Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 10, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၁ )

ေအးဂ်င့္ေခ်ာင္ ေစာင့္ေနသျဖင့္ အဝတ္အစား အျမန္လဲကာ ဧည့္ခန္းထဲသို႔ ေျပးထြက္လာခဲ့သည္။ ဧည့္ခန္းထဲသို႔ ေရာက္ေသာ္အခါ ေအးဂ်င့္ေခ်ာင္ႏွင့္ အဘကင္ဆံုအီတို႔ ထိုင္ေစာင့္ေနသည္ကို ေတြ႕ရသည္။ ကြ်န္မထြက္လာေသာအခါ ေအးဂ်င့္ ေခ်ာင္က အေရးႀကီး တာဝန္အသစ္ေပးရန္ရွိသည္ဟု ဆိုသည္။ အဝတ္အစား ထုပ္ပိုးရန္ အခ်ိန္ ၁၅ မိနစ္ ေပးသျဖင့္ အဝတ္အစားထုပ္ပိုးၿပီးေသာအခါ ထမင္းခ်က္ ဝူခ်ီႏွင့္ဆြတ္ေဟးတို႔အား ႏႈတ္ဆက္သည္။ သူတို႔ႏွင့္ ေတြ႕ခဲ့ရသည္မွာ ေနာက္ဆံုးေတြ႕ဆံုျခင္း ျဖစ္ေၾကာင္း ထိုစဥ္က ကြ်န္မ မသိခဲ့။ ထိုစဥ္ကတည္း သူတို႔ႏွင့္ ခြဲခြာခဲ့ရစဥ္ စိတ္ထဲ ခုေနခဲ့သည္။

ထို႔ေနာက္ ကြ်န္မတို႔သည္ ၿပံဳးယမ္းရွိ ေထာက္လွမ္းေရး ႒ာနခ်ဴ ပ္ကို သြားၾကသည္။ ၿပံဳးယမ္း ေထာက္လွမ္းေရး႒ာနခ်ဴ ပ္ကို ေရာက္ေသာအခါ ေျမေအာက္ ကားပါကင္၌ ကားကို ရပ္ထားခဲ့ကာ ေျမညီထပ္သို႔ တက္သည္။ ညအခ်ိန္ျဖစ္ေသာ္လည္း ႒ာနခ်ဴ ပ္၌ လူမ်ား အလုပ္မ်ားလ်က္ရွိေနၾကသည္။ ဧည့္ႀကိဳခန္းမထဲတြင္ လက္နက္ကိုင္ အေစာင့္တို႔၏ စစ္ေဆးမႈကို ခံယူၿပီးေသာ္ ဓာတ္ေလွကားျဖင့္ ၆ထပ္သို႔ တက္သြားသည္။ဓာတ္ေလွကားအတြင္း၌ ေအးဂ်င့္ေခ်ာင္က အနည္းငယ္ ေစာင္းမွီလ်က္ ကြ်န္မအား ထိုသို႔ေျပာသည္။

"အခု ငါတို႔ သြားေတြ႕ရမယ့္လူက အရမ္းအေရးႀကီးတဲ့လူ။ အဘကင္ဆံုအီကေတာ့ အႀကိမ္မ်ားစြာေတြ႕ဖူးေပမယ့္ မင္းနဲ႔က ပထမဆံုး ေတြ႕ရမွာဆိုေတာ့ ကိုယ့္ကို အထင္ေသးမယ့္ အျပဳ အမူမ်ဴ ိး မလုပ္မိေစနဲ႔"

"ဟုတ္ကဲ့ပါ"

ကြ်န္မကို ေပးမည့္တာဝန္ကို သိခ်င္စိတ္ ေစာေနမိသည္။ ၆ ထပ္သို႔ေရာက္ေသာ္ စႀကၤန္လမ္း တစ္ဖက္အဆံုးရွိ ရံုးခန္းကို ေခၚသြားသည္။ ရံုးခန္းဝတြင္ ေစာင့္ေနေသာ အေစာင့္တပ္သားအား ေအးဂ်င့္ေခ်ာင္က သူ၏ ေထာက္လွမ္းေရးကဒ္ ျပလိုက္ေသာ အခါ ဝင္ခြင့္ေပးလိုက္သည္။ အခန္းမွာ အလံုပိတ္အခန္း ျဖစ္ၿပီး ျပတင္းေပါက္မရွိေခ်။ မီးေခ်ာင္းမ်ား ထြန္းထားသည္မွာ ဓာတ္ခြဲခန္းနွင့္ပင္ တူေနသည္။ အရပ္ျမင့္ျမင့္ သက္လတ္ပိုင္း လူတစ္ေယာက္က ကြ်န္မတို႔ကို ခရီးဦးႀကိဳျပဳသည္။ သူ႔ရဲ႕ လႈပ္ရွားပံုမွာ ေၾကာင္တစ္ေကာင္ကဲ့သို႔ သြက္လပ္ေပါ့ပါးေနသျဖင့္ သူလည္းပဲ ေထာက္လွမ္းေရးေလာက၌ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ခဲ့သူ ျဖစ္မည္က ေထာက္ခ်င့္မိသည္။

"အုတ္ဟြာနဲ႔ ကင္ဆံုအီတို႔ပါ။ ဒါကေတာ့ ေထာက္လွမ္းေရးၫႊန္မွဴ း ျဖစ္ပါတယ္" ဟု ေအးဂ်င့္ေခ်ာင္က မိတ္ဆက္ေပးသည္။ ကြ်န္မက ဦးၫႊတ္ႏႈတ္ဆက္သည္။ ၫႊန္ၾကားေရးမွဴ းက ကင္ဆံုအီႏွင့္ စကားေျပာသည္။ သူတို႔ႏွစ္ဦးသည္ ရင္းႏွီးပံုေပၚသည္။ ဆိုဖာမ်ားဘက္သို႔ ထိုင္ရန္ေျပာၾကားသျဖင့္ ကြ်န္မတို႔ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ေအးဂ်င့္ေခ်ာင္ ထြက္သြားၿပီး သံုးေယာက္တည္း က်န္ေသာအခါမွ သူက "ဒီကိစၥက ထိပ္တန္းလွ်ဴ ိ႕ဝွက္ခ်က္ပဲ။ ကြ်န္ေတာ္ တစ္ေယာက္တည္း သိတာေတာ့ မဟုတ္ဘူး။ တစ္ေယာက္ ႏွစ္ေယာက္ေတာ့ သိတယ္"

ၫႊန္မွဴ းက အိတ္တြင္းမွ ေဆးလိပ္ဘူးက္ို ထုတ္ကာ အဘကင္ဆံုအီႏွင့္ ကြ်န္မတို႔အား ေဆးလိပ္ တစ္လိပ္စီေပးလိုက္သည္။ အဘကင္ဆံုအီက တစ္လိပ္ယူၿပီး ကြ်န္မက မေသာက္တတ္သျဖင့္ ျငင္းလိုက္သည္။ ကြ်န္မသည္ စိတ္လႈပ္ရွားလြန္းသျဖင့္ အခန္းထဲမွ ျမန္ျမန္ထြက္သြားခ်င္သည္။

ၫႊန္မွဴ းက ေဆးလိပ္ကို မီးၫွိကာ ေနာက္သို႔မီွလ်က္ "ရဲေဘာ္တို႔ ကြ်န္ေတာ္ လ္ုိရင္းပဲ ေျပာမယ္။ လုပ္ရမယ့္ အလုပ္က ေတာင္ကိုရီးယား ေလေၾကာင္းက ေလယာဥ္တစ္စီးကို ေဖာက္ခြဲဖို႔ပဲ"

သူက ခဏရပ္ၿပီးမွ

"ဒီအမိန္႔ကို ျမတ္ႏိုးလွစြာေသာ ေခါင္းေဆာင္ႀကီး ကင္ဂ်ံဴ အီကိုယ္တိုင္ ေရးသားလက္မွတ္ထိုးလိုက္တာ။ လက္ေရးနဲ႔ေရးထားတာ"သူက ေနာက္တႀကိမ္ ရပ္ေနျပန္သည္။ သူေျပာေသာ စကား၏ ေလးနက္မႈကို ကြ်န္မတို႔ အေသအခ်ာ ခံစား သိရွိေစလို၍ျဖစ္သည္။ ကြ်န္မ ထိုင္ေနသည္မွာ ထိုင္ခံု၏ အစြန္းတစ္ဖက္သို႔ ေရာက္ေနသည္။ ထိုင္ခံုႏွင့္ တင္ပါး ထိသည္ဟုပင္ မခံစားရ။ ကင္ဂ်ဴံ အီ ကိုယ္တ္ုိင္ လက္ေရးျဖင့္ ေရးသားခ်မွတ္လိုက္ေသာ အမိန္႔ျဖစ္သည့္အတြက္ ေျမာက္ကိုရီးယားတြင္ အေရးႀကီးဆံုး ကိစၥျဖစ္သည္။

"ဒီအႀကံအစည္ကို ျမတ္ႏိုးလွစြာေသာ ေခါင္းေဆာင္ႀကီးကိုယ္တ္ုိင္ စတင္ခဲ့တာ။ ငါတို႔ ႏိုင္ငံျခား ေထာက္လွမ္းေရး႒ာနက တာဝန္ယူ ေဆာင္ရြက္ခဲ့သမွ် ကိစၥထဲမွာ ဒီေလာက္အေရးႀကီးတဲ့ ကိစၥမ်ဴ ိးမရွိခဲ့ဘူး။ ငါတို႔ တစ္ႏိုင္ငံလံုးရဲ႕ ကံၾကမၼာဟာ ဒီကိစၥအေပၚမွာ တည္ေနတယ္ဆိုတာ အထူးရွင္းျပစရာ မလိုဘူး" ၫႊန္မွဴ းက ဆက္လက္ရွင္းျပသည္။

"မင္းတို႔ ေတာင္ကိုရီးယား ေလေၾကာင္းလိုင္း ေလယာဥ္ကို ေဖာက္ခြဲရမယ္။ ေတာင္ကိုရီးယားဟာ အခုအခ်ိန္မွာ ဆႏၵျပပြဲေတြနဲ႔ ေတာ္ေတာ္ေလးကို မၿငိမ္မသက္ ျဖစ္ေနတယ္။ ဂ်ပန္လက္ေအာက္က လြတ္ေျမာက္ၿပီး အခုခ်ိန္ အထိအတြင္း ေတာင္ကိုရီးယားရဲ႕ ႏိုင္ငံေရးအေျခအေန အဆိုးဝါးဆံုး အခ်ိန္ပဲ။ ဒါကို ငါတို႔ အခြင့္ေကာင္းယူရမယ္။ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ ျပန္ျပင္ေရးဖို႔ လုပ္ေနတယ္။ ႏွစ္ကုန္ပိုင္းမွာ ေရြးေကာက္ပြဲလုပ္ဖို႔ ရွိတယ္။ ေလယာဥ္ ဗံုးခြဲလိုက္တဲ့ အတြက္ မတည္ၿငိမ္တဲ့ အေျခအေနေတြကို ပိုမို ဆိုးရြားေစလိ္မ့္မယ္။ ဝရုန္းသုန္းကား ျဖစ္ေနရင္ ေနာက္ႏွစ္ ဆိုးလ္မွာ က်င္းပမယ့္ ကမာၻ႕ အိုလံပစ္ပြဲလည္း ျဖစ္ေတာ့မွာ မဟုတ္ဘူး။ ဝင္ၿပိဳင္မယ့္ ႏိုင္ငံေတြက သူတို႔ေလယာဥ္ေတြ ေဖာက္ခြဲခံရမယ္။ အားကစားသမားေတြ အတြက္ လံုၿခံဳမႈ မေပးႏိုင္ေတာ့လို႔ ယူဆၿပီး လာေတာ့မွာ မဟုတ္ဘူး။ အားကစားပြဲလည္း ပ်က္သြားမယ္။ ဒါက အစပဲ။ အားကစားပြဲ ပ်က္ေအာင္ လုပ္ႏိုင္ရင္ ႏိုင္ငံေရး အေျခအေနကို ပိုမိုဆိုးရြားေအာင္ လုပ္ႏိုင္ရင္ ကိုးရီးယားႏွစ္ႏိုင္ငံ ေပါင္းစည္းေရးအတြက္ လမ္းစပဲ။ ႏွစ္ႏိုင္ငံေပါင္းစည္းေရးဆိုတာ ယခုမ်ဴ ိးဆက္ရဲ႕ အႀကီးမားဆံုးနဲ႔ တစ္ခုတည္းေသာ ရည္မွန္းခ်က္ပဲ။ ဒီတာဝန္ကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ရင္ ရဲေဘာ္တို႔ဟာ အမ်ဴ ိးသား သူရဲေကာင္းေတြ ျဖစ္လာၾကမယ္"

ကြ်န္မ၏ နားမ်ားကို မယံုႏိုင္ေတာ့။ တုန္လႈပ္မႈႏွင့္ အံ့ၾသမႈကို တစ္ၿပိဳ္င္နက္ တည္း ခံစားရသည္။ ဤမွ် ႀကီးေလးေသာ တာဝန္ကို ကြ်န္မအား ေပးအပ္ျခင္းကို မယံုႏိုင္ေအာင္ ျဖစ္ရသည္။ လူ႔အသက္ေပါင္း ရာခ်လ်က္ သတ္ျဖတ္ရမည္ကို လည္ေကာင္း လူသား က်င့္ဝတ္ႏွင့္ မညီေသာ လုပ္ရပ္ျဖစ္ကို လည္ေကာင္း ထိုစဥ္က ကြ်န္မ မစဥ္းစားမိခဲ့။ ဤႀကံစည္မႈသည္ လုပ္ငန္းတစ္ခု အဆင့္တစ္ဆင့္ အျဖစ္သာ ကြ်န္မ သေဘာထားသည္။ ထိုအဆင့္မွ ႏွစ္ႏိုင္ငံ ေပါင္းစည္းေရး ျဖစ္ေပၚလာမည္ဟု ရိုးအစြာ ယံုၾကည္ခဲ့သည္။

"ယခုအခ်ိန္မွာ အေသးစိတ္ေတြ မေျပာႏိုင္ေသးဘူး။ ဒါေပမယ့္ အၾကမ္းဖ်င္းေတာ့ ေျပာျပႏိုင္တယ္။ မင္းတို႔ ၿပံဳးယမ္းကေန ေမာ္စကိုကို စထြက္ရမယ္။ အဲဒီကမွ ဘူဒါပက္စ္ ဗီယန္နာနဲ႔ ဘဲဂရိတ္ကို ဆက္သြားမယ္။ ကမာၻလွည့္ခရီးသည္ ဂ်ပန္သားအဖႏွစ္ေယာက္ အသြင္ယူၿပီး သြားလာၾကရမယ္။ ခရီးရွည္ႀကီး ေလွ်ာက္သြားတဲ့အခါ ႏိုင္ငံကူးလတ္မွတ္ထဲမွာ ျပည္ဝင္တံဆိပ္ ထုထားတာေတြ အမ်ားႀကီး ျဖစ္လာမယ္။ မင္းတို႔ဟာ အႏွံ႔အျပား ခရီးသြားေနတဲ့ ကမာၻလွည့္ခရီးသည္ ျဖစ္တယ္ဆိုတာ ျပည္ဝင္တံဆိပ္က သက္ေသထူလိမ့္မယ္"

"ဘဲလ္ဂရိတ္ကေန ဘဂၢဒက္ကို ခရီးဆက္မယ္။ ေလဆိပ္မွာ တို႔ေအးဂ်င့္ႏွစ္ေယာက္ မင္းတို႔ကို လာေစာင့္ၿပီး ေဖာက္ခြဲေရး ပစၥည္းေပးလိမ့္မယ္။ ဘဂၢဒက္က ေလယာဥ္တက္ခါနီးမွာ ဗံုးကို ထိုင္ခံုအေပၚ လက္ဆြဲအိတ္တင္တဲ့ အကန္႔မွာ ထည့္ရမယ္။ ကိုးနာရီအၾကာမွာ ေပါက္ကြဲဖို႔ ခလုတ္ဆင္ၿပီး ျဖစ္ရမယ္။ အဘူဒါဘီမွာ ေလယာဥ္ဆိုက္ရင္ မင္းတို႔ ေလယာဥ္ကို ေျပာင္းစီးရမယ္။ အဲ့ဒီေလယာဥ္က အာမန္(ေဂ်ာ္ဒန္) မွာ တစ္ေထာက္နားလိမ့္မယ္။ ေရာမကို ပ်ံမယ့္ ေလယာဥ္ကို ေျပာင္းစီးရမယ္။ ေရာမကေန ဗီယင္နာကို လာမယ္။ ဗီယင္နာမွာရွိတဲ့ ေျမာက္ကိုရီးယား သံရံုးမွာ ရက္အနည္းငယ္ေနၿပီး ၿပံဳးယမ္းကို ျပန္လာမယ္"

ကြ်န္မက အသက္ျပင္းျပင္းရွဴ ၿပီး အဘကင္ဆံုအီကို လွမ္းၾကည့္သည္။ သူကလည္း ကြ်န္မအား လွမ္းၾကည့္သည္။ သူ၏ မ်က္လံုး အစံုထဲတြင္ ႏွစ္ေပါင္းမ်ားစြာ လုပ္ငန္းအေတြ႕အႀကံဳမွ ႐ရွိခဲ့ေသာ အသိပညာႏွင့္ အသက္အရြယ္အရ ရရွိထားသည့္ အေျမာ္အျမင္တို႔က္ုိ ျမင္ေတြ႕ေနရသည္ဟု ကြ်န္မထင္သည္။

"ဒီအလုပ္ဟာ သိပ္အေရးႀကီးတဲ့အတြက္ ဒီအလုပ္ဟာ မင္းတို႔ရဲ႕ ေထာက္လွမ္းေရးသမားအေနနဲ႔ လုပ္တဲ့ ေနာက္ဆံုး အလုပ္ပဲ ျဖစ္တယ္။ ဒီအလုပ္ၿပီးရင္ မင္းတို႔ ေထာက္လွမ္းေရးနယ္ပယ္မွာ ဆက္လႈပ္ရွားဖို႔ မသင့္ေတာ့ဘူး။ ၿပီးေတာ့လည္း အျမင့္ဆံုး တာဝန္ကို ထမ္းေဆာင္ခဲ့တာ ျဖစ္တဲ့အတြက္ အလုပ္က အနားယူရမယ္။ ႏိုင္ငံေတာ္က ေထာက္ပံေပးႏိုင္သမွ် အေကာင္းဆံုးေတြနဲ႔ မင္းတို႔ကို ခ်ီးျမင့္သြားမယ္။ အုတ္ဟြာလည္း မိသားစုဆီကို ျပန္သြားရမယ္။ အုတ္ဟြာ မင္းလိုခ်င္တာလည္း ဒါပဲမဟုတ္လား။"

ကြ်န္မ ရုတ္တရတ္ အံ့ၾသသြားသျဖင့္ သူ႔ကို ၾကည့္မိသည္။ ကုလားထိုင္မွွ ထခုန္ခ်င္စိတ္ေပါက္ေအာင္ ကြ်န္မ ဝမ္းသာမိသည္။ ကြ်န္မဘဝ၏အေပ်ာ္ရႊင္ဆံုး အခ်ိန္ျဖစ္သည္။ ေပးအပ္လိုက္ေသာ တာဝန္သည္ ႏိုင္ငံေတာ္က ေမွ်ာ္လင္ျခင္းႀကီးစြာ ေပးအပ္လိုက္ျခင္း ျဖစ္သလို ကြ်န္မအဖို႔လည္း မိသားစုႏွင့္ အတူ ျပန္ေနရေရးသည္ အႀကီးမားဆံုး ေမွ်ာ္လင့္ခ်က္ ျဖစ္သည္။ ခ်စ္ျမတ္ႏိုးရေသာ ေခါင္းေဆာင္ႀကီး ကင္ဂ်ံဴ အီက ကြ်န္မအား ေရြးခ်ယ္တာဝန္ေပးသည့္အတြက္ မ်ားစြာ ဂုဏ္ယူမိသည္။ ကြ်န္မတို႔၏ ေဖာက္ခြဲေရး အလုပ္သည္ ကိုးရီးယား ႏွစ္ႏိုင္ငံ ေပါင္းစည္းေရးအေပၚ မည္သို႔သက္ေရာက္မႈ ရွိမည္ကိုမူ မစဥ္းစားမိခဲ့။ သူတို႔ေျပာသမွ် ယံုခဲ့သည္သာ။ ေတာင္ကိုရီးယား တရားခြင္တြင္ ရင္ဆိုင္ရသည္ အခါတြင္မွ ႏိုင္ငံေရး၏ အတိမ္အနက္ကို ကြ်န္မ ေတြးမိေတာ့သည္။

တိုင္းျပည္တာဝန္ကို ထမ္းေဆာင္ရင္း မိသားစုႏွင့္လည္း ျပန္လည္ေပါင္းစည္းရမည္က္ုိ ေမွ်ာ္မွန္းရင္း ဝမ္းအသာႀကီး သာမိသည္။ ရဲဝံစြာ ကြ်န္မက "ကြ်န္မတို႔ကို အားကိုးႏိုင္ပါတယ္။ လံုးဝ က်ရံႈးမႈ မရွိဖို႔ ကြ်န္မ အာမခံပါတယ္" ဟု ၫႊန္မွဴ းအား ေစ့ေစ့ၾကည့္လ်က္ ေျပာခ်လိုက္သည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
January 10,2016
...............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၁

အေးဂျင့်ချောင် စောင့်နေသဖြင့် အဝတ်အစား အမြန်လဲကာ ဧည့်ခန်းထဲသို့ ပြေးထွက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ ရောက်သော်အခါ အေးဂျင့်ချောင်နှင့် အဘကင်ဆုံအီတို့ ထိုင်စောင့်နေသည်ကို တွေ့ရသည်။ ကျွန်မထွက်လာသောအခါ အေးဂျင့် ချောင်က အရေးကြီး တာဝန်အသစ်ပေးရန်ရှိသည်ဟု ဆိုသည်။ အဝတ်အစား ထုပ်ပိုးရန် အချိန် ၁၅ မိနစ် ပေးသဖြင့် အဝတ်အစားထုပ်ပိုးပြီးသောအခါ ထမင်းချက် ဝူချီနှင့်ဆွတ်ဟေးတို့အား နှုတ်ဆက်သည်။ သူတို့နှင့် တွေ့ခဲ့ရသည်မှာ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်ကြောင်း ထိုစဉ်က ကျွန်မ မသိခဲ့။ ထိုစဉ်ကတည်း သူတို့နှင့် ခွဲခွာခဲ့ရစဉ် စိတ်ထဲ ခုနေခဲ့သည်။

ထို့နောက် ကျွန်မတို့သည် ပြုံးယမ်းရှိ ထောက်လှမ်းရေး ဋ္ဌာနချူ ပ်ကို သွားကြသည်။ ပြံုးယမ်း ထောက်လှမ်းရေးဋ္ဌာနချူ ပ်ကို ရောက်သောအခါ မြေအောက် ကားပါကင်၌ ကားကို ရပ်ထားခဲ့ကာ မြေညီထပ်သို့ တက်သည်။ ညအချိန်ဖြစ်သော်လည်း ဋ္ဌာနချူ ပ်၌ လူများ အလုပ်များလျက်ရှိနေကြသည်။ ဧည့်ကြိုခန်းမထဲတွင် လက်နက်ကိုင် အစောင့်တို့၏ စစ်ဆေးမှုကို ခံယူပြီးသော် ဓာတ်လှေကားဖြင့် ၆ထပ်သို့ တက်သွားသည်။ဓာတ်လှေကားအတွင်း၌ အေးဂျင့်ချောင်က အနည်းငယ် စောင်းမှီလျက် ကျွန်မအား ထိုသို့ပြောသည်။

"အခု ငါတို့ သွားတွေ့ရမယ့်လူက အရမ်းအရေးကြီးတဲ့လူ။ အဘကင်ဆုံအီကတော့ အကြိမ်များစွာတွေ့ဖူးပေမယ့် မင်းနဲ့က ပထမဆုံး တွေ့ရမှာဆိုတော့ ကိုယ့်ကို အထင်သေးမယ့် အပြု အမူမျူ ိး မလုပ်မိစေနဲ့"

"ဟုတ်ကဲ့ပါ"

ကျွန်မကို ပေးမည့်တာဝန်ကို သိချင်စိတ် စောနေမိသည်။ ၆ ထပ်သို့ရောက်သော် စင်္ကြန်လမ်း တစ်ဖက်အဆုံးရှိ ရုံးခန်းကို ခေါ်သွားသည်။ ရုံးခန်းဝတွင် စောင့်နေသော အစောင့်တပ်သားအား အေးဂျင့်ချောင်က သူ၏ ထောက်လှမ်းရေးကဒ် ပြလိုက်သော အခါ ဝင်ခွင့်ပေးလိုက်သည်။ အခန်းမှာ အလုံပိတ်အခန်း ဖြစ်ပြီး ပြတင်းပေါက်မရှိချေ။ မီးချောင်းများ ထွန်းထားသည်မှာ ဓာတ်ခွဲခန်းနှင့်ပင် တူနေသည်။ အရပ်မြင့်မြင့် သက်လတ်ပိုင်း လူတစ်ယောက်က ကျွန်မတို့ကို ခရီးဦးကြိုပြုသည်။ သူ့ရဲ့ လှုပ်ရှားပုံမှာ ကြောင်တစ်ကောင်ကဲ့သို့ သွက်လပ်ပေါ့ပါးနေသဖြင့် သူလည်းပဲ ထောက်လှမ်းရေးလောက၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်မည်က ထောက်ချင့်မိသည်။

"အုတ်ဟွာနဲ့ ကင်ဆုံအီတို့ပါ။ ဒါကတော့ ထောက်လှမ်းရေးညွှန်မှူ း ဖြစ်ပါတယ်" ဟု အေးဂျင့်ချောင်က မိတ်ဆက်ပေးသည်။ ကျွန်မက ဦးညွှတ်နှုတ်ဆက်သည်။ ညွှန်ကြားရေးမှူ းက ကင်ဆုံအီနှင့် စကားပြောသည်။ သူတို့နှစ်ဦးသည် ရင်းနှီးပုံပေါ်သည်။ ဆိုဖာများဘက်သို့ ထိုင်ရန်ပြောကြားသဖြင့် ကျွန်မတို့ ဝင်ထိုင်လိုက်သည်။ ထို့နောက် အေးဂျင့်ချောင် ထွက်သွားပြီး သုံးယောက်တည်း ကျန်သောအခါမှ သူက "ဒီကိစ္စက ထိပ်တန်းလျှူ ိ့ဝှက်ချက်ပဲ။ ကျွန်တော် တစ်ယောက်တည်း သိတာတော့ မဟုတ်ဘူး။ တစ်ယောက် နှစ်ယောက်တော့ သိတယ်"

ညွှန်မှူ းက အိတ်တွင်းမှ ဆေးလိပ်ဘူးက်ို ထုတ်ကာ အဘကင်ဆုံအီနှင့် ကျွန်မတို့အား ဆေးလိပ် တစ်လိပ်စီပေးလိုက်သည်။ အဘကင်ဆုံအီက တစ်လိပ်ယူပြီး ကျွန်မက မသောက်တတ်သဖြင့် ငြင်းလိုက်သည်။ ကျွန်မသည် စိတ်လှုပ်ရှားလွန်းသဖြင့် အခန်းထဲမှ မြန်မြန်ထွက်သွားချင်သည်။

ညွှန်မှူ းက ဆေးလိပ်ကို မီးညှိကာ နောက်သို့မှီလျက် "ရဲဘော်တို့ ကျွန်တော် လ်ုိရင်းပဲ ပြောမယ်။ လုပ်ရမယ့် အလုပ်က တောင်ကိုရီးယား လေကြောင်းက လေယာဉ်တစ်စီးကို ဖောက်ခွဲဖို့ပဲ"

သူက ခဏရပ်ပြီးမှ

"ဒီအမိန့်ကို မြတ်နိုးလှစွာသော ခေါင်းဆောင်ကြီး ကင်ဂျံူ အီကိုယ်တိုင် ရေးသားလက်မှတ်ထိုးလိုက်တာ။ လက်ရေးနဲ့ရေးထားတာ"သူက နောက်တကြိမ် ရပ်နေပြန်သည်။ သူပြောသော စကား၏ လေးနက်မှုကို ကျွန်မတို့ အသေအချာ ခံစား သိရှိစေလို၍ဖြစ်သည်။ ကျွန်မ ထိုင်နေသည်မှာ ထိုင်ခုံ၏ အစွန်းတစ်ဖက်သို့ ရောက်နေသည်။ ထိုင်ခုံနှင့် တင်ပါး ထိသည်ဟုပင် မခံစားရ။ ကင်ဂျူံ အီ ကိုယ်တ်ုိင် လက်ရေးဖြင့် ရေးသားချမှတ်လိုက်သော အမိန့်ဖြစ်သည့်အတွက် မြောက်ကိုရီးယားတွင် အရေးကြီးဆုံး ကိစ္စဖြစ်သည်။

"ဒီအကြံအစည်ကို မြတ်နိုးလှစွာသော ခေါင်းဆောင်ကြီးကိုယ်တ်ုိင် စတင်ခဲ့တာ။ ငါတို့ နိုင်ငံခြား ထောက်လှမ်းရေးဋ္ဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သမျှ ကိစ္စထဲမှာ ဒီလောက်အရေးကြီးတဲ့ ကိစ္စမျူ ိးမရှိခဲ့ဘူး။ ငါတို့ တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာဟာ ဒီကိစ္စအပေါ်မှာ တည်နေတယ်ဆိုတာ အထူးရှင်းပြစရာ မလိုဘူး" ညွှန်မှူ းက ဆက်လက်ရှင်းပြသည်။

"မင်းတို့ တောင်ကိုရီးယား လေကြောင်းလိုင်း လေယာဉ်ကို ဖောက်ခွဲရမယ်။ တောင်ကိုရီးယားဟာ အခုအချိန်မှာ ဆန္ဒပြပွဲတွေနဲ့ တော်တော်လေးကို မငြိမ်မသက် ဖြစ်နေတယ်။ ဂျပန်လက်အောက်က လွတ်မြောက်ပြီး အခုချိန် အထိအတွင်း တောင်ကိုရီးယားရဲ့ နိုင်ငံရေးအခြေအနေ အဆိုးဝါးဆုံး အချိန်ပဲ။ ဒါကို ငါတို့ အခွင့်ကောင်းယူရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်ပြင်ရေးဖို့ လုပ်နေတယ်။ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိတယ်။ လေယာဉ် ဗုံးခွဲလိုက်တဲ့ အတွက် မတည်ငြိမ်တဲ့ အခြေအနေတွေကို ပိုမို ဆိုးရွားစေလိ်မ့်မယ်။ ဝရုန်းသုန်းကား ဖြစ်နေရင် နောက်နှစ် ဆိုးလ်မှာ ကျင်းပမယ့် ကမ္ဘာ့ အိုလံပစ်ပွဲလည်း ဖြစ်တော့မှာ မဟုတ်ဘူး။ ဝင်ပြိုင်မယ့် နိုင်ငံတွေက သူတို့လေယာဉ်တွေ ဖောက်ခွဲခံရမယ်။ အားကစားသမားတွေ အတွက် လုံခြံုမှု မပေးနိုင်တော့လို့ ယူဆပြီး လာတော့မှာ မဟုတ်ဘူး။ အားကစားပွဲလည်း ပျက်သွားမယ်။ ဒါက အစပဲ။ အားကစားပွဲ ပျက်အောင် လုပ်နိုင်ရင် နိုင်ငံရေး အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်နိုင်ရင် ကိုးရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် လမ်းစပဲ။ နှစ်နိုင်ငံပေါင်းစည်းရေးဆိုတာ ယခုမျူ ိးဆက်ရဲ့ အကြီးမားဆုံးနဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပဲ။ ဒီတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ရဲဘော်တို့ဟာ အမျူ ိးသား သူရဲကောင်းတွေ ဖြစ်လာကြမယ်"

ကျွန်မ၏ နားများကို မယုံနိုင်တော့။ တုန်လှုပ်မှုနှင့် အံ့သြမှုကို တစ်ပြို်င်နက် တည်း ခံစားရသည်။ ဤမျှ ကြီးလေးသော တာဝန်ကို ကျွန်မအား ပေးအပ်ခြင်းကို မယုံနိုင်အောင် ဖြစ်ရသည်။ လူ့အသက်ပေါင်း ရာချလျက် သတ်ဖြတ်ရမည်ကို လည်ကောင်း လူသား ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်ဖြစ်ကို လည်ကောင်း ထိုစဉ်က ကျွန်မ မစဉ်းစားမိခဲ့။ ဤကြံစည်မှုသည် လုပ်ငန်းတစ်ခု အဆင့်တစ်ဆင့် အဖြစ်သာ ကျွန်မ သဘောထားသည်။ ထိုအဆင့်မှ နှစ်နိုင်ငံ ပေါင်းစည်းရေး ဖြစ်ပေါ်လာမည်ဟု ရိုးအစွာ ယုံကြည်ခဲ့သည်။

"ယခုအချိန်မှာ အသေးစိတ်တွေ မပြောနိုင်သေးဘူး။ ဒါပေမယ့် အကြမ်းဖျင်းတော့ ပြောပြနိုင်တယ်။ မင်းတို့ ပြံုးယမ်းကနေ မော်စကိုကို စထွက်ရမယ်။ အဲဒီကမှ ဘူဒါပက်စ် ဗီယန်နာနဲ့ ဘဲဂရိတ်ကို ဆက်သွားမယ်။ ကမ္ဘာလှည့်ခရီးသည် ဂျပန်သားအဖနှစ်ယောက် အသွင်ယူပြီး သွားလာကြရမယ်။ ခရီးရှည်ကြီး လျှောက်သွားတဲ့အခါ နိုင်ငံကူးလတ်မှတ်ထဲမှာ ပြည်ဝင်တံဆိပ် ထုထားတာတွေ အများကြီး ဖြစ်လာမယ်။ မင်းတို့ဟာ အနှံ့အပြား ခရီးသွားနေတဲ့ ကမ္ဘာလှည့်ခရီးသည် ဖြစ်တယ်ဆိုတာ ပြည်ဝင်တံဆိပ်က သက်သေထူလိမ့်မယ်"

"ဘဲလ်ဂရိတ်ကနေ ဘဂ္ဂဒက်ကို ခရီးဆက်မယ်။ လေဆိပ်မှာ တို့အေးဂျင့်နှစ်ယောက် မင်းတို့ကို လာစောင့်ပြီး ဖောက်ခွဲရေး ပစ္စည်းပေးလိမ့်မယ်။ ဘဂ္ဂဒက်က လေယာဉ်တက်ခါနီးမှာ ဗုံးကို ထိုင်ခုံအပေါ် လက်ဆွဲအိတ်တင်တဲ့ အကန့်မှာ ထည့်ရမယ်။ ကိုးနာရီအကြာမှာ ပေါက်ကွဲဖို့ ခလုတ်ဆင်ပြီး ဖြစ်ရမယ်။ အဘူဒါဘီမှာ လေယာဉ်ဆိုက်ရင် မင်းတို့ လေယာဉ်ကို ပြောင်းစီးရမယ်။ အဲ့ဒီလေယာဉ်က အာမန်(ဂျော်ဒန်) မှာ တစ်ထောက်နားလိမ့်မယ်။ ရောမကို ပျံမယ့် လေယာဉ်ကို ပြောင်းစီးရမယ်။ ရောမကနေ ဗီယင်နာကို လာမယ်။ ဗီယင်နာမှာရှိတဲ့ မြောက်ကိုရီးယား သံရုံးမှာ ရက်အနည်းငယ်နေပြီး ပြံုးယမ်းကို ပြန်လာမယ်"

ကျွန်မက အသက်ပြင်းပြင်းရှူ ပြီး အဘကင်ဆုံအီကို လှမ်းကြည့်သည်။ သူကလည်း ကျွန်မအား လှမ်းကြည့်သည်။ သူ၏ မျက်လုံး အစုံထဲတွင် နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြံုမှ ရရှိခဲ့သော အသိပညာနှင့် အသက်အရွယ်အရ ရရှိထားသည့် အမြော်အမြင်တို့က်ုိ မြင်တွေ့နေရသည်ဟု ကျွန်မထင်သည်။

"ဒီအလုပ်ဟာ သိပ်အရေးကြီးတဲ့အတွက် ဒီအလုပ်ဟာ မင်းတို့ရဲ့ ထောက်လှမ်းရေးသမားအနေနဲ့ လုပ်တဲ့ နောက်ဆုံး အလုပ်ပဲ ဖြစ်တယ်။ ဒီအလုပ်ပြီးရင် မင်းတို့ ထောက်လှမ်းရေးနယ်ပယ်မှာ ဆက်လှုပ်ရှားဖို့ မသင့်တော့ဘူး။ ပြီးတော့လည်း အမြင့်ဆုံး တာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်တဲ့အတွက် အလုပ်က အနားယူရမယ်။ နိုင်ငံတော်က ထောက်ပံပေးနိုင်သမျှ အကောင်းဆုံးတွေနဲ့ မင်းတို့ကို ချီးမြင့်သွားမယ်။ အုတ်ဟွာလည်း မိသားစုဆီကို ပြန်သွားရမယ်။ အုတ်ဟွာ မင်းလိုချင်တာလည်း ဒါပဲမဟုတ်လား။"

ကျွန်မ ရုတ်တရတ် အံ့သြသွားသဖြင့် သူ့ကို ကြည့်မိသည်။ ကုလားထိုင်မှှ ထခုန်ချင်စိတ်ပေါက်အောင် ကျွန်မ ဝမ်းသာမိသည်။ ကျွန်မဘဝ၏အပျော်ရွှင်ဆုံး အချိန်ဖြစ်သည်။ ပေးအပ်လိုက်သော တာဝန်သည် နိုင်ငံတော်က မျှော်လင်ခြင်းကြီးစွာ ပေးအပ်လိုက်ခြင်း ဖြစ်သလို ကျွန်မအဖို့လည်း မိသားစုနှင့် အတူ ပြန်နေရရေးသည် အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်သည်။ ချစ်မြတ်နိုးရသော ခေါင်းဆောင်ကြီး ကင်ဂျံူ အီက ကျွန်မအား ရွေးချယ်တာဝန်ပေးသည့်အတွက် များစွာ ဂုဏ်ယူမိသည်။ ကျွန်မတို့၏ ဖောက်ခွဲရေး အလုပ်သည် ကိုးရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအပေါ် မည်သို့သက်ရောက်မှု ရှိမည်ကိုမူ မစဉ်းစားမိခဲ့။ သူတို့ပြောသမျှ ယုံခဲ့သည်သာ။ တောင်ကိုရီးယား တရားခွင်တွင် ရင်ဆိုင်ရသည် အခါတွင်မှ နိုင်ငံရေး၏ အတိမ်အနက်ကို ကျွန်မ တွေးမိတော့သည်။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း မိသားစုနှင့်လည်း ပြန်လည်ပေါင်းစည်းရမည်က်ုိ မျှော်မှန်းရင်း ဝမ်းအသာကြီး သာမိသည်။ ရဲဝံစွာ ကျွန်မက "ကျွန်မတို့ကို အားကိုးနိုင်ပါတယ်။ လုံးဝ ကျရှုံးမှု မရှိဖို့ ကျွန်မ အာမခံပါတယ်" ဟု ညွှန်မှူ းအား စေ့စေ့ကြည့်လျက် ပြောချလိုက်သည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
January 10,2016

No comments:

Post a Comment