Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

ျမန္မာႏိုင္ငံသားႏွစ္ဦးအမႈ အယူခံ ဝင္ႏုိင္ေရး သက္ေသ ၅ ဦး ထြက္ ဆုိမည္

ထိုင္းႏိုင္ငံမွာ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏိုင္ငံသားႏွစ္ဦး အယူခံဝင္ႏိုင္ဖို႔အတြက္ သက္ေသထြက္ဆုိေပးမယ့္သူ ၅ ဦးက ျမန္မာသံရံုး အထူးကိုယ္စားလွယ္ အဖြဲ႔ထံ ဆက္သြယ္ထားတယ္လို႔ သိရပါတယ္။

သက္ေသထြက္ဆုိေပးမယ့္သူ ၅ဦးထဲမွာ ၿဗိတိန္ႏုိင္ငံသားႏွစ္ဦး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ဇာတ္လမ္းအစအဆံုး ကို ေျပာေပးႏိုင္တဲ့သူေတြပါတယ္ လို႔ ျမန္မာသံရံုး အထူးကိုယ္စားလွယ္အဖြဲ႔၀င္ ဦးေက်ာ္ေသာင္းက ေျပာပါတယ္။

"အန္ကယ္တို႔စံုစမ္းခဲ့တဲ့ထဲမွာေတာ့ လူသတ္ေနတဲ့ျမင္ကြင္းကိုမေတြ႔လိုက္ဘူး၊ ဒါေပမယ့္ အဲ့ဒီျဖစ္စဥ္ကို အစကေန အဆံုးနီးပါး၊ ျဖစ္ၿပီးတဲ့ေနာက္ပိုင္း ကို ေျပာႏိုင္တဲ့သူေပါ့၊ ေျပာခ်င္တာကေတာ့ ဒီလူေတြရဲ႕ထြက္ဆိုခ်က္သည္ ျမန္မာ ၂ ေယာက္ မဟုတ္ဘူးဆိုတဲ့ အားသာႏိုင္တဲ့အေျဖမ်ိဳးရွိတယ္လို႔ေတာ့ ေျပာလို႔ရ တာေပါ့"

သက္ေသထြက္ဆိုေပးမယ့္သူေတြဟာ Koh Tao ကၽြန္းမွာ အလုပ္လုပ္ကိုင္ခဲ့သူေတြ ျဖစ္ၿပီး လက္ရွိ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္းနဲ႔ ရခိုင္ျပည္နယ္ေတြ မွာ ျပန္လည္ေနထိုင္ေနၾကသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံသားႏွစ္ဦးအတြက္ အယူခံ၀င္ႏုိင္ဖို႔ လိုအပ္တဲ့ သက္ေသေတြကို ရွာေဖြရာမွာ အေထာက္အကူျပဳႏုိင္ဖို႔ ဆုိၿပီး ျမန္မာအစိုးရဘက္က ရဲဘက္ဆိုင္ရာ ဝန္ထမ္းတစ္ဦး၊ မူခင္းဆရာဝန္တစ္ဦးနဲ႔ ႏိုင္ငံတကာေရးရာကၽြမ္းက်င္တဲ့ မူခင္းေရွ႕ေနတစ္ဦး စုစုေပါင္း ၃ ဦးကို ဒီလအတြင္း ထိုင္းႏိုင္ငံကို ေစလႊတ္ေပးသြားဖို႔ ရွိတယ္လို႔လည္း ျမန္မာ သံရံုးအထူးအဖဲြ႔၀င္ေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလအတြင္း ၿဗိတိန္ႏိုင္ငံသားႏွစ္ဦးအသတ္ခံရမွဳနဲ႔ ျမန္မာႏိုင္ငံသား ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္းတို႔ကို ထိုင္းရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

အဲဒီအမႈနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ ထိုင္းႏိုင္ငံ၊ Kho Samuei ခရိုင္တရားရံုးက ေသဒဏ္ခ်မွတ္ ခဲ့တဲ့အတြက္ ထိုင္းေရွ႕ေနမ်ားေကာင္စီ နဲ႔ ျမန္မာသံရံုးအထူးကိုယ္စားလွယ္အဖြဲ႔က အယူခံဝင္ဖို႔ ျပင္ဆင္ေနၾကတာျဖစ္ ပါတယ္။
RFA Burmese
.................
မြန်မာနိုင်ငံသားနှစ်ဦးအမှု အယူခံ ဝင်နိုင်ရေး သက်သေ ၅ ဦး ထွက် ဆိုမည်

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အယူခံဝင်နိုင်ဖို့အတွက် သက်သေထွက်ဆိုပေးမယ့်သူ ၅ ဦးက မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ထံ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

သက်သေထွက်ဆိုပေးမယ့်သူ ၅ဦးထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအစအဆုံး ကို ပြောပေးနိုင်တဲ့သူတွေပါတယ် လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

"အန်ကယ်တို့စုံစမ်းခဲ့တဲ့ထဲမှာတော့ လူသတ်နေတဲ့မြင်ကွင်းကိုမတွေ့လိုက်ဘူး၊ ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ကို အစကနေ အဆုံးနီးပါး၊ ဖြစ်ပြီးတဲ့နောက်ပိုင်း ကို ပြောနိုင်တဲ့သူပေါ့၊ ပြောချင်တာကတော့ ဒီလူတွေရဲ့ထွက်ဆိုချက်သည် မြန်မာ ၂ ယောက် မဟုတ်ဘူးဆိုတဲ့ အားသာနိုင်တဲ့အဖြေမျိုးရှိတယ်လို့တော့ ပြောလို့ရ တာပေါ့"

သက်သေထွက်ဆိုပေးမယ့်သူတွေဟာ Koh Tao ကျွန်းမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေ ဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေ မှာ ပြန်လည်နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံဝင်နိုင်ဖို့ လိုအပ်တဲ့ သက်သေတွေကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်ဖို့ ဆိုပြီး မြန်မာအစိုးရဘက်က ရဲဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၊ မူခင်းဆရာဝန်တစ်ဦးနဲ့ နိုင်ငံတကာရေးရာကျွမ်းကျင်တဲ့ မူခင်းရှေ့နေတစ်ဦး စုစုပေါင်း ၃ ဦးကို ဒီလအတွင်း ထိုင်းနိုင်ငံကို စေလွှတ်ပေးသွားဖို့ ရှိတယ်လို့လည်း မြန်မာ သံရုံးအထူးအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ Kho Samuei ခရိုင်တရားရုံးက သေဒဏ်ချမှတ် ခဲ့တဲ့အတွက် ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့က အယူခံဝင်ဖို့ ပြင်ဆင်နေကြတာဖြစ် ပါတယ်။
RFA Burmese

No comments:

Post a Comment