CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 23, 2016
ေျမြေဟာက္ကိုက္ရင္ သမီးရဲ႕ေသြးအားနည္းေရာဂါေပ်ာက္မယ္လို႔ အထင္မွားခဲ႔တဲ႔ အေဖ
သမီးျဖစ္သူရဲ႕ ေသြးအားနည္းေရာဂါကို ဆရာဝန္ေတြအားလံုးလက္ေလွ်ာ႔လိုက္တဲ႔ေနာက္ ေျမြေဟာက္ကိုက္ရင္ေတာ႔ ေပ်ာက္သြားမွာပါလို႔ ဖခင္ျဖစ္သူက ယံုၾကည္ခဲ႔ၿပီး တကယ္လည္း သမီးျဖစ္သူကို ေျမြေဟာက္ကိုက္ေစခဲ႔တယ္လို႔ သတင္းရရွိပါတယ္။
ဖခင္ျဖစ္သူရဲ႕ အမည္ဟာ Wang Jingshuai ျဖစ္ၿပီး သူဟာ တရုတ္ႏုိင္ငံ၊ Hebei ျပည္နယ္၊ Wuqiang စီရင္စုမွာ ေနထိုင္သူျဖစ္ပါတယ္။ ေသြးအားနည္းေရာဂါ ေဝဒနာရွင္ သမီးကို ေျမြေဟာက္သာကိုက္ခဲ႔ရင္ ေရာဂါကုသႏုိင္လိမ္႔မယ္လို႔ သူဟာ အေတြးအျမင္မွားခဲ႔ပါတယ္။
သူ႔သမီးရဲ႕ ေသြးအားနည္းေရာဂါကို ကုသဖို႔အတြက္ သူစုထားတဲ႔ပိုက္ဆံေတြအားလံုး သံုးခဲ႔ေပမဲ႔ ေရာဂါက ေပ်ာက္မသြားခဲ႔ပါဘူး။ ဒီ႔အတြက္ ေျမြေဟာက္ကိုက္ေစၿပီး ကုသဖို႔ကို Wang ရဲ႕မိတ္ေဆြေတြက အၾကံဉာဏ္ေပးခဲ႔ပါတယ္။ "အဆိပ္ကို အဆိပ္နဲ႔တိုက္ထုတ္ရတယ္ကြ။" လို႔ မိတ္ေဆြေတြက ေျပာခဲ႔ပါတယ္။
Wang ရဲ႕ သမီးကို ေျမြေဟာက္က ကိုက္လိုက္ၿပီးတဲ႔ေနာက္မွာေတာ႔ ေျမြဆိပ္တက္ခဲ႔ၿပီး ေဆးရံုပို႔ခဲ႔ရပါတယ္။ ဆရာဝန္ေတြက ေျမြဆိပ္ကိုေျဖေပးႏုိင္ခဲ႔ၿပီး ခုေတာ႔ စိတ္ခ်ရဲ႕အေျခအေနမွာ ရွိေၾကာင္း Wang ကေျပာခဲ႔ပါတယ္။
သမီးရဲ႕ ေရာဂါကို ကုသေပးႏုိင္ဖို႔ အခြင္႔အလမ္းကိုသာ ေမွ်ာ္လင္႔ခဲ႔ေၾကာင္း၊ သူ႔ရဲ႕ လုပ္ရပ္ေတြအတြက္ ဝမ္းနည္းမိေၾကာင္း Wang က ေျပာခဲ႔ပါတယ္။
( Skyler )
#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com
Ref: CCTVNews
...........................................................
မြွေဟောက်ကိုက်ရင် သမီးရဲ့သွေးအားနည်းရောဂါပျောက်မယ်လို့ အထင်မှားခဲ့တဲ့ အဖေ
သမီးဖြစ်သူရဲ့ သွေးအားနည်းရောဂါကို ဆရာဝန်တွေအားလုံးလက်လျှော့လိုက်တဲ့နောက် မြွေဟောက်ကိုက်ရင်တော့ ပျောက်သွားမှာပါလို့ ဖခင်ဖြစ်သူက ယုံကြည်ခဲ့ပြီး တကယ်လည်း သမီးဖြစ်သူကို မြွေဟောက်ကိုက်စေခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖခင်ဖြစ်သူရဲ့ အမည်ဟာ Wang Jingshuai ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံ၊ Hebei ပြည်နယ်၊ Wuqiang စီရင်စုမှာ နေထိုင်သူဖြစ်ပါတယ်။ သွေးအားနည်းရောဂါ ဝေဒနာရှင် သမီးကို မြွေဟောက်သာကိုက်ခဲ့ရင် ရောဂါကုသနိုင်လိမ့်မယ်လို့ သူဟာ အတွေးအမြင်မှားခဲ့ပါတယ်။
သူ့သမီးရဲ့ သွေးအားနည်းရောဂါကို ကုသဖို့အတွက် သူစုထားတဲ့ပိုက်ဆံတွေအားလုံး သုံးခဲ့ပေမဲ့ ရောဂါက ပျောက်မသွားခဲ့ပါဘူး။ ဒီ့အတွက် မြွေဟောက်ကိုက်စေပြီး ကုသဖို့ကို Wang ရဲ့မိတ်ဆွေတွေက အကြံဉာဏ်ပေးခဲ့ပါတယ်။ "အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်ရတယ်ကွ။" လို့ မိတ်ဆွေတွေက ပြောခဲ့ပါတယ်။
Wang ရဲ့ သမီးကို မြွေဟောက်က ကိုက်လိုက်ပြီးတဲ့နောက်မှာတော့ မြွေဆိပ်တက်ခဲ့ပြီး ဆေးရုံပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက မြွေဆိပ်ကိုဖြေပေးနိုင်ခဲ့ပြီး ခုတော့ စိတ်ချရဲ့အခြေအနေမှာ ရှိကြောင်း Wang ကပြောခဲ့ပါတယ်။
သမီးရဲ့ ရောဂါကို ကုသပေးနိုင်ဖို့ အခွင့်အလမ်းကိုသာ မျှော်လင့်ခဲ့ကြောင်း၊ သူ့ရဲ့ လုပ်ရပ်တွေအတွက် ဝမ်းနည်းမိကြောင်း Wang က ပြောခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: CCTVNews
ေျမြေဟာက္ကိုက္ရင္ သမီးရဲ႕ေသြးအားနည္းေရာဂါေပ်ာက္မယ္လို႔ အထင္မွားခဲ႔တဲ႔ အေဖ
Reviewed by MP4 YoU
on
January 23, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment