နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များရောင်းချမည်ဆိုပါက မြန်မာစာဖြင့်ကုန်ပစ္စည်းအညွှန်းများဖော်ပြပေးရမည်ဖြစ်ပြီး နိုင်ငံခြားစာသားဖြင့်ဖော်ပြထားပါက ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်အရ အရေးယူသွားမည်ဟု၎င်းကဆိုသည်။
ယင်းကဲ့သို့အရေးယူရန် သက်ဆိုင်ရာဌာနများက ကြီးကြပ်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ကဈေးကွက်များအတွင်း စောင့်ကြပ်စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် ကလေးနို့မှုန့်များနှင့် အစားအစာများသည် ပြည်ပမှ တိုက်ရိုက်ဝယ်ယူပါကဈေးနှုန်းထက်ဝက်နီးပါးခန့်သက်သာသည့်အတွက် တိုက်ရိုက်ဝယ်ယူသုံးစွဲသူများလာသည်ဟု ကလေးနို့မှုန့်နှင့် အစားအစာများကို ထိုင်းနိုင်ငံမှတင်သွင်းရောင်းချနေသူတစ်ဦးက ပြောဆိုသည်။
#LashioMedia
................
မြန်မာစာဖြင့် ဖော်ပြမထားသည့် ကလေးအစားအသောက်များ ရောင်းချပါက အရေးယူမည်
ရန်ကုန်၊ ဇန်နဝါရီ၁
မြန်မာစာဖြင့် ဖော်ပြမထားသည့် ကလေးအစားအသောက်များရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေများစိစစ်ရေးဌာန နည်းဥပဒေလုပ်ထုံးလုပ်နည်းဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောကြားသည်။
နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များရောင်းချမည်ဆိုပါက မြန်မာစာဖြင့်ကုန်ပစ္စည်းအညွှန်းများဖော်ပြပေးရမည်ဖြစ်ပြီး နိုင်ငံခြားစာသားဖြင့်ဖော်ပြထားပါက စျေးကွက်တင်ခြင်းဆိုင်ရာအမိန့်အရ အရေးယူသွားမည်ဟု၎င်းကဆိုသည်။
ယင်းကဲ့သို့အရေးယူရန် သက်ဆိုင်ရာဌာနများက ကြီးကြပ်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ကစျေးကွက်များအတွင်း စောင့်ကြပ်စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရဌာန ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက်တာမေခင်သန်းကပြောကြားသည်။
“ လက်ရှိစျေးကွက်ထဲရှိနေတဲ့ပစ္စည်း (မြန်မာစာတမ်းမထိုးထားသည့်ပစ္စည်း)တွေကို ပြန်သိမ်းဖို့အချိန်ပေးထားတယ်၊ စျေးကွက်ထဲကိုလိုက်စစ်ရမယ်။ မြန်မာနိုင်ငံမှာရောင်းချချင်တယ်ဆိုရင်တော့ မြန်မာလိုရောင်းချရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သုံးဖို့ နိုင်ငံခြားကတင်သွင်းတာဆိုရင်တော့ အမိန့်နဲ့မသက်ဆိုင်ပါဘူး” ဟု ဒေါ်အေးအေးဝင်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် ကလေးနို့မှုန့်များနှင့် အစားအစာများသည် ပြည်ပမှ တိုက်ရိုက်ဝယ်ယူပါကစျေးနှုန်းထက်ဝက်နီးပါးခန့်သက်သာသည့်အတွက် တိုက်ရိုက်ဝယ်ယူသုံးစွဲသူများလာသည်ဟု ကလေးနို့မှုန့်နှင့် အစားအစာများကို ထိုင်းနိုင်ငံမှတင်သွင်းရောင်းချနေသူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင်မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းနှုန်းသည် ၉၀ရာခိုင်နှုန်းရှိပြီး ကလေးများကိုအသက်ခြောက်လထိ နို့တိုက်ကျွေးခြင်းနှုန်းသည် ၂၃ဒသမ၆ရာခိုင်နှုန်းရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
#LashioMedia
No comments:
Post a Comment