႆနာေတြမက်န္ခဲ့ေအာင္ဆိုၿပီး အစိုးရကေျဖရွင္းေပးတာလို႔ ၾကားသိရပါတယ္။ ျဖစ္လာမယ့္ အေနအထားေတြကဆန္႔က်င္ဘက္ေတြျဖစ္လာမယ္လို႔ ေဝဖန္ေနၾကပါတယ္။
ျပႆနာေတြျဖစ္ေအာင္ ဖန္တီးေနတာလားလို႔ ေဝဖန္သူေတြရွိပါတယ္။
ျပႆနာမျဖစ္ႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ဴးကဥပေဒနဲ႔မညီတာကို ဥပေဒနဲ႔အညီရွင္းေနတဲ့အတြက္ေၾကာင့္
ျပႆနာမရွိႏိုင္ဘူး။
က်ဴးေက်ာ္ေျမေနရာေတြကို အစိုးရက ကုမၸဏီေတြဆီေရာင္းထားၿပီးၿပီျဖစ္လို႔ အဲဒီေျမေနရာေတြကို ေနာက္အစိုးရ
လက္ထက္က်ရင္ မရေတာ့မွာစိုးလို႔ ဒီအစိုးရသက္တမ္းမကုန္ခင္မွာ အေရးေပၚစီမံခ်က္နဲ႔ အရယူသိမ္းဆည္း
ေနတာလို႔ စြပ္စြဲေနၾကတာေတြရွိပါတယ္။ အဲဒီအေပၚမွာေကာ ဘာေျပာခ်င္လဲ။
မရွိပါဘူး။ အခုရွင္းေနတာက ႏိုင္ငံေတာ္ေျမေတြပဲ။ ပုဂၢလိကပိုင္ေျမနဲ႔ ကုမၸဏီပိုင္ေျမေတြရွင္းတာမရွိပါဘူး။ ပုဂၢလိကပိုင္ေျမကိုက်ဴးရင္ သူ႔ဟာသူရဲစခန္းမွာ အမႈဖြင့္မယ္၊ အမႈရင္ဆိုင္မယ္။ ဒါဟာ ဥပေဒနဲ႔အညီရွင္းတာပါ။ အခုရွင္းေနတာက အစိုးရပိုင္ေျမျဖစ္တဲ့အတြက္ေၾကာင့္ ရွင္းေနတာပါ။
စီမံခ်က္နဲ႔ ရွင္းေနတာဆိုရင္ေကာ ဘယ္လိုမ်ိဳး စီမံခ်က္ေတြနဲ႔ ရွင္းေနတာလဲ။ ဖယ္ရွားခံရတဲ့က်ဴးေက်ာ္ေတြကုိ ေနရာအစားထိုးေပးဖို႔ အစီအစဥ္ရွိလား။
ဥပမာ လယ္ဆည္ဆိုရင္ လယ္ဆည္ေျမေပါ့။ သူဘာစိုက္မယ္ ကိုယ္တုိ႔မသိဘူး။ သူ႔ေျမထဲမွာ က်ဴးေနတာျဖစ္တဲ့အတြက္ေၾကာင့္ ရွင္းေပးတာပါ။ သူဘာပင္စိုက္မယ္ဆိုတာ ကိုယ္တုိ႔အလုပ္ မဟုတ္ဘူး။ ဒီအတိုင္းပဲ ေဆာက္လုပ္ေရးဝန္ႀကီးဌာနရဲ႕ ေျမဆိုရင္လည္း သူ႔ေျမမွာက်ဴးတယ္ဆိုရင္ ရွင္းေပးလိုက္တာပဲရွိတယ္။ အလုပ္သမားေတြ တန္းလ်ားေဆာက္မွာလား၊ ဝန္ထမ္းေတြအိမ္ေဆာက္မွာလားမသိဘူး။ ကိုယ္တို႔က လံုၿခံဳေရးအပိုင္းက ျဖစ္တဲ့အတြက္ေၾကာင့္ လံုၿခံဳေရးေဆာင္ရြက္ေပးတာပဲျဖစ္တယ္။ ေနရာစီစဥ္ေပးတာကေတာ့
ေဆာက္လုပ္ေရးဝန္ႀကီးဌာနကပဲ အေသးစိတ္သိလိမ့္မယ္။ သူတန္ဖိုးနည္းအိမ္ရာတို႔ဘာတို႔ ေရာင္းခ်ေပးတာရွိတာေပါ့။
က်ဴးေက်ာ္ေတြက အမ်ိဳးမ်ိဳးရွိတယ္ဆိုၿပီး ေျပာဆိုေနၾကတယ္။ တခ်ိဳ႕ကလည္း ေနစရာမရွိလို႔ နဂိုကတည္းက ေနၾကတယ္၊ တခ်ိဳ႕လည္း အခြင့္ေကာင္းယူၿပီး ေနရာယူေနၾကတယ္လို႔ ေျပာဆိုေနၾကပါတယ္။ က်ဴးေက်ာ္ေတြကို ေလ့လာမိသေလာက္ ဘယ္လိုပံုစံေတြ႕မိလဲ။
က်ဴးကလည္း ေနစရာမရွိလို႔က်ဴးတာနဲ႔ ေနစရာရွိရဲ႕သားနဲ႔ ေျမကြက္သြားဦးထားတာေတြလည္း ရွိတယ္။ လူမရွိဘူး၊ ၿခံစည္း႐ိုးတိုင္ေလးေတြစိုက္ထားတယ္။ တဲထိုးထားတယ္။ ၿပီးေတာ့ ဖ်က္လိုက္တဲ့အခ်ိန္က် သူကသူ႔အိမ္မွာေနတာပဲ။ အဲဒီလိုဟာေတြလည္း အမ်ားႀကီးပဲ။ ေနစရာရွိတယ္။ ေျပာရမယ္ဆိုရင္ ေရြ႕လ်ားက်ဴးေတြေပါ့ကြာ။ သူတုိ႔က ဒီေနရာဘာေနရာလဲဆိုတာသိတယ္။ ဒါသည္ ကုမၸဏီေျမလား၊ ေျမလြတ္ေျမ႐ိုင္းလား၊ ဘယ္ဝန္ႀကီးဌာနေျမလဲ အကုန္သိတယ္။ သိၿပီးေတာ့မွ ဝင္ၿပီးေတာ့က်ဴးတာ။ ဘာမွမျဖစ္ေလာက္ပါဘူးဆိုၿပီး က်ဴးတယ္။ ဖယ္ရွားရွင္းလင္းတဲ့ အခါက်ေတာ့ ေျမကြက္ေတာင္းမယ္တုိ႔၊ တိုက္ခန္းေတာင္းမယ္တို႔ ရွိတယ္။ တခ်ိဳ႕ကလည္း လာၿပီးေတာ့မွ စီးပြားေရးတစ္ခုအေနနဲ႔ က်ဴးတာ။ ရရင္လည္း အျမတ္၊ မရရင္လည္း အရင္းဆိုၿပီးေတာ့မွ လုပ္တဲ့သူေတြလည္းရွိတယ္။
ရန္ကုန္တိုင္းအတြင္းမွာ က်ဴးေက်ာ္ေတြ ဘယ္ေလာက္ရွိပါလဲ။
အဲဒါကေတာ့ တိတိက်က် ေကာက္ထားတာေတာ့ မရွိဘူး။ က်ဴးေက်ာ္ဆိုတာ ဒီေန႔ဒီမွာပဲရွိေပမယ့္ ေနာက္ေန႔ရွိခ်င္မွ
ရွိေတာ့မွာ။ သူက ဒီေန႔လႈိင္သာယာမွာ အလုပ္လုပ္ေနတယ္။ သူ႔အလုပ္က ဒဂံုအေရွ႕ကို ေျပာင္းသြားရင္ သူ႔တဲကိုဖ်က္ၿပီး ေျပာင္းသြားတာကိုး။ တဲေတြကေတာ့ သတင္းပို႔ၿပီးေတာ့ ေဆာက္ထားတာမဟုတ္ေတာ့ စာရင္းအတိအက်မရွိဘူး။ ဒါေပမဲ့ ရန္ကုန္ ၄၅ ၿမိဳ႕နယ္မွာေတာ့ ေသာင္းဂဏန္းေလာက္ရွိမယ္။
ရန္ကုန္မွာရွိတဲ့ က်ဴးေက်ာ္ေတြကို အကုန္ရွင္းလင္းသြားမွာလား၊ ဘယ္ၿမိဳ႕နယ္မွာရွိတဲ့ က်ဴးေက်ာ္ေတြက စီမံခ်က္ထဲမွာပါေနလဲဗ်။
အကုန္လံုးဖယ္ရွားဖို႔ဆိုတာက ရာႏႈန္းျပည့္ေတာ့ ဖယ္ရွားဖို႔ အခက္အခဲရွိတာေပါ့။ လိုအပ္သေလာက္ေပါ့။ စီမံကိန္းေနရာေတြ အကုန္ဖယ္ရွားရွင္းလင္းသြားမွာပါ။ အမိန္႔ထုတ္ထားတာေတာ့ မရွိပါဘူး။ ရွင္းရမယ့္ေနရာေတြ ရွင္းသြားမွာေပါ့။ ဘယ္ေန႔ဘာရွင္းမယ္ဆိုတာေတာ့ မရွိေသးဘူး။ လႈိင္သာယာ၊ ေရႊျပည္သာ၊ ဒဂံုဆိပ္ကမ္း ဒါေတြကအမ်ားဆံုးပါ။
အခုရန္ကုန္္ၿမိဳ႕မွာ လူမုိက္ေတြကို လိုက္လံဖမ္းဆီးေနပါတယ္။ ဘယ္အထိ လိုက္ဖို႔ရိွပါသလဲ။ ဒီလိုလုပ္ျဖစ္ရတဲ့ အေၾကာင္းရင္းကဘာပါလဲ။
လူမုိက္ဆိုတဲ့ အသံုးအႏႈန္းဆိုကတည္းက ဥပေဒနဲ႔မညီေတာ့ဘူးေလ။ ဥပေဒနဲ႔မညီေတာ့ မညီတဲ့သူေတြကို ေဖာ္ထုတ္
ဖမ္းဆီးတာပဲ။ ဒါေပမဲ့ ဘယ္သူကမွခိုင္းလို႔ မဟုတ္ဘူး။ သူ႔ဟာသူ ကိုယ္စီတာဝန္ရွိၿပီးသားပဲ။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွာ ဆိုရင္လည္း သူ႔ဖြဲ႕စည္းပံုရွိပါတယ္။ စခန္းမွဴးရွိတယ္။ ခ႐ိုင္မွဴး ရွိတယ္။ ခ႐ိုင္ရဲ႕အေပၚမွာ ရဲမင္းႀကီးတို႔ရွိတာေပါ့။ သူ႔တာဝန္အလိုက္ ထမ္းေဆာင္တာပဲ။ လူေတြေျပာလို႔ လိုက္ဖမ္းေနတာမဟုတ္ဘူး။ သူ႔ဟာသူ သူ႔ျပစ္မႈနဲ႔ဖမ္းေနတာ။ ဒီသေဘာပါပဲ။ လူမိုက္ဆိုတာ ဥပေဒနဲ႔မညီေတာ့ ဖမ္းေနတာပါ။ ေရႊျပည္သူတို႔၊လႈိင္သာယာတို႔တင္ လိုက္ဖမ္းေနတာမဟုတ္ဘူး။ ၿမိဳ႕နယ္တိုင္းမွာရွိတဲ့ လူမုိက္မွန္သမွ်အကုန္ဖမ္းမွာပဲ။ ဘယ္ေတာ့ထိ ဖမ္းမွာလဲဆိုတာက ဒီလူေတြရွိတဲ့အထိ လုိုက္ဖမ္းေနမွာပဲ။ လူမိုက္က တစ္ေယာက္ဖမ္းလိုက္မယ္။ ေနာက္တစ္ေယာက္ေပၚလာ မယ္ဆိုလည္း ဆက္ဖမ္းေနဦးမွာပဲ။ ေနာက္တစ္ေယာက္ထပ္ေပၚလာလည္း ထပ္ဖမ္းမွာပဲ။
ရန္ကုန္ၿမိဳ႕မွာ လံုၿခံဳေရးနဲ႔ပတ္သက္ၿပီး အဓိကႀကံဳရတဲ့ အခက္အခဲက ဘာျဖစ္မလဲ။
အဓိကက ရဲတပ္ဖြဲ႕အင္အား ျပည့္ျပည့္စံုစံု မလံုေလာက္တာေပါ့။ ရန္ကုန္တိုင္းမွာရွိတဲ့ လူအင္အားနဲ႔ဆိုရင္ ရဲတစ္ေယာက္က ျပည္သူ ၁,၂၀၀ ေလာက္ကိုၾကည့္ေနရတဲ့အခါက် ေထာင့္ေစ့ေအာင္ မလုပ္ႏိုင္ဘူး။ ဒါေၾကာင့္ ျပည္သူေတြက ၀ိုင္းၿပီးသတင္းေပးရမွာေပါ့။ လုယက္မႈျဖစ္ေနတယ္ဆိုရင္လည္း ဖုန္းနဲ႔လွမ္းၿပီးသတင္းေပးရမွာေပါ့။ အကုန္လံုးက ဝိုင္းၿပီး ကူညီမယ္ဆိုရင္လည္း ျမန္ျမန္ဆန္ဆန္ မိတာေပါ့။ က်ဴးလြန္တဲ့သူကလည္း ရဲကားႀကီးလာတဲ့အခ်ိန္ ဘယ္က်ဴးလြန္မလဲ။ အေျခအေနၾကည့္ေနတာေပါ့။ ျပည္သူေတြက လံုၿခံဳေရးအသိရွိစြာနဲ႔ ပူးေပါင္းပါဝင္ေပးမယ္ဆိုရင္ လ်င္လ်င္ျမန္ျမန္ေဖာ္ထုတ္ဖမ္းဆီးႏိုင္တာေပါ့။
ေဒသတြင္းတခ်ိဳ႕ႏိုင္ငံေတြမွာ အၾကမ္းဖက္မႈေတြရွိလာပါတယ္။ ျပည္တြင္းထဲကို အၾကမ္းဖက္သမားေတြ ဝင္ေရာက္ေနတယ္လို႔ ေျပာဆိုေနၾကပါတယ္။ အၾကမ္းဖက္သမားေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုျပင္ဆင္ပါသလဲ။
တ႐ုတ္ျပည္မွာ အုိင္အက္စ္ ၁၁ ေယာက္လိုက္ဖမ္းလို႔ ျမန္မာ ျပည္ထဲေျပးတယ္ဆိုတာေပါ့။ သို႔ေပမဲ့ မဟုတ္ပါဘူး။ ဒါေပမဲ့သတင္းက ဘယ္ကပဲရရ သတင္းကသတင္းပဲ။ မွန္တာပဲျဖစ္ျဖစ္၊ မွားတာပဲျဖစ္ျဖစ္ သတင္းရၿပီဆုိတာနဲ႔ လံုၿခံဳေရးကို ပိုၿပီးေတာ့တပ္လွန္႔ထားတာေပါ့။ ျမန္မာျပည္ထဲမွာ ဝင္လာႏိိုင္တဲ့ ဂိတ္ေပါက္ေတြ အကုန္လံုး သတိေပးတယ္။ စီစီတီဗီေတြအကုန္လံုး ျပန္စစ္တယ္။ ျပန္ၿပီးေတာ့ မွတ္တမ္းေတြအကုန္လံုး ျပန္စစ္တယ္။ အားနည္းခ်က္ဘာေတြရွိလဲဆိုတာ ျပန္စစ္တယ္။ လွည့္ကင္းေတြ တိုးခ်တာေတြလုပ္ရတာေပါ့။ အကုန္လုပ္ထားတာေပါ့။ ႏိုင္ငံျခားသားေတြ စစ္တယ္။ ဧည့္စာရင္းစစ္တာေတြလုပ္ရတာေပါ့။
လံုၿခံဳေရးေကာ ဘယ္ေလာက္ထိ တိုးခ်ထားလဲ။
လံုၿခံဳေရးကေတာ့ အကုန္ပဲ။ ရဲအင္အား ၆,၀၀၀ ေက်ာ္ အကုန္ခ်ထားတယ္။ အင္းစိန္ၿမိဳ႕နယ္မွာ ၅၀၀ ရွိရင္ရိွမယ္။ အဲဒီ ၅၀၀ က ေတာ့ အကုန္ပဲ။ ၅၀၀ ထဲမွာစခန္းမွာဂ်ဴတီက်တဲ့သူရွိမယ္။ လူဆိုးလိုက္ဖမ္္းတဲ့သူရွိမယ္။ အဲဒီကိစၥေတြၿပီးတာနဲ႔ အကုန္ျပန္လုပ္တာပဲ။
ေရြးေကာက္ပြဲအႏိုင္ရ အင္န္အယ္လ္ဒီပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က လာမယ့္အစိုးရပိုင္းမွာ ရာထူးႀကီးႀကီး တာဝန္ထမ္းေဆာင္ဖို႔ရွိပါတယ္။ ဒီလိုမ်ိဳးအေရးႀကီးတဲ့ လူတစ္ေယာက္ကို ေရြးေကာက္ပြဲၿပီးကတည္းက အစိုးရပိုင္းအေနနဲ႔ လံုၿခံဳေရးေပးတာေတြမေတြ႕ရေသးဘူး။ သမၼတျဖစ္ႏိုင္တဲ့သူေတြ၊ ထင္ရွားေက်ာ္ၾကားတဲ့သူေတြဆို လံုၿခံဳေရးေပးမယ္လို႔ ေနျပည္ေတာ္ဘက္ကေျပာထားတာရွိပါတယ္။ သူကေနျပည္ေတာ္မွာ အေနမ်ားေပမယ့္ ရန္ကုန္မွာလည္းေနေတာ့ ရန္ကုန္မွာ လံုၿခံဳေရးေပးဖို႔ အစီအစဥ္ရွိပါသလား။
ေလာေလာဆယ္မရွိပါဘူး။ ေလာေလာဆယ္ သူကပါတီရဲ႕ အႀကီးအကဲတစ္ေယာက္ပဲေလ။ က်န္တဲ့ပါတီေတြကလည္း အမ်ားႀကီးပဲေလ။ အဲဒါေၾကာင့္ လံုၿခံဳေရးေပးမယ္ဆိုရင္ အမ်ားႀကီးျဖစ္သြားမွာေပါ့။ ဒီရန္ကုန္မွာလာလို႔ရွိရင္ ဒီမွာရွိေနတဲ့သူေတြအကုန္လံုး အ ယုတ္အလတ္အျမတ္မေရြးအကုန္လံုးကို လုပ္ေပးေနတာပါ။ အကုန္လံုးအတြက္ လံုၿခံဳေရးလုပ္ေပးထားတာျဖစ္တဲ့အတြက္ ေလာေလာဆယ္ေတာ့ ၫႊန္ၾကားခ်က္မရွိေသးေတာ့ မလုပ္ေပးေသးပါဘူး။
ညႊန္ၾကားခ်က္ရွိရင္ေတာ့ ဘယ္သူျဖစ္ျဖစ္လုပ္ေပးမွာပါ။
ေက်းဇူးတင္ပါတယ္။
7Daydaily
...................
“ကျူးက ဥပဒေနဲ့မညီတာကို ဥပဒေနဲ့အညီရှင်းနေတဲ့အတွက်ကြောင့် ပြဿနာမရှိနိုင်ဘူး”
ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းနှင့် တွေ့ဆုံခြင်း
Byငြိမ်းချမ်းOn Wed, 2016-01-27 09:30Issue No.အတွဲ (၁၄)၊ အမှတ် (၄၇)
ဗိုလ်မှူးကြီးတင်အောင်ထွန်း (ဓာတ်ပုံ - ကျော်ဇင်သန်း)
ရန်ကုန်တိုင်းအတွင်း ကျူးကျော်များကို အင်အားသုံးဖယ်ရှားနေသောကြောင့် အစိုးရအပေါ်ဝေဖန်မှုများ မြင့်တက်နေသည်။ စီမံချက်ကြောင့် ဖယ်ရှားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားထားသော်လည်း ယခုကာလတွင်မှ ကျူးကျော်များကို အင်အား သုံးဖယ်ရှားခြင်းသည်ပြဿနာများ ပိုမိုကြီးထွားစေနိုင်သည်ဟုလည်း သုံးသပ်သူများရှိသည်။ ကျူးကျော်များကို ဖယ်ရှားရာတွင် လုံခြံုရေးအတွက် ရန်ကုန်တိုင်းလုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည်။ ထိုကဲ့သို့လုံခြံုရေးဆောင်ရွက်ပေးနေသော ရန်ကုန်တိုင်းဒေသကြီးလုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းနှင့် 7Day News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်သူများအတွက်
ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်တွေကို ဆက်တိုက်ဖယ်ရှားနေတာဟာ စီမံချက်နဲ့ဖယ်ရှားနေတာပါလား။ စီမံချက်နဲ့ဖယ်ရှားနေတာဆိုရင်လည်းအသေးစိတ် ရှင်းပြပေးပါ။
စီမံချက်ဆိုတာကတော့ ဒီလိုရှိတာပေါ့။ ရန်ကုန်မှာတော့ ၄၅ မြို့နယ်မှာ ကျူးကျော်တွေကတော့ ရှိနေတာပေါ့။ ကျူးတွေက အခုမှ ဖြစ်လာတာမဟုတ်ဘူး။ ဟိုးလွတ်လပ်ရေးမရခင် အရင်ကတည်းက ကျူးသမိုင်းကရှိပြီးသားကိုး။ အစိုးရအဆက်ဆက်က ရှင်းတော့ရှင်းလာခဲ့တာပေါ့။ ဒါပေမဲ့ မပြတ်ဘူးပေါ့။ မပြတ်တဲ့ဟာတွေ ဖြစ်နေတာပေါ့။ အခုဟာကျတော့လည်း ကိုယ်တို့က အတင်းလိုက်ပြီးရှင်းနေတာမဟုတ်ပါဘူး။ တကယ့် ကျူးရှိတာတွေကတော့ မြို့နယ်တိုင်းနီးနီးလောက်ရှိတယ်။ စီမံကိန်းရှိပြီးတော့ လိုအပ်တဲ့နေရာတွေတော့ ဥပဒေနဲ့အညီရှင်းတာပေါ့။ ရှင်းတဲ့အခါမှာလည်း မနက်ဖြန်ကျ ရှင်းလိုက်တော့လို့ ဒီလိုမျိုး မဟုတ်ပါဘူး။ သူတို့ကို ဥပဒေနဲ့အညီ သတိပေးတယ်။ မေးတယ်။ တွေ့တယ်။ ဆွေးနွေးတယ်။ ပြီးတော့မှ ရှင်းတာပါ။
အာဏာရှင်ဦးနေဝင်းလက်ထက်တုန်းကတောင် ကျူးကျော်တွေကို ဖယ်ရှားရာမှာ စာမေးပွဲဖြေဆိုရက်တွေနီးတဲ့ အချိန်တွေနဲ့ ပွဲလမ်းသဘင်၊ အခါကြီးရက်တွေကိုရှောင်ပြီး ဖယ်ရှားတယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာလည်း ကလေးတွေက စာမေးပွဲဖြေဆိုရက်တွေ ရောက်တော့မယ်ဆိုတော့ ဒီလိုအချိန်မျိုးကို ဘာကြောင့် ရွေးလုပ်တာလဲ။
အဲဒါက ချက်ချင်းကြီးရှင်းတာ မဟုတ်ဘူးလေ။ ကြိုပြီးတော့မှ သတိပေးတယ်။ ကိုယ်ကျူးလား၊ မကျူးလားကိုယ်ပဲသိတယ်။ မဟုတ်ဘူးလား။ ကိုယ်က ရပ်ကွက်ထဲမှာနေပြီး ကိုယ့်အိမ်ကတရားဝင်အိမ်လား၊ တရားမဝင်အိမ်လားဆိုတာ ကိုယ်ပဲသိတယ်လေ။ ကိုယ်ကကျူးထားပြီဆိုကတည်းက ဥပဒေနဲ့မညီတော့ဘူး။ ဖယ်ရမယ်ဆိုတာကြီးက အသိအကုန်ရှိပြီးသားပါ။
နောင်တက်လာမယ့်အစိုးရအပေါ်မှာ ကျူးပြဿနာတွေမကျန်ခဲ့အောင်ဆိုပြီး အစိုးရကဖြေရှင်းပေးတာလို့ ကြားသိရပါတယ်။ ဖြစ်လာမယ့် အနေအထားတွေကဆန့်ကျင်ဘက်တွေဖြစ်လာမယ်လို့ ဝေဖန်နေကြပါတယ်။
ပြဿနာတွေဖြစ်အောင် ဖန်တီးနေတာလားလို့ ဝေဖန်သူတွေရှိပါတယ်။
ပြဿနာမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျူးကဥပဒေနဲ့မညီတာကို ဥပဒေနဲ့အညီရှင်းနေတဲ့အတွက်ကြောင့်
ပြဿနာမရှိနိုင်ဘူး။
ကျူးကျော်မြေနေရာတွေကို အစိုးရက ကုမ္ပဏီတွေဆီရောင်းထားပြီးပြီဖြစ်လို့ အဲဒီမြေနေရာတွေကို နောက်အစိုးရ
လက်ထက်ကျရင် မရတော့မှာစိုးလို့ ဒီအစိုးရသက်တမ်းမကုန်ခင်မှာ အရေးပေါ်စီမံချက်နဲ့ အရယူသိမ်းဆည်း
နေတာလို့ စွပ်စွဲနေကြတာတွေရှိပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ။
မရှိပါဘူး။ အခုရှင်းနေတာက နိုင်ငံတော်မြေတွေပဲ။ ပုဂ္ဂလိကပိုင်မြေနဲ့ ကုမ္ပဏီပိုင်မြေတွေရှင်းတာမရှိပါဘူး။ ပုဂ္ဂလိကပိုင်မြေကိုကျူးရင် သူ့ဟာသူရဲစခန်းမှာ အမှုဖွင့်မယ်၊ အမှုရင်ဆိုင်မယ်။ ဒါဟာ ဥပဒေနဲ့အညီရှင်းတာပါ။ အခုရှင်းနေတာက အစိုးရပိုင်မြေဖြစ်တဲ့အတွက်ကြောင့် ရှင်းနေတာပါ။
စီမံချက်နဲ့ ရှင်းနေတာဆိုရင်ကော ဘယ်လိုမျိုး စီမံချက်တွေနဲ့ ရှင်းနေတာလဲ။ ဖယ်ရှားခံရတဲ့ကျူးကျော်တွေကို နေရာအစားထိုးပေးဖို့ အစီအစဉ်ရှိလား။
ဥပမာ လယ်ဆည်ဆိုရင် လယ်ဆည်မြေပေါ့။ သူဘာစိုက်မယ် ကိုယ်တို့မသိဘူး။ သူ့မြေထဲမှာ ကျူးနေတာဖြစ်တဲ့အတွက်ကြောင့် ရှင်းပေးတာပါ။ သူဘာပင်စိုက်မယ်ဆိုတာ ကိုယ်တို့အလုပ် မဟုတ်ဘူး။ ဒီအတိုင်းပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မြေဆိုရင်လည်း သူ့မြေမှာကျူးတယ်ဆိုရင် ရှင်းပေးလိုက်တာပဲရှိတယ်။ အလုပ်သမားတွေ တန်းလျားဆောက်မှာလား၊ ဝန်ထမ်းတွေအိမ်ဆောက်မှာလားမသိဘူး။ ကိုယ်တို့က လုံခြံုရေးအပိုင်းက ဖြစ်တဲ့အတွက်ကြောင့် လုံခြံုရေးဆောင်ရွက်ပေးတာပဲဖြစ်တယ်။ နေရာစီစဉ်ပေးတာကတော့
ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ အသေးစိတ်သိလိမ့်မယ်။ သူတန်ဖိုးနည်းအိမ်ရာတို့ဘာတို့ ရောင်းချပေးတာရှိတာပေါ့။
ကျူးကျော်တွေက အမျိုးမျိုးရှိတယ်ဆိုပြီး ပြောဆိုနေကြတယ်။ တချို့ကလည်း နေစရာမရှိလို့ နဂိုကတည်းက နေကြတယ်၊ တချို့လည်း အခွင့်ကောင်းယူပြီး နေရာယူနေကြတယ်လို့ ပြောဆိုနေကြပါတယ်။ ကျူးကျော်တွေကို လေ့လာမိသလောက် ဘယ်လိုပုံစံတွေ့မိလဲ။
ကျူးကလည်း နေစရာမရှိလို့ကျူးတာနဲ့ နေစရာရှိရဲ့သားနဲ့ မြေကွက်သွားဦးထားတာတွေလည်း ရှိတယ်။ လူမရှိဘူး၊ ခြံစည်းရိုးတိုင်လေးတွေစိုက်ထားတယ်။ တဲထိုးထားတယ်။ ပြီးတော့ ဖျက်လိုက်တဲ့အချိန်ကျ သူကသူ့အိမ်မှာနေတာပဲ။ အဲဒီလိုဟာတွေလည်း အများကြီးပဲ။ နေစရာရှိတယ်။ ပြောရမယ်ဆိုရင် ရွေ့လျားကျူးတွေပေါ့ကွာ။ သူတို့က ဒီနေရာဘာနေရာလဲဆိုတာသိတယ်။ ဒါသည် ကုမ္ပဏီမြေလား၊ မြေလွတ်မြေရိုင်းလား၊ ဘယ်ဝန်ကြီးဌာနမြေလဲ အကုန်သိတယ်။ သိပြီးတော့မှ ဝင်ပြီးတော့ကျူးတာ။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ကျူးတယ်။ ဖယ်ရှားရှင်းလင်းတဲ့ အခါကျတော့ မြေကွက်တောင်းမယ်တို့၊ တိုက်ခန်းတောင်းမယ်တို့ ရှိတယ်။ တချို့ကလည်း လာပြီးတော့မှ စီးပွားရေးတစ်ခုအနေနဲ့ ကျူးတာ။ ရရင်လည်း အမြတ်၊ မရရင်လည်း အရင်းဆိုပြီးတော့မှ လုပ်တဲ့သူတွေလည်းရှိတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်တွေ ဘယ်လောက်ရှိပါလဲ။
အဲဒါကတော့ တိတိကျကျ ကောက်ထားတာတော့ မရှိဘူး။ ကျူးကျော်ဆိုတာ ဒီနေ့ဒီမှာပဲရှိပေမယ့် နောက်နေ့ရှိချင်မှ
ရှိတော့မှာ။ သူက ဒီနေ့လှိုင်သာယာမှာ အလုပ်လုပ်နေတယ်။ သူ့အလုပ်က ဒဂုံအရှေ့ကို ပြောင်းသွားရင် သူ့တဲကိုဖျက်ပြီး ပြောင်းသွားတာကိုး။ တဲတွေကတော့ သတင်းပို့ပြီးတော့ ဆောက်ထားတာမဟုတ်တော့ စာရင်းအတိအကျမရှိဘူး။ ဒါပေမဲ့ ရန်ကုန် ၄၅ မြို့နယ်မှာတော့ သောင်းဂဏန်းလောက်ရှိမယ်။
ရန်ကုန်မှာရှိတဲ့ ကျူးကျော်တွေကို အကုန်ရှင်းလင်းသွားမှာလား၊ ဘယ်မြို့နယ်မှာရှိတဲ့ ကျူးကျော်တွေက စီမံချက်ထဲမှာပါနေလဲဗျ။
အကုန်လုံးဖယ်ရှားဖို့ဆိုတာက ရာနှုန်းပြည့်တော့ ဖယ်ရှားဖို့ အခက်အခဲရှိတာပေါ့။ လိုအပ်သလောက်ပေါ့။ စီမံကိန်းနေရာတွေ အကုန်ဖယ်ရှားရှင်းလင်းသွားမှာပါ။ အမိန့်ထုတ်ထားတာတော့ မရှိပါဘူး။ ရှင်းရမယ့်နေရာတွေ ရှင်းသွားမှာပေါ့။ ဘယ်နေ့ဘာရှင်းမယ်ဆိုတာတော့ မရှိသေးဘူး။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း ဒါတွေကအများဆုံးပါ။
အခုရန်ကုန််မြို့မှာ လူမိုက်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။ ဘယ်အထိ လိုက်ဖို့ရှိပါသလဲ။ ဒီလိုလုပ်ဖြစ်ရတဲ့ အကြောင်းရင်းကဘာပါလဲ။
လူမိုက်ဆိုတဲ့ အသုံးအနှုန်းဆိုကတည်းက ဥပဒေနဲ့မညီတော့ဘူးလေ။ ဥပဒေနဲ့မညီတော့ မညီတဲ့သူတွေကို ဖော်ထုတ်
ဖမ်းဆီးတာပဲ။ ဒါပေမဲ့ ဘယ်သူကမှခိုင်းလို့ မဟုတ်ဘူး။ သူ့ဟာသူ ကိုယ်စီတာဝန်ရှိပြီးသားပဲ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဆိုရင်လည်း သူ့ဖွဲ့စည်းပုံရှိပါတယ်။ စခန်းမှူးရှိတယ်။ ခရိုင်မှူး ရှိတယ်။ ခရိုင်ရဲ့အပေါ်မှာ ရဲမင်းကြီးတို့ရှိတာပေါ့။ သူ့တာဝန်အလိုက် ထမ်းဆောင်တာပဲ။ လူတွေပြောလို့ လိုက်ဖမ်းနေတာမဟုတ်ဘူး။ သူ့ဟာသူ သူ့ပြစ်မှုနဲ့ဖမ်းနေတာ။ ဒီသဘောပါပဲ။ လူမိုက်ဆိုတာ ဥပဒေနဲ့မညီတော့ ဖမ်းနေတာပါ။ ရွှေပြည်သူတို့၊လှိုင်သာယာတို့တင် လိုက်ဖမ်းနေတာမဟုတ်ဘူး။ မြို့နယ်တိုင်းမှာရှိတဲ့ လူမိုက်မှန်သမျှအကုန်ဖမ်းမှာပဲ။ ဘယ်တော့ထိ ဖမ်းမှာလဲဆိုတာက ဒီလူတွေရှိတဲ့အထိ လိုုက်ဖမ်းနေမှာပဲ။ လူမိုက်က တစ်ယောက်ဖမ်းလိုက်မယ်။ နောက်တစ်ယောက်ပေါ်လာ မယ်ဆိုလည်း ဆက်ဖမ်းနေဦးမှာပဲ။ နောက်တစ်ယောက်ထပ်ပေါ်လာလည်း ထပ်ဖမ်းမှာပဲ။
ရန်ကုန်မြို့မှာ လုံခြံုရေးနဲ့ပတ်သက်ပြီး အဓိကကြံုရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
အဓိကက ရဲတပ်ဖွဲ့အင်အား ပြည့်ပြည့်စုံစုံ မလုံလောက်တာပေါ့။ ရန်ကုန်တိုင်းမှာရှိတဲ့ လူအင်အားနဲ့ဆိုရင် ရဲတစ်ယောက်က ပြည်သူ ၁,၂၀၀ လောက်ကိုကြည့်နေရတဲ့အခါကျ ထောင့်စေ့အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် ပြည်သူတွေက ၀ိုင်းပြီးသတင်းပေးရမှာပေါ့။ လုယက်မှုဖြစ်နေတယ်ဆိုရင်လည်း ဖုန်းနဲ့လှမ်းပြီးသတင်းပေးရမှာပေါ့။ အကုန်လုံးက ဝိုင်းပြီး ကူညီမယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန် မိတာပေါ့။ ကျူးလွန်တဲ့သူကလည်း ရဲကားကြီးလာတဲ့အချိန် ဘယ်ကျူးလွန်မလဲ။ အခြေအနေကြည့်နေတာပေါ့။ ပြည်သူတွေက လုံခြံုရေးအသိရှိစွာနဲ့ ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် လျင်လျင်မြန်မြန်ဖော်ထုတ်ဖမ်းဆီးနိုင်တာပေါ့။
ဒေသတွင်းတချို့နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေရှိလာပါတယ်။ ပြည်တွင်းထဲကို အကြမ်းဖက်သမားတွေ ဝင်ရောက်နေတယ်လို့ ပြောဆိုနေကြပါတယ်။ အကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ပါသလဲ။
တရုတ်ပြည်မှာ အိုင်အက်စ် ၁၁ ယောက်လိုက်ဖမ်းလို့ မြန်မာ ပြည်ထဲပြေးတယ်ဆိုတာပေါ့။ သို့ပေမဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့သတင်းက ဘယ်ကပဲရရ သတင်းကသတင်းပဲ။ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် သတင်းရပြီဆိုတာနဲ့ လုံခြံုရေးကို ပိုပြီးတော့တပ်လှန့်ထားတာပေါ့။ မြန်မာပြည်ထဲမှာ ဝင်လာနိိုင်တဲ့ ဂိတ်ပေါက်တွေ အကုန်လုံး သတိပေးတယ်။ စီစီတီဗီတွေအကုန်လုံး ပြန်စစ်တယ်။ ပြန်ပြီးတော့ မှတ်တမ်းတွေအကုန်လုံး ပြန်စစ်တယ်။ အားနည်းချက်ဘာတွေရှိလဲဆိုတာ ပြန်စစ်တယ်။ လှည့်ကင်းတွေ တိုးချတာတွေလုပ်ရတာပေါ့။ အကုန်လုပ်ထားတာပေါ့။ နိုင်ငံခြားသားတွေ စစ်တယ်။ ဧည့်စာရင်းစစ်တာတွေလုပ်ရတာပေါ့။
လုံခြံုရေးကော ဘယ်လောက်ထိ တိုးချထားလဲ။
လုံခြံုရေးကတော့ အကုန်ပဲ။ ရဲအင်အား ၆,၀၀၀ ကျော် အကုန်ချထားတယ်။ အင်းစိန်မြို့နယ်မှာ ၅၀၀ ရှိရင်ရှိမယ်။ အဲဒီ ၅၀၀ က တော့ အကုန်ပဲ။ ၅၀၀ ထဲမှာစခန်းမှာဂျူတီကျတဲ့သူရှိမယ်။ လူဆိုးလိုက်ဖမ််းတဲ့သူရှိမယ်။ အဲဒီကိစ္စတွေပြီးတာနဲ့ အကုန်ပြန်လုပ်တာပဲ။
ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်အစိုးရပိုင်းမှာ ရာထူးကြီးကြီး တာဝန်ထမ်းဆောင်ဖို့ရှိပါတယ်။ ဒီလိုမျိုးအရေးကြီးတဲ့ လူတစ်ယောက်ကို ရွေးကောက်ပွဲပြီးကတည်းက အစိုးရပိုင်းအနေနဲ့ လုံခြံုရေးပေးတာတွေမတွေ့ရသေးဘူး။ သမ္မတဖြစ်နိုင်တဲ့သူတွေ၊ ထင်ရှားကျော်ကြားတဲ့သူတွေဆို လုံခြံုရေးပေးမယ်လို့ နေပြည်တော်ဘက်ကပြောထားတာရှိပါတယ်။ သူကနေပြည်တော်မှာ အနေများပေမယ့် ရန်ကုန်မှာလည်းနေတော့ ရန်ကုန်မှာ လုံခြံုရေးပေးဖို့ အစီအစဉ်ရှိပါသလား။
လောလောဆယ်မရှိပါဘူး။ လောလောဆယ် သူကပါတီရဲ့ အကြီးအကဲတစ်ယောက်ပဲလေ။ ကျန်တဲ့ပါတီတွေကလည်း အများကြီးပဲလေ။ အဲဒါကြောင့် လုံခြံုရေးပေးမယ်ဆိုရင် အများကြီးဖြစ်သွားမှာပေါ့။ ဒီရန်ကုန်မှာလာလို့ရှိရင် ဒီမှာရှိနေတဲ့သူတွေအကုန်လုံး အ ယုတ်အလတ်အမြတ်မရွေးအကုန်လုံးကို လုပ်ပေးနေတာပါ။ အကုန်လုံးအတွက် လုံခြံုရေးလုပ်ပေးထားတာဖြစ်တဲ့အတွက် လောလောဆယ်တော့ ညွှန်ကြားချက်မရှိသေးတော့ မလုပ်ပေးသေးပါဘူး။
ညွှန်ကြားချက်ရှိရင်တော့ ဘယ်သူဖြစ်ဖြစ်လုပ်ပေးမှာပါ။
ကျေးဇူးတင်ပါတယ်။
7Daydaily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 27, 2016
က်ဴးက ဥပေဒနဲ႔မညီတာကို ဥပေဒနဲ႔အညီရွင္းေနတဲ့အတြက္ေၾကာင့္ ျပႆနာမရွိႏိုင္ဘူး
Labels:
city,
Gov,
interview,
ရန္ကုန္တိုင္း
က်ဴးက ဥပေဒနဲ႔မညီတာကို ဥပေဒနဲ႔အညီရွင္းေနတဲ့အတြက္ေၾကာင့္ ျပႆနာမရွိႏိုင္ဘူး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment