Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 9, 2016

ကုသိုလ္တေထာႀကီး ယူႏိုင္ဖို႔



ျပီးခဲ့တဲ့တလခန္႔က သတင္းစာရွင္းလင္းပဲြတခု လုပ္စရာရိွလို႔ တကၠသိုလ္ဖြင့္ေပမယ့္ ရက္ရွည္ခြင့္ယူျပီး ရန္ကုန္ၿမိဳ႕ကို ၾကြေရာက္ျဖစ္ခဲ့ တယ္။ အလုပ္ကိစၥေတြအားလံုး ၿပီးဆံုးသြားေတာ့ မိမိအျမဲေရးေနတဲ့ ဂ်ာနယ္တိုက္ပိုင္ရွင္က ေရာက္တုန္းေရာက္ခိုက္ က်ဳိက္ထီးရိုးဘုရား ဖူးသြားပါဦးဆိုၿပီး ခရီးစရိတ္အစစအရာရာ လွဴဒါန္းတာရယ္၊ မေရာက္ တာၾကာလို႔ မိမိမွာလည္း ဖူးခ်င္တဲ့စိတ္ဆႏၵျဖစ္ေပၚေနတာရယ္ ဒီနွစ္ခု တိုက္ဆိုင္သြားလို႔ သြားေရာက္ျဖစ္ခဲ့ပါတယ္။

လမ္းခရီးတေလွ်ာက္လံုးမွာ စိတ္ခ်မ္းသာစရာေကာင္းတာက ကို်က္ထီးရိုးသြားတဲ့ ကားလမ္းေလးဟာ ဟိုအရင္လို ခို်င့္ေတြ၊ ခြက္ေတြနဲ႔ ခပ္ဆိုးဆိုးမဟုတ္ေတာ့ဘဲ ေခ်ာေခ်ာေမြ႔ေမြ႔အဆင္ေျပေျပသြားလာနိုင္ေအာင္ ျပဳျပင္ဖန္တီးထားတဲ့ကားလမ္း ေလး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ရင္ထဲမွာကိ်တ္ျပီး ဒီလိုျပဳျပင္ေျပာင္းလဲ ေပးခဲ့တဲ့ သက္ဆိုင္ရာ တာ၀န္ရိွပုဂၢိဳလ္ေတြကို သာဓုေတြအႀကိမ္ႀကိမ္ ေခၚခဲ့မိပါေသးတယ္။

မိမိသြားေရာက္ျဖစ္ခဲ့တဲ့ အခိ်န္က ခရီးထြက္လို႔ အသင့္ေတာ္ဆံုးရာသီျဖစ္ေနလို႔ လမ္းခရီးတေလွ်ာက္မွာ ျပည္တြင္း ျပည္ပ အနံွ႔အျပားမွ လာေရာက္ၾကတဲ့ ဘုရားဖူးေတြကို အေရာင္အေသြးစံုလင္ စြာ ေတြ႔ျမင္ခဲ့ရပါတယ္။

ဒီလိုမိမိတို႔ အထြတ္အျမတ္ထားရာ ေစတီပုထိုး မ်ားရိွရာကို လူမ်ဳိးျခား၊ ဘာသာျခားေတြက လာေရာက္ဖူးေျမာ္လည္ပတ္ တာျမင္ရေတာ့ ျမန္မာနိုင္ငံသားျဖစ္ရတဲ့ မိမိကိုယ္ကိုယ္ ေက်နပ္ခဲ့မိပါ ေသးတယ္။

ကင္မြန္းစခန္းေရာက္ေတာ့ မိမိတို႔စီးနင္းလာတဲ့ ေမာ္ေတာ္ကား ကိုအပ္နံွခဲ့ၿပီး ေတာင္တက္ကားမ်ားရိွရာ ခီ်တက္ျဖစ္ခဲ့ၾကပါတယ္။ လက္ မွတ္ျဖတ္တဲ့ေနရာေရာက္ေတာ့ ေတာင္ေပၚအေရာက္ကို မိမိတို႔သံုး ေယာက္စာအတြက္ ေရွ႕ေခါင္းခန္းက ႀကိဳတင္စာရင္းေပးသြင္းတဲ့အခါ ငါးေယာက္ မျပည့္လို႔ ေခါင္းခန္းကို မေပးပါဘူး။

ဒါနဲ႔ပဲ ေနာက္တဲြကေန ဘုရားတရင္း လိုက္ပါစီးနင္းျဖစ္ခဲ့ပါတယ္။ ေနာက္တဲြမွာ ထိုင္ခံုတတန္း ကို ခရီးသည္ခုနစ္ဦးပဲတင္ခြင့္ရိွတယ္လို႔ စာကပ္ထားေပမယ့္ စပယ္ယာက ရွစ္ေယာက္ပိုတင္လို႔ မိမိေဘးနားက ခပ္၀၀ဒကာမ တေယာက္နဲ႔ အေခ် အတင္စကားမ်ားေနတာကို ျမင္ေတြ႕ခဲ့ရပါေသးတယ္။

လမ္းေဘး၀ဲယာ ရႈခင္းၾကည့္ၿပီး ေတာင္တက္ျခင္း၏ အရသာကို ျမည္းစမ္းမယ္လို႔ ၾကံရြယ္ခဲ့ေပမယ့္ စိတ္ပ်က္စရာေကာင္းတဲ့ ျမင္ကြင္းေတြကိုပဲ ရႈျမင္ခဲ့ရပါတယ္။

ဒါဟာဘာလဲဆိုေတာ့ ေတာင္တက္လမ္း တေလွ်ာက္လံုးမွာ အလွဴခံေတြ ဟာ မိႈလိုေပါက္ၿပီး လာသမွ်ကားတိုင္း ရပ္ေပးရတယ္။ ကားေပၚမွာ ပါလာသမွ် ဘုရားဖူးေတြကို အေၾကြးေတာင္းသလို အတင္းအဓမၼ ေငြဖလားထိုးခံၿပီး အလွဴခံေနၾကေတာ့တာပါပဲ။

ၾကာလာေတာ့ဘုရားဖူး ေတြဟာကားရပ္မွာကိုေတာင္ ေၾကာက္လာၾကၿပီလို႔ ေျပာဆိုသံေတြ ၾကားခဲ့ရပါတယ္။ ဒီျမင္ကြင္းကိုၾကည့္ျပီး အလွဴခံပုဂၢိဳလ္ျဖစ္ေနတဲ့ မိမိဟာ ကိုယ့္ကိုယ္ကိုယ္ေတာင္ ရွက္ရံြ႕အားငယ္ခဲ့မိပါေသးတယ္။

ေတာင္ေပၚေရာက္ေတာ့ ၾကက္ပံ်မက် စည္ကားလွတဲ့ ျမင္ကြင္း ႀကီးကိုၾကည့္ၿပီး လြန္ခဲ့တဲ့ေလးနွစ္ခန္႔က မိမိတို႔ တကၠသိုလ္ေက်ာင္းသား ေတြစုေပါင္းၿပီး ေရာက္ျဖစ္ခဲ့စဥ္က တေပ်ာ္တပါးႀကီး မုခ္ဦးေရွ႕မွာ အဖဲြ႕ လိုက္မွတ္တမ္းတင္ဓာတ္ပံုရိုက္ခဲ့တာကို လြမ္းခဲ့မိပါေသးတယ္။ အလြမ္း ေျပ အထိမ္းအမွတ္အေနနဲ႔ပါလာတဲ့ မိမိ၏ ကားဒရိုင္ဘာ ဒကာေလးကို အေရာင္အေသြး စံုလင္လွတဲ့ လူေတြၾကားထဲမွာ တပါးတည္း၀င္ေရာက္ ေနရာယူရင္း ဓာတ္ပံုလွလွေလး တပံုရိုက္ခိုင္း ျဖစ္ခဲ့ပါေသးတယ္။

တခိ်န္ တည္းမွာပဲ ဒီေလာက္စည္ကားလွတဲ့ ဘုရားဖူးေတြကိုၾကည့္ရင္းမ်ား မၾကာေသးမီက သတင္းစာနဲ႔ ဂ်ာနယ္စာမ်က္နွာေတြမွာ ဖတ္လိုက္ရတဲ့ က်ဳိက္ထီးရိုးဘုရား ၀င္ေငြနည္းပါးမႈေၾကာင့္ အေၾကြးတင္ေနသည္ဆိုတဲ့ သတင္းတပုဒ္ကို ျပန္လည္ေတြးမိရင္း အံ့ၾသမွင္သက္စြာ ျပံဳးခဲ့မိပါေသး တယ္။ ေဘး၀ဲယာတေလွ်ာက္လံုး ဆိုင္ခန္းေတြ၊ ပုဂၢလိကတည္းခို ခန္းေတြ ျပည့္နွက္ေနျပီး ေနရာလြတ္ကို မရိွသေလာက္ ျဖစ္ေနပါတယ္။

ရင္ျပင္ေတာ္ေပၚေရာက္ခါနီး လမ္းတ၀က္ရိွ နတ္နန္းနတ္ကြန္းမ်ားမွာ ထိုင္ေစာင့္ေနျပီး လာသမွ်လူေတြကို နတ္ကြန္းထဲ၀င္ျပီး မလွဴဒါန္းလွ်င္၊ မဦးခိုက္လွ်င္ ေဘးဒုကၡေရာက္ေတာ့မည့္သဖြယ္ ေျပာဆိုအလွဴခံေနတဲ့ အျပဳအမူေတြဟာ ေထရ၀ါဒဗုဒၶဘာသာကို လက္ခံယံုၾကည္ၿပီး ကိုးကြယ္ က်င့္သံုးေနတဲ့ မိမိတို႔နိုင္ငံအတြက္ ဂုဏ္သိကၡာကို အႀကီးအက်ယ္ ထိခိုက္ေစပါတယ္။

ရင္ျပင္ေတာ္ေပၚ ေျခခ်မိလိုက္တာနဲ႔ တျပိဳင္နက္မ်ားစြာ စိတ္ ထိခိုက္စရာေကာင္းသည့္ ျမင္ကြင္းကား နွာေခါင္းေပါက္သာသာရိွတဲ့ လူသြားလမ္းကလဲြရင္ ရင္ျပင္ေတာ္တခုလံုးမွာ အလယ္အလတ္တန္းစားနဲ႔ ေအာက္ေျခလူတန္းစား ဘုရားဖူးေတြရဲ့ ညအိပ္ညေနအတြက္ ေနရာယူ ထားတဲ့ အိပ္ရာေနရာေတြနဲ႔ ျပည့္နွက္ေနၿပီး ရင္ျပင္ေတာ္တခုလံုးကိုအလြန္အင္မတန္မွအရုပ္ဆိုးအက်ဥ္းတန္ေစျခင္းပဲ ျဖစ္ပါတယ္။

ဒီ ျပႆနာရဲ႕အဓိကတရားခံကားတည္းခိုခန္းခေတြ ေဈးႀကီးလြန္းတာရယ္၊ ရင္ျပင္ေတာ္တ၀က္ေလာက္ကို တည္းခိုဖို႔ ဓမၼာရံုေတြ ေဆာက္လုပ္ ထားျခင္းေၾကာင့္တို႔ပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ သီဟဓမၼာရံုနဲ႔ တိႆ ဓမၼာရံုနွစ္ခုဟာ ဘုရားရင္ျပင္ေတာ္ေပၚမွာ ေနရာေတာ္ေတာ္ယူထားပါ တယ္။ ၿပီးေတာ့ အဲဒီဓမၼာရံုေတြကို အခိ်န္ျပည့္ပိတ္ထားၿပီး တာ၀န္က် လံုျခံဳေရးေတြက အျမဲေစာင့္ၾကပ္ေနပါတယ္။ သီဟဓမၼာရံုရဲ႕ အေရွ႕ဘက္ မ်က္နွာစာမွာ အလွဴရွင္ ဗိုလ္ခ်ဴပ္ႀကီးေဟာင္းသူရဦးေရႊမန္းနွင့္ဇနီး ေဒၚခင္ ေလးသက္လို႔ ကမၸည္းစာလံုးအႀကီးႀကီး ထိုးထားတာကို ေတြ႕ျမင္ခဲ့ရပါ တယ္။

ဒီစာသားကိုၾကည့္ျခင္းအားျဖင့္ ဒီဓမၼာရံုမွာ သာမန္ဘုရားဖူးျပည္သူ ေတြ တည္းခိုခြင့္မရိွဘူးလို႔ ထုတ္ေျပာေနသေယာင္ေယာင္ပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ အျခားသံုးထပ္ေဆာင္၊ ျပည္ထဲေရးဓမၼာရံုနဲ႔ ဌာနဆိုင္ရာ ေခါင္းစဥ္ေတြနဲ႔ ေဆာက္လုပ္ထားတဲ့ ဓမၼာရံုေတြကိုလည္း ျပည္သူေတြ ကို တည္းခိုခြင့္မျပဳပါဘူး။

သက္ဆိုင္ရာ လူႀကီးေတြ လာမတည္းတဲ့ အခိ်န္မွာ ဓမၼာရံုေစာင့္ေတြက ဘုရားဖူးေတြကို ေဈးႀကီးႀကီးနဲ႔ ငွားစားၾက ပါတယ္။ ဒါေၾကာင့္ ကုန္က်စရိတ္နည္းနည္းနဲ႔ ဘုရားလာဖူးတဲ့ မိသားစု ေတြဟာ ရင္ျပင္ေတာ္မွာပဲျဖစ္သလို ေစာင္ေလးေတြ၊ ျခင္ေထာင္ေလးေတြ ကာျပီး အဖီထိုးကာလမ္းေဘးေနလူ႔ငမဲြေတြကဲ့သို႔တည္းခိုေနရၾကျခင္းပဲ ျဖစ္ပါတယ္။ ဒီရဲ႕ အက်ဳိးဆက္က တခ်ဳိ႕တည္းခိုသူေတြက ကေလးေတြကို အဲဒီမွာပဲ ခီ်းတည္၊ ေသးတည္ၾကေတာ့ ခီ်းနံ႔၊ ေသးနံ႔ေတြဟာ ပတ္၀န္း က်င္ကို အေတာ္ဒုကၡေပးပါတယ္။

ထမင္းဆိုင္ေတြကလည္း ေဈးအင္ မတန္ႀကီးေတာ့ ဘုရားဖူးေတြက ကိုယ့္ထမင္းခ်ဳိင့္နဲ႔ ကိုယ္လာၾက၊ ၿပီးေတာ့ ရင္ျပင္ေတာ္ေပၚမွာပဲ စားၾကတယ္။ ဒါေၾကာင့္ ရင္ျပင္ေတာ္ဟာ ထမင္း က်န္၊ ဟင္းက်န္ေတြနဲ႔ ညစ္ပတ္ေနၿပီး ဘုရား၀တ္ျပဳရန္ ထိုင္ဖို႔ ေတာင္ ဒီအညစ္အေၾကးေတြေၾကာင့္ စိတ္မသန္႔ျဖစ္ခဲ့ရပါတယ္။

ေနာက္ျပႆနာတခုကား ေရခ်ဳိးခန္းနဲ႔ အမ်ားသံုးအိမ္သာေတြပဲ ျဖစ္ပါတယ္။ ရင္ျပင္ေတာ္မွာ အမ်ားသံုးအိမ္သာေတြကို တခါသံုး က်ပ္ နွစ္ရာေပးရပါတယ္။ သို႔ေသာ္ အိမ္သာထဲမွာေရပံုးမရိွပါဘူး။

ကိုယ့္တခါ သံုးစာအတြက္ ေရးပံုးခပ္ေသးေသးတပံုးကို ကိုယ္တိုင္ဆဲြၿပီး အိမ္သာတက္ၾကရပါတယ္။အဲဒီပံုးက ေရဖလားသံုးခြက္စာေတာင္မျပည့္ပါဘူး။ အမ်ား သံုး ေရခ်ဳိးခန္းေတြဆိုလည္း ေရတပံုးက်ပ္ငါးရာနဲ႔ ၀ယ္သံုးၾကရပါတယ္။ ေအးတဲ့ရာသီမွာ ေရေႏြးလိုခ်င္ေတာ့ က်ပ္ရွစ္ရာေပးရပါတယ္။

က်န္းမာ ေရးအတြက္ အဓိကက်တဲ့ သန္႔ရွင္းသပ္ရပ္မႈကား နည္းနည္းမွ် မရိွေပ။ ဒီလို ျပည္တြင္းျပည္ပဘုရားဖူးေတြနဲ႔ ႀကိတ္ႀကိတ္တိုးစည္ကားတဲ့ ေနရာမ်ဳိးမွာ ယုတ္စြဆံုးျဖစ္တဲ့ အိမ္သာတက္ဖို႔ကိစၥကိုေတာင္ အဆင္ေျပေအာင္ ဖန္တီးမထားေပးတာဟာ အင္မတန္အရုပ္ဆိုးအက်ည္းတန္ေစပါတယ္။

ဒီလိုတည္းခိုမႈျပႆနာေတြကို လိုက္လံၿပီး ေလ့လာေနတုန္း မိမိနွင့္ ရင္းနီွးသည့္ ေထရ၀ါဒတကၠသိုလ္မွ မိတ္ေဆြတေယာက္နဲ႔ေတြ႕လို႔ စကား စျမည္ေျပာၾကဆိုရင္းသူနွင့္အတူပါလာတဲ့ဗီယက္နမ္ဆရာေလးနွစ္ပါးက ေန႔ဆြမ္းကပ္ခ်င္တယ္ဆိုလို႔ကီ်းကန္းပါးစပ္ဂူရိွရာလဟာျပင္ထဲမွာ ေဆာက္လုပ္ထားတဲ့တရုတ္ၾကီးအမည္ရိွ ေဒသထမင္းဆိုင္ရိွရာဆီကိုခီ်တက္ျဖစ္ခဲ့ၾကပါတယ္။

အစားအေသာက္ေတြဟာ အင္မတန္မွ ေဈး ႀကီးလြန္းပါတယ္။ ေန႔ဆြမ္းဘုဥ္းေပးၿပီး ကီ်းကန္းပါးစပ္ဂူကို သြားေရာက္ ၾကည့္ရႈဖို႔ အသြားလမ္းဂူနားေရာက္ခါနီးမွာ အလွဴခံေတြက မိမိနွင့္အတူ ပါလာတဲ့ ဗီယက္နမ္ဆရာေလးနွစ္ပါးကို ျမန္မာလူမ်ဳိးထင္ၿပီးေျပာလိုက္ တဲ့စကားက မိမိမ်က္နွာကို ေရေႏြးနဲ႔ အပက္ခံခဲ့ရသလိုပါပဲ။

ဘာေျပာ လိုက္လဲဆိုေတာ့ ''ဆရာေလးတို႔ ထမင္းစားလို႔ပိုတဲ့ အေၾကြေလးေတြ ဘုရားျပဳျပင္ဖို႔အတြက္ လွဴခဲ့ၾကပါဦးတဲ့'' ဘယ္ေလာက္မ်ားရွက္စရာ ေကာင္းလိုက္ပါသလဲ။

ျမန္မာစကားနားမလည္တဲ့ သူတို႔အဖို႔ မိမိမိတ္ ေဆြက အဆင္ေျပသလို ဘာသာျပန္ေပးလိုက္လို႔ ေတာ္ေသးသည္ဟု ဆိုရမည္ျဖစ္ပါတယ္။ သူတို႔အလွဴခံေနတဲ့ပံုစံဟာ အိမ္ေျခမဲ့ သူေတာင္း စားေတြ လမ္းေပၚမွာလိုက္လံေတာင္းရမ္းေနတဲ့ အမူအရာနဲ႔တေထရာ တည္းျဖစ္ေနပါတယ္။

လြန္ခဲ့ေသာ သံုးလေက်ာ္က လည္လည္၀ယ္၀ယ္ရိွတဲ့ နိုင္ငံျခား သူတေယာက္ဟာ သူမရဲ့ေဖ့စ္ဘြတ္ခ္ စာမ်က္နွာေပၚမွာ က်ဳိက္ထီးရိုး ဘုရားခရီးစဥ္နဲ႔ပတ္သက္လို႔ ဒီလိုေဖာ္ျပထားတာကို ဖတ္ရႈခဲ့ရပါတယ္။

''ကြ်န္မတို႔ကို ယဥ္ေက်းမႈဇုန္၀င္ေၾကးဆိုၿပီး ေျခာက္ေဒၚလာ ေတာင္း ပါတယ္။ ၿပီးေတာ့ ကြ်န္မတို႔ကိုတည္းခိုခန္းတို႔ ဘုရားရင္ျပင္တို႔မွာ တည္း ခိုခြင့္မေပးပါဘူး။ ဟိုတယ္ေတြမွာ တည္းခိုခိုင္းတယ္။

ဟိုတယ္နာမည္ ေတာ့ ကြ်န္မ မမွတ္မိေတာ့ဘူး။ ဟိုေရာက္သြားေတာ့ တညကို ေဒၚလာ၁၀၀ ေတာင္းတယ္။ကြ်န္မထပ္ခါထပ္ခါ ေဈးဆစ္ေတာ့ ေနာက္ဆံုး ၇၅ ေဒၚလာနဲ႔ ေဈးတည့္သြားတယ္။ ဒီ GoldenRock ကုိ တေခါက္ လာဖို႔ ကြ်န္မတို႔အတြက္ ေဒၚလာ ၁၀၀ ေက်ာ္ကုန္တယ္။ ေျပာခ်င္တာ က ကမၻာလွည့္ခရီးသြားေတြအတြက္ အရမ္းေဈးႀကီးတဲ့ေနရာ ျဖစ္ပါ တယ္''လို႔ ပြင့္လင္းစြာေရးသားထားပါတယ္။

အမွန္တကယ္ဆိုက်ဳိက္ထီးရိုးဘုရားဟာအလွဴေငြအရဆံုးနဲ႔ ေလလံေၾကးေတြမွာလည္းအျမင့္ဆံုးေၾကးရေနတဲ့အထဲမွာပါသလို ေတာင္တက္ကားအသင္းကလည္း ေန႔စဥ္နဲ႔အမွ် ၀င္ေငြအရဆံုးထဲမွာ ပါ၀င္ပါတယ္။ ဘုရားနဲ႔ပတ္သက္ၿပီး ထူးထူးျခားျခားတိုးတက္လာတာ သိပ္မ်ားမ်ားစားစား မျမင္ေတြ႕ရပါဘူး။

ဘုရားအနီးမွာ တည္းခိုခန္း ေတြမ်ားလာျခင္း၊ ရင္ျပင္ေတာ္ေပၚမွာ ေနစရိတ္၊ စားစရိတ္ေတြျမင့္ တက္လာျခင္း၊ အလွဴခံေတြ မိႈလိုေပါက္လာျခင္း ဒါေတြသာနွစ္စဥ္နဲ႔အမွ် တိုးတက္လာတာကို ျမင္ေတြ႔ေနရပါတယ္။

ဒီဘက္ေခတ္မွာ ေခတ္စားလာတဲ့ ေလလံဆိုတာနဲ႔ပတ္သက္ၿပီး ေ၀ဖန္ေထာက္ျပရပါလွ်င္မူ ဘုရားမွာကပ္လွဴတဲ့ ေရႊဆိုင္းအေရာင္းဆိုင္ ေတြ၊ အလွဴခံပံုးေတြ၊ အလွဴခံေတြ၊ ဆိုင္ခန္းေတြ၊ တည္းခိုခန္းေတြ ရိွရိွသမွ် အားလံုးကို ကန္ထရိုက္ေပးၿပီး ေလလံတင္လုပ္ကိုင္ေနၾကေတာ့ အဆမတန္ေဈးေပးၿပီး ေလလံေအာင္ထားတဲ့ လုပ္ငန္းရွင္ေတြဟာ မိမိတို႔ အျမတ္အစြန္းမ်ားမ်ားရရိွေရးအတြက္ အလွဴခံေတြဆိုရင္လည္း အတင္း အဓမၼေကာက္ခံၾက၊ စားေသာက္ဆိုင္ေတြဆို ေဈးႀကီးႀကီးေရာင္းၾက၊ တည္းခိုခန္းေတြဆို မတန္မရာေတာင္းၾကနဲ႔ လာသမွ်ဘုရားဖူးပုဂၢိဳလ္ ေတြဆီက အနုနည္းေရာအၾကမ္းနည္းနဲ႔ပါ စီးပြားရွာေနၾကပါတယ္။ ခပ္ရိုင္းရိုင္း ဥပမာေပးရလွ်င္ ဘုရားျပၿပီးဆန္ေတာင္းေနၾကတဲ့ လုပ္ရပ္ေတြပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ က်ဳိက္ထီးရိုးဘုရားနဲ႔ပတ္သက္တဲ့ ေလလံအား လံုးကိုပြင့္လင္းျမင္သာ ျပန္လည္ျပဳျပင္ဖို႔လိုအပ္ေနပါၿပီ။

ဒီလိုမျဖစ္ရေအာင္ ရင္ျပင္ေတာ္ေပၚက ဓမၼာရံုတိုင္းကို အမ်ား ျပည္သူေတြ တည္းခိုခြင့္ျပဳဖို႔၊ ဟိုတယ္ေတြကို ေဈးနႈန္းကန္႔သတ္ဖို႔၊ ေရခ်ဳိးခန္း၊ အိမ္သာမ်ားလံုေလာက္ေအာင္ တည္ေဆာက္ေပးဖို႔၊ တည္းခိုခန္း၊ ဆိုင္ခန္းေတြကို စနစ္တက်နဲ႔ တည္ေဆာက္ေပးဖို႔၊ သန္႔ရွင္းေရး ၀န္ထမ္းေတြ တိုးျမွင့္ခန္႔အပ္ထားဖို႔နဲ႔ အလွဴခံေတြမွန္သမွ်ကို ထိန္းေက်ာင္းျပဳျပင္ေပးဖို႔ အစရိွတဲ့အခ်က္ေတြကို တာ၀န္ရိွေဂါပကမ်ား အေနနဲ႔ အျမန္ဆံုး အေကာင္အထည္ေဖာ္ေဆာင္ေပးဖို႔ သင့္ေနပါၿပီ။

ဒါမွသာလွ်င္ ဆံေတာ္ရွင္က်ဳိက္ထီးရိုးေစတီေတာ္ျမတ္ႀကီးကို ျပည္တြင္းျပည္ပ ဆင္း ရဲခ်မ္းသာ၊ အယုတ္အျမတ္မေရြး ေငြေၾကးနည္းနည္းနဲ႔ နွစ္စဥ္သြားေရာက္ဖူးေျမာ္နိုင္ၿပီးကုသိုလ္ေတြတေထာႀကီးရယူနိုင္ၾကမွာျဖစ္ပါေၾကာင္း ေစတနာေကာင္းျဖင့္ ေ၀ဖန္ေထာက္ျပအပ္ပါတယ္။

ဓမၼသုေတသီ(မႏၲေလး)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
................


ပြီးခဲ့တဲ့တလခန့်က သတင်းစာရှင်းလင်းပွဲတခု လုပ်စရာရှိလို့ တက္ကသိုလ်ဖွင့်ပေမယ့် ရက်ရှည်ခွင့်ယူပြီး ရန်ကုန်မြို့ကို ကြွရောက်ဖြစ်ခဲ့ တယ်။ အလုပ်ကိစ္စတွေအားလုံး ပြီးဆုံးသွားတော့ မိမိအမြဲရေးနေတဲ့ ဂျာနယ်တိုက်ပိုင်ရှင်က ရောက်တုန်းရောက်ခိုက် ကျိုက်ထီးရိုးဘုရား ဖူးသွားပါဦးဆိုပြီး ခရီးစရိတ်အစစအရာရာ လှူဒါန်းတာရယ်၊ မရောက် တာကြာလို့ မိမိမှာလည်း ဖူးချင်တဲ့စိတ်ဆန္ဒဖြစ်ပေါ်နေတာရယ် ဒီနှစ်ခု တိုက်ဆိုင်သွားလို့ သွားရောက်ဖြစ်ခဲ့ပါတယ်။

လမ်းခရီးတလျှောက်လုံးမှာ စိတ်ချမ်းသာစရာကောင်းတာက ကိုျက်ထီးရိုးသွားတဲ့ ကားလမ်းလေးဟာ ဟိုအရင်လို ခိုျင့်တွေ၊ ခွက်တွေနဲ့ ခပ်ဆိုးဆိုးမဟုတ်တော့ဘဲ ချောချောမွေ့မွေ့အဆင်ပြေပြေသွားလာနိုင်အောင် ပြုပြင်ဖန်တီးထားတဲ့ကားလမ်း လေး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ရင်ထဲမှာကျိတ်ပြီး ဒီလိုပြုပြင်ပြောင်းလဲ ပေးခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို သာဓုတွေအကြိမ်ကြိမ် ခေါ်ခဲ့မိပါသေးတယ်။

မိမိသွားရောက်ဖြစ်ခဲ့တဲ့ အချိန်က ခရီးထွက်လို့ အသင့်တော်ဆုံးရာသီဖြစ်နေလို့ လမ်းခရီးတလျှောက်မှာ ပြည်တွင်း ပြည်ပ အနှံ့အပြားမှ လာရောက်ကြတဲ့ ဘုရားဖူးတွေကို အရောင်အသွေးစုံလင် စွာ တွေ့မြင်ခဲ့ရပါတယ်။

ဒီလိုမိမိတို့ အထွတ်အမြတ်ထားရာ စေတီပုထိုး များရှိရာကို လူမျိုးခြား၊ ဘာသာခြားတွေက လာရောက်ဖူးမြော်လည်ပတ် တာမြင်ရတော့ မြန်မာနိုင်ငံသားဖြစ်ရတဲ့ မိမိကိုယ်ကိုယ် ကျေနပ်ခဲ့မိပါ သေးတယ်။

ကင်မွန်းစခန်းရောက်တော့ မိမိတို့စီးနင်းလာတဲ့ မော်တော်ကား ကိုအပ်နှံခဲ့ပြီး တောင်တက်ကားများရှိရာ ချီတက်ဖြစ်ခဲ့ကြပါတယ်။ လက် မှတ်ဖြတ်တဲ့နေရာရောက်တော့ တောင်ပေါ်အရောက်ကို မိမိတို့သုံး ယောက်စာအတွက် ရှေ့ခေါင်းခန်းက ကြိုတင်စာရင်းပေးသွင်းတဲ့အခါ ငါးယောက် မပြည့်လို့ ခေါင်းခန်းကို မပေးပါဘူး။

ဒါနဲ့ပဲ နောက်တွဲကနေ ဘုရားတရင်း လိုက်ပါစီးနင်းဖြစ်ခဲ့ပါတယ်။ နောက်တွဲမှာ ထိုင်ခုံတတန်း ကို ခရီးသည်ခုနစ်ဦးပဲတင်ခွင့်ရှိတယ်လို့ စာကပ်ထားပေမယ့် စပယ်ယာက ရှစ်ယောက်ပိုတင်လို့ မိမိဘေးနားက ခပ်ဝဝဒကာမ တယောက်နဲ့ အချေ အတင်စကားများနေတာကို မြင်တွေ့ခဲ့ရပါသေးတယ်။

လမ်းဘေးဝဲယာ ရှုခင်းကြည့်ပြီး တောင်တက်ခြင်း၏ အရသာကို မြည်းစမ်းမယ်လို့ ကြံရွယ်ခဲ့ပေမယ့် စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းတွေကိုပဲ ရှုမြင်ခဲ့ရပါတယ်။

ဒါဟာဘာလဲဆိုတော့ တောင်တက်လမ်း တလျှောက်လုံးမှာ အလှူခံတွေ ဟာ မှိုလိုပေါက်ပြီး လာသမျှကားတိုင်း ရပ်ပေးရတယ်။ ကားပေါ်မှာ ပါလာသမျှ ဘုရားဖူးတွေကို အကြွေးတောင်းသလို အတင်းအဓမ္မ ငွေဖလားထိုးခံပြီး အလှူခံနေကြတော့တာပါပဲ။

ကြာလာတော့ဘုရားဖူး တွေဟာကားရပ်မှာကိုတောင် ကြောက်လာကြပြီလို့ ပြောဆိုသံတွေ ကြားခဲ့ရပါတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး အလှူခံပုဂ္ဂိုလ်ဖြစ်နေတဲ့ မိမိဟာ ကိုယ့်ကိုယ်ကိုယ်တောင် ရှက်ရွံ့အားငယ်ခဲ့မိပါသေးတယ်။

တောင်ပေါ်ရောက်တော့ ကြက်ပျံမကျ စည်ကားလှတဲ့ မြင်ကွင်း ကြီးကိုကြည့်ပြီး လွန်ခဲ့တဲ့လေးနှစ်ခန့်က မိမိတို့ တက္ကသိုလ်ကျောင်းသား တွေစုပေါင်းပြီး ရောက်ဖြစ်ခဲ့စဉ်က တပျော်တပါးကြီး မုခ်ဦးရှေ့မှာ အဖွဲ့ လိုက်မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့တာကို လွမ်းခဲ့မိပါသေးတယ်။ အလွမ်း ပြေ အထိမ်းအမှတ်အနေနဲ့ပါလာတဲ့ မိမိ၏ ကားဒရိုင်ဘာ ဒကာလေးကို အရောင်အသွေး စုံလင်လှတဲ့ လူတွေကြားထဲမှာ တပါးတည်းဝင်ရောက် နေရာယူရင်း ဓာတ်ပုံလှလှလေး တပုံရိုက်ခိုင်း ဖြစ်ခဲ့ပါသေးတယ်။

တချိန် တည်းမှာပဲ ဒီလောက်စည်ကားလှတဲ့ ဘုရားဖူးတွေကိုကြည့်ရင်းများ မကြာသေးမီက သတင်းစာနဲ့ ဂျာနယ်စာမျက်နှာတွေမှာ ဖတ်လိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ၀င်ငွေနည်းပါးမှုကြောင့် အကြွေးတင်နေသည်ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်တွေးမိရင်း အံ့သြမှင်သက်စွာ ပြုံးခဲ့မိပါသေး တယ်။ ဘေးဝဲယာတလျှောက်လုံး ဆိုင်ခန်းတွေ၊ ပုဂ္ဂလိကတည်းခို ခန်းတွေ ပြည့်နှက်နေပြီး နေရာလွတ်ကို မရှိသလောက် ဖြစ်နေပါတယ်။

ရင်ပြင်တော်ပေါ်ရောက်ခါနီး လမ်းတဝက်ရှိ နတ်နန်းနတ်ကွန်းများမှာ ထိုင်စောင့်နေပြီး လာသမျှလူတွေကို နတ်ကွန်းထဲဝင်ပြီး မလှူဒါန်းလျှင်၊ မဦးခိုက်လျှင် ဘေးဒုက္ခရောက်တော့မည့်သဖွယ် ပြောဆိုအလှူခံနေတဲ့ အပြုအမူတွေဟာ ထေရဝါဒဗုဒ္ဓဘာသာကို လက်ခံယုံကြည်ပြီး ကိုးကွယ် ကျင့်သုံးနေတဲ့ မိမိတို့နိုင်ငံအတွက် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေပါတယ်။

ရင်ပြင်တော်ပေါ် ခြေချမိလိုက်တာနဲ့ တပြိုင်နက်များစွာ စိတ် ထိခိုက်စရာကောင်းသည့် မြင်ကွင်းကား နှာခေါင်းပေါက်သာသာရှိတဲ့ လူသွားလမ်းကလွဲရင် ရင်ပြင်တော်တခုလုံးမှာ အလယ်အလတ်တန်းစားနဲ့ အောက်ခြေလူတန်းစား ဘုရားဖူးတွေရဲ့ ညအိပ်ညနေအတွက် နေရာယူ ထားတဲ့ အိပ်ရာနေရာတွေနဲ့ ပြည့်နှက်နေပြီး ရင်ပြင်တော်တခုလုံးကိုအလွန်အင်မတန်မှအရုပ်ဆိုးအကျဉ်းတန်စေခြင်းပဲ ဖြစ်ပါတယ်။

ဒီ ပြဿနာရဲ့အဓိကတရားခံကားတည်းခိုခန်းခတွေ ဈေးကြီးလွန်းတာရယ်၊ ရင်ပြင်တော်တဝက်လောက်ကို တည်းခိုဖို့ ဓမ္မာရုံတွေ ဆောက်လုပ် ထားခြင်းကြောင့်တို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သီဟဓမ္မာရုံနဲ့ တိဿ ဓမ္မာရုံနှစ်ခုဟာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရာတော်တော်ယူထားပါ တယ်။ ပြီးတော့ အဲဒီဓမ္မာရုံတွေကို အချိန်ပြည့်ပိတ်ထားပြီး တာဝန်ကျ လုံခြံုရေးတွေက အမြဲစောင့်ကြပ်နေပါတယ်။ သီဟဓမ္မာရုံရဲ့ အရှေ့ဘက် မျက်နှာစာမှာ အလှူရှင် ဗိုလ်ချူပ်ကြီးဟောင်းသူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင် လေးသက်လို့ ကမ္ပည်းစာလုံးအကြီးကြီး ထိုးထားတာကို တွေ့မြင်ခဲ့ရပါ တယ်။

ဒီစာသားကိုကြည့်ခြင်းအားဖြင့် ဒီဓမ္မာရုံမှာ သာမန်ဘုရားဖူးပြည်သူ တွေ တည်းခိုခွင့်မရှိဘူးလို့ ထုတ်ပြောနေသယောင်ယောင်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခြားသုံးထပ်ဆောင်၊ ပြည်ထဲရေးဓမ္မာရုံနဲ့ ဌာနဆိုင်ရာ ခေါင်းစဉ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ဓမ္မာရုံတွေကိုလည်း ပြည်သူတွေ ကို တည်းခိုခွင့်မပြုပါဘူး။

သက်ဆိုင်ရာ လူကြီးတွေ လာမတည်းတဲ့ အချိန်မှာ ဓမ္မာရုံစောင့်တွေက ဘုရားဖူးတွေကို ဈေးကြီးကြီးနဲ့ ငှားစားကြ ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ ဘုရားလာဖူးတဲ့ မိသားစု တွေဟာ ရင်ပြင်တော်မှာပဲဖြစ်သလို စောင်လေးတွေ၊ ခြင်ထောင်လေးတွေ ကာပြီး အဖီထိုးကာလမ်းဘေးနေလူ့ငမွဲတွေကဲ့သို့တည်းခိုနေရကြခြင်းပဲ ဖြစ်ပါတယ်။ ဒီရဲ့ အကျိုးဆက်က တချို့တည်းခိုသူတွေက ကလေးတွေကို အဲဒီမှာပဲ ချီးတည်၊ သေးတည်ကြတော့ ချီးနံ့၊ သေးနံ့တွေဟာ ပတ်ဝန်း ကျင်ကို အတော်ဒုက္ခပေးပါတယ်။

ထမင်းဆိုင်တွေကလည်း ဈေးအင် မတန်ကြီးတော့ ဘုရားဖူးတွေက ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ်လာကြ၊ ပြီးတော့ ရင်ပြင်တော်ပေါ်မှာပဲ စားကြတယ်။ ဒါကြောင့် ရင်ပြင်တော်ဟာ ထမင်း ကျန်၊ ဟင်းကျန်တွေနဲ့ ညစ်ပတ်နေပြီး ဘုရားဝတ်ပြုရန် ထိုင်ဖို့ တောင် ဒီအညစ်အကြေးတွေကြောင့် စိတ်မသန့်ဖြစ်ခဲ့ရပါတယ်။

နောက်ပြဿနာတခုကား ရေချိုးခန်းနဲ့ အများသုံးအိမ်သာတွေပဲ ဖြစ်ပါတယ်။ ရင်ပြင်တော်မှာ အများသုံးအိမ်သာတွေကို တခါသုံး ကျပ် နှစ်ရာပေးရပါတယ်။ သို့သော် အိမ်သာထဲမှာရေပုံးမရှိပါဘူး။

ကိုယ့်တခါ သုံးစာအတွက် ရေးပုံးခပ်သေးသေးတပုံးကို ကိုယ်တိုင်ဆွဲပြီး အိမ်သာတက်ကြရပါတယ်။အဲဒီပုံးက ရေဖလားသုံးခွက်စာတောင်မပြည့်ပါဘူး။ အများ သုံး ရေချိုးခန်းတွေဆိုလည်း ရေတပုံးကျပ်ငါးရာနဲ့ ၀ယ်သုံးကြရပါတယ်။ အေးတဲ့ရာသီမှာ ရေနွေးလိုချင်တော့ ကျပ်ရှစ်ရာပေးရပါတယ်။

ကျန်းမာ ရေးအတွက် အဓိကကျတဲ့ သန့်ရှင်းသပ်ရပ်မှုကား နည်းနည်းမျှ မရှိပေ။ ဒီလို ပြည်တွင်းပြည်ပဘုရားဖူးတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားတဲ့ နေရာမျိုးမှာ ယုတ်စွဆုံးဖြစ်တဲ့ အိမ်သာတက်ဖို့ကိစ္စကိုတောင် အဆင်ပြေအောင် ဖန်တီးမထားပေးတာဟာ အင်မတန်အရုပ်ဆိုးအကျည်းတန်စေပါတယ်။

ဒီလိုတည်းခိုမှုပြဿနာတွေကို လိုက်လံပြီး လေ့လာနေတုန်း မိမိနှင့် ရင်းနှီးသည့် ထေရဝါဒတက္ကသိုလ်မှ မိတ်ဆွေတယောက်နဲ့တွေ့လို့ စကား စမြည်ပြောကြဆိုရင်းသူနှင့်အတူပါလာတဲ့ဗီယက်နမ်ဆရာလေးနှစ်ပါးက နေ့ဆွမ်းကပ်ချင်တယ်ဆိုလို့ကျီးကန်းပါးစပ်ဂူရှိရာလဟာပြင်ထဲမှာ ဆောက်လုပ်ထားတဲ့တရုတ်ကြီးအမည်ရှိ ဒေသထမင်းဆိုင်ရှိရာဆီကိုချီတက်ဖြစ်ခဲ့ကြပါတယ်။

အစားအသောက်တွေဟာ အင်မတန်မှ ဈေး ကြီးလွန်းပါတယ်။ နေ့ဆွမ်းဘုဉ်းပေးပြီး ကျီးကန်းပါးစပ်ဂူကို သွားရောက် ကြည့်ရှုဖို့ အသွားလမ်းဂူနားရောက်ခါနီးမှာ အလှူခံတွေက မိမိနှင့်အတူ ပါလာတဲ့ ဗီယက်နမ်ဆရာလေးနှစ်ပါးကို မြန်မာလူမျိုးထင်ပြီးပြောလိုက် တဲ့စကားက မိမိမျက်နှာကို ရေနွေးနဲ့ အပက်ခံခဲ့ရသလိုပါပဲ။

ဘာပြော လိုက်လဲဆိုတော့ ''ဆရာလေးတို့ ထမင်းစားလို့ပိုတဲ့ အကြွေလေးတွေ ဘုရားပြုပြင်ဖို့အတွက် လှူခဲ့ကြပါဦးတဲ့'' ဘယ်လောက်များရှက်စရာ ကောင်းလိုက်ပါသလဲ။

မြန်မာစကားနားမလည်တဲ့ သူတို့အဖို့ မိမိမိတ် ဆွေက အဆင်ပြေသလို ဘာသာပြန်ပေးလိုက်လို့ တော်သေးသည်ဟု ဆိုရမည်ဖြစ်ပါတယ်။ သူတို့အလှူခံနေတဲ့ပုံစံဟာ အိမ်ခြေမဲ့ သူတောင်း စားတွေ လမ်းပေါ်မှာလိုက်လံတောင်းရမ်းနေတဲ့ အမူအရာနဲ့တထေရာ တည်းဖြစ်နေပါတယ်။

လွန်ခဲ့သော သုံးလကျော်က လည်လည်ဝယ်ဝယ်ရှိတဲ့ နိုင်ငံခြား သူတယောက်ဟာ သူမရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကျိုက်ထီးရိုး ဘုရားခရီးစဉ်နဲ့ပတ်သက်လို့ ဒီလိုဖော်ပြထားတာကို ဖတ်ရှုခဲ့ရပါတယ်။

''ကျွန်မတို့ကို ယဉ်ကျေးမှုဇုန်ဝင်ကြေးဆိုပြီး ခြောက်ဒေါ်လာ တောင်း ပါတယ်။ ပြီးတော့ ကျွန်မတို့ကိုတည်းခိုခန်းတို့ ဘုရားရင်ပြင်တို့မှာ တည်း ခိုခွင့်မပေးပါဘူး။ ဟိုတယ်တွေမှာ တည်းခိုခိုင်းတယ်။

ဟိုတယ်နာမည် တော့ ကျွန်မ မမှတ်မိတော့ဘူး။ ဟိုရောက်သွားတော့ တညကို ဒေါ်လာ၁၀၀ တောင်းတယ်။ကျွန်မထပ်ခါထပ်ခါ ဈေးဆစ်တော့ နောက်ဆုံး ရ၅ ဒေါ်လာနဲ့ ဈေးတည့်သွားတယ်။ ဒီ GoldenRock ကို တခေါက် လာဖို့ ကျွန်မတို့အတွက် ဒေါ်လာ ၁၀၀ ကျော်ကုန်တယ်။ ပြောချင်တာ က ကမ္ဘာလှည့်ခရီးသွားတွေအတွက် အရမ်းဈေးကြီးတဲ့နေရာ ဖြစ်ပါ တယ်''လို့ ပွင့်လင်းစွာရေးသားထားပါတယ်။

အမှန်တကယ်ဆိုကျိုက်ထီးရိုးဘုရားဟာအလှူငွေအရဆုံးနဲ့ လေလံကြေးတွေမှာလည်းအမြင့်ဆုံးကြေးရနေတဲ့အထဲမှာပါသလို တောင်တက်ကားအသင်းကလည်း နေ့စဉ်နဲ့အမျှ ၀င်ငွေအရဆုံးထဲမှာ ပါ၀င်ပါတယ်။ ဘုရားနဲ့ပတ်သက်ပြီး ထူးထူးခြားခြားတိုးတက်လာတာ သိပ်များများစားစား မမြင်တွေ့ရပါဘူး။

ဘုရားအနီးမှာ တည်းခိုခန်း တွေများလာခြင်း၊ ရင်ပြင်တော်ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေမြင့် တက်လာခြင်း၊ အလှူခံတွေ မှိုလိုပေါက်လာခြင်း ဒါတွေသာနှစ်စဉ်နဲ့အမျှ တိုးတက်လာတာကို မြင်တွေ့နေရပါတယ်။

ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ လေလံဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြရပါလျှင်မူ ဘုရားမှာကပ်လှူတဲ့ ရွှေဆိုင်းအရောင်းဆိုင် တွေ၊ အလှူခံပုံးတွေ၊ အလှူခံတွေ၊ ဆိုင်ခန်းတွေ၊ တည်းခိုခန်းတွေ ရှိရှိသမျှ အားလုံးကို ကန်ထရိုက်ပေးပြီး လေလံတင်လုပ်ကိုင်နေကြတော့ အဆမတန်ဈေးပေးပြီး လေလံအောင်ထားတဲ့ လုပ်ငန်းရှင်တွေဟာ မိမိတို့ အမြတ်အစွန်းများများရရှိရေးအတွက် အလှူခံတွေဆိုရင်လည်း အတင်း အဓမ္မကောက်ခံကြ၊ စားသောက်ဆိုင်တွေဆို ဈေးကြီးကြီးရောင်းကြ၊ တည်းခိုခန်းတွေဆို မတန်မရာတောင်းကြနဲ့ လာသမျှဘုရားဖူးပုဂ္ဂိုလ် တွေဆီက အနုနည်းရောအကြမ်းနည်းနဲ့ပါ စီးပွားရှာနေကြပါတယ်။ ခပ်ရိုင်းရိုင်း ဥပမာပေးရလျှင် ဘုရားပြပြီးဆန်တောင်းနေကြတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျိုက်ထီးရိုးဘုရားနဲ့ပတ်သက်တဲ့ လေလံအား လုံးကိုပွင့်လင်းမြင်သာ ပြန်လည်ပြုပြင်ဖို့လိုအပ်နေပါပြီ။

ဒီလိုမဖြစ်ရအောင် ရင်ပြင်တော်ပေါ်က ဓမ္မာရုံတိုင်းကို အများ ပြည်သူတွေ တည်းခိုခွင့်ပြုဖို့၊ ဟိုတယ်တွေကို ဈေးနှုန်းကန့်သတ်ဖို့၊ ရေချိုးခန်း၊ အိမ်သာများလုံလောက်အောင် တည်ဆောက်ပေးဖို့၊ တည်းခိုခန်း၊ ဆိုင်ခန်းတွေကို စနစ်တကျနဲ့ တည်ဆောက်ပေးဖို့၊ သန့်ရှင်းရေး ၀န်ထမ်းတွေ တိုးမြှင့်ခန့်အပ်ထားဖို့နဲ့ အလှူခံတွေမှန်သမျှကို ထိန်းကျောင်းပြုပြင်ပေးဖို့ အစရှိတဲ့အချက်တွေကို တာဝန်ရှိဂေါပကများ အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ပေးဖို့ သင့်နေပါပြီ။

ဒါမှသာလျှင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ပြည်တွင်းပြည်ပ ဆင်း ရဲချမ်းသာ၊ အယုတ်အမြတ်မရွေး ငွေကြေးနည်းနည်းနဲ့ နှစ်စဉ်သွားရောက်ဖူးမြော်နိုင်ပြီးကုသိုလ်တွေတထောကြီးရယူနိုင်ကြမှာဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ဝေဖန်ထောက်ပြအပ်ပါတယ်။

ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment