Credit: Duwun
...............
မြန်မာသွေးနှောတဲ့ ဟောလီးဝုဒ်မင်းသမီးရဲ့ ပွဲတက်ဖက်ရှင်
၂၀၁၅ ခုနှစ် Critics' Choice Awards ပွဲကို တက်ရောက်လာတဲ့ မြန်မာသွေးနှော ဟောလီးဝုဒ်မင်သမီး ကိတ်ရဲ့ ကော်ဇောနီဖက်ရှင်ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။
Underworld ဇာတ်ကားထဲက ဖိုုက်တာမင်းသမီး ကိတ် ဘက်ကင်ဆေးလ်ဆိုရင် ရုပ်ရှင်ပရိသတ်ကြီး သိကြမှာပါ။ သူမက Pearl Harbor ဇာတ်ကားနဲ့လည်း ကျော်ကြားခဲ့ပါတယ်။
ကိတ်ဟာ မင်းသား ရစ်ချတ် ဘက်ကင်ဆေးလ်နဲ့ မင်းသမီး ဂျူဒီလိုတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ မင်းသား ရစ်ချတ် ဘက်ကင်ဆေးလ်က မြန်မာသွေးနှောမှု လေးပုံတစ်ပုံရှိသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်းသမီး ကိတ်ဟာ မြန်မာသွေးနှောတဲ့ ဗြိတိသျှတစ်ဦး ဖြစ်လာပြီး အင်္ဂလိုဘားမိစ် အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇ ရက်) က ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမှာ ကျင်းပတဲ့ ၂၀၁၅ ခုနှစ် Critics' Choice Awards ပွဲကို တက်ရောက်လာတဲ့ မြန်မာသွေးနှော ဟောလီးဝုဒ်မင်သမီး ကိတ်ရဲ့ ကော်ဇောနီဖက်ရှင်ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။
ကိတ်က ဒီပွဲမှာ အကောင်းဆုံး မင်းသာဆုကို ကြေညာပေးခဲ့ပါတယ်။ Critics' Choice Awards ရဲ့ အကောင်းဆုံး မင်းသားဆုကို လီယိုနာဒိုု ဒီကက်ပရီယိုက The Revenant ဇာတ်ကားဖြင့် ရရှိခဲ့ပါတယ်။
Source & Photo: Daily Mail
Credit: Duwun
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 18, 2016
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 18, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment