Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 5, 2016

ခ်စ္သူ၏ ႐ုပ္အေလာင္းႏွင့္ လက္ထပ္ခဲ့သည့္ မိန္းကေလး

By ဒီဗီြဘီ 6 January 2016
အခုရက္ပိုင္းအတြင္း ထိုင္းလူမႈကြန္ရက္မွာ ခ်စ္သူရဲ႕ ႐ုပ္အေလာင္းနဲ႔ လက္ထပ္တဲ့ မိန္းကေလးအေၾကာင္း ေရပန္းစားေနပါတယ္။

“ေသမင္းဟာ ခ်စ္သူကို ေခၚေဆာင္သြားေပမယ့္ သူတို႔ရဲ႕ ခ်စ္ျခင္းကိုေတာ့ ခြဲလို႔မရဘူး။ ခ်စ္သူမေသခင္ ဆယ္မိနစ္တာ ေတြ႔ဆံုခြင့္ေပးခဲ့တဲ့ ကံၾကမၼာကို ေက်းဇူးတင္ပါတယ္။ အဲဒီ ဆယ္မိနစ္ဆိုတဲ့အခ်ိန္ေလးမွာ အနမ္းေပးၿပီး ခ်စ္သူကို အေသေျဖာင့္ေစခဲ့တယ္။ သူ႔ခ်စ္သူဟာ ေနာက္ဆံုးအခ်ိန္မွာ စကားမေျပာႏိုင္ေတာ့ေပမယ့္ မ်က္လံုးနဲ႔သိရွိေၾကာင္း ျပသသြားတယ္။ ခ်စ္သူရဲ႕ မ်က္လံုးအစံုကို လက္နဲ႔ ပိတ္ေပးခဲ့ရတယ္။ ေအးခ်မ္းစြာ အိပ္စက္ပါေတာ့”လို႔ အဓိပၸါယ္ရတဲ့ စကားလံုးေတြနဲ႔အတူ အေလာင္းေဘးမွာ သတိုးသမီး၀တ္စံု၀တ္ၿပီး ပရိသတ္ေတြကို ဧည့္ခံေနတဲ့ Nan Thipphart  ေခၚ ခြန္နဲန္းရဲ႕ ေဖ့စ္ဘုတ္ေပၚက ဗြီဒီယိုကလစ္ဟာ တစ္ရက္တြင္း ၾကည့္႐ႈသူေပါင္း ၃ ေသာင္းေက်ာ္နဲ႔ ဗြီဒီယိုဖိုင္ ျပန္ရွဲလ္ၾကသူေတြ ေသာင္းေက်ာ္သြားပါတယ္။

ထိုင္းႏိုင္ငံအလယ္ပိုင္း ခ်ခ်ိဳင္းေဆာင္းခရိုင္ ဖႏုမ္ဆာရခမ္းၿမိဳ႕က မိန္းမပ်ိဳေလး ခြန္နဲန္းနဲ႔ သူ႔ရည္းစား ခြန္ဖ်ိဳက္ တို႔ဟာ  ႏွစ္ရွည္လမ်ားခ်စ္ခဲ့ၾကၿပီး လာမယ့္ ေဖေဖာ္၀ါရီလ ၂ ရက္ေန႔မွာ မဂၤလာေဆာင္ဖို႔  ဆံုးျဖတ္ထားၾကတာျဖစ္ပါတယ္။

ခြန္နဲန္းဟာ နာမည္ႀကီးတကၠသိုလ္တခုက မဟာသိပၸံဘြဲ႔ ရထားၿပီး သူ႔ရည္းစား ခြန္ဖ်ိဳက္ ကေတာ့ ဆင္းရဲသားျဖစ္တဲ့အျပင္ အထက္တန္းေက်ာင္းကို ျပင္ပသက္ႀကီးေက်ာင္း ကေနဘဲ ေအာင္ျမင္ထားတဲ့အတြက္ အျမဲအား ငယ္ေနေၾကာင္း၊ ဒါေပမယ့္ သူဟာ ခြန္နဲန္းကို မိေကာင္းဖခင္သားသမီးပီသစြာ  ေတာင္းရမ္းၿပီး မဂၤလာေဆာင္ႏိုင္ဖို႔၊ ခြန္နဲန္းနဲ႔အတူ မိသားစု ဘ၀ ထူေထာင္ဖို႔အတြက္ အလုပ္ေတြႀကိဳးစားၿပီး ေငြစုခဲ့တာလို႔ ခြန္နဲန္းသ ခ်ယ္လ္ ၇ တီဗြီ သတင္းေထာက္ကို ေျပာပါတယ္။

ဇန္န၀ါရီလ ၄ ရက္ေန႔မွာေတာ့ ခြန္ဖ်ိဳက္ဟာ ေစ်းေရာင္းေနရင္းက ႏွလံုးေသြးေၾကာပိတ္ၿပီး ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေန႔ ညေန ၄ နာရီအခ်ိန္ ထိုင္းထံုးစံအရ အေလာင္းလက္ေဆးျခင္း အခမ္းအနားမွာ ခြန္နဲန္းက သတိုးသမီး၀တ္စံု၀တ္ဖို႔ အလ်င္အျမန္ဆံုးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။

“က်မကို သတိုးသမီး၀တ္စံုနဲ႔ ျမင္ခ်င္တယ္ဆိုတဲ့ သူ႔ရဲ႕ဆႏၵျပည့္၀ေအာင္၊ က်မတို႔စိတ္ကူးခဲ့တဲ့ အိပ္မက္တကယ္ျဖစ္သြားေအာင္ သတိုးသမီး၀တ္စံု၀တ္ဖို႔ အျမန္ဆံုးျဖတ္ခဲ့ပါတယ္။ အဲဒီေန႔ က က်မဘယ္သူေတြဘာေျပာမယ္ဆိုတာ ဂရုမစိုက္ႏိုင္ေတာ့ပါဘူး။ က်မစိိတ္ထဲမွာ ခြန္ဖ်ိဳက္ပဲ ရွိတယ္။ သူ႔ရဲ႕အိပ္မက္ကို ျဖည့္ဆည္းေပးခ်င္တယ္။ သူဟာ က်မအေပၚမွာ သစၥာရွိခဲ့တယ္။ က်မအတြက္ႀကိဳးစားရင္း ေသဆံုးသြားခဲ့တယ္။ ဆရာ၀န္က သူဟာ အလုပ္ပင္ပန္းလို႔ နွလံုးအားနည္းၿပီး ခုလိုျဖစ္သြားတာလို႔ ေျပာပါတယ္။ သူဟာ က်မအတြက္ အေကာင္းဆံုး အမ်ိဳးသားပါဘဲ။”

အသုဘေရာ မဂၤလာေဆာင္ပါ တၿပိဳက္နက္တည္း က်င္းပရတဲ့ အဲဒီအခမ္းအနားကို ခ်ခ်ိဳင္းေဆာင္းခရိုင္ ဖႏုမ္ဆာရခမ္းၿမိဳ႕  ၀ပ္ေလာ၀္နမ့္ဘုန္းႀကီးေက်ာင္းမွာ က်င္းပခဲ့ပါတယ္။
DVB
............

By ဒီဗွီဘီ 6 January 2016


အခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်မှာ ချစ်သူရဲ့ ရုပ်အလောင်းနဲ့ လက်ထပ်တဲ့ မိန်းကလေးအကြောင်း ရေပန်းစားနေပါတယ်။

“သေမင်းဟာ ချစ်သူကို ခေါ်ဆောင်သွားပေမယ့် သူတို့ရဲ့ ချစ်ခြင်းကိုတော့ ခွဲလို့မရဘူး။ ချစ်သူမသေခင် ဆယ်မိနစ်တာ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။ အဲဒီ ဆယ်မိနစ်ဆိုတဲ့အချိန်လေးမှာ အနမ်းပေးပြီး ချစ်သူကို အသေဖြောင့်စေခဲ့တယ်။ သူ့ချစ်သူဟာ နောက်ဆုံးအချိန်မှာ စကားမပြောနိုင်တော့ပေမယ့် မျက်လုံးနဲ့သိရှိကြောင်း ပြသသွားတယ်။ ချစ်သူရဲ့ မျက်လုံးအစုံကို လက်နဲ့ ပိတ်ပေးခဲ့ရတယ်။ အေးချမ်းစွာ အိပ်စက်ပါတော့”လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးတွေနဲ့အတူ အလောင်းဘေးမှာ သတိုးသမီးဝတ်စုံဝတ်ပြီး ပရိသတ်တွေကို ဧည့်ခံနေတဲ့ Nan Thipphart  ခေါ် ခွန်နဲန်းရဲ့ ဖေ့စ်ဘုတ်ပေါ်က ဗွီဒီယိုကလစ်ဟာ တစ်ရက်တွင်း ကြည့်ရှုသူပေါင်း ၃ သောင်းကျော်နဲ့ ဗွီဒီယိုဖိုင် ပြန်ရှဲလ်ကြသူတွေ သောင်းကျော်သွားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ချချိုင်းဆောင်းခရိုင် ဖနုမ်ဆာရခမ်းမြို့က မိန်းမပျိုလေး ခွန်နဲန်းနဲ့ သူ့ရည်းစား ခွန်ဖျိုက် တို့ဟာ  နှစ်ရှည်လများချစ်ခဲ့ကြပြီး လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့  ဆုံးဖြတ်ထားကြတာဖြစ်ပါတယ်။

ခွန်နဲန်းဟာ နာမည်ကြီးတက္ကသိုလ်တခုက မဟာသိပ္ပံဘွဲ့ ရထားပြီး သူ့ရည်းစား ခွန်ဖျိုက် ကတော့ ဆင်းရဲသားဖြစ်တဲ့အပြင် အထက်တန်းကျောင်းကို ပြင်ပသက်ကြီးကျောင်း ကနေဘဲ အောင်မြင်ထားတဲ့အတွက် အမြဲအား ငယ်နေကြောင်း၊ ဒါပေမယ့် သူဟာ ခွန်နဲန်းကို မိကောင်းဖခင်သားသမီးပီသစွာ  တောင်းရမ်းပြီး မင်္ဂလာဆောင်နိုင်ဖို့၊ ခွန်နဲန်းနဲ့အတူ မိသားစု ဘဝ ထူထောင်ဖို့အတွက် အလုပ်တွေကြိုးစားပြီး ငွေစုခဲ့တာလို့ ခွန်နဲန်းသ ချယ်လ် ရ တီဗွီ သတင်းထောက်ကို ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ ခွန်ဖျိုက်ဟာ စျေးရောင်းနေရင်းက နှလုံးသွေးကြောပိတ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီအချိန် ထိုင်းထုံးစံအရ အလောင်းလက်ဆေးခြင်း အခမ်းအနားမှာ ခွန်နဲန်းက သတိုးသမီးဝတ်စုံဝတ်ဖို့ အလျင်အမြန်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျမကို သတိုးသမီးဝတ်စုံနဲ့ မြင်ချင်တယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒပြည့်ဝအောင်၊ ကျမတို့စိတ်ကူးခဲ့တဲ့ အိပ်မက်တကယ်ဖြစ်သွားအောင် သတိုးသမီးဝတ်စုံဝတ်ဖို့ အမြန်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနေ့ က ကျမဘယ်သူတွေဘာပြောမယ်ဆိုတာ ဂရုမစိုက်နိုင်တော့ပါဘူး။ ကျမစိိတ်ထဲမှာ ခွန်ဖျိုက်ပဲ ရှိတယ်။ သူ့ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးချင်တယ်။ သူဟာ ကျမအပေါ်မှာ သစ္စာရှိခဲ့တယ်။ ကျမအတွက်ကြိုးစားရင်း သေဆုံးသွားခဲ့တယ်။ ဆရာဝန်က သူဟာ အလုပ်ပင်ပန်းလို့ နှလုံးအားနည်းပြီး ခုလိုဖြစ်သွားတာလို့ ပြောပါတယ်။ သူဟာ ကျမအတွက် အကောင်းဆုံး အမျိုးသားပါဘဲ။”

အသုဘရော မင်္ဂလာဆောင်ပါ တပြိုက်နက်တည်း ကျင်းပရတဲ့ အဲဒီအခမ်းအနားကို ချချိုင်းဆောင်းခရိုင် ဖနုမ်ဆာရခမ်းမြို့  ၀ပ်လောဝ်နမ့်ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
DVB

No comments:

Post a Comment