Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

တ႐ုတ္ စီးပြားေရးတိုးႏွုန္း ၂၅ ႏွစ္အတြင္း အနိမ့္ဆုံးျဖစ္


စီးပြားေရး တိုးႏွုန္းက ၆.၈ ရာခိုင္ႏွုန္း ေအာက္ကို ေရာက္လာရင္ ျပန္လည္ ဦးေမာ့လာေစမယ့္ တြန္းအား တစ္ခု လိုၿပီလို႔ ပညာရွင္ေတြက ေျပာ။
တ႐ုတ္ နိုင္ငံရဲ့ စီးပြားေရး တိုးတက္မွု ႏွုန္းဟာ ၂၀၁၄ မွာ ၇.၃ ရာခိုင္ႏွုန္း ရွိခဲ့ရာက ၂၀၁၅ မွာေတာ့ ၆.၉ ရာခိုင္ႏွုန္းသာ ရွိခဲ့ၿပီး ၂၅ ႏွစ္ အတြင္း တိုးတက္မွု အေႏွးေကြးဆုံး ႏွုန္းထား ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ကမၻာ့ စီးပြားေရးရဲ့ အဓိက ေမာင္းႏွင္အား တစ္ခု ျဖစ္တဲ့ တ႐ုတ္ စီးပြားေရး တိုးႏွုန္း အခုလို က်ဆင္းမွုဟာ ကမၻာ အႏွံ့က ရင္းႏွီး ျမႇုပ္ႏွံသူေတြ အတြက္ စိုးရိမ္ ပူပန္ စရာ ျဖစ္ေနပါတယ္။

အခုႏွစ္ အတြက္ တ႐ုတ္ စီးပြားေရး တိုးႏွုန္းက ၆.၃ ရာခိုင္းႏွုန္း ရွိနိုင္ၿပီး ၂၀၁၇ မွာ ၆ ရာခိုင္ႏွုန္းသာ ရွိေတာ့မယ္လို႔ နိုင္ငံတကာ ေငြေၾကး ရန္ပုံေငြ အဖြဲ႕က ခန္႔မွန္းခ်က္ ထုတ္ခဲ့ၿပီးေနာက္ အခု သတင္း ထြက္ေပၚ လာတာ ျဖစ္ပါတယ္။

တ႐ုတ္ အစိုးရရဲ့ တရားဝင္ သတ္မွတ္ႏွုန္းကေတာ့ ၇ ရာခိုင္ႏွုန္းေလာက္ ရွိတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ ဝန္ႀကီးခ်ဳပ္ လီေကခ်န္း ကေတာ့ စီးပြားေရး တိုးႏွုန္း က်ေနေပမယ့္ အလုပ္အကိုင္ အသစ္ေတြ ဖန္တီးေပး နိုင္ေနသေရြ႕ လက္သင့္ ခံနိုင္ဖြယ္ အေနအထား ျဖစ္တယ္လို႔ ေျပာပါတယ္။

ေစာင့္ၾကည့္ ေလ့လာသူ အခ်ိဳ႕ကေတာ့ တ႐ုတ္ စီးပြားေရး တိုးႏွုန္းဟာ တရားဝင္ ကိန္းဂဏန္း ေတြက ေဖာ္ျပတာထက္ ပိုၿပီး ေႏွးေကြး ေနတယ္လို႔ ေျပာၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............

စီးပွားရေး တိုးနှုန်းက ၆.၈ ရာခိုင်နှုန်း အောက်ကို ရောက်လာရင် ပြန်လည် ဦးမော့လာစေမယ့် တွန်းအား တစ်ခု လိုပြီလို့ ပညာရှင်တွေက ပြော။
တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ ၂၀၁၄ မှာ ရ.၃ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၅ မှာတော့ ၆.၉ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၅ နှစ် အတွင်း တိုးတက်မှု အနှေးကွေးဆုံး နှုန်းထား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား တစ်ခု ဖြစ်တဲ့ တရုတ် စီးပွားရေး တိုးနှုန်း အခုလို ကျဆင်းမှုဟာ ကမ္ဘာ အနှံ့က ရင်းနှီး မြှုပ်နှံသူတွေ အတွက် စိုးရိမ် ပူပန် စရာ ဖြစ်နေပါတယ်။

အခုနှစ် အတွက် တရုတ် စီးပွားရေး တိုးနှုန်းက ၆.၃ ရာခိုင်းနှုန်း ရှိနိုင်ပြီး ၂၀၁၇ မှာ ၆ ရာခိုင်နှုန်းသာ ရှိတော့မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ခန့်မှန်းချက် ထုတ်ခဲ့ပြီးနောက် အခု သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ တရားဝင် သတ်မှတ်နှုန်းကတော့ ရ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

တရုတ် ဝန်ကြီးချုပ် လီကေချန်း ကတော့ စီးပွားရေး တိုးနှုန်း ကျနေပေမယ့် အလုပ်အကိုင် အသစ်တွေ ဖန်တီးပေး နိုင်နေသရွေ့ လက်သင့် ခံနိုင်ဖွယ် အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။

စောင့်ကြည့် လေ့လာသူ အချို့ကတော့ တရုတ် စီးပွားရေး တိုးနှုန်းဟာ တရားဝင် ကိန်းဂဏန်း တွေက ဖော်ပြတာထက် ပိုပြီး နှေးကွေး နေတယ်လို့ ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment