Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

၀င္ေငြႏွင့္ အသုံးစရိတ္ တန္းတူျဖစ္ေနသည့္ စက္႐ုံမ်ားကိုစိစစ္ သုံးသပ္သင့္ဟု ဆိုု


စက္မႈ၀န္ႀကီးဌာန အေနျဖင့္ အျမတ္ေဖာ္ျပႏိုင္ေသာ ႏိုင္ငံေတာ္ပိုင္ စီးပြားေရး
အဖြဲ႕အစည္းတစ္ခုမွာ ျမန္မာ့ေဆး၀ါး လုပ္ငန္းတစ္ခုတည္းသာ ေတြ႕ရွိရေသာ္လည္း
၀င္ေငြႏွင့္ အသုံးစရိတ္သည္ တန္းတူနီးပါး ျဖစ္ေနသည္ကို ေတြ႕ရွိရေၾကာင္း
လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက ေျပာသည္။

ျပည္ေထာင္စု လႊတ္ေတာ္တြင္ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္ အမ်ိဳးသားစီမံကိန္း
ဥပေဒၾကမ္း၏ မူႏွင့္ အေျခခံသေဘာ အပါအဝင္ စီမံကိန္းလုပ္ငန္းမ်ားႏွင့္ စပ္လ်ဥ္း၍
ေဆြးေႏြးစဥ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ လႊတ္ေတာ္ ကိုယ္စားလွယ္
ေဒၚစႏၵာမင္းက ယင္းသို႕ ထည့္သြင္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။

စက္မႈ၀န္ႀကီးဌာနသည္ ျမန္မာ့ေဆး၀ါးလုပ္ငန္း ၏ ၂၀၁၆-၂၀၁၇ ႏွစ္အတြက္
ခန္႕မွန္းေျခအျမတ္ေငြ ၂၉၄.၁၄၄ က်ပ္သန္း ဟု ေဖာ္ျပထားေသာ္လည္း ၂၀၁၄-၁၅
မွ ၂၀၁၆-၁၇ ခုႏွစ္အထိ ၀င္ေငြႏွင့္ အသုံးစရိတ္ကုိ ႀကည့္လွ်င္ တန္းတူနီးပါး
ျဖစ္ေနသည္ကို ေတြ႕ရွိရသည္ဟု ေဒၚစႏၵာမင္းက ေျပာသည္။

“၂၀၁၆-၂၀၁၇ တြင္ ၀င္ေငြက ၃၅၈၅၁.၈၉၄ က်ပ္သန္းျဖစ္ၿပီး အသုံးစရိတ္က
၃၅၅၅၇.၅၅၀ က်ပ္သန္း ျဖစ္ေနတာ ေတြ႕ရပါတယ္၊ အခုလိုသာ အသုံးစရိတ္ဟာ
၀င္ေငြရဲ႕ အားလုံးနီးပါး ျဖစ္ေနမယ္ဆိုရင္ ေရွ႕အလားအလား အေနျဖင့္ စီးပြားေရး
အရ တြက္ေခ်ကိုက္မႈ ရွိမရွိကို ျပန္လည္ သုံးသပ္သင့္ပါတယ္” ဟု ေဒၚစႏၵာမင္းက
ေဆြးေႏြးေျပာၾကားခဲ့ျခင္း ျဖစ္သည္။

စက္မႈ၀န္ႀကီးဌာန ေအာက္ရွိ အမွတ္ ၁ အႀကီးစား စက္မႈလုပ္ငန္း၏ ၂၀၁၆-၁၇
ဘ႑ာေရးႏွစ္ ကုန္သြယ္မႈစာရင္းတြင္ အရႈံးျပေနၿပီး၊ အမွတ္ ၂ အႀကီးစား
စက္မႈလုပ္ငန္း ေအာက္ရွိ စက္႐ုံ ၁၃ ႐ုံတြင္ ၉ ရုံမွာ ထုတ္လုပ္မႈ ကုန္က်စရိတ္
မ်ားျပားၿပီး စက္စြမ္းအားအျပည့္ လည္ပတ္ႏိုင္ျခင္း မရွိေသာေၾကာင့္ အရႈံးျပေနသည္။
အမွတ္(၃)အႀကီးစားစက္မႈလုပ္ငန္းေအာက္ရွိ စက္႐ုံမ်ားမွာလည္း ထုတ္လုပ္မႈ စရိတ္
ျမင့္မား ေနၿပီး စရိတ္ကာမိျခင္း မရွိ၍ အရႈံးျပေနသည္ဟု ေဒၚစႏၵာမင္းက ေျပာဆို
ခဲ့သည္။

လာမည့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြက္ စက္မႈ၀န္ႀကီးဌာန၏ သုံးစြဲေငြမ်ားအေပၚ
ေကာ္မတီမွ ၇၅ ဘီလီယံ စိစစ္ျဖတ္ေတာက္ၿပီး ျဖစ္ျခင္းေၾကာင့္ ေနာင္တာ၀န္ယူမည့္
အစိုးရသစ္ အေနျဖင့္ စီမံကိန္းမ်ားကို ဆက္လက္ လုပ္ေဆာင္မည္ ဆိုပါက
လုပ္ငန္းစစ္ေဆးေရးအဖြ႕ဲ ျပန္လည္ဖြဲ႕စည္း စိစစ္ၿပီးမွသာ ေပးအပ္ထားသည့္
ဘ႑ာေငြမ်ားႏွင့္ စီမံကိန္းမ်ားကို ဆက္လက္ လုပ္ေဆာင္သင့္ေၾကာင္း
ေဒၚစႏၵာမင္းက တင္ျပခဲ့သည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News Journal
https://www.facebook.com/News.TheLadies
................


စက်မှုဝန်ကြီးဌာန အနေဖြင့် အမြတ်ဖော်ပြနိုင်သော နိုင်ငံတော်ပိုင် စီးပွားရေး
အဖွဲ့အစည်းတစ်ခုမှာ မြန်မာ့ဆေးဝါး လုပ်ငန်းတစ်ခုတည်းသာ တွေ့ရှိရသော်လည်း
၀င်ငွေနှင့် အသုံးစရိတ်သည် တန်းတူနီးပါး ဖြစ်နေသည်ကို တွေ့ရှိရကြောင်း
လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း
ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍
ဆွေးနွေးစဉ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာနသည် မြန်မာ့ဆေးဝါးလုပ်ငန်း ၏ ၂၀၁၆-၂၀၁၇ နှစ်အတွက်
ခန့်မှန်းခြေအမြတ်ငွေ ၂၉၄.၁၄၄ ကျပ်သန်း ဟု ဖော်ပြထားသော်လည်း ၂၀၁၄-၁၅
မှ ၂၀၁၆-၁၇ ခုနှစ်အထိ ၀င်ငွေနှင့် အသုံးစရိတ်ကို ကြည့်လျှင် တန်းတူနီးပါး
ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

“၂၀၁၆-၂၀၁၇ တွင် ၀င်ငွေက ၃၅၈၅၁.၈၉၄ ကျပ်သန်းဖြစ်ပြီး အသုံးစရိတ်က
၃၅၅၅၇.၅၅၀ ကျပ်သန်း ဖြစ်နေတာ တွေ့ရပါတယ်၊ အခုလိုသာ အသုံးစရိတ်ဟာ
၀င်ငွေရဲ့ အားလုံးနီးပါး ဖြစ်နေမယ်ဆိုရင် ရှေ့အလားအလား အနေဖြင့် စီးပွားရေး
အရ တွက်ချေကိုက်မှု ရှိမရှိကို ပြန်လည် သုံးသပ်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက
ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၁ အကြီးစား စက်မှုလုပ်ငန်း၏ ၂၀၁၆-၁၇
ဘဏ္ဍာရေးနှစ် ကုန်သွယ်မှုစာရင်းတွင် အရှုံးပြနေပြီး၊ အမှတ် ၂ အကြီးစား
စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ၁၃ ရုံတွင် ၉ ရုံမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်
များပြားပြီး စက်စွမ်းအားအပြည့် လည်ပတ်နိုင်ခြင်း မရှိသောကြောင့် အရှုံးပြနေသည်။
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံများမှာလည်း ထုတ်လုပ်မှု စရိတ်
မြင့်မား နေပြီး စရိတ်ကာမိခြင်း မရှိ၍ အရှုံးပြနေသည်ဟု ဒေါ်စန္ဒာမင်းက ပြောဆို
ခဲ့သည်။

လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် စက်မှုဝန်ကြီးဌာန၏ သုံးစွဲငွေများအပေါ်
ကော်မတီမှ ရ၅ ဘီလီယံ စိစစ်ဖြတ်တောက်ပြီး ဖြစ်ခြင်းကြောင့် နောင်တာဝန်ယူမည့်
အစိုးရသစ် အနေဖြင့် စီမံကိန်းများကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက
လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း စိစစ်ပြီးမှသာ ပေးအပ်ထားသည့်
ဘဏ္ဍာငွေများနှင့် စီမံကိန်းများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း
ဒေါ်စန္ဒာမင်းက တင်ပြခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment