မသိျခင္းတြင္လည္း အားသာခ်က္ ရွိသည္။
ဘာမဆို နည္းနည္းစီေတာ့ သိထားရမည္၊ လူၾကားထဲ ေရာက္လို႔ ဟိုဟာမသိ ဒီဟာ မသိနဲ႔ဆို အရွက္ ကြဲရလိမ့္မည္ဟု ဆိုဆံုးမတတ္ၾက သည္။ နာ႔ဗ္ေၾကာ စိတ္ပညာရွင္မ်ားကမူ မသိျခင္းသည္ လည္းေကာင္း က်ဳိးရွိသည္ဟု ဆိုလိုက္သည္။
မသိျခင္းေၾကာင့္ လူအမ်ားသည္ အျခားေသာ အေတြးအေခၚမ်ား၊ သတင္း အခ်က္အလက္မ်ား၏ လႊမ္းမိုးမႈ ကင္းကာ လြတ္လပ္စြာ ေတြးေခၚႏုိင္ျခင္း၊ ေရြးခ်ယ္ႏုိင္ျခင္း အားသာခ်က္ ရွိသည္ဟု ဆိုလိုက္ၾကသည္။
““မသိျခင္းနဲ႔ ဆက္စပ္ၿပီး ရလာတဲ့ အက်ဳိးကို ေျပာပါဆိုရင္ေတာ့ လြတ္လပ္မႈပဲ”” ဟု သုေတသန အဖြဲ႕ေခါင္းေဆာင္ ၾသစေၾတးလ် တကၠသိုလ္ စိတ္ပညာ ပါေမာကၡ မိုက္ကယ္စမစ္ဆန္က ေျပာသည္။
““သိတာေတြ မ်ားတဲ့အခါ သိထားတဲ့ အခ်က္အလက္ေတြရဲ႕ လႊမ္းမိုးမႈ ေအာက္က ႐ုန္းမထြက္ႏုိင္ ျဖစ္တတ္တယ္။ မသိတဲ႔ အခါက်ေတာ့ ကိုယ္ပိုင္ၪာဏ္ရည္နဲ႔ လြတ္လပ္စြာ ေတြးေခၚ ေရြးခ်ယ္ခြင့္ရတယ္”” ဟု မစၥတာ စမစ္ဆန္က ေျပာသည္။
““မ်ားမ်ား သိထားတဲ့အခါ က်ေတာ့ လမ္းေၾကာင္းကို ႀကိဳသိထားတဲ့ လူလိုပဲ လမ္းေဟာင္းလိုက္ ျဖစ္ဖို႔ ရာခိုင္ႏႈန္း မ်ားသြားတယ္”” ဟု ၄င္းက သံုးသပ္ ေျပာၾကားသည္။
မသိမႈသည္ တီထြင္ ဖန္တီးမႈကို ေမြးဖြားေပးသည္ဟု ၄င္းက ဆိုလိုက္သည္။ မသိမႈေၾကာင့္သာ ကိုယ္တိုင္ သိေအာင္ စူးစမ္း ျဖစ္သြားၿပီး တီထြင္ ဆန္းသစ္မႈမ်ား ေပၚလာရသည္ဟု ၄င္းကဆိုသည္။ အေၾကာင္းအရာ တစ္ခုႏွင့္ ပတ္သက္ၿပီး အျခားသူမ်ား လုပ္ထားသည္မ်ားကို အမ်ားအျပား သိထား သူမ်ားသည္ ကိုယ္တိုင္ တီထြင္ ျဖစ္သည့္ဘက္ ေရာက္ဖို႔ထက္ သူမ်ား လုပ္ထား ၿပီးသားမ်ားကိုသာ စုေပါင္း စပ္ေပါင္းကာ ထူးမျခားနား တစ္ခု တီထြင္ ျဖစ္သည့္ဆီ ပိုေရာက္ရ တတ္သည္ဟုလည္း ၄င္းက ဆိုလိုက္သည္။
Messenger
.............................
မသိမှု များခြင်းသည် ဦးနှောက်ကို ပေါ့ပါး လန်းဆန်းစေ
မသိခြင်းတွင်လည်း အားသာချက် ရှိသည်။
ဘာမဆို နည်းနည်းစီတော့ သိထားရမည်၊ လူကြားထဲ ရောက်လို့ ဟိုဟာမသိ ဒီဟာ မသိနဲ့ဆို အရှက် ကွဲရလိမ့်မည်ဟု ဆိုဆုံးမတတ်ကြ သည်။ နာ့ဗ်ကြော စိတ်ပညာရှင်များကမူ မသိခြင်းသည် လည်းကောင်း ကျိုးရှိသည်ဟု ဆိုလိုက်သည်။
မသိခြင်းကြောင့် လူအများသည် အခြားသော အတွေးအခေါ်များ၊ သတင်း အချက်အလက်များ၏ လွှမ်းမိုးမှု ကင်းကာ လွတ်လပ်စွာ တွေးခေါ်နိုင်ခြင်း၊ ရွေးချယ်နိုင်ခြင်း အားသာချက် ရှိသည်ဟု ဆိုလိုက်ကြသည်။
““မသိခြင်းနဲ့ ဆက်စပ်ပြီး ရလာတဲ့ အကျိုးကို ပြောပါဆိုရင်တော့ လွတ်လပ်မှုပဲ”” ဟု သုတေသန အဖွဲ့ခေါင်းဆောင် သြစတြေးလျ တက္ကသိုလ် စိတ်ပညာ ပါမောက္ခ မိုက်ကယ်စမစ်ဆန်က ပြောသည်။
““သိတာတွေ များတဲ့အခါ သိထားတဲ့ အချက်အလက်တွေရဲ့ လွှမ်းမိုးမှု အောက်က ရုန်းမထွက်နိုင် ဖြစ်တတ်တယ်။ မသိတဲ့ အခါကျတော့ ကိုယ်ပိုင် ဉာဏ်ရည်နဲ့ လွတ်လပ်စွာ တွေးခေါ် ရွေးချယ်ခွင့်ရတယ်”” ဟု မစ္စတာ စမစ်ဆန်က ပြောသည်။
““များများ သိထားတဲ့အခါ ကျတော့ လမ်းကြောင်းကို ကြိုသိထားတဲ့ လူလိုပဲ လမ်းဟောင်းလိုက် ဖြစ်ဖို့ ရာခိုင်နှုန်း များသွားတယ်”” ဟု ၄င်းက သုံးသပ် ပြောကြားသည်။
မသိမှုသည် တီထွင် ဖန်တီးမှုကို မွေးဖွားပေးသည်ဟု ၄င်းက ဆိုလိုက်သည်။ မသိမှုကြောင့်သာ ကိုယ်တိုင် သိအောင် စူးစမ်း ဖြစ်သွားပြီး တီထွင် ဆန်းသစ်မှုများ ပေါ်လာရသည်ဟု ၄င်းကဆိုသည်။ အကြောင်းအရာ တစ်ခုနှင့် ပတ်သက်ပြီး အခြားသူများ လုပ်ထားသည်များကို အများအပြား သိထား သူများသည် ကိုယ်တိုင် တီထွင် ဖြစ်သည့်ဘက် ရောက်ဖို့ထက် သူများ လုပ်ထား ပြီးသားများကိုသာ စုပေါင်း စပ်ပေါင်းကာ ထူးမခြားနား တစ်ခု တီထွင် ဖြစ်သည့်ဆီ ပိုရောက်ရ တတ်သည်ဟုလည်း ၄င်းက ဆိုလိုက်သည်။
Messenger
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, January 25, 2016
မသိမႈ မ်ားျခင္းသည္ ဦးေႏွာက္ကို ေပါ့ပါး လန္းဆန္းေစ
မသိမႈ မ်ားျခင္းသည္ ဦးေႏွာက္ကို ေပါ့ပါး လန္းဆန္းေစ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment